Saturday, March 24, 2012

ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ဖာနိုင်ငံ




ကလေးတွေတပုံတခေါင်း
တောင်းလို့စား
ရောင်းလို့များရရင်လား
ရောင်းစားမယ့်ခေတ်
ဘာစနစ်လဲ
ဘာခေတ်လဲ
ဖာဖြစ်မယ့်ခေတ်
(အဲဒါဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့)
ဖာနိုင်ငံစစ်စစ်။

တက္ကသိုလ်ဘုန်းကြွယ်
မတ် ၂၃ ၂၀၁၂

မဲဆွယ်ပုံချင်းခြားပါပေ့

ခြင်္သေ့ပုံရုပ် ဟန်ပန်လုပ်
အစုတ်ပလုပ် ကြံ့ဖွံ့ယုတ်။

စုတ်ပဲ့တဲ့အကြံ
ထုတ်လာပြန်
NLDအလံ တင်သူလေး
လျှပ်စစ်မီးမပေး…တဲ့။

ငွေချေးဖေးကူ
အတိုးမယူ
တောင်သူလယ်သမားအား
မဲဆွယ်ထား။

ကြည့်ပါ ရှုပါ မှုကြပါ
ဖလံပေါက်ပန်း လူ့အောက်တန်း။

လျှပ်စစ်ရရေး
လူ့အခွင့်ရေး
မပေးပိတ်ဘိ
ချိုးဖေါက်၏။

နိုင်ငံငွေထုပ် ခုတုံးလုပ်
အဟုတ်ကြိုးကိုင် သူခိုးစတိုင်
အပြိုင်ဥာဏ်ပုပ် အကြံထုတ်
ယုတ်မာနည်းတွေအကုန်လုပ်။

လူထုထောက်ခံမှု ရအောင်ပြု
ဝတ္ထုမပေး အပြုံးသာပေး
နှလုံးအေးတဲ့ပြည်သူလူထု
အမေစုမှ အမေစု
ထောက်ခံမဲတွေအကုန်လု
ဒါမှဒို့အမေစု။.

တက္ကသိုလ်ဘုန်းကြွယ်
မတ် ၂၄ ၂၀၁၂

No comments: