မြန်ပြည်လူထု
အများစုမှာ
ပူမှုရယ်က
ဆယ်ကုဋေ
အနေဆင်းရဲ
အစားဆင်းရဲ
သွားလာရေးလည်းဆင်းရဲ
ရေလည်းပြတ်
မီးလည်းဖြတ်
အငတ်တိုင်းပြည်စင်စစ်
ဧကန်ဖြစ်အောင်
တွန်းပို့ဆောင်နေကြပြီ။
ဒီမောင်တွေကတော့
ကျော့ကျော့ကျော့
မော့မော့မော့နဲ့
မေးငေါ့စရာဖြစ်အောင်
လျှပ်စစ်လည်းအလကာယူ
ပူစရာမရှိ
လူတကာသိ
ဒီငတိတွေ
အချိန်တန်
အိမ်ပြန်လာတဲ့အခါ
ရေခဲသေတ္တာမှာ
စားစရာအပြည့်။
ပိုက်ဆံ
ထွက်ရှာစရာမလို
ပိုက်ဆံကိုယ်တိုင်က
ခြေပေါက်ပြီး
သူတို့အိပ်ထောင်ထဲ
အလိုလိုရောက်
သောက်ဟယ်စားဟယ်
ပျော်မယ်ပါးမယ်
လူ့ဘ၀၀ယ်
ထိုးလာကြတဲ့လာဘ်လာဘတွေရယ်
မယူချင်မှ
အဆုံး
သုံးကြ
ဖြုန်းကြ
တိုင်းပြည်ချွတ်ခြုံကျ
အကြွေးတွေ
ဗလပွ
ဘယ်လိုလုပ်ရပ
လွယ်လိုက်တာမှ
ငှက်ပျောသီးအခွံခွာချသလောက်လွယ်
အခွန်အကောက်မယ်
တိုးတိုးပြီးကောက်ကြလေတယ်။
မလွယ်ရေးချ
မလွယ်တာက
ပြည်သူပါပဲဗျ။
အထက်ကဟောက်
အလယ်ကဆောင့်
အောက်ကပြည်သူတွေပြားပြားမှောက်
ကုန်းကောက်စရာမရှိလည်း
အရာရှိတွေ
ဖြုန်းသောက်ဖို့နဲ့
အခွန်တော်သုံးလောက်အောင်တော့ပေးရမယ်။
ဘယ်သူတွေသေသေ
ဒီငတေတွေမာရင်ပြီးကရော။
ပြည်သူတွေ
ဘယ်လိုနေနေ ဘယ်လိုသေသေ
ဒီငတေတွေက
ဂရုမစိုက်
ဒင်းတို့တတွေ
မိုက်တဲ့အကြောင်း
မကောင်းတဲ့အကြောင်း
အပ်ကြောင်းတွေထပ်အောင်ပြောလွန်းလို့
ပြောသူတွေ
ဖတ်ဖတ်မော
တိုင်တောသူတွေလည်းပါးစပ်တွေညောင်းကုန်ပြီ
အကြောင်းမထူး
ခေါင်းသာမူးလေပြီ
အို..ကွယ်
မရူးရုံတမယ်သာ ကျန်ပါတော့တယ်။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ ၁၅
၂၀၁၂
No comments:
Post a Comment