by ငြိမ်းအေးအိမ် on Monday, August 6, 2012 at 6:12am ·
1972-73
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တွင် အစိုးရက
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရန် ပြင်ဆင် အလုပ်များနေခြင်းကို
အခွင့်ကောင်းတစ်ခုအဖြစ်အသုံးချကာ ဘင်္ဂါလီအများအပြား ၀င်ရောက်လာကြသော
ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။ 1973ခုနှစ်သည် ပါကစ္စတန်ခွဲထွက်ချိန်ဖြစ်သဖြင့်
မြန်မာပြည်ဘက်ခြမ်းသို့ စစ်ပြေးဒုက္ခသည်များ၊ စီးပွားရေး ဒုက္ခသည်များ
လှိမ့်ဝင်လာခဲ့ပြန်သည်။ အများစုမှာ ဘင်္ဂါလီများဖြစ်သည်။
1973ခု မတ်လ၊ ဧပြီလများတွင် ရွေးကောက်ပွဲ မဲစာရင်းပြုစုရန် ကွင်းဆင်းကြသည့်အခါ တရားမ၀င်နေထိုင်သူ အများအပြားကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့သည်။ သို့သော် ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ တစ်ဖက်နိုင်ငံမှ မော်လ၀ီနှင့်၊ မွတ်ဆလင်ခေါင်းဆောင်များက တစ်ဖွဲ့လျှင် လူ(၂၀)မှ (၃၀)ကြား အစုလိုက်ဖွဲ့ကာ ဘူးသီးတောင်၊ မောင်တော ဒေသထဲသို့ စေလွှတ်ခဲ့သည်။ (ယနေ့2012 ခုနှစ် ဂျွန်လ ရခိုင်-ကုလား အဓိကရုဏ်းဖြစ်ပြီးနောက်ပိုင်းတွင် အစုအဖွဲ့ငယ်များ ဖွဲ့လျှက် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာနေပုံမျိုးနှင့် သဏ္ဍာန်တူသည်။ ဂျူလိုင်လဒုတိယပတ်တွင် ရရှိသော သတင်းများအရ၊ ထိုအစုအဖွဲ့ငယ်များတွင် လက်နက်များ သယ်ဆောင်လာသည်ဟု သိရသည်။)
2-7-76 နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်(အင်္ဂလိပ်) သတင်းစာတွင် -
1962ခုနှစ်တွင်၊ မောင်တောနယ်၌ ဗုဒ္ဓဘာသာမဟုတ်သူ(၈၈၅၃၉)၊ ဘူးသီးတောင်မြို့နယ်၌ (၄၉၆၀၀)၊ ရသေ့တောင်မြို့နယ်၌ (၁၁၂၅၃)ဦးရှိရာမှ၊ 1972ခုနှစ်တွင်၊ မောင်တောနယ်၌ (၂၀၆၈၅၉)၊ ဘူးသီးတောင်မြို့နယ်၌ (၁၃၀၂၇၅)၊ ရသေ့တောင်မြို့နယ်၌ (၁၈၆၇၀)ဦးရေအထိ လျှင်မြန်စွာ တိုးပွား လာသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်မှုသည် နှစ်စဉ်(2.3)ရာခိုင်နှုန်းတိုး တင်လျှက် ရှိရာ ဆယ်နှစ်အတွင်း ပုံမှန်မဟုတ်သော တိုးနှုန်းများဖြစ်ပွားနေသည်။” ဟု ထောက်ပြခဲ့သည်။
ပုံမှန်မဟုတ်သော လူဦးရေတိုးပွားလာမှုသည် နယ်ခြားမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င် ခိုးဝင် လာနေမှုများရှိနေကြာင်း၊ စိစစ်သင့်ကြောင်း၊ အမျိုးသားရေးအမြင်ဖြင့် ကြည့်သင့်ကြောင်း ရေးသားထားသည်။
arakanese ဟုအမည်ပေးထားသော ဘလော့ဂ်တစ်ခုတွင် “ရခိုင်ပြည်နယ် တရားသူကြီး အဖွဲ့ ဥက္ကဌ ဦးထွန်းမြဦး ၏ ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားသားဘင်္ဂလီ လူမျိုးများ ခိုးဝင် လွှမ်းမိုးမှု အန္တရာယ်မှ တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ တင်ပြချက်” ဟုသော စာတမ်းတစ်စောင် ဖတ်ရပါသည်။( http://lovelyarakanese.blogspot.com/2012/06/blog-post_20.html?zx=826f2d643ac1e766 )
၁၉၈၄ - ခု ၊ သြဂုတ်လ (၁၅) ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော စာတမ်း၏တစ်နေရာတွင် စိတ်ဝင်စားဖွယ်ကောင်း သော၊ ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ဘာသာဝင်ဦးရေ၏ တိုးပွားလာနေမှုကို မီးမောင်းထိုးပြထားသော တင်ပြချက်တစ်ခု ကို တွေ့ရ့ပါသည်။ အောက်ပါအတိုင်းဖြစ်ပါသည်။
ဘားမားဂေဇတ်တီးယား၊ စစ်တွေခရိုင် အတွဲ(က) တွင် ၁၈၇၂-ခုနှစ်ထိ စစ်တွေခရိုင်၌ မဟာ မေဒင်ဝင် ဦးရေမှာ (၅၈၂၅၅)- ဦးရေသာရှိကြောင်းဖော်ပြထားပါသည်။ ၅၈၂၅၅ ဦးသော လူဦးရေကို အခြေခံပြီး တစ်နှစ်လျှင် ၂ % လူဦးရေ အတိုးအပေါ် မူတည်တွက်လျှင် ဗြိတိသျှနယ်ချဲ့ မသိမ်းပိုက်မှီ မဟာမေဒင် ဘာသာဝင် ဘင်္ဂလီ လူမျိုး လူဦးရေမှာ ၂၅၀၀၀ - ခန့်သာ ရှိမည်ဟု ခန့်မှန်းနိုင်ပါသည်။ ၁၈၇၂-ခုနှစ်တွင် စစ်တွေခရိုင်၌ရှိခဲ့သော မဟာမေဒင် ဘာသာဝင် ဦးရေ ၅၈၂၅၅ ဦးကို အခြေခံပြီး တနှစ်မှာ လူဦးရေ အတိုး ၂% အပေါ်မူတည်ပြီး တွက်လျှင် ၁၈၇၂-ခု မှ ၁၉၈၃-ခုနှစ်ထိ (နှစ်ပေါင်း ၁၁၁) အတွင်းမှာ မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၈၂၅၅ + ၁၂၉၃၂၇) ဦးသာ ရှိမည် ဖြစ်ပါသည်။ ယခု (၁၉၈၄) စစ်တွေ အပါအဝင် ၉ မြို့နယ်တွင် ဘင်္ဂလီလူမျိုး ဦးရေမှာ (၅၂၉၃၉၆) ရှိကြောင်းသက်ဆိုင်ရာမှ စာရင်းအရသိရပါသည်။ အမှန်တကယ်ရှိသင့်သည့် လူဦးရေထက် (၃၄၁၇၈၇) ဦးပိုနေကြောင်း တွေ့ရပါသည်။ ဤပိုနေသော ဘင်္ဂလီလူမျိုးများမှာ နောက်ထပ် ခိုးဝင်လာကြသူများ သာ ဖြစ်ကြပါသည်။ ယခုအခါ (၁၉၈၄) ရခိုင်ပြည်နယ် တခုလုံးမှာ ဘင်္ဂလီလူမျိုးဦးရေ (၅၄၈၉၀၀) ထိရှိနေပြီ ဖြစ်ကြောင်းတွေ့ရပါသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အနီးစပ်ဆုံးဒေသများဖြစ်သည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ဒုတိယကမ္ဘာစစ်မဖြစ်မီက မဟာမေဒင်ဘာသာဝင် ဘင်္ဂလီလူမျိုးအခြေစိုက် နေထိုင်မှုကို လေ့လာပါလျှင် ၁၉၂၁-ခုနှစ်တွင် မောင်တောမြို့နယ်၌ (၆၈၃၀၅) ဦးသာရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၁၀၄၃၀၀) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၁၂၄၄၅၂) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၂၀၅၇၇၇) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၂၁၀၈၇၅) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၂၄၂၂၈၂) ဦးသို့၎င်း တိုးတက်လာခဲ့ပါသည်။ ဘူးသီးတောင်မြို့နယ်တွင် ၁၉၁၁-ခုနှစ်တွင် (၃၃၈၅၀) ဦးရှိခဲ့ရာမှ ၁၉၃၁-ခုနှစ်တွင် (၅၉၂၇၉) ဦးသို့၎င်း၊ ၁၉၄၁-ခုနှစ်တွင် (၇၀၇၂၇) ဦးသို့၎င်း၊ ၁၉၇၁-ခုနှစ်တွင် (၁၃၆၀၁၉) ဦးသို့၎င်း၊ ၁၉၇၃-ခုနှစ်တွင် (၁၃၉၆၈၆) ဦးသို့၎င်း၊ ၁၉၈၃-ခုနှစ်တွင် (၁၄၀၅၉၉) ဦးသို့၎င်း တိုးတက်ခဲ့ပါသည်။ ၁၉၈၃-ခုနှစ်တွင် မောင်တောမြို့နယ်၌ရှိသော ဘင်္ဂလီလူမျိုး (၂၄၂၂၈၂) ဦးရေသည် ၁၈၇၂ခုနှစ် စစ်တွေခရိုင်တခုလုံး တွင်ရှိသော လူဦးရေ (၅၈၂၅၅) ၏ ၄.၁၅ ဆ ပိုနေကြောင်းတွေ့ရပါသည်။
မွတ်ဆလင်တို့၏ယုံကြည်မှု၊ အိမ်ထောင်ရေးစနစ်နှင့် သားဆက်ခြားစီမံကိန်းမရှိခြင်းတို့က ရခိုင်ပြည်နယ်အတွင်း တရားမ၀င်အခြေချနေထိုင်ကြသူတို့အ၀န်းအ၀ိုင်းတွင် လူဦးရေပေါက်ကွဲမှုတစ်ရပ်ကို ဖြစ်ပေါ်နေစေခဲ့သည်။ (2012 ခုနှစ် တွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြု မခံထားရသေးသူ လူဦးရေရှစ်သိန်းမှ တစ်သန်းကျော်အထိရှိနိုင်ကြောင်း စာရင်းဇယားများ ထွက်ပေါ်လာနေခြင်းသည် နှစ်ပေါင်းများစွာ ကတည်းက ဖြစ်တည်နေသော ပြဿနာကိုမရှင်းလင်းနိုင်မှု၏ အကျိုးဆက်ပင်ဖြစ်၏။)
ထို့အခြေအနေများကြောင့် 1978 ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့တွင် “နဂါးမင်းစီမံချက်” စစ်ဆင်ရေးဖြင့် ပြည်ပမှ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်လာခြင်းကို ကာကွယ်တားဆီးဟန့်တားခဲ့သည်။ ထိုစီမံချက်ကို ကြောက်လန့်ပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွားကြသော စစ်တကောင်းသား ဘင်္ဂါလီ အိမ်ထောင်စုပေါင်း(၂၅၉၉၅)၊ လူဦးရေအားဖြင့်(၁၅၆၆၉၉)ဦးဖြစ်သည်။ ထိုကာလကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ တရားမ၀င် လာရောက်အခြေချနေသူများမှာ များပြားလှသည်ကိုတွေ့ရမည်ဖြစ်၏။
2010 ခုနှစ်သည် မြန်မာ့နိုင်ငံရေးအား တစ်ဆစ်ချိုးကွေ့ပေးမည့် ထူးခြားသောနှစ်ဖြစ်သည်။ ထိုကာလက တာဝန်ယူထားသော အစိုးရသည် 2010 ရွေးကောက်ပွဲ အတွက် လိုအပ်သမျှ ပြင်ဆင်ခဲ့ရ၊ ချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြရသည်။ ထိုဖြစ်စဉ်တွင် မဲပေးခွင့်ရှိသူ အရေအတွက်ကိုလည်း စနစ်တကျ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြ ပါလိမ့်မည်။ သို့သော် ထိုဆောင်ရွက်မှုသည် ကျွန်တော်တို့၏ အနောက်ဘက်တံတိုင်းဒေသကို တစ်စုံတစ်ရာ ဆိုးကျိုး ရိုက်ခတ်မှု ဖြစ်လာခဲ့စေသည်လား (သို့မဟုတ်) တာဝန်ယူဆောင်ရွက်ခဲ့သူတို့ နောက်ကျောကို ဓားနှင့်အထိုးခံခဲ့ရသည် လား ဆိုသည့် မေးခွန်းတစ်ခု ဖြစ်ပေါ်စေမည့် အကြောင်းအရာတစ်ချို့ ဖတ်ခဲ့ရသည်။
UNHCR, The UN Refugee Agency ၀က်ဘ်ဆိုဒ် စာမျက်နှာ၏ Myanmar ဟူသော ခေါင်းစီးအောက်တွင် 2012 UNHCR country operations profile – Myanmar,Working environment ဟူသော စာတစ်ပုဒ်တွင်ဖြစ်၏။
http://www.unhcr.org/cgi-bin/texis/vtx/page?page=49e4877d6 တွင် ဖေါ်ပြထားသော စာတစ်ပိုဒ်ဖြစ် သည်။ သူ့ဖေါ်ပြမှု မူရင်းအတိုင်းပင် ဖတ်ကြည့်ကြစေချင်ပါသည်။
In NRS, UNHCR assists some 800,000 Muslim residents who do not have citizenship. Members of this group were allowed to vote in the November 2010 elections, using temporary registration cards issued for that purpose by the Government. Initial discussions on replacing the temporary documents with cards denoting full citizenship took place at different administrative levels, but did not yield any concrete results. Indeed, there has been no improvement in the legal status or living conditions of the Muslim residents of NRS.
ထိုဖေါ်ပြချက်သည် ရခိုင်ပြည်နယ်ရှိ တရားဝင်နိုင်ငံသားကဒ်မရှိသူ မွတ်ဆလင်လူဦးရေရှစ်သိန်းအတွက် မဲပေးခွင့် ရစေနိုင်ရန်ရည်ရွယ်ချက်ဖြင့် 2010တွင်ယာယီမှတ်ပုံတင်(နိုင်ငံသားကဒ်)များ ထုတ်ပေးခဲ့သည်ဟူသော အထောက်အထား ပင်ဖြစ်သည်။ အမှန်တကယ်ပင် မဲပေးခွင့်တစ်ခုတည်းအတွက် နိုင်ငံသားမဟုတ်သူ လူရှစ်သိန်းကို မှတ်ပုံတင်ပေးခဲ့ရသည် ဆိုလျှင် နိုင်ငံအတွက် အလွန်တန်ဖိုးကြီးလှသော အရင်းအနှီးဟု ဆိုရပေမည်။ သို့တည်းမဟုတ်၊ ယခုဖေါ်ပြထားသော အချက်အလက်များသည် မမှန်ခြင်း၊ မပြည့်စုံခြင်း၊ လိမ်လည်ဖေါ်ပြခြင်း ဖြစ်ခဲ့လျှင်လည်း UNHCR အနေဖြင့် တိကျ ရှင်းလင်းသော ဖြေရှင်းချက်တစ်ခု ထုတ်ဖေါ်ပေးသင့်/ပေးရတော့မည် ဖြစ်သည်။ UNHCR ၏ ၀န်ထမ်းအချို့လည်း 2012 ရခိုင့်အရေးအခင်းတွင် ပါဝင်ပတ်သက်နေ၍ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှု ၅၀၅(ခ)ဖြင့် အရေးယူထားခြင်းမျိုးရှိနေကြောင်း သတင်းတစ်ချို့တွင် ဖေါ်ပြထားသည်ကို တွေ့နေရပါသည်။
ခေတ်အဆက်ဆက်က အုပ်စိုးသူတို့အမှား၊ နိုင်ငံရေးသမားတို့၏ လိုဘနှင့် ကစားကွက်များအောက်တွင် ရခိုင် အမျိုးသားများအနေဖြင့် ကိုယ့်မြေကိုယ့်ယာကိုပင် ဆုတ်ခွာပေးရလောက်မည့် အခြေအနေဆိုးများနှင့် ကြုံတွေ့ကြရ လေမည်လောဟူသော စိုးရိမ်စိတ်ဖြင့်ပင် ကျွန်တော် “အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်” မိပါတော့သည်။

No comments:
Post a Comment