Tuesday, March 13, 2012

မင်းကိုနိုင်. စကား သဘောမကျပါ




အခန်းအနားကလေးလုပ် အဟုတ်မထင်ပါနဲ့ဆိုပဲ။
အဲ့ဒီအခန်းအနားတွေ နှစ်စဉ် လုပ်
အနှစ် နှစ်ဆယ်ကျော်တိုင်တဲ့ အထိ
ပြည်ပက ၈၈ တွေ ရဲ့ ဘဝဂ်
စဉ်မပျက် ဆက်ခါညံခဲ့သမို့
မင်းတို. ပြန်ခဲ့ရတာပါ သူငယ်ချင်းတို့ရယ်။
ပြည်ပမှာ အခန်းအနားတခု ပြုဖို.အရေး
ထောင်ထဲမှာ မင်းတို့ရဲ့ ဟင်းကောင်းတခွက်ရရေးလို
ငါတို့တွေလဲ မလွယ်ကူလှပါ သူငယ်ချင်း။
ငတို့တတွေရဲ့ စိတ်ဓါတ်
မင်းတို့နဲ့ တထပ်တည်းဖြစ်ကြောင်း
ဆက်ကာဆက်ကာ ပြသရင်း
စိတ်ဓါတ် တွေကိုပြန်တည်ဆောက်
မြန်မာပြည်အရောက် ပြန်မဟဲ့လို့
အံခဲ နေသူချည်းပဲဆိုတာ မင်းသဘောပေါက်
ကြောက်လို့ပြေးလာသူတွေ လို့လဲ
မင်းမထင်နဲ့ ၊
သေပွဲဝင်ဖို့လဲ ဝန်မလေးတာမင်းတို့အသိ၊
ခုထိလဲ တို့မှာကြောက်စိတ်မရှိ
သဘောက်မသားတွေကို ယှဉ်တဲ့အရေးမှာ
အစဉ်အမြဲ တွေးနေဖို.က ၊ အချင်းချင်း ကျောချင်းကပ်
သဘောချင်းလဲ နှောတင်းမြဲ
မနက်ဖန်မရောက်ခင်ထက် ဒီကနေ့ဟာ ပိုအရေးပါ၊
အဲ့သလိုဆို ကိုယ်.အလုပ် ကိုယ်ဆက်လုပ်ယုံပ ဟုတ်စ
တိုင်းပြည်အတွက် နှိုင်းတူမပျက်
တည်ဆောက်မဲ့အချိန် အိမ်အပြန်နောက်မကျစေရ
တွဲကူကာ နွှဲထူပါ့မယ်
ဒို့ပြည်ရဲ့ အရေး။


ကျော်သူရှိန်

No comments: