အရွယ်နဲ့မမျှ ဘေးဒုက္ခကို
ငိုယိုနေလို့လည်းမရ
ခံနေကြရတဲ့ ကလေးလူမမယ်
ဒို့မြန်ပြည်ဝယ်…….
အဘယ်မျှ များနေကြပြီလဲ..။
အနာဂတ်လူ့ဘောင်
ခေါင်းဆောင်မယ့်လူငယ်
ကလေးအရွယ်ကစ
ပညာ မသင်ရ
ဒုက္ခအတိ တာဝန်တွေနဲ့ဖိထားလို့
ပိပြားကာနေ ဤဘ၀အခြေ
အနာဂတ်တွေ ဘယ်ပုံရှိလို့
ဘယ်ပုံသိနိုင်ကြတော့မှာလဲ…။
တိုင်းပြည်ရဲ့ အနာဂတ်အရေး
ခုလိုကလေးတွေကိုကြည့်ပြီး
ဘ၀င်အေးစရာမရှိ
သြော်…ရင်လေးပါဘိ။
တက္ကသိုလ်ဘုန်းကြွယ်။
(မတ်လ ၁၃ ၂၀၁၂)
No comments:
Post a Comment