Monday, March 26, 2012

ကချင်သတင်း

ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာများပေးအပ်
ကချင်ပြည်နယ်တွင်းရှိ ဝိုင်းမော်မြို့နယ် ဆဒုံ့ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် လိုအပ်သည့် အသုံးအဆောင်တို့ကို ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းမှ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဓိကက စားနပ်ရိက္ခာရယ်၊ တခြားအရေးကြီးတဲ့ပစ္စည်းတွေ ဥပမာဆိုရင် စောင်တို့၊ ခြင်ထောင်တို့ စားနပ်ရိက္ခာ ဆိုရင်လည်း ဆန်၊ ဆီ၊ ဆား ပေါ့ဗျာ တချို့လူတွေအတွက်ကတော့ ဆေးဝါးတွေပေါ့ဗျာဟု ရန်ကုန်မြို့ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောသည်။
ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် ယနေ့ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်းမှ ဝိုင်းမော်မြို့နယ် ဆဒုံ့ ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည် များထဲမှ လူတစ်ထောင်အတွက် တစ်လစာ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်စရာများ၊ အမိုးအကာများ အဖြစ်အသုံးနိုင်ရန်အတွက် တာလပတ်များနှင့် ဆေးဝါးအချို့တို့ကို ပေးအပ်ခဲ့သည်ဟု ၎င်းက ထပ်မံပြောသည်။
စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခများနှင့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်းနှင့် မိုးတွင်းကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် အမိုးအကာများ ထပ်မံလိုအပ်နေကြောင်းနှင့် နိုင်ငံတော် အစိုးအနေဖြင့်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်သင့်နေပြီဖြစ်ကြောင်း KIO ဒုက္ခသည်စခန်းမှ  ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒုက္ခသည်တွေက အများကြီးပဲ သူတို့အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရမ်းကို လိုအပ်နေ တယ်။ စေတနာရှင်တွေ၊ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေလည်း အရမ်းလိုအပ်နေတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်ဟု ဒုက္ခသည်စခန်းမှ  ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ် ဆဒုံးဒေသဘက်မှ ဒုက္ခသည်များအတွက် ထောက်ပံ့မှုများပေးပြီးနောက် ကုသသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သော လွယ်ဂျယ်ဒေသနှင့် မိုင်ဂျာ ရန် ဒေသများဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ရန်နိုင်(မြစ်မခ)


 ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ NLD မှ ဒီကနေ့ကြေငြာချက်ထုတ်ပြီး တောင်းဆို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်

ရက်စွဲ - ၂၀၁၂ခုနှစ် မတ်လ(၂၆)ရက်

ကြေငြာချက်

၁။ ကချင်ပြည်နယ်၊ ဗန်းမော်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်များရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲဆိုင်းငံ့ထားခြင်းအပေါ် ယင်းမဲဆန္ဒနယ်များရှိပြည်သူများက

(က) ရွေးကောက်ပွဲမဲဆန္ဒပေးရန် အားခဲထားမှုများပျက်ပြားသွား၍ စိတ်ပျက်ရကြောင်း

(ခ) ပြည်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာပြဿနာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သဘောထားများ ထုတ်ဖေါ်ကြသည်ကို ကြားသိရပါသည်။

၂။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားကြောင်းနှင့် ကူညီပံ့ပိုးရန်အဆင်သင့်ရှိ
ါကြောင်း ဖော်ပြလိုပါသည်။

၃။ ရွေးကောက်ပွဲဖြစ်မြောက်ရေးကိစ္စကို KIA/KIA နှင့်ဆွေးနွေးညှိုနှိုင်းရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒရှိပါသည်။

ဤကဲ့သို့ညှိုနှိုင်းနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင်ကသော်လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော်လည်းကောင်း လုပ်ဆောင်ပေးမည်ဆိုလျင် ဧပြီလ(၁)ရက်နေ့တွင် ကချင်ပြည်နယ်၌ ရွေးကောက်ပွဲပြုလုပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ကြေငြာလိုက်သည်။

ဗဟိုအောင်နိုင်ရေးအဖွဲ့
 

3 comments:

Anonymous said...

ကချင်ပြည်နယ်ကရွေးကောက်ပွဲကိုဘာကြောင်ဆိုင်းငန်း ထားရဒါလဲ ဘာလဲKIAနဲသဘောထာချင်းကွဲလွဲနေလို့လားမည်သူမဆို လုပ်နိုင်စွမ်းရှိတဲ့လူမည်သူ့ကိုမဆိုလွတ်တော်ကိုသင်ပြ နိုင်စွမ်း
ရှိတဲ့လူကချင်ပြည်နယ်ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက်အမြန်ဆုံးလွတ်တော်ကိုနာလှည်အောင်သင်ပြ ပေးကြပါ။ ၊ကချင်လွတ်လတ်ရေးတပ်မတော်KIAနဲ့လဲတရာမြသတဲ့ညိမ်းချန်းရေးရရှိအောင်လဲအမြန်ဆုံးဆောင်ရွက်ပေးကြပါ။ိ

myoz667 said...

ပျော်ရွှင်ပါစေ မနောမြေ

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြနယ်လာလို့စစ်ဘေးဒုက္ခတွေအေးချမ်းသွားမလား KIAနဲကောညိမ်းချန်ရေအဆင်ပြေပါ့မလာ အားလုံးအဆင်ပြေမယ်ဆိုရင် ကချင်ပြည်နယ်ကိုတစ်ခေါက်လောက်လာခဲပေပါလို့ဖိတ်ခေါပါရစေဗျာ ဖိတ်လဲဖိတ်ခေါပါတယ်ဗျာ တိုင်းရင်းသားတွေဖက်လဲပြန်ကြည့်ပေပါအုံး အမေစုရယ်