Friday, March 23, 2012

အပါယ်တံခါးဖွင့်ထားပြီ


  

အမေစုအား ထောက်ခံနေတဲ့လူအင်အား
ထင်ထင်ရှားရှား ပြထားပြီးပြီ
ဒီကြားထဲကမှ ကလိမ်ကကျစ်တွေ
လိမ်ရစ်အုံးမယ်ဆိုရင်တော့လား
အများပြည်သူအားလုံး
တအုံးအုံးကြွ လုံးလုံးထပြီး
တဘုံးဘုံးချဖို့သာရှိတော့တယ်။

သေမဲတွေမဖေါ်နဲ့
မပေါ်တဲ့၇ွာ မဲသာအောင်ပြေးမဆောက်နဲ့
အောက်တန်းစားစိတ်နဲ့ ကြိုတင်မဲတွေမသိပ်နဲ့
မလိမ့်တပတ်နဲ့ မဲပေးနိုင်သူစာရင်းတွေမဖျောက်နဲ့
အကောက်ဥာဏ်နဲ့ ဖေါက်ဖေါက်ပြန်ပြန်လုပ်လာခဲ့ရင်
အာဏာရှင်ဒေါက်တိုင် တောင့်မခံနိုင်အောင်
အပိုင်ပိုင်ရိုက်ချိုး သူခိုးမျိုးဖြုတ်
လူယုတ်တွေပယ်ရှား မရဏရထားအသင့်နဲ့
ရဲရဲရင့်ရင့် တွန်းပစ်ချလိုက်မှာအမှန်ပါပဲ။

တက္ကသိုလ်ဘုန်းကြွယ်
(မတ်လ ၂၂ ၂၀၁၂)

No comments: