Friday, March 23, 2012

ခွပ်ဒေါင်းတွေရဲ့ ရက်မြတ်သင်္ကြန်ပွဲ




လတန်ခူးပေမို့
အလှထူးပါဘိ
မြဖူးရယ်တဲ့ခိုင်ရွှေဝါ
ပန်းပိတောက်ဝေေ၀ဆာ
တာသင်္ကြန်မှာ
သံသာသာ ညာသံပေး။

ဒို့ရိုးရာဓလေ့ပေမို့
ပျော်မွေ့ဘွယ်လေး။

လုံမပျိုတွေ
ပိတောက်သွေးရောင်ထမီတိုတိုနဲ့
ရေစိုရင်အသားရောင်တ၀င်းဝင်းထဟာမို့
အသင်းပင်းပန်ခဲ့ကြတဲ့ပိတောက်ပန်းတွေက
တောက်လျှမ်းလို့နံ့သာကြွယ်
ထယ်လှတဲ့ သင်္ကြန်အက
မဏ္ဍပ်မှာ အလျှိုလျှိုက ကဘိုကယိုလှ
ရေပက်ကြတဲ့လုံမပျိုတသိုက်လည်း
ရေပိုက်နဲ့ဆွဲသူဆွဲ ကဲကြတဲ့သူတွေက
သူမတူအောင်ရေပုန်းကြီး
တပုန်းပြီးတပုန်းလောင်း သောင်းသောင်းဖျဖျ
အားပေးကြတဲ့ကာလသားတတွေ
အခစားဝင်လို့ ကကြသလေ
သံချပ်တွေမြိုင်မြိုင်တိုင်
အကတွေအပိုင်အနိုင်က
ခုန်စွခုန်စွနဲ့ လုံမပျိုတွေကိုစ
စွလိုက်ကြ ဟားတိုက်ကြ
သင်္ကြန်သီချင်းတွေ ဆိုလို့က
အတော့်ကိုပျော်လိုက်ရ
အပျော်ကြိုက်တဲ့ မြန်မာတွေ
တနှစ်တခါ မြူးကြပေ
ရူးပလေ့စေ သင်္ကြန်ပွဲ
တနှစ်တခါ မှန်မှန်နွှဲ
အသံပြဲကြီးနဲ့ အော်သူအော်
သံကြောင်ကြီးနဲ့ ခေါ်သူခေါ်
အပျိုတော်တွေလည်း မရှက်ဘဲ
ရေခွက်ဆွဲပြီး ရေပက်မြဲ
တဟဲဟဲရီ တခိခိမြည်
ရီသံ မော်သံ မိုးလုံးထိညံ
ဒီနှစ်သင်္ကြန် ခွပ်ဒေါင်းတွေတွန်းသံကြူး
ထူးလှတဲ့ရက်မြတ်အမှန်
အသံတွေဝင် နေလုံးလည်းဝင်မှ
မခွာချင်ချင် ခွာချင်ချင်နဲ့ အိမ်ပြန်ဖို့ပြင်
အသွင်ဆန်းပြားတဲ့သင်္ကြန်ရက်
ဒီတသက် မေ့ရက်စရာမရှိ
ပျော်မိခဲတဲ့အချိန်ကလေး တွေးမိလေတိုင်းဆွေး။

တက္ကသိုလ်ဘုန်းကြွယ (မတ် ၂၂ ၂၀၁ ၂)

No comments: