Monday, August 27, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (၇)


by ငြိမ်းအေးအိမ် on Tuesday, August 7, 2012 at 10:35pm ·
(၅)
2012ခု၊ဇွန်လ ရခိုင့်အရေးအခင်းကို လူများစုဗုဒ္ဓဘာသာနှင့် လူနည်းစုမွတ်ဆလင် ဘာသာအကြား ဖြစ်ပွားခဲ့ သော အဓိကရုဏ်းကြီးအဖြစ်လည်းကောင်း၊ လူများစုက လူနည်းစုကိုအနိုင်ကျင့်ပြုခြင်းအဖြစ်လည်းကောင်း၊ လူမျိုးတုန်း သတ်ဖြတ်မှုကြီးအဖြစ်လည်းကောင်း၊ ဘာသာရေးဖိနှိပ်မှုအဖြစ်လည်းကောင်း၊  မွတ်ဆလင်ကမ္ဘာနှင့် နိုင်ငံတကာမီဒီယာ တစ်ချို့က (မြန်မာဘာသာဖြင့် အသံလွှင့်နေသော ပြည်ပအခြေစိုက် ရေဒီယို အချို့အပါအ၀င်) ကျယ်ကျယ်လောင်လောင် ဖေါ်ပြနေကြ/ကန့်ကွက်နေကြသည်။

-       လန်ဒန်အခြေစိုက် BROUK (Burmese Rohingya Orgnization,UK) ဥက္ကဌ ဦးထွန်းခင်သည် 2012 ဇွန်လက ဗြိတိတိန်ပါလီမန်အစည်းအဝေးတစ်ရပ်တွင် ရခိုင်ပြည်နယ်က မွတ်ဆလင်များအကြမ်းဖက်ခံ နေရခြင်းကို ရပ်တန့်သွားအောင် ဗြိတိသျှအစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာအစိုးရအား ထိရောက်စွာ ဖိအားပေးဟန့်တားရန် တောင်းဆို တင်ပြသွားခဲ့သည်။
-       ဇူလိုင်လ ၁၈ ရက်နေ့ကလည်း အရှေ့အလယ်ပိုင်းဒေသ ဂါဇာကမ်းမြောင်ဒေသရှိ ကုလသမဂ္ဂ UNSCO ရုံးရှေ့ တွင် Hamas နှင့်ဆက်သွယ်မှုရှိသော ပါလက်စတိုင်းအဖွဲ့ဝင်တချို့က ရခိုင်ပြည်နယ်အရေနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြ၏။

A Palestinian supporter of the Popular Resistance Movement linked Hamas, holds a sword during a demonstration calling to stop killing the Burmese Muslims in Myanmar, in front of the United Nations Special Coordinator for the Middle East Peace Process (UNSCO) offices in Gaza City, Wednesday, July 18, 2012. (AP Photo/Adel Hana)

-       http://www.abna.ir/data.asp?lang=3&id=329833 ဟူသည့်စာမျက်နှာ၌ Ahlul Bayt News Agency သတင်း၏ရေးသားချက်များတွင် “အီရန်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာတရားရေးဌာန” က ထုတ်ပြန်သည့် ကြေငြာချက်တစ်စောင်တွင် မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုမွတ်စလင်များအား သတ်ဖြတ်နေမှုများအပေါ် အမြန်ဆုံး ရပ်ဆိုင်းရေးအတွက် အရေးယူဆောင်ရွက်ပေးရန် မြန်မာအာဏာပိုင်များကိုတောင်းဆိုကြောင်း၊ ယင်းလုပ်ရပ်များကို ရှုတ်ချကြောင်း၊ လွန်စွာ ၀မ်းနည်းမှု ဖြစ်ရကြောင်း၊ မွတ်စလင်နိုင်ငံများအနေနှင့်လည်း စိုးရိမ်ပူပန်မှု ဖြစ်နေရကြောင်း ဖေါ်ပြပါရှိသည်ဟု ဖတ်ရပါသည်။ ဓါတ်ပုံတစ်ပုံနှင့် ယှဉ်တွဲဖေါ်ပြထားသော မူရင်းစာသားများကို ဖေါ်ပြလိုက်ပါသည်။


-        (Ahlul Bayt News Agency) - The Judiciary’s Human Rights Headquarters in a statement on Tuesday called on Myanmar officials to take prompt actions to stop the massacre.
It said, “The news on extensive killing of Muslims in Myanmar has worried Muslim countries, including Iran. Condemning and voicing deep sorrow over the crimes against Muslim minority in Myanmar, Iranian officials would try to gather reliable and precise information on the crime which is considered an ethnic cleansing and genocide.”It called for an immediate end to discriminating approach towards Muslims in the four corners of the world.
-     
-      
-     
-       http://twocircles.net/2012jul21/huge_demonstration_punjab_against_muslim_massacres_myanmar.html  စာမျက်နှာတွင် 20-7-12 ရက် သောကြာနေ့ဗလီဆင်းချိန်တွင် အန္ဒိယပြည်၊ ပန်ဂျပ် ပြည်နယ် တွင်လည်း မြန်မာပြည်တွင် မွတ်ဆလင်များအသတ်ခံနေရပါပြီဟု အာရပ်ကမ္ဘာနှင့် အိန္ဒိယအစိုးရကို တိုင်တည် ဖိအားပေးဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ (ထိုနေ့၊ ထိုအချိန် ဗလီဆင်းချိန်တွင်ပင် စစ်တွေမြို့ သဲချောင်းမှ မွတ်ဆလင်များ က မင်းဂံရပ်ကွက်အတွင်း ရန်ပြုဝင်ရောက်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။)
-     

-       လက်ရှိအာဆီယံအတွင်းရေးမှူးချုပ် တာဝန်ယူထားသူ၊ ကမ္ဘောဒီယားနှင့်ထိုင်း ဟိန္ဒူဘုရားကျောင်းလုစဉ်က နုတ်ဆိတ်နေတတ်လွန်းသူ အစ္စလာမ်ဘာသာဝင် ဒေါက်တာဆူရင်းဖစ်ဆူဝမ်(ထိုင်းနိုင်ငံသား) က မြန်မာ နိုင်ငံတွင် ရိုဟင်ဂျာတို့နှင့် နိုင်ငံအတွင်းဖြစ်ပွားခဲ့သောကိစ္စများကို မြန်မာအစိုးရက နိုင်ငံတကာအသိုင်းအဝိုင်း သို့ ပြည့်ပြည့်စုံစုံရှင်းပြမည်ဟု ယူဆကြောင်း (၁၉)ကြိမ်မြောက်အာစီယံအစည်းအဝေး(ဖနွမ်းပင်)တွင် ပြောကြားခဲ့သည်။

-       2012-08-02 နေ့စွဲဖြင့် ဖေါ်ပြထားသော RFA နှင့် VOA သတင်းများတွင် မြန်မာနိုင်ငံဘက်မှ နယ်စပ်ဖြတ် ကျော်ထွက်ပြေးလာသော Rohingya မွတ်စလင်ဒုက္ခသည်များကို ကူညီထောက်ပံ့နေသည့် နိုင်ငံတကာ ကုသိုလ်ဖြစ်အဖွဲ့အစည်း သုံးခုအား အကူအညီပေးနေမှုများ ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ်လိုက်ကြောင်း သတင်းများ တစ်ပြိုင်နက်ပါရှိခဲ့ကြသည်။ အဆိုပါအဖွဲ့များမှာ ပြင်သစ် အခြေစိုက် MSFနယ်စည်းမခြားဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးအဖွဲ့နှင့် ဗြိတိန် အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ကြသည်။
ထိုသို့ နိုင်ငံတကာဖိအားများချိန်၊ မဟုတ်တန်းတရား သတင်းလိမ်များ၊ ချဲ့ကားသတင်းများဖြင့် မီးလောင်ရာ လေပင့်လုပ်နေကြချိန်တွင်၊ မြန်မာအ၀န်းအ၀ိုင်းအများအပြားအသုံးပြုနေသော face book စာမျက်နှာများပေါ်တွင်လည်း ပြည်တွင်းနေ အစ္စလမ်ဘာသာဝင်များကို ထိုသတင်းမှားများအတွက် ပြန်လည်တုန့်ပြန်ဖြေရှင်းပေးကြပါရန်နှင့် ပေးသင့်ပြီ ဖြစ်ကြောင်း တိုက်တွန်း နိုးဆော်ချက်များ အပြန်အလှန်ဆွေးနွေးမှုများ ခပ်စိတ်စိတ်တွေ့လာရသည်။

ထိုအချိန်တွင် ပေါ်ထွက်လာသော ကြေငြာချက်တစ်စောင်ကိုထုတ်နှုတ်ပြလိုပါသည်။ “ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလမ်ဘာသာဝင် များ၏ သဘောထား” ဟူသောခေါင်းစဉ်ဖြင့်ဖြစ်သည်။
ရေသားသူနှင့်၊ ရေးသားမှုမှတ်တမ်းမှာ by Maungmaung Skw on Monday, July 30, 2012 at 5:04am · ဖြစ်၏။ တစ်ဦးတစ်ယောက်တည်း၏ သဘောဖြင့်ရေးခြင်းလား (သို့မဟုတ်) ဖေါ်ပြထားသောအဖွဲ့၏ သဘောထားလား ဆိုသည်ကို ရှင်းလင်းစွာမသိနိုင်သလို စာပါဖေါ်ပြထားသည့်အဖွဲ့အစည်းများသို့ တရားဝင်ပေးပို့ထားခြင်း ဟုတ်မဟုတ် ကိုလည်း ခြေရာကောက်ဖို့ခက်ခဲ၏။ သို့သော်လည်း မန္တလေးအခြေစိုက် မြန်မာမွတ်ဆလင်အဖွဲ့မှ ဦးမောင်မောင်က Popular Myanmar News Journal သို့  
''ကျွန်တော်တို့က ပြည်တွင်းမှာ အနေကြာလာခဲ့ပြီလေ။ ပဋိပက္ခမျိုးတွေက ရှိတတ်ကျပေမယ်လို့ဖြစ်ကြတဲ့အခါ မှာ ညှိညှိနှိုင်းနှိုင်းဖြေရှင်းခဲ့ကြတာတွေကြီးပါပဲ။ အခုဟာက နိုင်ငံတကာကပါ ပါလာနေတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ ပေါ်မှာ မြန်မာမွတ်ဆလင်ဘာသာဝင်များရဲ့သဘောထားကို ထုတ်ပြန်ကြေညာလိုက်တာပါ။ မြန်မာဘာသာဖြင့် ကြေညာ ချက် ထုတ်ပြန်ပြီးဖြစ်သည့်အပြင် အင်္ဂလိပ်ဘာသာဖြင့် ထပ်မံဖြန့်ဝေသွားဦးမည်ဟု၎င်းကဆိုသည်။ နိုင်ငံခြား သတင်းဌာန တွေကိုပါ ဖြန့်ဝေပေးသွားမှာပါ''ဟုလည်းပြောဆိုသွားကြောင်း ဖတ်ရပါသည်။
မူရင်းကြေငြာချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။ 
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကို ချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနှင့် နိုင်ငံတကာရှိ အစ္စလာမ် ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင်နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင် များလက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့် အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသော တအူတုံဆင်း ညီအစ်ကိုမောင်နှမ အရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထား အမြင်ကျဉ်းမြောင်းသူများ-အယူသီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန် ဖြေရှင်းပေးသည်ဖြစ်စေ-မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည် အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သော ပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှ ကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက် စွက်ဖက်မှုများရှိလာသည့်အခါ ကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှု အမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိ ထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ် ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှု များ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ် သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန်မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်း သော သတင်းတင်ပြမှုများ-စိတ်ဆန္ဒစောတင်ပြမှုများအပေါ် အခြေခံကာ ပြည်တွင်းအင်တာနက် စာမျက်နှာများပေါ်တွင် နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွားလာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလားသော ဗုဒ္မဘာသာဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင် ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏ တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း-နယ်စပ်မှတရားမဝင်ဖြတ်ကျော် ဝင်ရောက်မှုများ ရှိနေခြင်း-တဘက်နှင့်တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်းတို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြ သော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေးကြေးရေးအကူအညီများ၊ နည်းပညာအကူအညီများ ပေးရန်သာအကြောင်းရှိ ပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအားစော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတ ကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ၏အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့်အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ-ပြည်တွင်းမှ အစ္စလာမ် ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည် ကို သတိချပ်သင့်ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့် အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ ပါကစ္စတန်နိုင်ငံအနေနှင့် လည်း မြန်မာနိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူနိုင်ငံသားများ -မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်မှာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် များ၏တာဝန်လည်းဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက် သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ် တိုးတက်ရာ တိုး တက်ကြောင်းအတွက်လည်းကောင်း၊ ဖွံ့ဖြိုးမှုနိမ့်ကျနေသောနိုင်ငံတော် လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက်လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြု သဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့် ကိုက်ညီမှုမရှိသော- နိုင်ငံတကာမှ လက်မခံနိုင် သော- ပြည်ထောင်စုမြန်မာနိုင်ငံသား လူမျိုးမရွေး ဘာသာမရွေ က လက်မခံနိုင်သော အကျပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတင်းမှားထုတ်ပြန်ခြင်း၊ သတင်းမှန်ကိုချဲ့ကားဝါဒဖြန့်ခြင်း၊ နိုင်ငံတော်-နိုင်ငံတော် အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအား စော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက် တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။
(မူရင်းသတ်ပုံများအတိုင်းဖြစ်သည်)

မည်သို့ပင်ဖြစ်စေ၊ တည်ငြိမ်နေးချမ်းစွာနေထိုင်လိုသော ပြည်တွင်းနေမွတ်ဆလင် (အနည်းဆုံး တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့)များ၏ သဘောထားကောင်းကို ထင်ဟတ်သော ကြေငြာချက်ဖြစ်သည်ဟု မှတ်ချက်ပြုရမည်ဖြစ် သည်။
အမှန်မှာ ရခိုင်တို့နှင့် ရိုဟင်ဂျာတို့ပြဿနာသည် ယခုမှ ကောက်ကာငင်ကာ ပေါ်ပေါက်လာသည့် ပြဿနာ မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်ဘာသာဝင်များကြားက ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါ။ ဘာသာမတူ ကွဲပြားမှုကြောင့်၊ လူများစု ဗုဒ္ဓဘာသာဝင်ရခိုင်တို့က လူနည်းစုမွတ်ဆလင်များကို အနိုင်ကျင့်သတ်ဖြတ်နေခြင်းက ပို၍ မဟုတ်ပါ။ ထိုသို့ “ဟုတ်သည်” ဟုပြောဆိုနေကြသူများသည် သမိုင်းနောက်ခံကို မသိကြခြင်း/မလေ့လာကြခြင်း (သို့မဟုတ်) သိလျက် အဖြစ်မှန်ကို ပုံဖျက်ကာ အကြံစည်တစ်ခုခုအတွက် လုပ်ဆောင်ကြခြင်းသာဖြစ်ပါလိမ့်မည်။


· · Share

No comments: