Monday, March 26, 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း


ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၃)
ဦးမြင့်ဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
သနပ်ပင်မြို့နယ်

  • မွေးသက္ကရာဇ် - ၁၃-၉-၁၉၅၆
  • ပညာအရည်အချင်း - C.T. Med (YGN)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် - သနပ်ပင်မြို့နယ်
  • အလုပ်အကိုင် - ကောင်းမြတ်သစ္စာ တိုင်းရင်းဆေးကုသခန်းနှင့် လမင်းသစ္စာတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် သနပ်ပင်မြို့နယ်၊ မင်းရွာပြည်သူ့ သမဂ္ဂအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ပြီး ကျေးရွာစည်းရုံးရေးမှူး၊ မြို့နယ်စည်းရုံးရေးတာဝန်ခံ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်နိုင်ရေးတာဝန် များကိုထမ်းဆောင်ခဲ့၊ ၂၀၀၁ ခုနှစ်တွင် မြို့နယ်စည်းရုံးရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်း လူမှုအထောက်အကူပြုအဖွဲ့ဝင်၊ ၂၀၀၈ ခုနှစ်မှစ၍ မြို့နယ်စည်ရုံးရေး အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းအောင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

ဒေါက်တာမြင့်နိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊
စစ်ကိုင်းတိုင်းဒေသကြီိး
  • မွေးသက္ကရာဇ် - ၆-၁၀-၁၉၅၁
  • ပညာအရည်အချင်း - M.B.B.S (Mdy)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊စစ်ကိုင်းတိုင်းဒေသကြီး
    (ကန့်ဘလူ-ကျွန်းလှ-ရေဦး-တန့်ဆည်)
နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ဆေးတက္ကသိုလ်မှ(၂)နှစ် ထုတ်ပယ်ခံရ၊ ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ကန့်ဘလူ မဲဆန္ဒနယ်မှ NLD ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူပေးရန် ပျက်ကွက်၍ စင်ပြိုင်အစိုးရတည်ထောင်ခဲ့သဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း(၂၅ နှစ်) အပြစ်ပေးခံခဲ့ရ၊ ၁/၉၃ အရ ထောင်ဒဏ် (၁၀)နှစ်သို့ ပြောင်းလဲကျခံရ၊ (၂၉-၄-၂၀၀၆)တွင် ထောင်တွင်းအကျဉ်းသားများ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမှုဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံရ။

ဒေါ်ခင်သန္တာ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
တံတာဦးမြို့နယ်
  • မွေးသက္ကရာဇ် - ၃၀-၅-၁၉၇၇
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တံတာဦးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - အသက်(၂၂)နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်ခဲ့ပြီး သတင်းနှင့် သုတေသနရေးရာမှူးအဖြစ် ဆောင်ရွက်ခဲ့။ ၂၀၀၃ ခုနှစ် မေလ(၂၇)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအစရှိသော အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်အတူ တံတားဦးမြို့တွင် လူငယ်များအား စည်းရုံးဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့။

ဦးစိန်လှ(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်
  • မွေးသက္ကရာဇ် - ၄-၁-၁၉၄၉
  • ပညာအရည်အချင်း - B.Sc(Maths), H.G.P ,R.L(II)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မဟာအောင်မြေမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ဦးသန့်အရေးအခင်းနှင့် ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကြောင့် ခေတ္တထိန်းသိမ်းခံခဲ့ရ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် ဒီမိုကရေစီ တိုးတက်ရေး မဟာ မိတ်ပါတီကို ပေါင်းတည်သခင်ဟန်ထွန်းအား နာယကထား၍ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းနှစ် သြဂုတ်လတွင် အရေးပေါ်စီမံချက် အက်ဥပဒေပုဒ်မ ၅(ည)ဖြင့် အင်းစိန် ထောင်၌ ၃ နှစ်ကျခံခဲ့ရ။ ၁၉၉၂ ခုနှစ်မှစတင်၍ ရှေ့နေလိုင်စင် ပိတ် သိမ်းခြင်းခံရ။၂၀၁၀ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးခင်မောင်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
စစ်ကိုင်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၆၁
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - စစ်ကိုင်းမြို့နယ်
  • အလုပ်အကိုင် - တောင်သူ
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် တာဝန်ခံအဖြစ် တာဝန်ယူခဲ့။ ၁၉၉၀ ရွေးကောက်ပွဲ၌ အဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့။ ၂၀၀၀ပြည့်နှစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပစဉ် စစ်ကိုင်းမြို့နယ်အဖွဲ့ချုပ်ရုံး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ လောင်စာဆီနှင့် အထွေထွေကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် တောင်းဆိုဆန္ဒပြရန် စီစဉ်မှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

ဦးလှမြင့်(နှုတ်ခမ်းမွှေး)
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မကွေးမြို့နယ်
  • မွေးသက္ကရာဇ် - ၂၈-၇-၁၉၄၉
  • ပညာအရည်အချင်း -
  • မဲဆန္ဒနယ် - မကွေးမြို့နယ်
  • အလုပ်အကိုင် - သမ၀ါယမ(ငြိမ်း)၊ ကုန်သည်
နိုင်ငံရေးအတွေ့အကြုံ - ပထမအကြိမ် မြို့နယ်ပြည်သူ့ကောင်စီ အချိန်ပိုင်းတရားသူကြီး ၊ ဒုတိယအကြိမ် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ တတိယအကြိမ် မြို့နယ်ကောင်စီ အလုပ်အမှုဆောင်၊ စတုတ္ထအကြိမ် ပါတီယူနစ်ကော်မတီဝင် (အချိန်ပြည့်)၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ဝင်။

ဦးအောင်စိုးမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တောင်ငူမြို့နယ်
  • မွေးသက္ကရာဇ် - ၂၃-၈-၁၉၅၃
  • ပညာအရည်အချင်း - B.Econ(M.S)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တောင်ငူမြို့နယ်
  • အလုပ်အကိုင် - ကုန်သည်
နိုင်ငံရေးအတွေ့အကြုံ - - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အတွင်းရေးမှူး၊ တိုင်းတွဲဖက်အတွင်းရေးမှူး၊ ဗဟိုဦးစည်းအဖွဲ့ဝင် အကျဉ်းသား ကူညီစောင့်ရှောက်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ရွေးချယ်ခံခဲ့ရ၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ သုံးနှစ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံခဲ့ရ၊ သွင်းကုန်ထုတ်ကုန်(ယာယီ၅(၁))အရ ထောင်ဒဏ်(၇)နှစ် ချမှတ်ခြင်းခံခဲ့ရ။

ဦးမြ၀င်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)၊
    HGP,RL,MA(Defence Study)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
  • အလုပ်အကိုင် - ဗိုလ်ချုပ်(ငြိမ်း)
နိုင်ငံရေးအတွေ့အကြုံ -

ဒေါ်မြင့်မြင့်အေး(တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မိတ္ထီလာမြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၇-၁၉၅၈
  • ပညာအရည်အချင်း - B.Econ (Economic)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မိတ္ထီလာမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းတွင် ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ဖြင့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲအောင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့။ ၁၉၉၇ ခုနှစ်တွင် မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်များကို နှစ်ပေါင်း (၂၀)ကျော် ဆောင်ရွက်ခဲ့။ ၂၀၁၁ ခုနှစ်တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်နှင့် ချိတ်ဆက်ပြီး လူ့အခွင့်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့။ တရားမဲ့ပြုကျင့်ခံရသူများ၊ လူ့အခွင့် အရေးချိုးဖောက်ခံရသူများက လာရောက်ကူညီ တောင်းခံမှုများအား သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိ။

ဒေါ်ခင်စန်းလှိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုလဲမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၅၆
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပုလဲမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှာမှုတွင် ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀က်လက်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရ၊ လွှတ်တော်ခေါ်ယူရေးနှင့် စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုကြောင့် ပုဒ်မ ၁၂၂/၁ ဖြင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရသော ကိုယ်စားလှယ်လောင်း ၃၅ ဦးတွင် တစ်ဦး အပါအ၀င်ဖြစ်၊ ၁၉၉၂ တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်၊ ရှေ့နေလိုင်စင်ရုပ်သိမ်းခံရ၊၂၀၁၂ NLD ပြန်လည်တည်ထောင်သူ ၂၁ ဦးတွင် ပါဝင်၊ NLD ဗဟိုအောင်နိုင်ရေးကော်မတီတွင် ဘဏ္ဍာရေးကော်မတီ အဖွဲ့ဝင်ဖြစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီတွင်လည်း တာဝန်ပေးခံရ။

ဒေါ်သန်းသန်းနွဲ့(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ပဲခူးတိုင်းဒေသကြီိး
  • မွေးသက္ကရာဇ် - ၅-၇-၁၉၅၅
  • ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၇)၊ ပဲခူးတိုင်းဒေသကြီိး
    (အုတ်တွင်း-ထန်းတပင်)
  • အလုပ်အကိုင် - ကြယ်နီဆေးပေါ့လိပ်လုပ်ငန်း
လူမှုရေးဆောင်ရွက်မှုများ - သီရိသုဓမ္မသိင်္ဂိဘွဲ့ကို (၄-၁-၂၀၀၆)နေ့တွင် ချီးမြှင့်ခြင်းခံရ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိ။

ဦးဝင်းဇော်(အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မိတ္ထီလာမြို့နယ်
  • မွေးသက္ကရာဇ် - ၂၉-၈-၁၉၆၂
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မိတ္ထီလာမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ မိတ္ထီလာခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်လူငယ်အဖွဲ့ဝင်၊ ၁၉၈၉ မှ ၁၉၉၆ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် မိတ္ထီလာနှင့် မြင်းခြံအကျဉ်းထောင်များတွင် ခုနစ်နှစ် အထိန်းသိမ်းခံခဲ့ရ။ ၁၉၉၉ မှ ၂၀၀၂ ထိ ကိုးလေးလုံး လှုပ်ရှားမှုနှင့် NLD ပါတီစာစောင်များ ဆောင်ရွက်ခဲ့သဖြင့် အင်းစိန်နှင့် မော်လမြိုင်အကျဉ်းထောင်များတွင် သုံးနှစ် အထိန်းသိမ်းခံခဲ့ရ။ ၂၀၀၆ ခုနှစ်တွင် ပါတီမှ နှုတ်ထွက်ခဲ့ပြီး အမျိုးသားနိုင်ငံရေးလူငယ် NLD (မြန်မာနိုင်ငံ) အင်အားစုကို ဖွဲ့စည်းဦးဆောင်ခဲ့။ ၂၀၀၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစုများ၏ ဗဟိုသဘာပတိအဖွဲ့ဝင် တာဝန်ယူခဲ့။ ၂၀၀၉ ခုနှစ်တွင် အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့။

ဦးစိုင်းစံမင်း(ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
ရှမ်းပြည်နယ်
  • မွေးသက္ကရာဇ် - ၁၉၅၉ ခုနှစ်
  • ပညာအရည်အချင်း - ဥပဒေဘွဲ့
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
    (လားရှိုး- တန့်ယန်း- မိုင်းရယ်- သိန်းနီ- ကွမ်လုံ)
လူမှုရေးဆောင်ရွက်မှုများ - ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ရှမ်းတိုင်ရင်းသားများ ဒိမိုကရက်တစ်ပါတီ (SNDP/ ကျားဖြူပါတီ)သို့ ၀င်ရောက်ခဲ့ပြီး လားရှိုးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တွင် တွဲဘက်အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လျက်ရှိ။

ဦးစိုင်းမောင်မြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
  • မွေးသက္ကရာဇ် - ၁၈-၇-၁၉၄၆
  • ပညာအရည်အချင်း - B.Sc(R.L)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - မဲဆန္ဒနယ်အမှတ်(၃)၊ ရှမ်းပြည်နယ်
    (လားရှိုး- တန့်ယန်း- မိုင်းရယ်- သိန်းနီ- ကွမ်လုံ)
  • အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းတွင် သပိတ်အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူရင် နိုင်ငံရေးလောကသို့ ရောက်ရှိခဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ။

ဒေါ်ခင်ဌေးကြွယ်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၁၁-၁၉၄၆
  • ပညာအရည်အချင်း - B.Sc(R.L)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင်ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်(၂)မှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့၊ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၉၇ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၁၉၉၉ထိ(၉)လခန့် ထိန်းသိမ်းခြင်းခံခဲ့ရ၊ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သော ထင်ရှားသည့် အမှုများမှာ ဒေါ်အောင်ဆန်းစုကြည်ပါ (၃) ဦး အမှု၊ ဦးဇဂနာ(ခ) ဦးသူရပါ (၄)ဦး အမှု၊ မစုစုနွေးပါ (၂)ဦး အမှု၊ ဦးဥက္ကံသ (ခ) ဦးဇင်းအောင်ဇော်လတ် အမှုအပါအ၀င် ယုံကြည်ချက်ကြောင့် တရားစွဲဆိုခံရသော နိုင်ငံရေးအမှုများ။

ဒေါ်မြင့်မြင့်ဝေ (ခ) မိမြင့်မြင့်ဝေ
(မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်
  • မွေးသက္ကရာဇ် - ၆-၂-၁၉၅၉
  • ပညာအရည်အချင်း - LL.B ၊ ဒီပလိုမာ(ရေထွက်လုပ်ငန်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်
  • အလုပ်အကိုင် - တရားလွှတ်တော်ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ -



  ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၂)
ဦးကျော်မြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မြန်အောင်မြို့နယ်

  • မွေးသက္ကရာဇ် - ၃၀-၈-၁၉၄၃
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် မြန်အောင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၀ ရွေးကောက်ပွဲတွင် ဇလွန်မြို့နယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရ ရွေးကောက်ခံရ။ ၁၉၉၇ တွင် ထောင် နှစ်လ ကျခံခဲ့ရ။ တိုင်းစည်းတာဝန်၊ ဗဟိုကော်မတီ(CC)တာဝန်များကို ထမ်းဆောင်စဉ် မကြာခဏ ထိန်းသိမ်းခံခဲ့ရ။

ဦးဝင်းထွန်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
တောင်ငူမြို့နယ်
  • မွေးသက္ကရာဇ် - ၂၇-၂-၁၉၆၃
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - တောင်ငူမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ -၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးမြင့်သိန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မကွေးမြို့နယ်
  • မွေးသက္ကရာဇ် - ၃-၉-၁၉၄၃
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(သမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မကွေးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၇၄ ချောက်ရေနံမြေ ဆန်သပိတ်တိုက်ပွဲတွင် ပါဝင်ခဲ့။ ၁၉၇၆ တွင် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှု ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၅/၁ ဖြင့် ထောင်ကြီးချုပ်ဖြင့် ဖမ်းဆီးခံရ။ ၁၉၇၈ ဖေဖော်ဝါရီလတွင် တရားသေ လွတ်မြောက်။ ၁၉၈၂ လုံခြုံမှု စိတ်မချဟူသော အကြောင်းပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခံရ။ ၁၉၈၈ လူထုအရေးတော်ပုံသပိတ် ဗဟိုကော်မတီအဖြစ် ဦးဆောင်ခဲ့။

ဦးဝင်းမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုသိမ်မြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၅၁
  • ပညာအရည်အချင်း - B.Sc, (Geology), H.G.P, RL
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပုသိမ်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဓနုဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရ။ ၁၉၉၃ မှ ၁၉၉၅ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့။ ၁၉၉၅ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့။ ၁၉၉၆ တွင် နှစ်ကြိမ်၊ ၁၉၉၈ မှ ၂၀၀၀ အထိတစ်ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရ။

ဦးရဲမင်းသိန်း (ခ) ရသ(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁ - ၁၂ - ၁၉၈၂
  • ပညာအရည်အချင်း - B.A (English)
  • အလုပ်အကိုင် - အနုပညာ
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ- ၂၀၁၀ ရွေးကောက်ပွဲ၊ သင်္ဃန်းကျွန်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးဆင်းရာတွင် လိုက်ပါဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် တည်ထောင်ရာတွင် ပါဝင်ခဲ့၊ သင်္ဃန်းကျွန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ လူထု၏ အခက်အခဲများ ဖြေရှင်းရာတွင် လိုက်ပါဆောင်ရွက်ရင်း နိုင်ငံရေးအတွေ့အကြုံများ လေ့လာဆည်းပူးလျက်ရှိပါသည်။

ဦးလှကော်(ခ)ဦးခင်မောင်လှ
(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၄၂ ခုနှစ်
  • ပညာအရည်အချင်း - တန်းမြင့်ကျောင်းထွက်
  • မဲဆန္ဒနယ် ကလောမြို့နယ်
  • အလုပ်အကိုင် - ကုန်သွယ်ရေးအငြိမ်းအစား
နိုင်ငံရေးအတွေ့အကြုံ - ၁၉၆၇ ခုနှစ်တွင် အလုပ်သမားကောင်စီ တွဲဖက်အတွင်းရေးမှုး (၁)၊ ကလောမြို့နယ် ပြည်သူ့ပါတီ ကောင်စီဝင်၊ ၁၉၇၅ ခုနှစ်တွင် ပါတီယူနစ် ကော်မတီဝင်၊ မြို့နယ်လမ်းစဉ် လူငယ်ဥက္ကဋ္ဌ၊ စတုတ္ထအကြိမ် ပါတီညီလာခံ ကိုယ်စားလှယ်၊ ၁၉၈၁ ခုနှစ်တွင် ဒုတိယအကြိမ် အလုပ်သမားအစည်းအရုံး ဥက္ကဋ္ဌ၊ ဒုတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံမှ ဗဟိုဦးစီးအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတွင် ပါတီဝင်၊ ၂၀၁၁ ခုနှစ် တွင်နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးလှကို(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မဟာအောင်မြေမြို့နယ်
  • မွေးသက္ကရာဇ် - 
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာ၊ အနောက်တိုင်းသမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မဟာအောင်မြေမြို့နယ်
  • အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
လူမှုရေးအတွေ့အကြုံ - Mandalay Law Firm ကို ထူထောင်ခဲ့ပြီး ဥပဒေစာအုပ်များ ပြုစုထုတ်ဝေခြင်း၊ ဥပဒေပညာ သင်ကြားပေးခြင်း၊ ဥပဒေအကြံပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မန္တလေးရှေ့နေကြီးများကထိန်တော်အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကျောက်ပန်းတောင်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၅၁
  • ပညာအရည်အချင်း - M.B;B.S
  • ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကျောက်ပန်းတောင်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ မန္တလေးဆေးတက္ကသိုလ် သပိတ်ကော်မတီတွင် အတွင်းရေးမှူး၊ အထက်မြန်မာနိုင်ငံ ဆရာဝန်များ သပိတ်ကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့။ ၁၉၉၀ တွင် အမရပူရ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့။ ယင်းနှစ်တွင် ပုဒ်မ ၁၂၂(၁)အရ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရပြီး ၁၉၉၃ တွင် လွတ်ငြိမ်းချမ်းသာခွင့် အရ ၁၀ နှစ် သို့ပြောင်းခဲ့။ ၂၀၀၉ တွင် ထောင်မှ လွတ်မြောက်ပြီးနောက် မန္တလေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်၊ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်လျက်ရှိ။

ဦးဝင်းရွှေ(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဒဂုံဆိပ်ကမ်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၅-၄-၁၉၄၅
  • ပညာအရည်အချင်း - B.A ,H.G.P,R.L
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ဒဂုံဆိပ်ကမ်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ တွင် NLD ပါတီဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်း NLD မြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ (ဥပဒေ အထောက်အကူ) အဖွဲ့တွင် တာဝန်ယူခဲ့၊ ၈-၈-၂၀၁၀ တွင် NDF ပါတီဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီပါတီသစ် တည်ထောင်သူနှင့် ပါတီ ဒု-ဥက္ကဋ္ဌတာဝန်၊ ဗဟိုဥပဒေရေးရာ ကော်မတီတာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ဦးခွန်သန်းမောင်(ခ)ခွန်ပေါလိုင်း(ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၂၉-၃-၁၉၅၂
  • ပညာအရည်အချင်း - ပညာရေးကောလိပ်၊ ရန်ကုန်
  • အလုပ်အကိုင် - ကျောင်းဆရာ(ငြိမ်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပြည်ထောင်စု အမျိုးသားအဖွဲ့ချုပ်(PNO) ကလောမြို့နယ်အတွင်းရေးမှုး၊ ၁၉၉၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် စည်းရုံးရေးအဖြစ်ဆောင်ရွက်ခဲ့။

ဦးအောင်သိန်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၇-၄-၁၉၄၄
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
  • အလုပ်အကိုင် - ဒု-၀န်ကြီး (ငြိမ်း- မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ စာရေးဆရာ(ကလောင်အမည်-အောင်စည်ဟိန်း)

ဒေါ်နန်းကြူသန်းဝင်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၀-၉-၁၉၆၇
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(သမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးဖုန်းမြင့်(အမျိုးသားဒီမိုကရေစီပါတီသစ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွှန့်မြို့နယ်
  • မွေးသက္ကရာဇ် - ၁-၁-၁၉၅၈
  • ပညာအရည်အချင်း - Marine Technology (ရေကြောင်းသိပ္ပံ ) Certificate (3m/ 290)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မင်္ဂလာတောင်ညွှန့်မြို့နယ်
  • အလုပ်အကိုင် - ကုန်သည် (တပ်မတော်ရေ)ငြိမ်း
နိုင်ငံရေးအတွေ့အကြုံ - ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၇ ခုနှစ်အထိ ရ.ယ.က ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အမျိုးသားဒီမိုကရေစီပါတီသစ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေ။

ဦးစ၀်သာဦး(ခ)သီဟသူ(ရှမ်းတိုင်ရင်းသားများဒီမိုကရက်တစ်ပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၆၁
  • ပညာအရည်အချင်း - B.E com (Eco) Q,D.A
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
  • အလုပ်အကိုင် - လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း
လူမှုရေးလှုပ်ရှားမှု - ၂၀၀၅ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း ထိန်းသိမ်းခံခဲ့ရသည်။ ထိန်းသိမ်းခံဘ၀မှ လွတ်မြောက်ပြီးနောက် မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီး စာသင်ကျောင်း၊ ဆေးပေးခန်းများ၊ အခမဲ့မူကြိုများ ဆောက်လုပ်ခြင်း၊ ထောက်ပံ့ခြင်းစသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဦးကျော်မင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လက်ပံတန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၂၀-၆-၁၉၆၁
  • ပညာအရည်အချင်း - B.Sc ( Maths )
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လက်ပံတန်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သည်မှ ယနေ့အထိ မြို့နယ် လူငယ်တာဝန်ခံ၊ တောင်သူလယ်သမား ဗဟိုအဖွဲ့ဝင်၊ ပဲခူးတိုင်း လူငယ်အဖွဲ့ဝင်၊ ပဲခူးတိုင်း လူမှုအထောက်အကူပြု အဖွဲ့ဝင်၊ မြို့နယ်အတွင်းရေးမှူး တာဝန်များ ဆောင်ရွက်နေ၊ ၁၉၉၈ ခုနှစ်တွင် သက်ဆိုင်ရာမှ (၂) ကြိမ် ထိန်းသိမ်းခြင်းခံခဲ့ရ။

ဒေါက်တာဒေါ်သန်းငွေ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ကလောမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉၄၈
  • ပညာအရည်အချင်း - M.B.B.S (Ygn)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ကလောမြို့နယ်
လူမှုရေးလှုပ်ရှားမှု - ၁၉၇၉ မှ ၁၉၈၉ အထိ မြို့နယ် သမ၀ါယမဆေးခန်း တာဝန်ခံဆရာဝန်အဖြစ် အခြေခံ လူတန်းစားများအပေါ် ကျန်းမာရေး စောင့်ရှောက်ခဲ့၊ ၂၀၀၂ ခုနှစ်မှ ယနေ့အထိ အေးသာယာရွှေတောင်တန်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသား ၂၀၀ ကျော်၏ စားဝတ်နေရေး၊ ပညာရေးအား ဆောင်ရွက်နေ၊ နိုင်ငံရေး အကျဉ်းသားများအတွက် ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ကုညီပံ့ပိုးခဲ့။

EMG


ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၁) bie_01

ဦးအုန်းကြိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်

  • မွေးသက္ကရာဇ် ၂၉-၆-၁၉၄၄ ။
  • ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့။
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် မဟာအောင်မြေမြို့နယ် ။
  • အလုပ်အကိုင် အယ်ဒီတာသတင်းစာဆရာ၊
နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် သတင်းစာတိုက်ပေါင်းစုံ သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သဖြင့် တာဝန်မှ အငြိမ်းစားပေးခံရပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေး အရှေ့တောင်မြို့နယ်၊ အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ။ ၁၉၉၀ ပြည့်နှစ်တွင် ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ် ချမှတ်ခံရ။ ဂန္ဓီညီလာခံကျင်းပခြင်းနှင့် ကြေညာချက် ပြုစုခြင်းကြောင့် ပုဒ်မ ၅/က၊ ခ၊ ဃ၊ ည တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် နှစ်လကြာ ထပ်မံဖမ်းဆီးခံခဲ့ရ။
bie_02ဒေါက်တာမေ၀င်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
  • မွေးသက္ကရာဇ် - ၈-၃-၁၉၅၀
  • ပညာအရည်အချင်း -M.B.B.S (Ygn)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်
အလုပ်အကိုင် - ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ် ၁၉၈၈ ခုနှစ်အထိ သမိုင်း မသန်စွမ်း အထူးကုဆေးရုံ၌ လက်ထောက်ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့။
နိုင်ငံရေးအတွေ့အကြုံ - ၈၈ ဒီမိုကရေစီ တောင်းဆိုမှု လှုပ်ရှားမှုတွင် မသန်စွမ်း ဆေးရုံဝန်ထမ်းများကို ဦးဆောင်၍ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့။ ၁၉၉၆ ခုနှစ် မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ် ရဲမွန်တပ်မြို့၌ထိန်း သိမ်းခံခဲ့ရ။ ၁၉၉၇ ခုနှစ်တွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် ၇ နှစ် ကျခံခဲ့ရ၊ ၂၀၀၄ ခုနှစ်တွင် လွတ်ရက်စေသော်လည်း ပုဒ်မ ၁၀(က)ဖြင့် လေးနှစ်အကြာ ဆက်လက်ချုပ်နှောင်ခံရ။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြန်လည်ထမ်းဆောင်လျက်ရှိ။

bie_03ဦးစိမ်းမောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လောင်းလုံမြို့နယ်
  • မွေးသက္ကရာဇ် ၃၀-၃-၁၉၄၅
  • ပညာအရည်အချင်း H.S.F တန်းမြင့်အောင်
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် လောင်းလုံမြို့နယ်
အလုပ်အကိုင် မြို့နယ်ကုန်သွယ်ရေး(ငြိမ်း)၊ ရေလုပ်ငန်း။
bie_04ဦးခင်လှိုင် (တစ်သီးပုဂ္ဂလ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မရမ်းကုန်းမြို့နယ်
  • အသက် ၄၆ နှစ်
  • ပညာအရည်အချင်း ဥပဒေဘွဲ့
  • စီးပွားရေး ဇောတိကကုမ္ပဏီလီမိတက်၊ ဇောတိက သင်္ကန်းထုတ်လုပ်ရေး၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် မရမ်းကုန်းမြို့နယ်

bie_05ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လှည်းကူးမြို့နယ်
  • မွေးသက္ကရာဇ် - ၁၃-၄-၁၉၆၉
  • ပညာအရည်အချင်း - ရူပဗေဒအထူးပြုဘာသာရပ်
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - လှည်းကူးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ရှစ်လေးလုံး အထွေထွေသပိတ် ဖော်ဆောင်ရန် သန်လျင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို လျို့ဝှက်ဦးဆောင် ဖွဲ့စည်းခဲပြီး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၉ ခုနှစ်တွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ သန်လျင်မြို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့၊ ၁၉၉၀ ပြည့်နှစ်တွင် မဗာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (အောက်ဗမာပြည်) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ် ထိန်းသိမ်းခြင်းခံခဲ့ရ။ ၁၉၉၁ ခုနှစ် မေလတွင် အင်းစိန်ထောင် စစ်ခုံရုံးမှ ပုဒ်မ ၅(ည)၊ ၁၇(၁)ဖြင့် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရ၊ ၁၉၉၅ ခုနှစ်တွင် ပုဒ်မ ၅ (င)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ထပ်မံ အပြစ်ပေးခံရ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး လွတ်လပ်တရားမျှတမှုမရှိ၍ ပါတီမှနှုတ်ထွက်ခဲ့။
bie_06ဦးအောင်စိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
လောင်းလုံမြို့နယ်
  • အသက် (၅၂) နှစ်
  • ပညာအရည်အချင်း T.H.S (Machine)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် လောင်းလုံမြို့နယ်
  • အလုပ်အကိုင် ရွှေပန်းထိမ်
နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့။ ၁၈-၃-၁၉၈၈ ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့ အရေးအခင်းတွင် ပါဝင်ခဲ့။ ၁၉၈၈ ခုနှစ်မှစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်။ ၉-၉-၁၉၉၉ ခုနှစ်တွင် နိုင်ငံရေးပုဒ်မ ၅၁(စ) ဖြင့် အကျယ်ချုပ် နှစ်နှစ်အပါအ၀င် ငါးကြိမ်အထိန်း သိမ်းခံခဲ့ရ။ ၂၀၀၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်(ဗဟို) သတင်း/ပြန်ကြားရေးနှင့် သုတေသန ရေးရာမှူးအဖြစ် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့။
bie_07ဦးကောင်းမြင့်ထွဋ် (မြန်မာအမျိုးသားကွန်ဂရက်ပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
မင်္ဂလာတောင်ညွှန့်မြို့နယ်
  • မွေးသက္ကရာဇ် ၁၄-၄-၁၉၇၅
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် မင်္ဂလာတောင်ညွှန့်မြို့နယ်
  • အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ကျောင်းသားခေါင်းဆောင်များဘက်မှ မဲဆွယ်ဟောပြောခဲ့။ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အစိုးရနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ တွင်ပါဝင်ခဲ့။ ၂၀၀၇ ခုနှစ် နိုင်ငံရေး ဆောင်ရွက်ချက်များတွင် ပါဝင်ခဲ့။ ၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့။ ၂၀၀၉ စက်တင်ဘာတွင် မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပ။ ၂၀၁၀ တွင် မြန်မာဒီမိုကရေစီ ကွန်ဂရက်ကို တည်ထောင်။ ၂၀၁၀ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ဝင် ရောက်ယှဉ်ပြိုင်ခဲ့။၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြန်မာအမျိုးသားကွန်ဂရက် ပါတီမှတ်ပုံတင်ခွင့်ရခဲ့။
bie_08ဒေါ်ဘောက်ဂျာ(ခ) လွမ်းညွယ်(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဖားကန့်မြို့နယ်
  • မွေးသက္ကရာဇ် ၄-၁၂-၁၉၆၇
  • ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့(သမိုင်း)
  • ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် ဖားကန့်မြို့နယ်
  • အလုပ်အကိုင် ကုန်သည်
လူမှုရေးအတွေ့အကြုံ - ဖားကန့်မြို့နယ်တွင် နေထိုင်ရင်း နယ်မြေလူထု အကျိုးစီးပွား ထိခိုက်စေသော လုပ်ဆောင်ချက်များကို လူထုအားကိုယ်စားပြု၍ တရားရုံးများတွင် တိုင်ကြားပေးခဲ့။
ယုဇနကုမ္ပဏီနှင့် ဖြစ်ပွားသော မြေယာကိစ္စများ၊ မြစ်ဆုံ ရေကာတာ အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့။ နိုင်ငံရေး အတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသို့ ၀င်ရောက်ခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

bie_09ဒေါက်တာဖြိုးကိုကိုတင့်ဆန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မြောင်းမြမြို့နယ်
  • မွေးသက္ကရာဇ် ၂၆-၆-၁၉၇၉
  • ပညာအရည်အချင်း A.G.T.I (Civil, Dip.CA)B.Sc (Chemiscry)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် မြောင်းမြမြို့နယ်
  • အလုပ်အကိုင် ဥက္ကဋ္ဌ (A.C.E)ဆောက်လုပ်ရေးကုမ္ပဏီ

bie_10ဦးကြည်သန်း(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
သုံးခွမြို့နယ်
  • မွေးသက္ကရာဇ် ၁၄-၁-၁၉၄၆
  • ပညာအရည်အချင်း သိပ္ပံဘွဲ့(ရူပဗေဒ)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် သုံးခွမြို့နယ်
အလုပ်အကိုင် - ၁၉၆၇ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၈)ကို မှော်ဘီမြို့တွင် တက်ရောက်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်မှူးအဆင့်(ဒုတိယတပ်ရင်းမှူး)အထိ ၂၆ နှစ် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လက်ထောက် အထွေထွေမန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့။ ၂၀၀၄ ခုနှစ်တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်မှ အနားယူခဲ့သည်။
နိုင်ငံရေးအတွေ့အကြုံ - ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့။

bie_11ဒေါ်ဖြူဖြူသင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်
  • မွေးသက္ကရာဇ် - ၂၃-၁၂-၁၉၇၁
  • ပညာအရည်အချင်း - သမိုင်းအထူးပြုဘာသာရပ်(ရန်ကုန်တက္ကသိုလ်(ပင်မ))
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မင်္ဂလောင်တောင်ညွန့်မြို့နယ်
လူမှုရေးလှုပ်ရှားမှု - ၂၀၀၂ ခုနှစ်မှ ယခုအချိန်အထိ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ပေးလျက်ရှိ။
နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် NLD အောင်နိုင်ရေး ဆောင်ရွက်ခဲ့၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် လိုက်ပါပို့ဆောင်မှုကြောင့် အင်းစိန်အကျဉ်းထောင်တွင် လေးလနှင့် လေးရက် ထိန်းသိမ်းခံခဲ့ရ၊ ၂၀၀၇ ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု၊ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် NLD ပါတီဗဟိုဦးစီး အဖွဲ့ဝင်ဖြစ်လာခဲ့။

bie_12ဒေါ်ခင်စုစုအောင်(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မအူပင်မြို့နယ်
  • မွေးသက္ကရာဇ် - ၆-၁၁-၁၉၈၄
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မအူပင်မြို့နယ်
  • အလုပ်အကိုင် - ရှေ့နေ
နိုင်ငံရေးအတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု ဘိုကလေးမြို့နယ် လူငယ်တာဝန်ခံ၊ ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဝင်၊ ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့ဝင်၊ ဗဟိုဥပေဒအကြံပေး အဖွဲ့ဝင် တာဝန်များ ထမ်းဆောင်လျက်ရှိ။

EMG

No comments: