Sunday, August 25, 2013

တောင်သူလူငယ်အများစု အလုပ်လုပ်ရန် ထိုင်းကို ဦးစားပေးရွေးချယ်လာ


သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

မြန်မာနိုင်ငံ အနှံ့က လယ်ယာလုပ်ကိုင်နေသည့် တောင်သူလူငယ်အများစုသည် ယခုအခါ ထိုင်း နိုင်ငံ သို့ ပိုမိုသွား ရောက်လုပ်ကိုင်လာကြကြောင်း အေဂျင်စီနှင့် အလုပ်သမား အရေး ဆောင် ရွက် သူများ၏ပြောပြချက် အရ သိရသည်။

လယ်ယာစိုက်ပျိုးရေး လုပ် ကိုင်သော လူငယ်များသည် လယ် ယာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် ရန် အခက်အခဲများရှိခြင်း၊ မြို့ကြီး များသို့ သွားရောက်လုပ်ကိုင်သော် လည်း လုံလောက်မျှတသည့် လစာ မရရှိခြင်းတို့ကြောင့် လုပ်ခလစာ အဆင်ပြေနိုင်သည့် အိမ်နီးချင်း နိုင်ငံထိုင်းနိုင်ငံကို ပိုမို သွားရောက် လုပ်ကိုင်ရခြင်းဖြစ်ကြောင်း သိရ သည်။

''မြဝတီကနေ သွားတဲ့သူ တွေထဲမှာ အများစုက မွန်နဲ့ကရင် က သွားတဲ့သူတွေများပါတယ်။ အခုနောက်ပိုင်း များလာတာက တော့ပဲခူးတိုင်းလို့သိရတယ်။ အဲ ဒါနဲ့ပတ်သက်ပြီး မင်းတို့ဆီ မှာ ယောက်ျားလေးတွေရော ကျန် သေးလားလို့ မေးမိသေးတယ်''ဟု မြဝတီမြို့ရှိ ပြည်ပအလုပ်အ ကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ ဦးဝင်းနိုင်၏ ကပြောသည်။

ငွေကြေးတတ်နိုင်ပြီး ပညာ အတော်အသင့်ရှိသော လူငယ် အများစုမှာ စင်ကာပူနှင့်တတိယ နိုင်ငံ များသို့ သွားရောက်ပြီး ငွေ ကြေး အနည်းငယ်သာတတ်နိုင် သည့် လူငယ်များမှာ ထိုင်းနိုင်ငံ သို့ ပိုမို သွားရောက်လာကြကြောင်း သိရသည်။

ယင်းကဲ့သို့ နယ်မှ လူငယ် များ အိမ်နီးချင်းနှင့်ပြည်ပနိုင်ငံများ သို့ သွားရောက်လုပ်ကိုင်ရခြင်းမှာ လယ်ယာမြေလုပ်ကိုင်နိုင်ခွင့်ဥပဒေ အားနည်းခြင်းများကြောင့် ဖြစ် ကြောင်းလည်း အလုပ်သမား အ ရေး ကျွမ်းကျင်သူများက ပြောသည်။

''အဓိကကတော့ စိုက်ပျိုး ရေးကြောင့်ပဲ။ အဆင်ပြေပြန်တော့ လဲ သီးနှံဈေးက မငြိမ်ဖြစ် တာ ကြောင့် လယ်ယာလုပ်ကိုင်စားလို့ မရတဲ့အထိ ဖြစ်နေတယ်။ မြို့တက် တော့လဲ အလုပ်အကိုင် က ရှားပါး၊ ထိုက်တန်တဲ့လုပ်ခလစာမရတော့ အခုလို ထိုင်းကိုသွားကြတာဖြစ် တယ်''ဟု အလုပ် သမား အရေး ဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက ပြော သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ အ များစုမှာ ကရင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ အများဆုံး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန မှ သိရသည်။

Source: Yangon Media Group

No comments: