Thursday, August 29, 2013

သံသယ ဖြစ်ဖွယ်ရာ အမျိုးသမီး အလောင်းတစ်ခု တွေ့ ရှိ


သံသယ ဖြစ်ဖွယ်ရာ အမျိုးသမီး
အလောင်းတစ်ခု တွေ့ ရှိ

==================

တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့ နယ် ပဝ ကျေးရွာ အုပ်စု ကြွေချောင်း ကျေးရွာတွင် သြဂုတ် ၂၂ ရက်နေ့ ရေအိုင်တစ်ခုထဲ ၌သေဆုံးနေသော အမျိုးသမီးအလောင်း တစ်ခုအား တွေ့ ရှိရကြောင်း သိရသည်

အဆိုပါ သေဆုံးသူ အမျိုးသမီး၏ ဦးခေါင်း တွင် ဓါးဒဏ် ရာများတွေ့ ရပြီး အလောင်းမှာလည်း ရုပ်ပျက်နေပြီဟု ဒေသခံရွားသားများကပြောပါသည်

သေဆုံးသူ အမျိုးသမီး အမည်မှာ မီးငယ်ချို ( ခ ) ကြယ်ဇင် အသက် ၂၃ နှစ် ဖြစ်ပြီး ဦးကိုကြီးဇနီးဖြစ်သည်ဟုသိရပြီး ယင်းအမျိုးသမီး ဇာတိမှာ ကျွန်းစု မြို့ နယ် ပန်းဇင် ရွာမှ ဖြစ်ကြောင်း သိရသည်

ဖြစ်စဉ်မှာ ခင်ပွန်းဖြစ်သူ ဦးကိုကြီးသည် တောတဲသို့ ဝါးခုတ်ရန် အတွက် ည အိပ် ခရီးထွက်သွားကြောင်း ဇနီးဖြစ်သူ မှာ နေအိမ် ၌ တစ်ဦးတည်း ကျန်ရစ်ခဲ့ကြောင်း ခင်ပွန်းဖြစ်သူ ပြန်လည် ရောက်ရှိလာချိန်တွင် ဇနီးဖြစ်သူမှာ နေအိမ်မှ ပျောက်ဆုံးလျက် ရှိကြောင်း သိရသဖြင့် ရွာသား များနှင့် ရှာ ဖွေရာ ရေအိုင်ထဲတွင် သေဆုံးနေသော အမျိုးသမီး ဖြစ်သူ ၏ အလောင်းအား တွေ့ ရှိရသည်ဟု သိရသည်

သက်ဆိုင်ရာ မှ ယင်းအမှု အား စုံစမ်း စစ်ဆေး ဆောင်ရွက်နေကြောင်း သိရှိပါသည်

မြို့ စောင့်တပ်

No comments: