Tuesday, August 27, 2013

ဆီးရီးယားအပေါ် အရေးယူဖို့ အမေရိကန် အဆင်သင့်

ဆီးရီယားနိုင်ငံ ပြည်တွင်းစစ်မှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဆီးရီးယားအစိုးရကို လက်တုံ့ပြန် တိုက်ခိုက်ဖို့ သမ္မတ အိုဘားမားက အမိန့်ပေးလာရင် အမေရိကန်စစ်တပ်အနေနဲ့ အရေးယူဆောင်ရွက်ဖို့ အသင့်ရှိနေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) က ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားကနေ အရေးယူဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့ ဘယ်နည်းလမ်းကိုမဆို အပြည့်အ၀ လိုက်နာဆောင်ရွက်သွားနိုင်ဖို့ အမေရိကန် စစ်တပ်အနေနဲ့ နေရာချထားမှုတွေ လုပ်ဆောင်ခဲ့ပြီးပြီလို့ မစ္စတာ ဟေဂယ်လ် က BBC သတင်းဌာနကို ပြောသွားတာပါ။

ဆီးရီယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်လို့ တရားဝင် သုံးသပ်ဆုံးဖြတ်ချက်တရပ်ကို အခု အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုက ထုတ်ပြန် ကြေညာဖွယ်ရှိတယ်လို့ အေပီ သတင်းဌာနမှာ ရေးသားပါတယ်။

ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု လုပ်တယ်ဆိုတာကို ငြင်းဆန်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လူရာဂဏန်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပေါ် သူပုန်တွေကို အပြစ်တင်ထားပါတယ်။ ဆီးရီးယားမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး၊

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆပ် (Bashar al-Assad) ကို အပြစ်ပေးဖို့ အမေရိကန်နဲ့ အခြား အနောက် အင်အားကြီး နိုင်ငံအချို့က အကန့်အသတ်ဆောင်ပြီး ပစ်မှတ်ထားတဲ့ လက်တုံ့ပြန်မှုတခု လုပ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

ဆီးရီးယားအခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်-ရုရှား ဆွေးနွေးကြဖို့ အခု သီတင်းပတ်ကုန်ပိုင်း စီစဉ်ထားတာကို အမေရိကန်ဘက်က ဆိုင်းငံ့ထားလိုက်ပါတယ်။ ဆီးရီးယား ပဋိပက္ခအပေါ် နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့အတွက် အမေရိကန်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ အခု ဗုဒ္ဓဟူးနေ့ The Hague မြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေအပေါ် ဘယ်လို တုံ့ပြန်ရမလဲဆိုတာ အမေရိကန်ဘက်က တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေရတာကြောင့် အမေရိကန်-ရုရှား ဆွေးနွေးပွဲ ကို ရွှေ့ဆိုင်းထားရတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အကြီးတန်း တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောခဲ့ပါတယ်။

အမေရိကန်ဘက်က အခုလို ဆုံးဖြတ်တဲ့အပေါ် ရုရှားအနေနဲ့ စိတ်မကောင်း ဖြစ်မိတယ်လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Gennady Gatilov က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်
Wednesday, August 28, 2013

ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ပတ်သက်ပြီး ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် အမေရိကန် ကာကွယ်ရေးဌာနအနေနဲ့ သွားဖို့အသင့်ရှိနေတယ်လို့ အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ဆိုပါတယ်။

အမေရိကန်သမ္မတ Barack Obama ရဲ့ အမိန့်ပေးတဲ့အပေါ်မှာ လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန်စစ်တပ်က အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက တိုက်ပွဲတွင်းမှာ ဆီးရီးယားအစိုးရစစ်တပ်ဖက်က ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်နိုင်ငံအနေနဲ့တုံ့ပြန်မှုလုပ်ဖို့အတွက် ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း လွှတ်တော်မှာ ဆွေးနွေးမှုပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပြီးတော့ ဓါတုလက်နက်အသုံးပြုတဲ့အပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်မှုလုပ်ဖို့ကိုလည်း စဉ်းစားနေလို့ဆိုပါတယ်။ ဒါပေမယ့် ဗြိတိန်နိုင်ငံအနေနဲ့ အခုချိန်ထိ ဘာဆုံးဖြတ်ချက်မှ မချမှတ်ရသေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားစစ်တပ်ဖက်ကတော့ သူတို့အနေနဲ့ ဓါတုလက်နက်မသုံးပဲ သူပုန်ဖက်ကသုံးတာဖြစ်တယ်လို့ ပြန်လည်စွပ်စွဲထားပါတယ်။ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်အဖွဲ့ဖြစ်ကြတဲ့ ရှရှားနဲ့ တရုတ်နိုင်ငံကလည်း အခုလို စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ သတိပေးချက်တွေ ပိုမိုတိုးမြင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့တပတ်က ဆီးရီးယား ပဋိပက္ခအတွင်း စစ်တပ်ဖက်က ဓါတုလက်နက်အသုံးပြုမှုတွေရှိတယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးတွေ တွေ့ရှိထားပြီး ဒီအချက်တွေကို ဖော်ပြသွားဖို့ရှိတယ်လို့ဆိုပါတယ်။

ဆီးရီးယား အစိုးရကတော့ ဓါတုလက်နက်အသုံးပြုမှုကိစ္စနဲ့ပတ်သက်ပြီး ၀င်ရောက်စုံစမ်းစစ်ဆေးဖို့ အဖွဲ့ လမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။

ဆီးရီးယားနိုင်ငံထဲကို နိုင်ငံတကာက စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုတွေလုပ်မယ်ဆို ရင် ဒေသတွင်းကပြဿနာပိုမိုကြီးထားဖို့ပဲရှိတယ်လို့ အီရန်နိုင်ငံ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ABC Radio Australia

Russia and Western powers continue to disagree over a course of action following the alleged use of chemical weapons in Syria. (Credit: Reuters)

No comments: