Reading of the Judgment, Wednesday, 14 March 2012
ယခု-စိန့် မာတင်ကျွန်း= ယခင် မြန်မာနာမည် ရှင်မဖြူကျွန်း
ကျွန်တော်(ဘုန်းလှိုင်)ကြည့်ရှုနားထောင်ပြီးနားလည်သမျှကိုပြန်လည်
မျှဝေလိုက်ပါတယ်.။
အခုရရှိတဲ့ ဗွီဒီယိုဆုံးဖြတ်ချက်ကို ကြည့်ပြီး နားထောင်ချက်
အရဆိုရင် စိန့် မာတင်ကျွန်းပတ်ဝန်းကျင်၁၂ မိုင်ကိုတော့ စိန့် မာတင်က
ပိုင်တယ်(လက်ရှိဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းဖြစ်ပါတယ်။) လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ EEZ(EXCLUSIVE ECONOMIC ZONE) ကိုသတ်မှတ်တဲ့
နေရာမှာတော့ စိန့် မာတင်ကျွန်းကိုထည့်သွင်းစဉ်းစားဖို့ မဖြစ်နိုင်ပါဘူး
လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီကျွန်းဟာ မြန်မာရဲ့
မိုင် ၂၀၀ EEZ ဇုန်ထဲမှာ ဝင်နေတဲ့အတွက် စိန့် မာတင် ကျွန်းကို ထည့်
သွင်းစဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အများကြီးနစ်နာဆုံးရှုံးမှာဖြစ်လို့ 
တရားမမျှတဘဲဖြစ်မှာမို့ လို့ ပါလို့ ရှင်းပြသွားပါတယ်။
ဒါကြောင့်မို့ လို့  အိုင်စီဂျေ ပညာရှင်များက နှစ်နိုင်ငံ ရဲ့ ပင်လယ်ကမ်းခြေ
များကနေပြီးတော့ ပွိုင့် ၃ပွိုင့်စီယူပြီး EEZ မျဉ်းတွေကို အိုင်စီဂျေက ဒီအမှု
အတွက်အသင့်တော်ဆုံး မျဉ်းဆွဲတဲ့နည်းကိုရွေးချယ်ပြီး ရေးဆွဲပါတယ် ။
အဲ့ဒီမျဉ်းတွေဟာ စိန့် မာတင်ကျွန်းပိုင်တဲ့ ၁၂ မိုင် လိုင်းနဲ့ လာဆက်
ပါမယ်လို့ ရှင်းပြတာကိုတွေ့ ရပါတယ်။ကျန်တာတွေက technical terms တွေ
ဖြစ်ပါတယ်။
နှစ်နိုင်ငံစလုံးက သူတို့ တွေရဲ့ ကမ်းခြေတွေကစလာတဲ့(တိဘက်ကုန်းမြေမြင့်က
စပြီးပေါ်လာတယ်လို့ တင်ပြထားတာပါ) continential shelf (ပင်လယ်ရေတိမ်ကမ်းခြေဒေသ)
တွေဟာ မိုင်၂၀၀ EEZ ZONE ကိုကျော်ပြီးတော့တည်ရှိနေကြတယ်လို့ တင်ပြ
ပြီးတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မိုင်၂၀၀ EEZ ZONE ထက်ပိုပြီးအချုပ်အချာမပိုင်ဆိုင်ဘူး
လို့ အပြန်အလှန်တင်ပြစွတ်စွဲကြတာကို နှစ်ဖက်စလုံးရဲ့
တင်ပြချက်တွေကို ပယ်ချပြီး နှစ်နိုင်ငံစလုံးက
အချုပ်အချာပိုင်ဆိုင်တယ်လို့ ဆုံးဖြတ်ပြီး အခု အိုင်စီဂျေက သတ်မှတ်ပေးလိုက်တဲ့
လိုင်းတွေအတိုင်းပိုင်ဆိုင်တယ် တစ်နိုင်ငံရဲ့ မိုင်၂၀၀ EEZ ZONE ထဲကိုတော့ မဝင်
စေရလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ဆုံးဖြတ်ချက်ပါ မြေပုံအရဆိုရင် စိန့် မာတင်ကျွန်း
နားမှာဘဲ မြန်မာနိုင်ငံဘက်ကိုအနည်းငယ်ချိုင့်ဝင်နေပြီးတောက်လျှောက် အရှေ့ မြောက်
ဘက်ကနေ အနောက်တောင်ဘက်ကို မျဉ်းဖြောင့်ဆွဲပြီး ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့နယ်
စပ်ကနေ စပြီး မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတလျှောက်က ပင်လယ်ပြင်
မိုင်၅၈၇(continental shelf of myanmar) ကို မြန်မာနိုင်ငံကပိုင်ဆိုင်ကြောင်း
ဆုံးဖြတ်ထားတာကိုတွေ့ ရပါတယ်။
ဒီဆုံးဖြတ်ချက်တွေဟာ အတည်ဖြစ်ပြီး အယူခံယူပိုင်ခွင့်မရှိပါဘူး။
မြန်မာနိုင်ငံရဲ့ လက်ရှိပြုလုပ်နေတဲ့ရေနံရှာဖွေရေးအကွက်တွေ
အထူးသဖြင့် အငြင်းပွားခဲ့တဲ့ လုပ်ကွက်D-7 ဟာ မြန်မာနိုင်ငံရဲ့ ၂၀၀EEZ ZONE
ထဲမှာဆက်လက်ပါဝင်နေကြောင်းနဲ့ တရားမျှတပါကြောင်းမြန်မာသတင်းစာမှာ
ဖော်ပြထားတာကိုအောက်မှာ mizzima သတင်းဌာနကနေ ကူးယူပေးလိုက်တာကို
ဆက်လက်ဖတ်ရှုပါခင်ဗျား။
တဆက်ထဲမှာဘဲ မြေနီကုန်းကိုသန်းဆွေ တင်ပေးလိုက်တဲ့
စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ
ဆိုတဲ့ဆောင်းပါးကိုလဲတဆက်ထဲထည့်ပေးလိုက်ပါတယ်
မှတ်ချက်--- အခု တင်ပြချက်ဟာ ဘယ်နိုင်ငံက သာတယ် နာတယ်ဆိုတာထက်
ကျွန်တော့်အနေနဲ့ ဗွီဒီပါ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီး တွေ့ ရတာနဲ့ 
ရရှိထားတဲ့သတင်းတွေကို စုပြီးတင်ပြတာသာ
ဖြစ်ပါတယ်။နားလည်မှုမလွဲစေချင်ပါဘူး။ ဒီဗွီဒီယိုလင့်တွေကိုတင်ပေးထားတဲ့
ပြည်သူ့ အော်သံ ဘလောက်ကိုလဲ
အထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါတယ်။
လေးစားစွာဖြင့်
ဘုန်းလှိုင်
http://www.mizzima.com/business/6782-itlos-maritime-ruling-fair-decision-for-burma.html
(Mizzima) – The International Tribunal for Law of the Sea (ITLOS) ruling last week on the maritime boundary dispute between Burma and Bangladesh does not adversely affect Burma’s offshore blocks, the state-run newspaper New Light of Myanmar said on Friday. It called the ruling a “fair decision.”

The state-run newspaper said that according to the boundry defined by the ITLOS, Burma’s offshore work with international petroleum companies would not be affected, and Burma would carry on its current operations.
According to the ruling, the AD7 block off the Arakan coast was included in Burma’s maritime area. In 2008, Bangladesh and Burma disputed control of the AD7 block, in which South Korea’s Daewoo International Corporation and Burma jointly explored for oil and gas.
The newspaper said that the dispute had been resolved, and, “The countries will maintain a good relationship as neighbours and will continue cooperating in maritime affairs.”
According to ruling, Bangladesh will have territorial and economic rights surrounding St Martin’s Island up to 200 nautical miles from the basic line in the Bay of Bengal in which the Naff River (that marks Burma’s border with Bangladesh) flows into the sea. Bangladesh will have the territorial and economic rights surrounding St Martin’s island up to 200 nautical miles toward the continental shelf at an angle of 215 degrees.
According to the ruling, the length of the relevant coastline for Burma will be 364 miles (from the basic line near Arakan State to Cape Negrais near Irrawaddy Region) and the length of the relevant coastline for Bangladesh will be 256 miles (from the basic line up to Mandabaria Island).
From 1974 to 1986, Burma and Bangladesh discussed their different claims eight times; in 2008 and 2009, Burma and Bangladesh met four times but could not reach an agreement. In 2009, the two countries agreed to accept an ITLOS ruling on the dispute.
The Hamburg-based tribunal comprised 22 judges from international countries.
Burma was represented by Attorney General Dr. Tun Shin, Professor Alain Pellet, Sir Michael Wood, Professor Mathias Forteau, Daniel Muller, Coalter Lathrop, Hla Myo New (deputy director General, Consular and Legal Affairs Department, Ministry of Foreign Affairs) and Kyaw San (deputy director General, Attorney General’s Office).
Bangladesh was represented by Foreign Minister Dipu Moni, Khurshed Alam (rear admiral (retired), additional secretary, Ministry of Foreign Affairs), professors, scholars and international lawyers.
စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ
by MrMaung KoThet on Thursday, March 15, 2012 at 8:55pm ·
တရားခံက ဘယ်သူလဲ -
ဘယ်သူ့မှာ တာဝန်ရှိလဲ -
ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။
ဒီ ကိစ္စမှာ ပါတဲ့ စိန့်မာတင်ကျွန်း ဆိုတာ မြန်မာ့သမိုင်းမှာ မပါရင် မဖြစ်တဲ့ ရှင်မဖြူ ကျွန်းပါပဲ။
ကျနော် ရောက်ခဲ့ဖူးတဲ့ မောင်တောမြို့နယ် တောင်ပိုင်းက ပညောင်ပင်ကြီး ဆိုတဲ့ ရွာရဲ့ အနာက်တည့်တည့် လောက်မှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်က စစ်သင်္ဘောတွေ ရှိနေတာကို ညဘက်တွေမှာ ကြည့်ရင် မီး ထွန်း ကျောက်ချထားတာ တွေ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အပြီး မောင်တော ဘူသီးတောင် မဲဆန္ဒနယ်တွေက အနိုင်ရတဲ့ ကုလားပါတီတွေက သီးခြားပြည်နယ် ဆိုတဲ့ အဆိုတွေ တင်လာလို့ တပ်မတော်က နဲနဲ တင်းမာလာတဲ့နောက် ဒေသခံတွေ ဘင်္ဂလားဒေ့ရ်ကို ထွက်ပြေးကြတဲ့ အခါမှာ အဲ့ဒီရွာကနေ အဲ့ဒီကျွန်းကို ကူးသွားကြတာလေ။ ကိုယ်တွေ့ တွေ့ခဲ့တာပါ။
တကယ်တော့ ရှင်မဖြူကျွန်းဆိုတာ ရခိုင်ဘုရင်တွေ အဆက်ဆက်က ပိုင်ခဲ့တဲ့ ရခိုင်ပိုင်နက် ပါ။ (ရခိုင်ရာဇ၀င်သစ်ကျမ်း-ရမ်းဗြဲတောင်ကျောင်းဆရာတော်) စာအုပ်မှာလေ့လာနိုင်ပါတယ်။
ဗမာဘုရင် ဘိုးတော်ဘုရား က ရခိုင်ဘုရင်မဟာသမ္မတမင်းကို စစ်နိုင်တဲ့အတွက် ရခိုင်ကို ဗမာနိုင်ငံထဲ သိမ်းသွင်း ခံရတဲ့နောက် ဒီကျွန်းဟာလည်း ဗမာ ပိုင်နက် ဖြစ်သွားရတာပေါ့။ ရခိုင်တော်လှန်ရေးသမားတွေက ဗမာဘု၇င်ကို တော်လှန်ကြတဲ့အခါ အထူးသဖြင့်ကတော့ ရခိုင်ရိုးမတကျော ကို ခြေကုတ်ယူထားကြတော့ အထူးသဖြင့် အဲ့ဒီခေတ်ရဲ့ အနေအထားအရ ဒီပင်လယ် ထဲကကျွန်းလေးတစ်ကျွန်းဟာ ဗမာဘုရင်အတွက် ဘာမှ မှတ်ထားစရာမလိုလောက်အောင် အရေးမပါခဲ့တော့ ဘုရင့် အာဏာစက်က တိုက်ရိုက် မသက်ရောက်ဘူး ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ အမရပူရ နန်းတော် ဟာလည်း ရေတပ် ရှိမှာ မုတ်သလို - ရှိရင်လဲ ရခိုင်ကိုထိတော့ သွားပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ရခိုင်ဘု၇င်တို့ရဲ့ ရေတပ်တော်ကလဲ စစ်ရှုံးလို့ ဖျက်ဆီးခံလိုက်ကြရပြီးပြီလေ။ ဒီကျွန်းလေးက လွတ်နေသလိုဖြစ်မှာပေါ့။ ဒီအချိန်မှာ အင်္ဂလိပ်တွေက အိန္ဒိယ တစ်နိုင်ငံလုံးကို သိမ်းထားပြီး ဖြစ်ရာ ဗမာဘုရင်ကို စစ်ခင်းဖို့ အတွက် အကွက်ချောင်းနေခိုက် - ဒီကျွန်းလေးကို သတိပြုမိတော့တာပေါ့။ သူတို့က ကမ္ဘာပတ် စစ်တိုက်လာတဲ့ မဟာရေတပ်တော်ကြီး ရှိတယ်။
ဒါနှင့် ဒီကျွန်းလေးကို အင်္ဂလိပ်ပိုင်အဖြစ် အလံထူလိုက်တယ်-ဒါကို ဗမာဘုရင်ကြားတော့ မဟျွာန္ဓုလ စစ်သူကြီးကို စေပြီး နှိမ်နင်းတယ်- ကြားဖူးတာတော့ မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကို ခြေနင်း ရိုက်ချိုး ဖျက်ဆီးပြီး အောင်တပ်တော် ပြန်ခဲ့တယ် ဒေသခ့တွေပြောပြတာပါ - ကျနော် တာဝန်ကျခဲ့တဲ့ရွာက တပ်ထိုးပြင်လို့ ခေါ်တဲ့ ဂေါ်ရာခါလီ ကုလားရွာဖြစ်ပါတယ်။ ဗမာဘုရင်တွေ တပ်ချခဲ့တဲ့ ရခိုင်ရွာကြီးပေါ့။ ခုတော့ ကုလားရခိုင် အဓိကရုန်းမှာ တစ်ရွာလုံး မီးရှို့ သတ်ခံရလို့ ရခိုင်တစ်ဦးမှ မရှိတော့တဲ့ ကုလားရွာပါ- အဲ့ဒီ အဓိကရုန်းမှာ ကျန်နေတဲ့ ရခိုင်အဖိုးကြီးတွေ လေးငါးယောက်လောက်နှင့် ကျနော် တွေ့ခဲ့ဖူးပါတယ်- သူတို့ကို ကုလားမိသားစုတွေက နို့စိုအရွယ်တွေမို့ ချစ်လို့ကယ်ထားခဲ့တာတဲ့။ ခုတော့ ကုလားကြီးတွေပေါ့။
ဒီလိုနှင့် ၁၈၂၄ မှာ ရှင်မဖြူကျွန်းကို သူပိုင် ကိုပိုင် ဖြစ်ရာက အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲ ဖြစ်တယ်။ ရခိုင်နှင့် တနင်္သာရီကို စစ်လျော်ကြေးပေးလိုက်တယ်။ ဒီကျွန်းဟာ ဗမာပိုင်နက် အဖြစ်မှ လုံးဝ ပျောက်ကွယ် သွားတော့တယ်။ နောက်တော့ တစ်နိုင်ငံလုံး ကျွန်ဖြစ် လူတိုင်းသိ။ အိန္ဒယနှင့်ဗမာ တစ်နိုင်ငံတည်းလေ ဗြိတိသျှအင်ပါယာ အောက်မှာ။
ဒါပေမယ့် ပြဿနာက လွတ်လပ်ရေးပေးတဲ့ အခါမှ စတာ။ ၁၉၄၇ မှာ အိန္ဒိယ ကိုလွတ်လပ်ရေးပေးတော့ အိနဓိယနိုင်ငံ နယ်နမိတ်ကို နတ်မြစ်ထိနှင့် နတ်မြစ်ဝမှ ဒီ ရှင်မဖြူကျွန်းကိုပါ ပေးပြီး လွတ်လပ်ရေး ပေးလိုက်တယ်။ ၁၉၄၈ မှာ မြန်မာပြည်လွတ်လပ်ရေးရတယ် - နယ်နမိတ်က နတ်မြစ်ထိပေါ့-ဒီကျွန်းမပါပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီကျွန်းကို သူပိုင် ငါပိုင် အကြောင်းပြုပြီး စစ်ခင်းခဲ့ရတာက ဗမာဘု၇င်က သူများပိုင်နက်ကို ကျူးကျော်လာလို့ စစ်ခင်းခဲ့ရတာပါလို့ အင်္ဂလိပ်တွေက ချပြချင်တဲ့အတွက် လွတ်လပ်ရေးပေးတဲ့အခါ မည်သို့ပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့စေကာမူ ဗမာပိုင်နက်နယ်မြေအဖြစ် မသတ်မှတ်ပဲ အိန္ဒယ ပိုင် အဖြစ် ဟိုဘက်နှင့် တစ်ပေါင်းတည်း လုပ်ထားလိုက်ပြီးဖြစ်တယ်။ တကယ်တော့လဲ အဲ့ဒီမှာက ဘင်္ဂလီတွေပဲ များတာဆိုတော့ ယုတ္တိတန်သလိုဖြစ်နေတော့တာပေါ့။
ဒီအကြောင်းတွေကို သိလို့ နယ်မြေအရေးနှင့်ပတ်သက်ပြီး ဖဆပလခေတ်မှာ ရခိုင်အမတ် ဦးကျော်မင်း(ICS)က ၀န်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းဖို့ကြိုးပမ်းသည်ကို ၀န်ကြီးချုပ်က တင်ပြခွင့်မပေးသဖြင့် စာအုပ်ရိုက်နှိုပ်ပြီးသာလျှင် ဝေငှ နိုင်သော ထိုစာအုပ်ကို ကျနော် အသက် ၁၆ နှစ်သား ဘ၀ကတည်းက ဖတ်ဖူးပါတယ်။ ကျနော့ အဘိုးက ဖဆပလခေတ်က ရတည ပါတီကို ထောက်ခံသူအဖြစ် သိမ်းထားတာ- အဲ့ဒီစာအုပ်တွေ ၁၉၉၂ ကျောက်ဖြူမုန်တိုင်းလို့ သိကြတဲ့ မုန်တိုင်းမှာ တစ်အိမ်လုံးပါသွားလို့ ပြချင်တာ ပြလို့မရတော့ဘူး၊ ဒါတောင် တချို့ စစ်တွေ ဘက်က သူတွေ ဆိမှာ ရှိကောင်းရှိနိုင်သေးတယ်။(( ဦးကျော်မင်း ဆိုတာ ဘယ်သူလဲ သိချင်ရင် တော့(၂၀၁၀ ခုနှစ် မတ်လ မှာ ထုတ်ဝေတဲ့ စာရေးသူ မောင်ဇေယျာရဲ့ မြန်မာ့လူကျော် ၁၀၀ ပထမအုပ်-ရဲ့ မာတိကာပါ ၃။ အိုင်စီအက်စ် ဦးကျော်မင်း(၁၈၉၉-၁၉၈၅ မှာ ဖတ်နိုင်ပါတယ်))
ဆိုလိုတာကတော့ တိုင်းပြည်ရဲ့ တစ်လက္မတောင် တကယ့်သဘောတရားအရ ပါသွားလို့ မရဘူးဆိုတာပါပဲ။ ဒီနေ့ တစ်လက္မ ဟာ လာမည့် အနာဂတ်မှာ တစ်တိုင်းပြည်လုံး ဖြစ်သွားနိုင်ပါတယ်။
ဒီတော့ ဘာလုပ်ကြမှာလဲ။
ဒီလို နယ်စပ်ဒေသကို ပိုင်တဲ့ တိုင်းရင်းသားတွေ ပြောတာကို လက်မခံခဲ့တဲ့အတွက် - အသိအမှတ်ပြုဖို့ ကြောက်နေတဲ့အတွက် - အထူးသဖြင့် မသိတာကို သူတို့ကိုပြောပြတဲ့အခါ - မသိတာကို လူသိမှာစိုးလို့ ပြည်ထောင်စုမှ ခွဲထွက်ရန် ကြံနေပါသည် ဆိုသော စကားလုံးနှင့် မှိုင်းတိုက်ပြီး စစ်ခင်းခဲ့ကြတဲ့ အတွက် - ဒီနေ့ထိ ရခိုင် ဆိုရင် ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့ ခဲါထွက်ဖို့ ကြိုးစားနေတယ် ဆိုပြီး မြန်မာတစ်နိုင်ငံလုံးမှာ သယံဇာတတွေ အပြည့်ရှိပါလျှက် ဒုတိယ အဆင်းရဲဆုံးပြည်နယ်-ဖွံ့ဖြိုးမှုအနဲဆုံးပြည်နယ်ဖြစ်အောင် မဟာဗျူဟာမြောက် လုပ်ထားတာ ကျနော်မှအစ ရခိုင်တိုင်းသိတယ်။ ဒါပေမယ့် ရခိုင်တွေ မရိုင်းဘူး-ဒေသကို လူလို သူလို တိုးတက်စေချင်တာတစ်ခုတည်းပါ။ ရခိုင်ကို ရောက်ဖူးသူတွေသိပါတယ်။
အထူးသဖြင့်ကတော့ -ကိုယ်မှလွဲ ဒူးတောင်မယုံရဆိုတဲ့ ၀ါဒစွဲတွေကို ကိုင်စွဲထားတဲ့ သူတွေ မင်းမူနေသ၍ ခုတော့ ရေပြင်ပိုင်နက် မိုင် ၂၀၀။ လာပါအုံးမယ် စစ်တွေ ကုလားတန် ပလက်ဝ စီမံကိန်း၊ ကျောက်ဖြူ မူဆယ် ယူနန် ဓါတ်ငွေ့ပိုက်လိုင်း၊ ကားလမ်း ရထားလမ်း စီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံစီမံကိန်း၊ မော်လမြိုင်-မြ၀တီ ထိုင်း ရထားလမ်းစီမံကိတ်းတွေ - တိုင်းပြည်ကို မသိလိုက်ပဲ ဖဲ့ပေးရမယ့် အနေအထားများ။ တခြား ဘယ်သူမှ မသိတဲ့ များစွာသော Capital Intensive စီမံကိန်းတွေ။ Macro Economic သဘောအရ သိပ်လှတဲ့ စီမံကိန်းတွေ - အနှစ်ကတော့ ဘယ်သူ ရသွားမလဲ။ သေချာတာကတော့ မြန်မာနိုင်ငံသူတွေ မဟုတ်ဘူး- အစိုးရနှင့် အစိုးရအာဏာပိုင်ကုမ္ပဏီတွေပဲ။ တကယ့်ပြည်သူက အလုပ်ကြမ်းသမား ပေါ့။ ခုမှ တစ်နေ့ လုပ်အား ခ ၁၁၀၀ မှ ၁၀၀၀ ထောက်ပံ့ကြေးပေးမယ်တဲ့။
ဒီနေရာမှာ တစ်ခုတော့ ရှိတယ်။ ဒီစီမံကိန်းတွေကိုတော့ ကျနော် လုံးဝ မကန့်ကွက်ဘူး။ လုပ်သင့်တာ ကုန်ခဲ့တဲ့ နှစ် ငါးဆယ် ကတည်းက။ ခုမှ လုပ်ရတယ် ထောက်ခံသေးတယ်။
ဒါပေမယ့် တောင်းဆိုချင်တာက ဒီစီမံကိန်းတွေကိုဆောင်ရွက်တဲ့အခါ နှစ်နိုင်ငံချင်း သော်လည်းကောင်း၊ ပါဝင်တဲ့လုပ်ငန်းတွေနှင့်သော်လည်းကောင်း မလုပ်မနေလုပ်ရတာကတော့ Partnership Agreement ဖြစ်ပါတယ်။ ဒီ Partnership Agreement တွေကို ဘယ်သူတွေ သာဖတ်ခွင့်ရှိလဲ။ နိုင်ငံကို ပိုင်တဲ့ နိုင်ငံသားမှန်ရင် လူတိုင်းဖတ်ခွင့် လေ့လာခွင့် ဆန်းစစ်ခွင့် မရှိဘူးလား။ တကယ်တော့ နိုင်ငံရဲ့ အရင်းအမြစ်ကို အခြေခ့သော မည်သည့် စီးပွါးရေးလုပ်ငန်း-စီမံကိန်း ဖြစ်ပါစေ နိုင်ငံသားတိုင်းက တိတိကျကျ သိခွင့်ရှိရပါမယ်။
သန်း ၆၀ သော လူဦရေ မှာ ဆယ်ယောက် အယောက်နှစ်ဆယ် သာ နားလည်ပါစေအုံး - ခုလို တိုင်းပြည်နစ်နာ သွားမယ့် အရေးမျိုး ရှိရင် ချက်ချင်း ပြင်လို့ရတာပေါ့။ ဒီ ရေပိုင်နက်အခြင်းပွါးမှုဟာ အစိုးရချင်း ဖြစ်တာဆိုပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိတယ်။ အချုပ်အခြာအာဏာကိုထိတယ်။ အသဲနာတယ်။ ကျနော်တို့မှာ သေတော့မှ သွားသဂြိုလ်ရတယ်။ ဆေးလေးတစ်ခွက်တောင် မတိုက်လိုက်ရဘူး။
အစိုးရကိုလဲ အပြစ်မပြောဘူး။ ပညာရှင်တွေကိုလဲ အပြစ်မပြောဘူး။ လှုပ်ရှားတက်ကြွသူတွေကိုလဲ အပြစ်မပြောဘူး။ တကယ်တော့ လွတ်လပ် ပွင်းလင်းပြီး အာမခံတဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းရဲ့ သက်သေပါ။ သိချင်တာ မသိရ- သိသင့်တာလဲ မသိရ။ ပြောချင်တာလဲ မပြောရ ပြောသင့်တာလဲ မပြောရ။ ကြားချင်တာလဲ မကြားရ ကြားသင့်တာလဲ မကြားရ။ သင်ချင်တာလဲ မသင်ရ သင်သင့်တာလဲ မသင်ရ - နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ - နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ဥပဒေတွေနှင့် အသက်ရှင်ခဲ့တာ အသက် ၄၀ ရှိပါပြီ။ ဘယ်လောက်တောင်မှ မသိဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ကတော် ဘယ်သူလဲ မသိ၊ ဘာအလုပ်လုပ်လဲ မသိ တဲ့ သူတွေနှင့်အတူ ထမင်းစားနေရတဲ ထိဖြစ်ကြောင်းပါ။
ဒါတွေရဲ့ တရားခံက ဘယ်သူလဲ - ဘယ်သူ့မှာ တာဝန်ရှိလဲ - ဘယ်သူတွေက တာဝန်ယူဖြေရှင်းပေးကြမှာလဲ။
ကျနော် ပြောတာတွေ မှားနိုင်တယ်။ လွဲနိုင်တယ်။ ဘာလို့ဆိုတော့ - မပြောရ မဆိုရ - မဖတ်ရ ဆိုတဲ့ ဘောင်ထဲမှာ မွေးဖွါး ကြီးပြင်း လာခဲ့ ရတာ ဖြစ်လို့ပါ။ မှားရင် ခွင့်လွတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
စိုးမြင့်
OLC
၁၄ - ၃ - ၂၀၁၂

Wishing you have peace of mind,
Phone Hlaing
PEACEFUL BURMA/
FWUBC-Federation of Workers' Union of the Burmese Citizens (in Japan)
Phone: 0(81)3-6904-2414
Mobile: 0(81)90-5318-5054
peacefulburma.blogspot.com
DHAMMA PUSAR
SITAGU ASSOCIATION (SLOGAN)
With no thought of pride or glory,with utmost humility,we resolve to make
better the world we live in to promote our Sasana(Teaching of the Buddha),
to the best of our ability.
We resolve to make and effort to beautify our lives in this world we live in,
to promote Sasana ardently, and to make our country prosperous with the best
of our ability but without arrogance.
--- On Thu, 3/22/12, sankyawoo(BDAgroup)
From: sankyawoo(BDAgroup)
Subject: [mrsorcerer:21875] Re: မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တရားစီရင်သည့် ဗီဒီယိုဖိုင်လင့်
To: mrsorcerer@googlegroups.com
Cc: "aurorageneration"
Date: Thursday, March 22, 2012, 6:30 AM
ဖြည့်စွက်ပေးပို့ပါတယ်။
Windows Media Video 9 ဖြင့်ကြည့်ပါကအစဉ်ပြေနိုင်ပါတယ်။
realplayer ဖြင့်ကြည့်မရနိုင်တာရှိပါတယ်။အကယ်၍ မိမိဆက်သွယ်ပေးသောလင့်မှအခက်အခဲရှိပါက
အချိန်ဇယားဖေါ်ပြပါ လင့်များမှ တိုက်ရိုက်ဝင်ရောက်ကြည့်နိုင်ပါတယ်.။
On Fri, Mar 23, 2012 at 1:03 AM, sankyawoo(BDAgroup) <sankyawmyanmar@gmail.com> wrote:
ပြည်သူ့အော်သံ
ကိုကလစ်နှိပ်၍
မိမိ ပြည်သူ့အော်သံအနေဖြင့် ၄င်းဗီဒီယို ဖိုင်များကို ပြည်သူများထံကြည့်စေလို
မြင်စေလိုပါတယ်။ တရားခွင်စီရင်ချက်အဆုံးအဖြတ်ကို ကိုယ်တိုင်သွားရောက်မမြင်တွေ့ရသော်လည်း၎င်း
တရားစီရင်ဆုံးဖြတ်ချက် နှင့်ပြောဆိုချက်များကို ပြည်သူများအား အောက်ပါလင့်မှ တဆင့်ကြည့်ရှု့နိုင်ရန်တင်ပြလိုက်ပါတယ်။
ယခုဖေါ်ပြသောလင့်(၁) မှာ ၁၄ရက် ဗုဒ္ဓနေ့ နံနက်၁၁း၃၀ မှ ၁၂း၂၀မွန်းလွဲ ထိဖတ်ကြားချက်များဖြစ်ပါတယ်။
(၂)မှာမွန်းလွဲ၁၂း၅၀ မှ၁း၃၀ ထိဖြစ်ပါတယ်။
ဒေါင်းလုပ်ဆွဲပြီး realplayer ဖြင့်ကြည့်လျှင်အစဉ်ပြေမည်ထင်ပါတယ်။
ကော်နက်ရှင်များလည်းကောင်းကြပါစေ။
နောက်အရင် တရားေ၇းဆိုင်များတင်သွင်းစဉ်အစဖြစ်သော
First round of oral argumentBangladeshThursday, 8 September 2011 နေ့မှစသည်များကိုကြည့်လို တိုက်ရိုက်ဝင်ရောက်ကြည့်နိုင်ပါတယ်။
No comments:
Post a Comment