မြန်မာပြည်လူတွေအကြောင်း
မူတွေမကောင်းလို့ဆင်းရဲပြီ
ကမ္ဘာချီ ရှာကြံမှုန်း
အဆင်းရဲဆုံးနိုင်ငံလို့ဆိုကြသည်။
အများမသိ စဉ်းစားမမိတာ
တခုတော့ရှိပါသည်။
ကမ္ဘာမှာ မြန်မာဟာ
ပျော်စရာအကောင်းဆုံးလူမျိုးပါ။
ဘာ့ကြောင့်လဲ…ကြည့်ကြပါ….
မီးလာရင်လား.. တဟားဟား
ပျော်လိုက်ကြတာတအား။
(လက်ခုပ်လက်ဝါးတီးပြီး
ဟေ..မီးလာပြီ…မီးလာပြီ)
ရေလာရင်လည်း…တဟဲဟဲ
ပျော်လိုက်ကြတာမလွဲ။
အင်တာနက် အဆက်သွယ်ကောင်းရင်လည်း
ပျော်လိုက်ကြတာအမြဲ။
အမွဲဆုံးရောက် ကုန်းကောက်စရာမရှိလည်း
ပျော်လိုက်ကြတဲ့လူမျိုးပါပဲ။
တက္ကသိုလ်ဘုန်းကြွယ်
(မတ်လ ၁၂ ၂၀၁၂)
No comments:
Post a Comment