Saturday, August 24, 2013

ရှစ်လေးလုံး ငွေရတု အခမ်းအနားဘဏ္ဍာရေးဆပ်ကော်မတီ မှ ခန့်မှန်းခြေ ရငွေ-သုံးငွေ စာရင်းရှင်းလင်းတင်ပြ

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက် (ဝိုင်းဝန်းဖော်ဆောင် လုပ်ကိုင်ခဲ့ကြသည့်) ဆပ်ကော်မတီ အသီးသီး၏ ဒုတိယအကြိမ်စုံညီ အစည်းအဝေး
****************************
ယနေ့ ( သြဂုတ်လ ၂၄ ရက်) မွန်းလွဲ ၂း၀၀ နာရီတွင် အစည်းအဝေးကို စတင်ခဲ့ပြီး လုပ်ငန်းကော်မတီဝင် ကိုမြအေးနှင့် ဘဏ္ဍာရေးဆပ်ကော်မတီ မှ မခင်မိုးအေး၊ မမီမီလွင်တို့က အောက်ပါအတိုင်း ခန့်မှန်းခြေ ရငွေ-သုံးငွေ စာရင်းအား စုံညီအစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ကြသည်။

စုစုပေါင်း ရငွေ ကျပ် - ၁၈၃၆၄၄၀၇၆/-
US $- ၂၁၅၀/-
S$ - ၁၂၂၀/-
TB- ၅၀၀၀/-
ယနေ့ထိ ဆပ်ကော်မတီအသီးသီးမှ ထုတ်ယူငွေ စုစုပေါင်းမှာ
ကျပ် - ၁၃၈၀၄၉၉၇၆/-
ခန့်မှန်းကျန်ရှိငွေ ကျပ် - ၄၅၅၉၄၁၀/-
US $ - ၂၁၅၀/-
S$ - ၁၂၂၀/-
TB - ၅၀၀၀/-

ပြင်ပစာရင်းစစ်အဖွဲ့၏ အသေးစိတ် စစ်ဆေးချက်များ ရရှိပြီးနောက် စာရင်းစစ်၏ မှတ်ချက်နှင့်တကွ ငွေစာရင်းရှင်းတမ်းကို တိကျစွာ စာရင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ စာရင်းစစ်အဖွဲ့၏ အကြံပြုချက်အရ စာရင်းစစ်ကာလမှာ တစ်လကြာမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားခဲ့ကြသည်။

ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုမြင့်အောင်၊ ကိုတိုးကျော်လှိုင်၊ ကိုအဂ္ဂ၊ ကိုစိန်ဝင်း၊ ကိုသက်ဇော်တို့မှ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုမှ ထုတ်ပြန်ခဲ့သည့် ကြေညာစာတမ်းပါ အချက် (၃)ရပ်အား ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် အလုပ်ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရန် ( ငွေရတုပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြသည့်) အဖွဲ့များအားလုံးနှင့် တသီးပုဂ္ဂလ တို့အား ဖိတ်ကြားပြီး လာမည့် စနေနေ့ (သြဂုတ်လ ၃၁ ရက်)တွင် စုံညီကော်မတီအစည်းအဝေး ခေါ်ယူကျင်းပရန် ဆွေးနွေးကြရာ တက်ရောက်လာသည့် စုံညီကော်မတီဝင်များအားလုံးက သဘောတူညီခဲ့ကြသည်။

ဘဏ္ဍာရေးကော်မတီဝင် မခင်မိုးအေးမှ ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းပေးပို့ရန် ကျန်ရှိနေသည့် ဆပ်ကော်မတီများမှ (သြဂုတ်လ ၃၁ ရက်) နောက်ဆုံးထားပြီး ပေးပို့ပေးပါရန် တိုက်တွန်းပြောကြားခဲ့သည်။
ကျောင်းသားသမဂ္ဂ (တကသ) မှ ကိုစည်သူမောင်က " လေဆန်လမ်းရဲ့ စည်းဝါးခတ်သံ" အော်ပရာပြဇာတ်အား တက္ကသိုလ်ကျောင်းသားကျောင်းသူများက အလွန်စိတ်ဝင်စားပါသဖြင့် တက္ကသိုလ်ကျောင်းအလိုက် ပေးဝေနိုင်မည့် အခွေအရေအတွက်အား သတ်မှတ်၍ ပေးဝေနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ စုံညီကော်မတီမှ အရေအတွက် သတ်မှတ်ပြီး အခမဲ့ပေးဝေရန် သဘောတူညီခဲ့ကြသည်။

မွန်းလွဲ ၂:၄၅ နာရီတွင် စုံညီအစည်းအဝေးအား အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

No comments: