Tuesday, August 20, 2013

မွတ်စလင်ဆန့်ကျင်ရေး မတည်ငြိမ်မှုများ မြန်မာနိုင်ငံတွင် မြင့်တက်မည့် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ သတိပေး


Wednesday, August 21, 2013

မြန်မာနိုင်ငံတွင် ဘာသာရေး အကြမ်းဖက်မှုများအတွက် မွတ်စလင်ဆန့်ကျင်ရေး ၀ါဒဖြန့်ချိမှုများကို ဖြေရှင်းရမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမှုမှ ကင်းလွတ်ခြင်း အလေ့အထကို ပပျောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား မြင့်တက်လာနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်ရေး အဖွဲ့တစ်ဖွဲ့က သြဂုတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်က စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း မွတ်စလင်တို့အပေါ် တိုက်ခိုက်မှုများသည် "ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ" ဖြစ်နေကြောင်း Physicians for Human Rights အဖွဲ့က ဖော်ပြခဲ့သည်။ အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံတွင် မွတ်စလင်တို့အပေါ် တိုက်ခိုက်သည့် အခြေအနေသည် လတ်တလောတွင် တည်ငြိမ်နေသည်ဟု ထင်ရဖွယ်ရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုများ မျှတစွာဆောင်ရွက်ရန် ပျက်ကွက်ခဲ့မှုနှင့် ပဋိပက္ခ၏ အကြောင်းရင်းများကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုတို့ကြောင့် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာတို့ကို လူမျိုးသုဉ်း သတ်ဖြတ်မှုများ ရှိနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့က စွပ်စွဲပြောကြားခဲ့မှုများကို မြန်မာဘက်က ပြင်းပြင်းထန်ထန် ငြင်းဆိုထားခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန်နှင့်အောက်တိုဘာက မြန်မာအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ မြန်မာအာဏာပိုင်များသည် ရာဇ၀တ်မှု ကျူးလွန်သည်ဟူသော စွပ်စွဲချက်များဖြင့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့ကို နှစ်ဖက်စလုံး အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း ယင်းလူ့အခွင့်အရေး အဖွဲ့က အသိအမှတ်ပြု ထည့်သွင်းပြောကြားခဲ့သည်။

"ဒါပေမဲ့ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေထက် ပိုမိုကြာရှည်တဲ့ ပြစ်ဒဏ်ကာလ ချမှတ်ခံရပြီး ဖမ်းဆီးခံရတဲ့ မွတ်စလင်တွေလည်း ပိုများလာနေပါတယ်" ဟု Physicians for Human Rights အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ၀ီလျံဒေးဗစ်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

"အကြမ်းဖက်မှုက ရပ်တန့်နေပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှုက ရှိနေဆဲပါ" ဟု ပြစ်ဒဏ်မှ ကင်းလွတ်သည့် အလေ့အထနှင့် တရားရေးစနစ်ကို ယုံကြည်မှုမရှိခြင်း၊ လူနည်းစုများကို ခွဲခြားဆက်ဆံသည့် ဥပဒေနှင့် ကျင့်ထုံးများကို သွယ်ဝိုက်ရည်ညွှန်းပြီး ၎င်းကဆိုသည်။

Eleven Media Group

No comments: