Thursday, October 31, 2013
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးခု
ဤခရီးနီးသလား ABSDF ငွေရတုအထိမ်းအမှတ်- ကဗျာ
လျှောက်နေတဲ့ခြေလှမ်း  
မြစ်ချောင်း လျှိုမြောင်
တောအထပ်ထပ် တောင်အစွယ်စွယ်ကျော်ဖြတ်နင်း
ကလောင်ကိုင်တဲ့လက်
ဘာ့အတွက်.....စစ်လက်နက်ပုခုံးထမ်းနေ။
ရည်ရွယ်ရာခရီး
နီးသလား ဝေးသလား.....ငါမမေး
အဖြေပေးနိုင်သူဟာ
အောင်သပြေနဲ့
 ရွာအဝင်မှာ
အောင်စည်အောင်မောင်းတီးပြီး
ငါတို့ကို ကြိုလင့်နေတယ်။
ရှေ့ဆက်မယ့်ခရီး
မနီးဘူးလို့လဲပြောနိုင်သလို....
မဝေးဘူးလို့လဲပြောလို့ရတယ်။
ယုံကြည်ရာလမ်းထက်
လက်ချင်းဆက်
 ခရီးဆက်ရင်ဖြင့်
ဤခရီး..........နီးပါတယ်။
( ကိုဗလိုင် )
ABSDF
 ငွေရတုအထိမ်းအမှတ်နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။
ABSDF ဖြတ်သန်းမှု.. ( ၂၅ ) နှစ်....။
October 31, 2013 at 4:46pm
၂၀၁၃
 ခုနှစ် နိုဝင်္ဘလ ပထမ အပါတ် သည်  ABSDF  ဖြတ်သန်းမှု ၂၅ 
နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ABSDF ကို ၁၉၈၈ နိုဝင်္ဘာလ (၁)ရက်မှ (၅)ရက်တွင် KNU 
နယ်မြေ ၀မ်ခ (ကော်မူးရာ)စခန်းတွင်ကျင်းပသော ပထမညီလာခံမှစတင်မွေးဖွားခဲ့သည် 
၊ကိုယ်စားလှယ် စုံညီစွာ တက်ရောက်သော ထိုညီလာခံတွင် များပြားလှသော 
အဖွဲ့အမည်များတင်ပြသည်ထဲမှ"မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
 (မ.က.ဒ.တ )ကိုအများဆန္ဒဖြင့်ရွေးချယ်ပေးခဲ့ကြသည်၊စွဲကိုင်ရမည့်အလံကိုလည်း 
ကိုစွန့်လွှတ်၍ မဆုတ်မနစ်သောဇွဲဖြင့်နောက်မဆုတ်တမ်းတိုက်ပွဲဝင်သွားမည်ဟူသော 
ခွပ်ဒေါင်းစိတ်ဓါတ်ကိုအခြေခံသောအစဉ်အလာကြီးမားသောခွပ်ဒေါင်းအလံတော်ကို 
အများသဘောတူရွေးချယ်ခဲ့ကြတယ်။ နိုဝင်္ဘာလ (၅) ရက်နေ့မှာ 
အဖွဲ့၊အလံ၊ဦးတည်ချက်၊ရည်မှန်းချက်၊ဗဟိုကော်မတီ၊တို့ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ်၊ABSDF
 ကိုစတင်တည်ထောင်စဉ်ကာလမှာ 
၊အခက်အခဲပေါင်းများစွာ၊စိန်ခေါ်မှုများစွာဖြင့်ရင်ဆိုင်ခဲ့ရပါတယ်။ (၁) 
ပထမစတင်ဖွဲ့စည်းပေးလိုက်သော  ဗဟိုကော်မတီသည်သဘောထား၊အယူအဆကွဲလွဲမှုကြောင့် 
အချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့ပါတယ်၊ဗဟိုကော်မတီဖွဲ့ပြီးသော်လည်း
 အောက်ခြေစခန်းအသီးသီးရှိ ရဲဘော်များသည် ဗဟိုကော်မတီ၏ 
အုပ်ချုပ်မှုအောက်တွင်အားလုံးရှိမနေခြင်းသည်ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ခဲ့ပါသည်ကျစ်လစ်တဲ့ဗဟိုကော်မတီဖြစ်လာအောင်၊စခန်းအသီးသီးကိုဗဟိုကော်မတီ၏အုပ်ချုပ်မှုအောက်ကိုရောက်ရှိရန်
 အခက်အခဲများစွာကိုကျော်ဖြတ်ဖြေရှင်းခဲ့ရတယ်။ ( ၂ ) နယ်ပယ်အသီးသီးမှ 
အလွှာပေါင်းစုံပါဝင်သော ရဲဘော်များသည် 
နီးစပ်ရာစခန်းအသီးသီးကိုရောက်ရှိလာခဲ့ကြပြီး စခန်းထဲတွင် 
အလျဉ်သင့်ရာအုပ်စုဖွဲ့နေထိုင်ကြပြီးအရပ်သားအသွင် သူတမင်း ၊ငါတဗိုလ် 
ဖြင့်နေထိုင်ကြသောကာလဖြစ်သာကြောင့်ပြဿနာ များ၊ အခက်အခဲများနေ့စဉ်ဓူဝ 
ကြုံတွေ့နေရသည့်အချိန်ဖြစ်သည်၊တဖက်မှလည်း တပ်ပုံစံမကျသော 
ကျနော်တို့ရဲဘော်များကို လူမျိုးစု 
တော်လှန်ရေးအဖွဲ့များကယုံကြည်မှုမရှိ၍လက်နက်တပ်ဆင်မပေး ပေ 
။ရဲဘော်များမှလည်း လက်နက်တပ်ဆင်ပေးရန် တဇာဇာ 
တောင်းဆိုနေကြရာမှစ၍တဖက်နှင့်တဖက် 
သံသယတွေကြီးထွားလာကြပြီးမလိုလားအပ်သောအဖြစ်အပျက်များ၊မပြေလည်မှုများဖြင့်ရင်ဆိုင်လာရပါတော့
 တယ် ၊လူမျိုးစုများယုံကြည်မှုရှိလာအောင်၊စခန်းအသီးသီးမှရဲဘော်များ 
တပ်ပုံစံကျအောင်စစ်သင်တန်းများဖွင့် 
လှစ်ပြီးသင်တန်းပေးနိုင်ရေး.၊ကြီးထွားလာသော 
နှစ်ဖက်သံသယများပြေလျှော့အောင်လုပ်ဆောင်ရေးတို့ကို အခက်အခဲများစွာဖြင့် 
ရင်ဆိုင်ဖြေရှင်း၊ကျော်လွှားခဲ့ရပါတယ်။( ၃ ) ပြည်တွင်းရှိ မြို့၊ရွာ 
အသီးသီးမှစခန်းအသီးသီးသို့ရောက်ရှိလာကြသောရဲဘော်များ အားလုံးသည် 
ငှက်ဖျားရောဂါ အပါအ၀င် အထွေထွေရောဂါများကိုရင်ဆိုင်ခံစားကြရသောကြောင့် 
စခန်းအသီးသီးရှိလူနာများကိုကုသရန် 
ဆေးဝါးလုံလောက်မှုမရှိသောအခက်အခဲကိုကြီးမားစွာ 
ရင်ဆိုင်ခဲ့ရသည်၊ဆေးဝါးမလုံလောက်မှုကြောင့် မဆုံးရှုံးသင့်ဘဲ 
ရဲဘော်များကိုဆုံးရှုံးခဲ့ရတယ်..ကြီးမားတဲ့စိန်ခေါ်မှုကြီးတခုပါ..။( ၄ ) 
ထိုကာလတွင် နယ်ပယ်အသီးသီးမှစခန်းအသီးသီးသို့ ရောက်ရှိလာကြသော 
ရဲဘော်အင်အားသည် ခန့်မှန်းချေ သုံးသောင်းကျော်သော ရဲဘော်များ၏ 
စား၊၀တ်၊နေရေး သည် ကြီးစွာသောစိန်ခေါ်မှုကြီးတခုဖြစ်လာသည် ၊အလှူရှင်များ 
၊လူမျိုးစုများမှတတ်နိုင်သလောက်ကူညီကြသော်လည်း လုံလောက်မှုမရှိသောကြောင့် 
ရဲဘော်များသည် နေ့စဉ်ဓူဝ ပင်ပန်း 
ဆင်းရဲကြီးစွာနေထိုင်ရပ်တည်ခဲ့ရတယ်၊စိတ်ဓါတ်များကျဆင်းလာကြသော်လည်း 
မိမိယုံကြည်ချက်ကိုရင်မှာ ပိုက်ထားနိုင်လို့သာ 
ဒီလိုကြံ့ကြံ့ခံရပ်တည်နိုင်ကြတာဖြစ်တယ်လို့ကျနော်ယုံကြည်တယ် 
၊သာမန်ွှလူသားများမနေနိုင်သော ဒုက္ခဆင်းရဲမျိုး ပါ .၊ဒါကိုကြည့်ခြင်းဖြင့် 
ရဲဘော်များသည် မိမိတိုင်းပြည်ကို မည်မျှချစ်ကြသည်ကို သိသာထင်ရှားစေပါတယ်။ (
 ၅ ) ရဲဘော်များထောင်ပေါင်းများစွာနယ်စပ်ကို စတင် ရောက်ရှိလာကြသောအခါ 
လာရောက်သော လမ်းခရီးမှာရော ၊ရောက်ရှိပြီးရော တော်လှန်ရေးကိုမစတင်ခင်မှာဘဲ 
အထွေထွေရောဂါဆိုးများကြာင့်၎င်း၊သံသယအကျိုးကြောင့်၎င်း၊ 
အကြောင်းအမျိုးမျိုးကြောင့် အပြစ်မဲ့စွာ စတေးခံလိုက် ရသော 
ရဲဘော်များစွာရှိခဲ့ပါတယ် 
အခုထိမည်မျှဆိုသည်ကိုစရင်းကောက်မှတ်တမ်းတင်နိုင်ခြင်းမရှိသေးပါ.မှတ်တမ်းမဲ့
 မထင်မရှားသူရဲကောင်းများဖြစ်ပါတယ်။အထက်ပါ အခက်အခဲများနှင့် 
စိန်ခေါ်မှုများသည်  ABSDF စတင်တည်ဆောက်စဉ်ကာလတွင် 
ရင်ဆိုင်ခဲ့ရသောအကျဉ်းဖြစ်ပါတယ်၊သို့သော်လည်း ABSDF 
ရဲဘော်မျာ၏ယုံကြည်ချက်ကိုရင်မှာပိုက်၍ မလျှော့သော ဇွဲ၊လုံးလ ၊၀ိရိယ ကြောင့်
 အခက်အခဲများစွာကိုအချိန်တိုအတွင်းမှာကျော်ဖြတ်နိုင်ခဲ့ပြီး 
၊ဗဟို၊စခန်းကော်မတီ၊အဆင့်ဆင့်အုပ်ချုပ်မှုအောက်မှာစနှစ်တကျရှိလာကြ ပြီး 
၊စစ်သင်တန်းများလည်းပြီးဆုံးကြ၍ တပ်ပုံစံအသွင်သို့ရောက်ရှိလာခဲ့ကြတယ် 
၊လူမျိုးစုအဖွဲ့များမှလည်းယုံကြည်လာကြကာ လက်နက် 
၊ခဲယမ်းများကိုတပ်ဆင်ပေးခဲ့ကြသောကြောင့်တပ်ရင်း၊တပ်ဖွဲ့စံနှစ်တကျဖွဲ့စည်းပြီး
 ကျောင်းသားတပ်မတော်၏ စစ်သားကောင်းကြီးများ ဖြစ် လာခဲ့ကြကာ ၊မိမိတို့၏ 
အဓိကမူလ ဦးတည်ချက်၊ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စံနစ်ကျဆုံးရေး.၊ 
ပြည်တွင်းစစ်ငြိမ်းချမ်းရေး 
၊စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကိုအကောင်အထည်ဖေါ်နိုင်ရန် 
နယ်မြေခံ လူမျိုးစုတပ်များနှင့်လက်တွဲ၍ အာဏာရှင်စံနှစ် ကျဆုံးရေးအတွက် 
ကြီးမားလှသောတိုက်ပွဲကြီးပေါင်းများစွာကို 
ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတယ်ပန်းနှင့်ပေါက်သည့်တော်လှန်ရေးမဟုတ်တဲ့အတွက် 
ရဲဘော်များစွာ ရိုးသားစွာဖြင့် တိုင်းပြည်အတွက်သူရဲကောင်ပီသစွာ 
ကျဆုံးစတေးခံခဲ့ရသလို ၊ရဲဘော်ပေါင်းများစွာ ထိခိုက် ၊ဒါဏ်ရာရရှိခဲ့ကြ၍ 
အသက်မသေသော်လည်း ဘ၀ကို စတေးခဲ့ကြတယ် ၊ရဲဘော်ပေါင်းများစွာ 
ထိခိုက်၊ဒါဏ်ရာမရခဲ့ကြသော်လည်း မိဝေး ၊ဖဝေးဘ၀နှင့် တော်လှန်ရေးရဲ့ 
ဒါဏ်ရာ၊ဒါဏ်ချက်တွေကိုခါးစည်းခံခဲ့ကြရတယ်၊ထို့ကြောင် ABSDF ရဲ့ 
ခွပ်ဒေါင်းသမိုင်းဟာ အရင်းအနှီများစွာပေးဆပ်ပြီတည် ဆောက်ခဲ့ရတဲ့ 
ကြီးမားတဲ့သမိုင်းရှိတယ်ဆိုတာ သတိရှိဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ABSDF  
သမိုင်းမှာ တန်ဖိုးကြီးလှတဲ့သမိုင်းထဲမှာ ABSDF အကျည်းတန် 
အရုပ်ဆိုးအောင်အမဲစက်ထင်စေခဲ့တဲ့ဖြစ်ရပ်လဲရှိခဲ့ပါတယ် 
၊အာဏာမက်မောသူတစုကြောင့် ရက်စက်စွာဖြင့် အစုလိုက်၊အပြုံလိုက် 
အသတ်ခံလိုက်ရတဲ့ မြောက်ပိုင်းလူသတ်မှုဖြစ်ရပ်၊ 
မိမိအာဏာအတွက်အမျိုးမျိုးတံဆိပ်ကပ်ပြီး ရက်စက်စွာသတ်ခံလိုက်ရသော 
တောင်ပိုင်းလူသတ်မှုတွေဟာဖြူစင်လှသော အေဘီသမိုင်းကို 
အမဲစက်စွန်းထင်စေခဲ့ပါတယ်၊ပြည်သူလူထုရဲ့ အယုံအကြည် 
ကင်းမဲ့စေခဲ့ပါတယ်၊နောက်တခုအကြီးဆုံးအမှားက အုပ်စုဖွဲ့ ၊ဂိုဏ်းဂဏ 
ဖွဲ့ကြပြီး အာဏာကိုအပြိုင်လုကြ၍ အင်အားကြီးမားစွာခိုင်ခိုင်မာမာရပ်တည်နေသော
 ABSDF သည် သုံးခြမ်းကွဲသွားခဲ့ရတယ် 
၊ဒီလိုကွဲပြဲမှုဒါဏ်ကိုအောက်ခြေရဲဘော်များသာ စိတ်ဓါတ်ကျဆင်းမှု 
များစွာဖြင့် ခါးစည်း ခံစားခဲ့ကြရတယ် ဒီလိုဖြစ်ပျက်မှုတွင်ကျနော်သည်ဗဟို 
ခေါင်းဆောင်တဦးဖြစ်ခဲ့သောကြောင့် 
မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ၊ကျနော့်မှာလည်းတာဝန်ရှိသည်ဟုခံယူပါတယ်၊ဒီအဖြစ်အပျက်ကြောင့်
 အေဘီရဲဘော်များဟာ စိတ်ဓါတ်ကျဆင်းကုန်ကြပြီး မိမိအဖွဲံ့အစည်းကို 
သံယောဇဉ်ရှိသော်ငြား နည်းမျိုးစုံဖြင့် အဖွဲ့အစည်းကို 
ကျောခိုင်းထွက်ခွာသွားကြပါတော့တယ်၊အေဘီ ဟာ 
အင်အားချည့်နဲ့စွာကျန်ခဲ့ရတော့တယ်၊ဒီအဖြစ်အပျက်ဟာ 
သမိုင်းမှာဖျောက်ဖျက်မရသော အမှားကြီးတခုပင်ဖြစ်တယ်၊တိုက်ပွဲပေါင်းများစွာ 
တိုက်ပွဲဝင်ခဲ့ကြသော အေဘီရဲဘော်များဟာ 
နိုင်ငံအနှံ့အပြားကိုရောက်ရှိခိုလှုံနေကြရတယ် 
၊ဘ၀ရပ်တည်ရေးအခက်အခဲများစွာကို 
ရင်ဆိုင်ဖြေရှင်းနေကြရတယ်၊ဒီလိုအခက်အခဲကြားကဘဲ 
မိမိအသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော မိခင်အဖွဲအစည်းကို တတ်နိုင်သလောက် 
ဖေးမထောက်ပံ့ခဲ့ကြတယ်၊နောက်ပိုင်းတွင် လက်ရှိဦးဆောင်နေသူများကို 
အယုံအကြည်နည်းပါးမှုကြောင့် ရဲဘော်အများစု 
ထောက်ပံ့မှုကိုရ့ပ်ဆိုင်းလိုက်ကြတယ်၊ဦးဆောင်သူများကိုအကြည်အညိုမဲ့ကုန်ကြတယ်၊အခုတဖန်
 လက်ရှိဦးဆောင်သူများက ရပ်တည်ရေး ကိုအကြောင်းပြပြီး 
အေဘီရဲ့သမိုင်းအချိုးအကွေ့တခုကို 
သေချာစွာစဉ်စားဆုံးဖြတ်မှုမရှိဘဲဖန်တီးလုပ်ဆောင်လိုက်ပြန်တယ်၊အစိုးရနှင့်ဆွေးနွေးညှိနှိုင်းမှုသည်
 ဘာအကျိုးအမြတ်ကိုမျှမယူဘဲ.အေဘီလမ်းစဉ်အတိုင်း 
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ပြည်တွင်းငြိမ်းချမ်းရေး အတွက် 
ဆွေးနွေးညှိနှိုင်းသည်ဆိုလျှင်အားလုံးကနားလည်ထောက်ခံကြမည်ဖြစ်သော်လည်းအကျိုးအမြတ်ကိုယူလိုက်သည့်အတွက်
 အေဘီရဲ့ကြီးမားတဲ့သမိုင်းနှင့် အလံတော်ကို 
အကျိုးအမြတ်နှင့်လဲလှယ်လိုက်သလိုဖြစ်သွားတဲ့အတွက် 
ကျနော်အပါအ၀င်အေဘီသမိုင်းမှာဖြတ် သန်းခဲ့သူအများစုက ကျေနပ်မှုမရှိကြပါ 
၊ကျနော်တို့သည် လက်ရှိအေဘီတွင်တာဝန်ထမ်းဆောင်နေခြင်းမဟုတ်သော်လည်း 
အခုလုပ်ရပ်သည်အေဘီ သမိုင်းကိုထိခိုက်သည်ဟုယူဆသောကြောင့် သမိုင်းတွင် 
မိမိတို့လည်း ဘ၀နှင့်အသက်ကိုရင်းလာခဲ့သူများဖြစ်သောကြောင့် 
မိမိတို့နှင့်သက်ဆိုင်သည်ဟု ခံယူသည် ၊ထို့ကြောင့် လက်ရှိအေဘီ 
ကိုဦးဆောင်သူများကိုအကြံပြုလိုသည်မှာ အခုလိုသဘောထားကွဲလွဲမှုသည် ABSDF 
အနာဂါတ်အတွက်ရောလက်ရှိဥိးဆောင်သူများကိုပါထိခိုက်နိုင်သည်ဆိုတာကိုသတိပြုစေချင်သည်၊ဒီကိစ္စကို
 ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းတခုသာရှိသည် ၊လက်ရှိဦးဆောင်သူများမှ 
ဦးဆောင်၍အရေးပေါ်ညီလာခံခေါ်ယူ၍ 
ဖြေရှင်းမှသာအကောင်းဆုံးနှင့်မှန်ကန်သောနည်းလမ်းဖြစ်ပါတယ်ဒီညီလာခံတွင်ဦးဆောင်သူများမှလည်း
 ဘာကြောင့်လုပ်ရတယ်ဆိုတာကို လွတ်လပ်စွာတင်ပြ 
နိုင်သလို၊သဘောထားကွဲသူများဖက်မှလည်းလွတ်လပ်တင်ပြကြမယ်ဆိုရင် 
အေဘီရဲ့အနာဂါတ်အတွက်အဖြေမှန်တခုကိုရရှိမှာမလွဲပါကြောင်းအကြံပြုလိုပါတယ်။ထိုကြောင့်
 ABSDF ဖြတ်သန်းခဲ့ရသော (၂၅ )နှစ် ကာလမှာအားနည်းချက် ၊မှားယွင်းချက်၊ 
အားသာချက်၊မှန်ကန်ချက်များကိုသင်ခန်းစာယူ၍ ကောင်းမွန်သော 
အေဘီအနာဂါတ်ဖြစ်လာအောင်ဝိုင်းဝန်းလုပ်ဆောင်ရန်လိုအပ်ကြောင်း 
ရေးသားတင်ပြအပ်ပါတယ်။၂၅ နှစ်ကာလအတွင်းမှာ 
ကျဆုံးသွားကြသောသူရဲကောင်းများနှင့် အရင်းအနှီးပေခဲ့ကြသော 
ရဲဘော်များအားလုံးကို ဂုဏ်ယူစွာဖြင့်အလေးပြုအပ်ပါတယ်၊ 
သူရဲကောင်းများကောင်းရာသုဂတိလားပါစေ....။ခွပ်ဒေါင်းသစ္စာဖြင့်သန်းဝင်းအထွေထွေအတွင်းရေးမှူ
 ဟောင်း ( ၁၉၈၈-၈၉ ) ABSDFအောက်တိုဘာလ ၃၁ ရက် ၂၀၁၃.  
Wednesday, October 30, 2013
မြန်မာနိုင်ငံသားဖြစ်ခွင့်၊လျှောက်ထားခွင့်၊ပျက်ပျယ်ခြင်းဥပဒေအားလေ့လာကြည့်ခြင်း
 Written by Mmt         
             Category: ဆောင်းပါး        
    Published Date    
နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေပေါင်း 
မြောက်များစွာ ရှိပေသည်။ အချို့သောဥပဒေများသည် ပြင်းထန်၍ပြည်သူများ 
သဘောတူရန်ခက်ခဲသဖြင့် လက်မခံနိုင်သကဲ့သို့ အချို့သောဥပဒေများသည် 
ပြည်သူအများလက်ခံကျင့်သုံးသဖြင့် ရှေးကာလမှ ယနေ့အထိ 
တိုင်အသုံးပြုနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဥပမာ- အရေးပေါ်စီမံမှု 
အက်ဥပဒေသည် ၂၀၀၈ အခြေခံဥပဒေတွင် ပြဌာန်းထားခြင်းမဟုတ်ဘဲ 
ယခင်ကပြဌာန်းထားခြင်း ဖြစ်သော်လည်း ၎င်းဥပဒေအား ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊
 ဖျက်သိမ်းခြင်းမရှိသေးသဖြင့် ယနေ့အထိတိုင် အာဏာတည်နေသည်ကို 
တွေ့ရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ၎င်းဥပဒေအား ဖျက်သိမ်းရင် 
လွတ်တော်တွင် အဆိုတင်သွင်းနေကြသော်လည်း အောင်မြင်ခြင်းမရှိသေးသည်ကို 
တွေ့နိုင်ပါသည်။
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မျက်နှာဖုံး။ (ဓါတ်ပုံ- အင်တာနက်)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်မျက်နှာဖုံး။ (ဓါတ်ပုံ- အင်တာနက်)
အခုဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စမှာ 
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမရှိဘူး ဘာဖြစ်တယ်ညာ ဖြစ်တယ်ဆိုတော့ 
ကျွန်တော်လည်း ပြန်လှန်လေ့လာကြည့်လေတော့ ၁၉၈၂ ခုနှစ်တွင် ပြဌာန်းသည့် 
ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)ဆိုတာကို တွေ့တယ်။ အဲဒီဥပဒေရဲ့ အပိုဒ်(၁)တွင်
 ၎င်းဥပဒေအား မြန်မာနိုင်ငံသား ဥပဒေဟုခေါ်တွင်သည်လို့ ရေးထားတာတွေ့ရပါတယ်။ 
အထဲမှာပါတဲ့ 
အကြောင်းအရာတွေဟာမြန်မာနိုင်ငံသားဖြစ်ခွင့်၊မြန်မာနိုင်ငံသားအဖြစ်လျှောက်ထားပိုင်ခွင့်၊မြန်မာနိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့ပါဝင်တဲ့အတွက်အခုဖြစ်နေတဲ့ဘင်္ဂါလီအရေးအခင်း
 မှာအများကြီး အထောက်အကူဖြစ်မယ်လို့ ယူဆလို့ လော့လာကြည့်ပါတယ်။ ၁၉၈၂ 
ခုနှစ်က ပြဌာန်းထားတဲ့အတွက် အခြေခံဥပဒေတွင် ဖျက်သိမ်းခြင်း မရှိခဲ့သလို၊ 
ယခုလွှတ်တော်မှာလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ 
ဖြည့်စွက်ခြင်းမရှိတဲ့အတွက် အဲဒီဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအခန်း(၁၄) 
ကူးပြောင်းရေးကာလ ပြဌာန်းချက်များ ပုဒ်မ ၄၄၆၊ ၄၄၇ အရ ဆက်လက် 
အာဏာတည်နေပါတယ်။ အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသူများ 
အတွက်လည်း ၎င်းဥပဒေဟာ ပင်ကိုပကတိအတိုင်းကို အာဏာတည်နေဆဲပါပဲ။
စပြီးတော့ ရှင်းလင်းမယ်ဆိုရင် အဲဒီဥပဒေရဲ့ 
နောက်ဆုံးအပိုဒ်ကိုပဲ အရင်ထုတ်နှုတ်တင်ပြပါရစေ။ မလိုလားအပ်တဲ့ 
အငြင်းပွားမှုတွေ မဖြစ်စေချင်တဲ့အတွက်လည်း ပါပါတယ်။ ၎င်းဥပဒေ၏ အခန်း(၈) 
အထွေထွေ၏အပိုဒ်ခွဲ(က)နှင့်(ခ) ၁၉၄၈ ခုနှစ်တွင် ပြဌာန်းခဲ့သည့် 
မြန်မာနိုင်ငံသားအဖြစ်(ရွေးချယ်ရေး) အက်ဥပဒေ၊ မြန်မာနိုင်ငံသားဖြစ်မှု 
အက်ဥပဒေများအား ယခုဥပဒေဖြင့် ရုတ်သိမ်းလိုက်သည်ဟု ဖော်ပြထားပါသည်။ 
သို့ဖြစ်သည့်အတွက် ယခင်ရှိခဲ့သည့် ဥပဒေများအစား ယခုအာဏာ သက်ဝင်နေသည့် 
ဥပဒေဖြင့်သာ ဆက်လက်ဖြေရှင်း ဖော်ပြသွားမည်ဖြစ်ပါသည်။
၎င်းဥပဒေအခန်း(၂) နိုင်ငံသားဖြစ်ခြင်း၏ 
အပိုဒ်(၃)တွင် နိုင်ငံတော်တွင် ပါဝင်သောနယ် မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅
 ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် 
အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့်
 တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ 
ဖြစ်သည်ဟု ပြဌာန်းထားပါသည်။ သို့ဖြစ်သည့်အတွက် ချင်းလူမျိုးများအား 
ရှေးယခင် ၁၈၂၃ ခုနှစ်ကပင်ရှိခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စုများဟု 
သတ်မှတ်ဖော်ပြထားသည့်အတွက် ဒေါက်တာဇာနည်၏ ချင်းလူမျိုးများသည် ၁၉၀၀ 
ပြည့်နှစ်မတိုင်မီက မြန်မာပြည်တွင် ချင်းလူမျိုးများမရှိဟု 
ရမ်းတုတ်ထားသည်ကို ချေဖျက်ပြီးသားဖြစ်ပါသည်။ အပိုဒ်ခွဲ(၄)တွင် 
မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသား ဖြစ်သည်မဖြစ်သည်ကို နိုင်ငံတော်က 
ဆုံးဖြတ်နိုင်သည်ဟု ဖော်ပြထားသည်အတွက် လက်ရှိနိုင်ငံတော် အာဏာပိုင်များကသာ 
နိုင်ငံသားဖြစ်ခွင့်အား ဆုံးဖြတ်နိုင်သည့်အတွက် လဝကညွှန်ကြားရေးမှူးချုပ် 
ဦးမောင်မောင်သန်းမှ ဘင်္ဂါလီရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများ 
မဟုတ်ဟုပြောကြားခြင်းမှာ ဤအခြေခံ ဥပဒေအရ အစိုးရမှတရားဝင် ဖြေရှင်းသည်ဟု 
မှတ်ယူနိုင်ပါတယ်။ ထို့အတူ ၂၀၀၉ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဟောင်ကောင်ရှိ 
မြန်မာကောင်းစစ်ဝန် ဗိုလ်ချုပ် ရဲမြင့်အောင်၏ စာနှင့် ၂၀၀၉ ဧပြီလ ၁၅ 
ရက်နေ့မှာ မြန်မာနိုင်ငံ ရဲချုပ်(ယခုပြည်ထဲရေးဝန်ကြီး) 
ဗိုလ်မှူးချုပ်ခင်ရီ၏ ဘာလီအစည်းအဝေးမှာ ပြောကြားချက်များအရလည်း 
ဘင်္ဂါလီရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသား မဟုတ်တာကို 
အထင်အရှားသိရှိနိုင်ပါတယ်။
ထို့အတူပင်အပိုဒ်(၁၅)၊ အပိုဒ်ခွဲ (ခ)မှာ 
နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့် 
နိုင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရလို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် 
မြန်မာနိုင်ငံသူ/သားအား ယူရုံမျှနဲ့နိုင်ငံသားဖြစ်ပီဆိုပြီးတော့ 
အော်ဟစ်နေလို့ မရတာကိုနားလည်မှာပါ။ မည်သည့်နိုင်ငံမဆို အဲဒီနိုင်ငံသား 
ဒေသရင်းလူမျိုးကို ယူရုံမျှဖြင့် နိုင်ငံသားအလိုလျှောက် ဖြစ်သည်ဟူ၍ 
မရှိသည်ကိုလည်း သတိထားသင့်ပါတယ်။ နိုင်ငံသားအဖြစ်မှ ရပ်စဲမှုအနေနဲ့ကတော့ 
အပိုဒ်(၁၆)တွင် နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ 
အပြီးအပိုင်ထွက်ခွာလျင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် 
အလားတူလက်မှတ်ကို ထုတ်ယူလျင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ 
ရပ်စဲသည်ဟုဖော်ပြထားပါတယ်။ အဲဒီအတွက် တိုင်းတပါးမှ နှစ်ပေါင်းမြောက်များစွာ
 အခြေချနေထိုင်နေတဲ့ Exile တွေဟာ မြန်မာနိုင်ငံသားအဖြစ် 
ဆက်လက်ရှိသေးလားဆိုတာ သံသယရှိစရာ ဖြစ်လာပါတယ်။
အပိုဒ်(၁၈)တွင် ဖော်ပြထားသည့် 
နိုင်ငံသားတစ်ဦးသည် မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် 
နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုတ်သိမ်းခြင်းခံရမည့်အပြင် 
ထောင်ဒဏ် တဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်းကိုလည်း ကောင်းကျခံစေရမည်ဟု 
ဖော်ပြထားသည်ကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာသည်ကတော့ ၂၀၁၁ 
အောက်တိုဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲကော်မရှင် ကြော်ငြာချက် (၅၈/၂၀၁၁)တွင် 
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)နှင့်(၂) လွှတ်တော် 
ကိုယ်စားလှယ်များကို ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိလို့ ကြေငြာခဲ့ပါတယ်။ 
အဲဒီမတိုင်ခင်မှာ 
ရခိုင်အမတ်များက၎င်းလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာမြန်မာနိုင်ငံသားမဟုတ်ပဲရွေးကောက်ပွဲကိုငွေလမ်းခင်းပြီးဝင်ခဲ့တယ်လို့ဆိုပါတယ်။သို့သော်အဆိုပါရခိုင်အမတ်များ၏စကားသည်
 Exile Media များ၏အခြားသော အကြောင်းအရာများ အောက်မှာ နစ်မြှပ်သွားခဲ့ပြီး 
ယခုမှ လွှတတော်က အရေးတယူ ဆောက်ရွက်လာခြင်းကို တွေ့ရပါတယ်။ လွှတ်တော် 
အမတ်နှစ်ယောက်ဟာ ငြိစွန်းခြင်းရှိမရှိကို ဆက်လက်စစ်ဆေးသင့်ပြီး 
ထိုက်သင့်သည် အရေးယူမှုပြုသင့်တယ်လို့ တင်ပြလိုပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ 
ကျောက်ဖြူသို့ စစ်တွေမှ တစ်ဆင့်သွားရပါတယ်။ ထိုသို့သွားသည့်သူများဟာ ၎င်းတို့ 
မှတ်ပုံတင်ပျောက်ဆုံးသွားပါက မြန်မာပြည်သို့ ပြန်လာခွင့်ဆုံးရှုံးပါတယ်။ 
အချို့သော နေရာတွေမှာ မှတ်ပုံတင်ရရန်အတွက် လူကို 
ပင်အသက်အန္တရယ်ပြုခြင်းရှိပါတယ်။ မှတ်ပုံတင်မရှိပါက မြန်မာပြည်သို့ 
လာရောက်ရန် အခက်အခဲရှိသည်ကို သိရှိကြတဲ့အတွက်လည်း 
မှတ်ပုံတင်အတုပြုလုပ်ကြပါတယ်။ အဲဒါကို ဤဥပဒေအပိုဒ်(၂၀) အပိုဒ်ခွဲ(ဂ)တွင် 
မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားလက်မှတ်ကို ဖြစ်စေ၊ သေဆုံးသူနိုင်ငံသား၏
 လက်မှတ်ကို ဖြစ်စေ ကိုင်ဆောင်အသုံးပြုလျင် ထောင်ဒဏ် (၁၀)နှစ်နှင့် 
ငွေဒဏ်ကျပ် နှစ်သောင်းကို ကျခံစေရမည်နှင့် အပိုဒ် (၂၁)တွင် မည်သူမဆို 
နိုင်ငံသားလက်မှတ် အတုပြုလုပ်လျှင် ဖြစ်စေ၊ ကျပ်ငါးသောင်းကို ကျခံစေရမည်ဟု
 ဖော်ပြထားပါတယ်။ သို့ဖြစ်သောကြောင့် လဝကအနေဖြင့် စနစ်တကျစစ်ဆေးမည်ဆိုပါက 
ပိုင်ရှင်သေဆုံးသည့် မှတ်ပုံတင်များ၊ အတုများကို အသုံးပြု၍မြန်မာပြည်သို့ 
ပြန်လာရန် ကြိုးစားအားထုတ်မှုများကို စနစ်တကျ ပိတ်ဆို့တားမြစ်သင့်ပါတယ်။ 
လာက်ငွေရရှိရန်အတွက်သာ ဦးစားပေး၍ပြုလုပ်ခြင်းကြောင့် အမျိုးသားရေးအား 
သစ္စာဖောက်ခြင်းဖြစ်သကဲ့သို့တိုင်းပြည်၏ 
အခြေခံဥပဒေအားချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဖော်ထုတ်သိရှိပါက 
ပြင်းထန်ကြီးလေးသည့် ပြစ်ဒဏ်များကျခံရမယ်ဆိုတာကို သိသင့်ပါတယ်။
နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ရန်အတွက် အခန်း(၄) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ခြင်း၏ အပိုဒ်(၄၂)တွင် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့ မတိုင်မှီကာလတွင် နိုင်ငံတော်အတွင်းရောက်ရှိနေသည့် နိုင်ငံသားအဖြစ်လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားဖြင့် လျှောက်ထားနိုင်သည်လို့ ပါရှိပါတယ်။ သို့ဖြစ်သည့်အတွက် ၁၉၄၈ခုနှစ်နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများသည် မြန်မာတိုင်းရင်းသားများမဟုတ်သည်ကို သိရှိနိုင်ပါတယ်။ နိုင်ငံသားအဖြစ်လျှောက်ထားရန် ပြည့်စုံရမည့်အရည်အချင်းများတွင် အပိုဒ်(၄၄) အပိုဒ်ခွဲ(ဂ)တွင် လျှောက်ထားသူသည် တိုင်းရင်းသားဘာသာ စကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောဆိုတတ်ခြင်းလို့ ပါရှိပါတယ်။ ယခုမြန်မာတိုင်းရင်းသား ဖြစ်ကြပါသည်ဟု ကြွေးကြော်နေသည့် စစ်တကောင်းဒေသတစ်ဝိုက်တွင် အသုံးပြုသည့် ဘင်္ဂါလီဘာသာစကားပြောဆို သုံးနှုန်းရေးနေကြသည့် ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်စကား၊ မြန်မာစကားပင် လည်လည်ဝေဝေပြောဆိုတတ်ခြင်း မရှိသည်ကို အဆိုပါဒေသများတွင် သုတေသနပြု၍ လေ့လာသိရှိနိုင်ပါသည်။
နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ရန်အတွက် အခန်း(၄) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ခြင်း၏ အပိုဒ်(၄၂)တွင် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ (၄)ရက်နေ့ မတိုင်မှီကာလတွင် နိုင်ငံတော်အတွင်းရောက်ရှိနေသည့် နိုင်ငံသားအဖြစ်လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထားဖြင့် လျှောက်ထားနိုင်သည်လို့ ပါရှိပါတယ်။ သို့ဖြစ်သည့်အတွက် ၁၉၄၈ခုနှစ်နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများသည် မြန်မာတိုင်းရင်းသားများမဟုတ်သည်ကို သိရှိနိုင်ပါတယ်။ နိုင်ငံသားအဖြစ်လျှောက်ထားရန် ပြည့်စုံရမည့်အရည်အချင်းများတွင် အပိုဒ်(၄၄) အပိုဒ်ခွဲ(ဂ)တွင် လျှောက်ထားသူသည် တိုင်းရင်းသားဘာသာ စကားတစ်မျိုးမျိုးကို ကောင်းမွန်စွာပြောဆိုတတ်ခြင်းလို့ ပါရှိပါတယ်။ ယခုမြန်မာတိုင်းရင်းသား ဖြစ်ကြပါသည်ဟု ကြွေးကြော်နေသည့် စစ်တကောင်းဒေသတစ်ဝိုက်တွင် အသုံးပြုသည့် ဘင်္ဂါလီဘာသာစကားပြောဆို သုံးနှုန်းရေးနေကြသည့် ဘင်္ဂါလီရိုဟင်ဂျာများသည် ဒေသခံရခိုင်စကား၊ မြန်မာစကားပင် လည်လည်ဝေဝေပြောဆိုတတ်ခြင်း မရှိသည်ကို အဆိုပါဒေသများတွင် သုတေသနပြု၍ လေ့လာသိရှိနိုင်ပါသည်။
နိုင်ငံသားအဖြစ် ဒီအတိုင်းလျှောက်ထား၍မရဘဲ 
နိုင်ငံသား/ ဧည့်နိုင်ငံသား/ နိုင်ငံသားပြုခွင့်ရသူနှင့် လက်ထပ်ထားမှသာ 
နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ပြီး အဆိုပါဥပဒေ၏ အပိုဒ်(၄၅) 
အပိုဒ်ခွဲ(ဃ)အရ တစ်လင်တစ်မယားဖြစ်ရပါမယ်။ 
မိန်းမပေါင်းမြောက်များစွာယူပြီးမှ နိုင်ငံသားအဖြစ်လျှောက်ထားမည်ဆိုပါက 
မလိုလားအပ်သော အရှုတ်အထွေးများ ဖြစ်ပေါ်လာနိုင်တဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ 
ဤတွင် ဒီမိုကရေစီထွန်းကားပါသည်ဆိုသည့် အမေရိကန်နိုင်ငံတွင် 
ပင်ကြင်ယာဖက်တစ်ယောက်ထက်ပိုပြီး လက်ထပ်ခြင်းအားတားဆီး 
ပိတ်ပင်ထားခြင်းကိုလည်းမမေ့အပ်သည်ကို ဖော်ပြလိုပါတယ်။ အပိုဒ်(၇၀)တွင် 
တားဆီးပိတ်ပင်ထားခြင်းကိုလည်း မမေ့အပ်သည်ကို ဖော်ပြလိုပါတယ်။ 
အပိုဒ်(၇၀)တွင် အပိုဒ်ခွဲ(က)တွင် ဖော်ပြထားချက်အရ ဗဟိုအဖွဲ့၏ 
ဆုံးဖြတ်ချက်ကို မကျေနပ်လျင် စည်းကမ်းသတ်မှတ်ချက်အတိုင်း ဝန်ကြီးအဖွဲ့သို့ 
အယူခံဝင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အပိုင်(၅၆)တွင် အောက်ပါအချက်အလက်များကို ကျူးလွန်ဖောက်ဖျက်ပါက နိုင်ငံသားပြုခွင့်အဖြစ်မှရုတ်သိမ်းခံရမည်လို့ ပါရှိပါတယ်။
(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန် သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့် ဖြစ်စေထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းသို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန် သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို အထောက်အကူပြုသည့် နိုင်ငံများနှင့် ဖြစ်စေထိုနိုင်ငံများ၏ နိုင်ငံသားများ၊ အဖွဲ့အစည်းများနှင့် ဖြစ်စေ၊ ကုန်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ခြင်းသို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
(ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် 
အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထို့အဖွဲ့အစည်း၊ အဖွဲ့ဝင်နှင့်ဖြစ်စေ ကုန်သွယ်ခြင်း
 သို့မဟုတ် ဆက်သွယ်ခြင်း၊ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို 
အားပေးကူညီခြင်း။
(ဂ) နိုင်ငံတော် အချုပ်အခြာအာဏာနှင့် 
နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏ 
အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့် အန္တရယ်တစ်ခုခုကို ပြုလုပ်နေသည်၊ 
ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သော အကြောင်းရှိခြင်း။
(ဃ) နိုင်ငံတော်ကို အကြည်အညိုမဲ့ကြောင်း 
သို့မဟုတ်သစ္စာမဲ့ကြောင့်ကို ကိုယ်အမှုအရာဖြင့်ဖြစ်စေ နှုတ်အမှုအရာဖြင့်ဖြစ်စေ၊
 အခြားနည်းလမ်းဖြင့် ဖြစ်စေပြသခြင်း။
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြေားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီပေးခြင်း။
(င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြေားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို အားပေးကူညီပေးခြင်း။
(စ) အကျင့် စာရိတ္တပျက်ပြားခြင်းနှင့် 
စပ်လျင်းသည့်ပြစ်မှု တစ်ခုခုကို ကျူးလွန်သောကြောင့် 
အနည်းဆုံးထောင်ဒဏ်တစ်နှစ် သို့မဟုတ်အနည်းဆုံး ငွေဒဏ်ကျပ်တစ်ထောင် 
အပြစ်ပေးခံရခြင်း။
ယခုလက်ရှိတွင်မြန်မာနိုင်ငံနှင့် 
ဘင်္ဂလားဒေ့ရ်ုနိုင်ငံတို့ဟာ ရေပိုင်နက်အငြင်းပွားမှုအား ကုလသမဂ္ဂတွင် 
တရားဝင်စစ်ဆေးနေပီဖြစ်ပါတယ်။ ထိုသို့ တရားဝင်မစစ်ဆေးခင်ကစစ်ဖြစ်လုနီးပါး 
နှစ်နိုင်ငံရေတပ်များ ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့တာ 
အားလုံးအသိပဲဖြစ်ပါတယ်။ နှစ်နိုင်ငံရေပိုင်နက် 
အငြင်းပွားမှုအားဆုံးဖြတ်ပေးမည့် ဆုံးဖြတ်ချက်သည် 
မကြမှီအတည်ဖြစ်လာတော့မှာပါ။ ဤနေရာတွင် ကုကလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို 
မလိုက်နာနိုင်ပါက နှစ်နိုင်ငံတင်းမာမှုဖြစ်ပွားလာနိုင်သည့် အခြေအနေရှိပါတယ်။
 ထိုအခြေအနေမှာ ဘူးသီးတောင်၊ မောင်းတော Buffer Zone မှာရှိနေတဲ့ 
ဘင်္ဂါလီရိုဟင်ဂျာများရဲ့ အနေအထားဟာ အတိုင်းအတာတစ်ခုထက်မက အရေးပါလာတဲ့ 
အင်အားစုဖြစ်နေပါတယ်။ သို့ဖြစ်သောကြောင့် အပိုဒ် (၅၈) ပါအချက်အလက်များမှာ 
သတိထားသင့်တဲ့ အချက်များဖြစ်ပါတယ်။
ဒါတွေကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့်၊ 
မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့်နဲ့ ပါတ်သတ်တဲ့ဥပဒေပဲဖြစ်ပါတယ်။
 လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်သည့် မည်သည့် တိုင်းပြည်မှာမဆို 
သူ့တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ သူရှိကြပါတယ်။ ဆော်ဒီအာရေဗျတွင်လည်း 
၎င်းနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေရှိပါတယ်။ ဘင်္ဂါလီရိုဟင်ဂျာတွေဟာ 
ဆော်ဒီမှာနိုင်ငံသားဖြစ်ခွင့် အမိန့် ဒီကရီကို ရဖို့နှစ်၂၀ကျော်ကြာစောင့် 
စားခဲ့ရပါတာတွေ၊ စောင့်စားနေစဉ်အတွင်း ကလေးတွေဟာ အစိုးရကျောင်းမှာ 
ကျောင်းတက်ခွင့်မရတာတွေ၊ ဆော်ဒီမှာ မမွေးတဲ့ ၁၈ နှစ်အထက်တွေဟာ Non-Saudi 
Passport ပဲရတာတွေ၊ နိုင်ငံသားအဖြစ်ခွင့်ပြုတာကို 
တောင်လူပေါင်းမြောက်များစွာ ထဲမှာမှ အယောက် ၂၀၀၀ ဝန်းကျင်ပဲ 
ခွင့်ပြုတာတွေကို လေ့လာတွေ့ရှိနိုင်ပါတယ်။ ဤနေရာတွင် ဆော်ဒီအစိုးရသည် 
၎င်းတို့၏ အချုပ်အခြာအာဏာနှင့် အခြေခံဥပဒေအရဆုံးဖြတ်သည်ကို ကန့်ကွက်ရန်မရှိပါ။
 သို့သော် မြန်မာအစိုးရအား ဘင်္ဂါလီရိုဟင်ဂျာများကို Abuse လုပ်နေပါသည်ဟု 
ကြွေးကြော်နေကြသည် လူ့အခွင့်အရေးသမားများသည် ယခုကဲ့သို့သော ဆော်ဒီအစိုးရ၏ 
ဆုံးဖြတ်ချက်များကို ဆော်ဒီသံရုံးရှေ့တွင် သွားရောက်၍ ဆန္ဒပြခဲ့ကြသည်ကို 
စို့စဥ့်မျှမတွေ့ခဲ့ရပေ။ သို့ဖြစ်သောကြောင့် လူ့အခွင့်အရေးအား လေးစားရန် 
၎င်းတို့ကြွေးကြော်နေသည်မှာ ဘက်လိုက်နေသည်ကို အထင်အရှားတွေ့နိုင်ပါသည်။
သို့ဖြစ်သောကြောင့် အထက်ပါပြည်သူ့လွှတ်တော် 
ဥပဒေအရ လဝကမှစနစ်တကျ စစ်ဆေးခြင်းများ မဖြစ်မနေပြုလုပ်သင့်ပေသည်။ 
ဘူးသီးတောင် မဲဆန္ဒနယ်မှ ပယ်ဖျက်ခံရသည့် လွှတ်တော်အမတ်များအားလည်း စနစ်တကျ 
စစ်ဆေးသင့်ပြီးပြစ်မှု ထင်ရှားပါက ထိုက်သင့်သည့် ပြစ်ဒဏ်အားချက် 
မှတ်သင့်ပါသည်။ ထို့အတူပင် နိုင်ငံသားကဒ်အတုပြုလုပ်မှုများအား 
ကာကွယ်ရန်အတွက်၎င်း၊ ယခုလက်ရှိဖြစ်နေသည့် ပြဿနာများအား စနစ်တကျဖြေရှင်းရန်မှာ 
၎င်းဘင်္ဂါလီများ၏ ကျန်ခဲ့သည့်မျိုးဆက် (၄)ဆက်အား 
နောက်ကြောင်းပြန်လိုက်ခြင်းဖြင့် မှတ်ပုံတင်များ အစစ်ဖြစ်သည်မဖြစ်သည်၊ 
မြန်မာနိုင်ငံတွင် ယခင်ကပင် နေထိုင်သည်မနေထိုင်သည်ကို ဥပဒေနဲ့အညီ 
ဆုံးဖြတ်နိုင်မည်ဖြစ်ပါသည်။ ပြည်ပြေးများနှင့် နိုင်ငံသားဖြစ်ခွင့် 
ပျက်ပြယ်သွားပြီးဖြစ်သည့် ဒေါက်တာ ဇာနည်ကဲ့သို့သော ပုဂ္ဂိုလ်များသည်လည်း 
တိုင်းပြည်ချစ်စိတ် မရှိတော့ပြီးဖြစ်သည့်အတွက် ပြည်ပြေးသည်ပြည်ပြေး 
စကားပြောမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာအား လေးစားတော့မည် 
သို့မဟုတ် တိုင်းပြည်အတွက် ကောင်းကျိုးကိုဆောင်ရွက်တော့မည် မဟုတ်တော့ပါ။
အဆုံးသတ်အခြေဖြင့် လွတ်လပ်သည့် 
နိုင်ငံတစ်နိုင်ငံတွင် ပြဌာန်းထားသည့် ဥပဒေသည်ထိုနိုင်ငံ၏ 
အချုပ်အခြာအာဏာပင် ဖြစ်ပေသည်။ တိုင်းတစ်ပါးသားတို့သည် ထိုလွတ်လပ်သည့် 
နိုင်ငံ၏ ဥပဒေအား ပြင်ဆင်ရန်ကြိုးပမ်းခြင်း၊ ပြောင်းလဲရန်အားထုတ်ခြင်း၊ 
ဖိအားပေးခြင်းသည် ၎င်းတို့နိုင်ငံနဲ့ ကိုက်ညီသည့် ဥပဒေအားပြဌာန်းနိုင်သည်။ 
ဒီမိုကရေစီကျင့်စဉ်အရ အဆိုပါဥပဒေအား လက်ခံရန်လက်မခံရန်မှာ 
၎င်းနိုင်ငံနေပြည်သူများသာ လွှတ်တော်သို့ တင်ပို့၍ဆုံးဖြတ်နိုင်သည်။ 
အခြားသောနိုင်ငံ၊ အဖွဲ့အစည်းများမှ ဝင်ရောက်စွက်ဖက်ခြင်းသည် 
၎င်းအချုပ်အခြာအာဏာအား လိုက်နာကျင့်သုံးနေသည့် အဆိုပါ နိုင်ငံနေပြည်သူများ၏ 
လူ့အခွင့်အရေးအား စော်ကားခြင်း၊ လျစ်လျှူရှုခြင်းလည်း ဖြစ်ပေတော့သည်။
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး,
သူ့အတွေး သူ့အမြင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ
(ကျောင်းသားတပ်မတော်)
 ဖွဲ့စည်းတည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု ထုတ်ပြန်ကြေငြာချက်
 ၁။ တိုင်းရင်းသားပြည်သူလူထုကြီးဘက်
 ၂။ ယင်း ၂၅ နှစ်တာ တော်လှန်တိုက်ပွဲဝင်ခဲ့ခြင်းတွင
 ၃။ ၁၉၈၈ခုနှစ် ဒီမိုကရေစီ 
အရေးတော်ပုံကြီးတွင် ပေါက်ဖွားလာခဲ့ပြီး တိုင်းရင်းသား 
လွတ်မြောက်နယ်မြေများတွင် ကြီးပြင်းခဲ့ရသည့် မကဒတ (ကျောင်းသားတပ်မတော်)သည် 
ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် 
ကင်းမဲ့ခြင်း (ဖက်ဒ ရယ်စနစ် မဖော်ထုတ်နိုင်ခြင်း)တို့ကို 
မြန်မာနိုင်ငံရေးတွင် အဓိက  အရင်းခံ နိုင်ငံရေးပြသနာ နှစ်ရပ်အဖြစ် အလေးအနက်
 မှတ်ယူသည်။
 ၄။ ယနေ့မျက်မှောက်နိုင်ငံရေးအခြေနေ
 -       တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေး
 -       နိုင်ငံရေးဆွေးနွေးပွဲများအတွက်
 -       အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ 
ဖြစ်မြောက်ရေးကို အခြားသော မဟာမိတ် တိုင်းရင်းသား 
တော်လှန်ရေးအဖွဲ့အစည်းများနှင့်
 -       သို့သော် ရိုးသားမှု၊ စေတနာမှန်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ 
တာဝန်ခံမှု ရှိမှသာလျင် ယနေ့ပြုလုပ်နေကြသော မိမိတို့ 
တော်လှန်ရေးအဖွဲ့အစည်းများနှင့်
 ၅။ မကဒတ (ကျောင်းသားတပ်မတော်)၏ တွေ့ဆုံဆွေးနွေးရေး ရည်ရွယ်ချက်မှာ
 က။       ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
 ခ။        အင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ေ
 ဂ။        ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် 
ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် 
ပေါ်ပေါက်ရေးအပါအ၀င် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တရပ်ပေါ်ထွန်းရေး 
တို့ဖြစ်သည်။
 ၆။ သို့သော် မိမိတို့၏ ပန်းတိုင်ကား နိုင်ငံရေးဦးတည်ချက် လေးရပ်ဖြစ်သည့်
 -       တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊
 -       ဒီမိုကရေစီနှင့် လူ့အခွင့်ရေးရရှိရေး၊
 -       ပြည်တွင်းငြိမ်းချမ်းရေးနှင့်
 -       ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးသာ ဖြစ်သည်ဟု အလေးအနက် မှတ်ယူထားသည်။
 မိမိတို့လျှောက်ရမည့်လမ်းကား အချိုးအကွေ့၊ အတက်အဆင်း ရှိချင်ရှိမည်၊ 
သို့သော် သွားရမည့် လမ်းဆုံး ပန်းတိုင်ကိုကား ပျောက်မသွားစေရဟု ကတိပြုသည်။ 
တနည်းအားဖြင့် ဦးတည်ချက်လေးရပ်နှင့် ပတ်သက်ပြီး အလျော့အတင်း လုပ်၍ မရပါ။ 
လက်ရှိ နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေများအရ မိမိတို့ ကိုင်စွဲရသည့် 
အခြေခံမူကို အခိုင်အမာကိုင်စွဲပြီး နည်းပရိယာယ်ကို ပြောင်းလွယ်ပြင်လွယ် 
ကျင့်သုံးသွားမည်၊ ရုန်းကန်သည့် ပုံစံ ကွဲချင်ကွဲမည်။
 ဦးတည်ချက် လေးရပ် ပြည့်စုံမှသာလျင် မြန်မာပြည်၏ အနာဂါတ်ကို စိတ်ချယုံကြည်စွာပုံဖော်နိုင်လိ
 ၇။ ယင်းအခြေခံ ယုံကြည်မှုအပေါ်မူတည်ပြီး
 -       အဖွဲ့စည်း ရှင်သန်ကြီးထွားခိုင်မာရေး၊
 -       မဟာမိတ်စုဖွဲ့ရေး (ပြည်တွင်း၊ပြည်ပ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲစည်းများကြား)
 -       လူထုအခြေပြု နိုင်ငံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့်
 -       တွေ့ဆုံဆွေးနွေးအဖြေရှာရေး ဆိုသည့် မကဒတ (ကျောင်းသားတပ်မတော်)၏ လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ် လေးရပ်ကိုလည်း ချမှတ်ထားသည်။
 ၈။  အပစ်ခတ်ရပ်စဲခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက
 ၉။ မကဒတ (ကျောင်းသားတပ်မတော်)ကား မိမိအပေါ် ကျရောက်လာသည့် 
သမိုင်းရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ရန် အသင့်ရှိပါသည်။   
ဖြတ်သန်းခဲ့သည့် ၂၅ နှစ်တာ တော်လှန်ရေးခရီးက ရရှိခဲ့သော သင်ခန်းစာများအပေါ် 
အခြေခံလျက် တတိုင်းပြည်လုံး လက္ခဏာ ဆောင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင်
 အဖိနှိပ်ခံ လူမျိုးစုံ တိုင်းရင်းသားပြည်သူလူထုဘက်မှ အခိုင်အမာ ဆက်လက် 
ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် အဖွဲ့အစည်းတည်ထောင်ခြင်း ၂၅ 
နှစ်မြောက် ငွေရတု အခါသမယတွင် ထပ်လောင်း အသိပေးလိုက်သည်။
 စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။
 ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။
 ဗဟိုကော်မတီ
 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်)
 ရက်စွဲ။    ။ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁ ရက်
“ဟိန္ဒားသတ္တုတွင်းအတွက် ဂျာမဏီက ယူထားသည့် အကြွေး ပြန်ဆပ်ရမည်”
 October 30, 2013 by ဒီဗွီဘီ  
 လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် 
မြန်မာနိုင်ငံက အနောက်ဂျာမနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက 
ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ 
လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။
 မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် 
ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ 
ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို
 “အစတုန်းက မဆပ်ဘူး။ အခုမှ ဘာလို့ ဆပ်တာလဲလို့
 မသိလို့မေးတာ။ မေးတော့ သူတို့က အခုမှ ဆပ်ခိုင်းတာပါတဲ့။ ၅၀ ရာခိုင်နှုန်း 
လျှော့ပေးလိုက်တယ်ပေါ့။ ကျန်တာလေးပဲ ဆပ်ရတော့မှာပေါ့။ အတိုးက ဒီလောက်ပေါ့။ 
အရင်းက ဒီလောက်ပေါ့။ အခုတော့ ယူရိုငွေနဲ့ ပြန်ပြီး မတ်ငွေကို 
ချိန်းရတာပေါ့။ ချိန်းပြီးတော့ မြန်မာငွေနဲ့ တန်ဖိုးတွက်တာ ၂၀၃ သန်း။”
 တနင်္သာရီတိုင် ထားဝယ်ခရိုင်မှာရှိတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် 
မြန်မာနိုင်ငံက ဂျာမနီ (ယခင်အနောက်ဂျာမနီနိုင်ငံ) ဆီကနေ ဂျာမန်မတ်ငွေ (၁၇ 
ဒဿမ ၂၂၀) သန်း ချေးယူထားခဲ့တာပါ။
 ဒီချေးငွေထဲက ၄ သန်းခွဲလောက်ကို 
၁၉၇၄ ခုနှစ်မှာ ပေးဆပ်ခဲ့ပြီး ကျန်ငွေ ၁၂ သန်းခွဲလောက်ကို မြန်မာနိုင်ငံက 
ပြန်လည်ပေးဆပ်ဖို့ ကျန်နေတယ်လို့လည်း သတ္တုတွင်း ၀န်ကြီးဌာနက 
အတည်ပြုပြောပါတယ်။
 ဒါပေမယ့် တင်ရှိနေတဲ့ အကြွေးထဲက ၅၀ 
ရာခိုင်နှုန်းကို မြီရှင်နိုင်ငံက လျှော့ပေးလိုက်ပြီးဖြစ်လို့ ကျန်တဲ့ 
မတ်ငွေ ၆ သန်းကျော်ကို ၁၅ နှစ် ကာလအတွင်း ပေးဆပ်ရမှာ ဖြစ်ပြီး မတ်ငွေကို 
ယူရိုငွေနဲ့ ပြောင်းလဲ တွက်ချက် ပေးဆပ်ရမယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။
 ဒီသတင်းနဲ့ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနကို မေးမြန်းရာမှာတော့ 
ကြွေးရှိတာ မှန်ကန်သလို လျှော်ပေးထားတာရှိတဲ့အကြောင်း၊ 
ချေးငွေချေးယူတာကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အစီအစဉ်နဲ့ ရယူထားတာ ဖြစ်တဲ့အတွက် 
ပြန်ဆပ်ရင်လည်း ဒီဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆပ်မယ်လို့ 
သတ္တုတွင်းဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
 ၂၀၁၃ ဇန်န၀ါရီလထဲမှာ 
မြန်မာက ပဲရစ်ကလပ်ပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၀.၃၂၇ ဘီလီယံ ထဲကနေ 
ဒေါ်လာ ၆.၁၉၂ ဘီလီယံကို လျှော်ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
 ဘဏ္ဍာရေး ၀န်ကြီး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ပဲရစ်ကလပ် ဥက္ကဋ္ဌ 
အပါအ၀င် ကလပ်အဖွဲ့ဝင် နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ 
ဆွေးနွေးပြီး အခုလို အကြွေးတွေ လျှော်ပေးဖို့ဆွေးနွေးနိုင်တယ်လ
 ပဲရစ်ကလပ်မှာ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ 
ဒိန်းမတ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ ဂျာမနီစတဲ့ နိုင်ငံတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် 
၁၉ နိုင်ငံရှိပါတယ်။
October 30, 2013 by ဒီဗွီဘီ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက အနောက်ဂျာမနီဆီကနေ ချေးယူထားတဲ့ ဂျာမနီမတ်ငွေ ၁၇ သန်းထဲက ငွေတွေ ပြန်ဆပ်ရဖို့ ကျန်ရှိနေတယ်လို့ သတ္တုနဲ့ သယံဇာတရေးရာ လွှတ်တော်ကော်မတီက ပြောကြားလိုက်ပါတယ်။
မဆလ အစိုးရလက်ထက် ၁၉၇၄ ခုနှစ်ကတည်းက ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် ချေးထားတဲ့ငွေတွေကို ပေးဆပ်ခဲ့ခြင်းမရှိဘဲ အခုမှ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံတွေကို
“အစတုန်းက မဆပ်ဘူး။ အခုမှ ဘာလို့ ဆပ်တာလဲလို့ မသိလို့မေးတာ။ မေးတော့ သူတို့က အခုမှ ဆပ်ခိုင်းတာပါတဲ့။ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်တယ်ပေါ့။ ကျန်တာလေးပဲ ဆပ်ရတော့မှာပေါ့။ အတိုးက ဒီလောက်ပေါ့။ အရင်းက ဒီလောက်ပေါ့။ အခုတော့ ယူရိုငွေနဲ့ ပြန်ပြီး မတ်ငွေကို ချိန်းရတာပေါ့။ ချိန်းပြီးတော့ မြန်မာငွေနဲ့ တန်ဖိုးတွက်တာ ၂၀၃ သန်း။”
တနင်္သာရီတိုင် ထားဝယ်ခရိုင်မှာရှိတဲ့ ဟိန္ဒားသတ္တုတွင်း စီမံကိန်းအတွက် မြန်မာနိုင်ငံက ဂျာမနီ (ယခင်အနောက်ဂျာမနီနိုင်ငံ) ဆီကနေ ဂျာမန်မတ်ငွေ (၁၇ ဒဿမ ၂၂၀) သန်း ချေးယူထားခဲ့တာပါ။
ဒီချေးငွေထဲက ၄ သန်းခွဲလောက်ကို ၁၉၇၄ ခုနှစ်မှာ ပေးဆပ်ခဲ့ပြီး ကျန်ငွေ ၁၂ သန်းခွဲလောက်ကို မြန်မာနိုင်ငံက ပြန်လည်ပေးဆပ်ဖို့ ကျန်နေတယ်လို့လည်း သတ္တုတွင်း ၀န်ကြီးဌာနက အတည်ပြုပြောပါတယ်။
ဒါပေမယ့် တင်ရှိနေတဲ့ အကြွေးထဲက ၅၀ ရာခိုင်နှုန်းကို မြီရှင်နိုင်ငံက လျှော့ပေးလိုက်ပြီးဖြစ်လို့ ကျန်တဲ့ မတ်ငွေ ၆ သန်းကျော်ကို ၁၅ နှစ် ကာလအတွင်း ပေးဆပ်ရမှာ ဖြစ်ပြီး မတ်ငွေကို ယူရိုငွေနဲ့ ပြောင်းလဲ တွက်ချက် ပေးဆပ်ရမယ်လို့လည်း ဦးလှဆွေက ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနကို မေးမြန်းရာမှာတော့ ကြွေးရှိတာ မှန်ကန်သလို လျှော်ပေးထားတာရှိတဲ့အကြောင်း၊ ချေးငွေချေးယူတာကလည်း ဘဏ္ဍာရေး ၀န်ကြီးဌာန အစီအစဉ်နဲ့ ရယူထားတာ ဖြစ်တဲ့အတွက် ပြန်ဆပ်ရင်လည်း ဒီဝန်ကြီးဌာန အစီအစဉ်နဲ့ ပြန်ဆပ်မယ်လို့ သတ္တုတွင်းဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
၂၀၁၃ ဇန်န၀ါရီလထဲမှာ မြန်မာက ပဲရစ်ကလပ်ပေါ်မှာ တင်ရှိနေတဲ့ ကြွေးမြီ ဒေါ်လာ ၁၀.၃၂၇ ဘီလီယံ ထဲကနေ ဒေါ်လာ ၆.၁၉၂ ဘီလီယံကို လျှော်ပေးဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
ဘဏ္ဍာရေး ၀န်ကြီး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ ပဲရစ်ကလပ် ဥက္ကဋ္ဌ အပါအ၀င် ကလပ်အဖွဲ့ဝင် နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၂၄ ရက်နေ့မှာ ဆွေးနွေးပြီး အခုလို အကြွေးတွေ လျှော်ပေးဖို့ဆွေးနွေးနိုင်တယ်လ
ပဲရစ်ကလပ်မှာ ပြင်သစ်၊ ဖင်လန်၊ အီတလီ၊ ဂျပန်၊ နော်ဝေ၊ နယ်သာလန်၊ အင်္ဂလန်၊ ဒိန်းမတ်၊ ကနေဒါ၊ ဩစတြီးယားနဲ့ ဂျာမနီစတဲ့ နိုင်ငံတွေနဲ့ အမြဲတမ်းအဖွဲ့ဝင် ၁၉ နိုင်ငံရှိပါတယ်။
ကာချုပ်ရုံး အရေးပေါ် စည်းဝေး အထူးလျှို့ဝှက်စွာ ပြုလုပ်
 ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ  
မြန်မာနိုင်ငံ နေပြည်တော်ရှိ  ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဦးစီးဌာန 
အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင
 ဆွေးနွေးပွဲအကြောင်းရာများတွင် 
 (၁) လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်
 (၂) လိုင်ဇာတွင် ပြုလုပ်နေသော အစည်းဝေး၏ လုပ်ကိုင်ဆောင်ရွက်မှုများအား 
နိုင်ငံတော် တည်ဆဲဥပဒေအရ တရားဝင်မဟုတ်ကြောင်း သံတမန်နည်းဖြင့်ထုတ်ပြန်
 (၃) ငြိမ်းချမ်းရေးစန်တာ၏ လုပ်ငန်းဆောင်တာများအားပြန်လည်စ
 ဆွေးနွေးပွဲရလဒ်အရ… (၁)လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား 
တပ်မတော် စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး 
လုပ်ငန်းဆောင်တာများဆက်လက်လုပ်က
 (၂) လိုင်ဇာတွင် ကျင်းပပြုလုပ်နေသော အစည်းဝေးသည် အဆိုပါ တရားမ၀င်အဖွဲစည်းများ၏ အလွတ်သဘောတွေ့ဆုံမှုများဖြစ်ကြေ
 (၃) 
မြန်မာ ငြိမ်းချမ်းရေး စန်တာ၏ လုပ်ငန်း အကောင်ထည်ဖေါ်မှုများတွင် အချို့သော 
ကိစ္စ အပိုင်းလိုက် တပ်မတော် အရာရှိများနှင့် စနစ်တကျ တိုင်ပင် ပြီး လက်ရှိ 
တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြသော တပ်မတော် 
အကြီးကဲများ၏ လမ်းညွန်မှုများအား လိုက်နာရန်နှင့် လိုအပ်ပါက တပ်မတော်မှ 
ယာယီတာဝန်တခု ပေးအပ်သော အဖွဲ့စည်းတခု ထပ်မံ ဖွဲ့စည်း ဖြည့်တင်းကာ 
၎င်းအဖွဲ့စည်း၏ ဦးဆောင် လမ်းညွန်မှုအား ခံယူရန် သဘောတူကြသည်။
 အဆိုပါ 
အစည်းဝေးသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသ လွှတ်တော်တို့မှ 
သိရှိခြင်း မရှိပဲ အရေးပေါ် ခေါ်ယူ တွေ့ဆုံးစည်းဝေးခဲ့သော အာရုံတက် အစည်းဝေး 
ဖြစ်ကြောင်း လဲသိရသည်။
 အစည်းဝေးသည် လွန်ခဲ့သော ၂၂ မိနစ်အကြာမှပင် ပြီးဆုံးသွားကြောင်း သိရသည်။
 သတင်းရေးချိန် အောက်တို့ဘာ ၃၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ်  ၂၀၁၃ ခုနှစ်
 သတင်းဖြစ်ရပ်မှန် ခိုင်လုံပါသည်
 ဂိုလ်ရှယ်လေး
 — with Ko Nyo and 50 others.
ယနေ့ ၂၀၁၃ ခုနှစ် အောက်တို့ဘာ ၃၀ နံနက် ၈နာရီမှ ၉ နာရီ ၃၀ အထိ မြန်မာနိုင်ငံ နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဦးစီးဌာန အဆောက်အုံ (…………………) တွင် အရေးပေါ် အထူး အစည်းဝေးတရပ်ပြုလုပ်နေကြာင်းသတင
ဆွေးနွေးပွဲအကြောင်းရာများတွင်
(၁) လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသမှ စစ်ပွဲများအား စစ်အင်အားထပ်မံဖြည့်သွင်းရန်
(၂) လိုင်ဇာတွင် ပြုလုပ်နေသော အစည်းဝေး၏ လုပ်ကိုင်ဆောင်ရွက်မှုများအား နိုင်ငံတော် တည်ဆဲဥပဒေအရ တရားဝင်မဟုတ်ကြောင်း သံတမန်နည်းဖြင့်ထုတ်ပြန်
(၃) ငြိမ်းချမ်းရေးစန်တာ၏ လုပ်ငန်းဆောင်တာများအားပြန်လည်စ
ဆွေးနွေးပွဲရလဒ်အရ… (၁)လက်ရှိဖြစ်ပေါ်နေသော ကချင်ဒေသစစ်ပွဲများအစား တပ်မတော် စစ်ရေးလေ့ကျင်နေသော နယ်မြေအဖြစ် သတ်မှတ်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်တာများဆက်လက်လုပ်က
(၂) လိုင်ဇာတွင် ကျင်းပပြုလုပ်နေသော အစည်းဝေးသည် အဆိုပါ တရားမ၀င်အဖွဲစည်းများ၏ အလွတ်သဘောတွေ့ဆုံမှုများဖြစ်ကြေ
(၃) မြန်မာ ငြိမ်းချမ်းရေး စန်တာ၏ လုပ်ငန်း အကောင်ထည်ဖေါ်မှုများတွင် အချို့သော ကိစ္စ အပိုင်းလိုက် တပ်မတော် အရာရှိများနှင့် စနစ်တကျ တိုင်ပင် ပြီး လက်ရှိ တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြသော တပ်မတော် အကြီးကဲများ၏ လမ်းညွန်မှုများအား လိုက်နာရန်နှင့် လိုအပ်ပါက တပ်မတော်မှ ယာယီတာဝန်တခု ပေးအပ်သော အဖွဲ့စည်းတခု ထပ်မံ ဖွဲ့စည်း ဖြည့်တင်းကာ ၄င်းအဖွဲ့စည်း၏ ဦးဆောင် လမ်းညွန်မှုအား ခံယူရန် သဘောတူကြသည်။
အဆိုပါ အစည်းဝေးသည် သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် နှင့် တိုင်းဒေသ လွှတ်တော်တို့မှ သိရှိခြင်း မရှိပဲ အရေးပေါ် ခေါ်ယူ တွေ့ဆုံးစည်းဝေးခဲ့သော အာရုံတက် အစည်းဝေး ဖြစ်ကြောင်း လဲသိရသည်။
အစည်းဝေးသည် လွန်ခဲ့သော ၂၂ မိနစ်အကြာမှပင် ပြီးဆုံးသွားကြောင်း သိရသည်။
သတင်းရေးချိန် အောက်တို့ဘာ ၃၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ် ၂၀၁၃ ခုနှစ်
သတင်းဖြစ်ရပ်မှန် ခိုင်လုံပါသည်
ဂိုလ်ရှယ်လေး
ရာထူးဆိုရင် အာဏာလား… ဒါမှမဟုတ် တာဝန်လား
"...အထူးကုဆေးခန်း အပြင်ဘက် စင်္ကြံလေးမှာ လူနာက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ။ တစ်ခါ တစ်ခါများဆို ဘုန်းကြီးလည်း ပါရဲ့။ မိန်းမပျို လေးလည်း ပါရဲ့။ ခတ်ရွယ်ရွယ်ယောက်ျားလည်း ရှိရဲ့ရှင်။ ဝင်မယ့်သုံးယောက် အင်္ကျီ ကြိုချွတ်ထား ဆိုတော့လည်း အော် အာဏာစက်အောက်မှာ ဆင်ခြေတက်ခွင့်မရှိ..."
Nearly all men can stand adversity, but if you want to test a man's character, give him power.
Abraham Lincoln
လူတိုင်းလိုလိုဟာ ဘေးဒုက္ခတွေကို ခံနိုင်ရည် ရှိကြတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးလိုက်ပါ။
အေဘရာဟမ် လင်ကွန်း။
ကျွန်မှာလည်း စကားတစ်ချက် ဆောင်းပါးတစ်ပုဒ်များ ဖြစ်နေမလားပဲ။ မျက်စိထဲမှာလည်း အမြင်ဆန်း၊ ဦးနှောက်ထဲမှာလည်း ရှုပ်ရှုပ်ထွေးထွေး။ အာဏာပါဝါနဲ့ စာရေးစာချီများကလည်း ရှေ့ရောက်ရောက်လာ။ အာဏာ ပါဝါနဲ့ ယာဉ်ထိန်းရဲကလည်း မျက်စိနား ဝဲလည်လည်။ အာဏာပါဝါနဲ့ မူကြိုဆရာမကလည်း မနက်လင်းတိုင်း မြင် မြင်နေရ။ ဒီတစ်ခါများ စကားစစ်ထိုးပွဲလေး လုပ်ဖြစ်မယ်ဆိုရင် ရာထူးကြီးရင် အာဏာကြီးသလား။ ရာထူးကြီးရင် တာဝန်ကြီးသလား ဆိုတဲ့ ခေါင်းစဉ်လေး ရှာတွေ့တော့ လူငယ်လေးတွေက ဘာကိုပြောကြမှာပါလဲ။ ပြောတိုင်းလည်း မယုံ သူ့လက်ထဲ ရာထူးကြီးကြီး၊ ကြီးသမှဆို လူတစ်ယောက် အိုးမဲ့အိမ်မဲ့ဖြစ်နိုင်လောက်တဲ့ ဒါမှမဟုတ် အသက်တစ်ချောင်းကို နုတ်ယူပြစ်နိုင်လောက်တဲ့ ရာထူးရာခံက ကြီးမားသွားပြီဆို လူ့သဘာဝက ပြောင်းပြောင်း သွားတတ်တာလည်း သိပါရဲ့ရှင်။ ဒါ့ကြောင့်လည်း အေဘရာဟင် လင်ကွန်းက လူတစ်ယောက်ရဲ့ ခံနိုင်ရည်တရားကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးလိုက်ပါလို့ ဆိုတာဖြစ်မှာပါ။
ကျွန်မပြောနေကျစကားတစ်ခွန်းကတော့ သူ့အိမ်မှာသူ သူဘုရင်ပဲ၊ ကိုယ်က ချမ်းသာတယ် ကြည့်ရှုတယ် ဆိုပြီး သူ့အပေါ် မကျူးကျော်နဲ့၊ ဆိုက်ကားသမားလည်း သူ့အိမ်မှာတော့ သူဘုရင်ပါပဲ။ အမှိုက်လာသိမ်းတဲ့လူလည်း သူ့ရာထူးနဲ့သူ။ သူလည်း အမှိုက်သိမ်းဝန်ကြီးလို့ သူ့ကိုယ်သူ ဆိုချင်ဆို မြို့တော်ဝန်ကို စော်ကားရာ မကျပါဘူး။ သူက အမှိုက်သိမ်းဝန်ကြီး အစစ်။ သူမလာလို့ ဒေါသထွက်ပြီး ရန်စမလား။ အမှိုက် သိမ်းကားကို ကိုယ့်အိမ်နဲ့ အဝေးကြီးမှာ ရပ်။ ကိုယ်က ရှစ်ထပ်ပေါ်ကပြေးဆင်းလာ။ သူ့နားရောက်တော့ ကားက ထွက်သွား။ ဒါက သူ့လုပ်ပိုင်ခွင့်လေ။ ပိုက်ဆံလေးပေးထား အမှိုက်သိမ်းဝန်ကြီးအဖွဲ့က လူတစ်ယောက် အိမ်ပေါ်ထိလွှတ်ပေးပါ့။ ဒါလည်း သူလုပ်ပေးနိုင်တဲ့ ဘောင်ထဲက သူလုပ်ပေးတာလေ။ ကျုပ်တို့အိမ်ပေါ်တော့ မတက်ဘူးဆိုပြီး သွားမတိုင်နဲ့။ ဒါက လုပ်ပိုင်ခွင့်ကြားမှာရှိတဲ့ နားလည်မှု။
ဆရာဝန်ကြီးဆီ သွားချင်ရင် သူ့အခန်းရှေ့ တိုကင်ခေါ်တဲ့ ဆရာမလေးနဲ့ တွေ့ရမှာပေါ့။ သူကသွင်းပေးမှ ဆရာဝန်ကြီးအခန်းထဲရောက်မှာလေ။ သူနဲ့ပြေလည်မှ တိုကင်ကျော်သွားရင်လည်း သူ့ဆေးခန်းစည်းကမ်းအတိုင်း သုံးယောက်ဝင်ပြီး ကိုယ့်အလှည့်ကို ခေါ်ပေးမှာပေါ့။ ဒါလည်း သူ့လုပ်ပိုင်ခွင့်၊ သူလည်း တိုကင်ပေးဝန်ကြီးပေါ့။
စားပွဲတစ်လုံးပေါ်က ကိုယ့်လျှောက်လွှာလေး နောက်စားပွဲတစ်လုံးပေါ်ရောက်မှ အဆင်ပြေမှာဆို သူက လက်မှတ်ထိုးပြီး ပို့လိုက်မှ ရောက်မှာလေ။ ကိုယ့်ဟာကိုယ် စားပွဲတစ်လုံးက နောက်တစ်လုံးပေါ် အစစ်အဆေးမရှိ သွားတင်လို့ရတာမှ မဟုတ်ဘဲ။ ဒီတော့ သူလည်းပဲ လျှောက်လွှာလွှဲပြောင်းဝန်ကြီးလို့ သူ့ကိုယ်သူဆို ကျွန်မတို့က ဘာတတ်နိုင်သေးတာမှတ်လို့။ ဒီတော့လည်း ရှိပါစေတော့ကွယ် လို့ စိတ်လျှော့လို့မာန်ပျောက်ကာ ကိုယ့် အလုပ်ပြေလည်စေရေးအတွက် အာဏာရှိတဲ့ လူပုဂ္ဂိုလ်မြတ်ကို ပူဇော်သက္ကာရပြုလိုက်ပေတော့။
ရာထူးဆိုတာ လုပ်ပိုင်ခွင့်နဲ့သက်ဆိုင်လေတော့ ထိုက်သင့်တဲ့အာဏာက နောက်က ကပ်ပါလာတာပါပဲ။ ဒါကြောင့်လည်း အာဏာကို မစွန့်လွှတ်ချင်၊ ကုလားထိုင်ကို မြဲစေချင်။ လုပ်ပိုင်ခွင့်နောက်က အာဏာအတွက် တံတားဆောက်၊ ညောင်ထောက်၊ ခေါစာပစ် လုပ်ကြတာ ဒုနဲ့ဒေး။ ယတြာကောင်းတော့ မင်းလောင်းပင် ပျောက် သတဲ့။ ဒီစကားက မြန်မာ့ယဉ်ကျေးမှုတစ်ရပ်လို ယုံယုံကြည်ကြည်ကျင့်သုံးတာ။ ဧည့်ခန်းထဲ ယောင်းမကြီးထောင် ထားတာမြင်လို့ မေးလိုက်တော့ သားသမီးတွေ မိဘစကားနားထောင်အောင်တဲ့လေ။ ယောင်းမက မွှေတဲ့အရာ။ နံရံက မှီရတဲ့နေရာ။ ဧည့်ခန်းက အိမ်သား မဟုတ်တဲ့ ဧည့်သည်တွေ ဝင်ထွက်သွားလာတဲ့နေရာ။ ဒီနေရာသုံးခုကို အမှီပြုစဉ်းစားတော့ အကြံအစည်အောင်အောင် ဘုရားရှင် ကို ကြံကပ်တာ၊ ကြာပန်းကပ်ရင် ကြာတတ်သမို့ ဘုရားစင်ပေါ် ကြာပန်း မတွေ့ရတာ။ ရာထူးနေရာ မပြောင်းချင်တော့ ပြောင်းဖူး (မပြောင်းဘူး) ကပ်ရတာက အကြောင်း အကျိုးဆက်စပ်သလိုလိုရှိပေမယ့် ဧည့်ခန်းနံရံက သစ်သားယောင်းမ ချိတ်ထားတာကျတော့ ဥာဏ်ကမမီ၊ ဦးနှောက်က လှိုင်းမရှိ ဖြစ်ရတာ ကျွန်မ ဘဝ။
ကျွန်မတို့ ရာထူးကြောင့်ဖြစ်လာတဲ့ လုပ်ပိုင်ခွင့်ပဲပြောပြော အာဏာပဲဆိုဆို စကားလုံးတွေ အငြင်းပွားရင် သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များအနံ့တွေ လှိုင်နေသလိုပဲ။ စကားတွေပြောနေလိုက်တာ အော်.. ကွန်မြူနစ်ဆိုတာ ဒါမျိုးလားပေါ့။ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းဆိုတာ သိတယ်မဟုတ်လား။ ကျွန်မတို့်ဝေါဟာရအသုံးမှားရင် ဝေါဟာရသမားကို စကားဆိုခွင့်ပေးလိုက်ပါ။ ဆရာမောင်ခင်မင်(ဓနုဖြူ) ရှိပါတယ်လေ။
ကျွန်မတို့မတော့ ပြည်သူ့ဆေးရုံ ဂိတ်စောင့် တံခါးစောင့်ကစပြီး အာဏာနဲ့တွေ့တာ အဆောင်ထဲရောက်တဲ့ အထိလည်း အာဏာက ရှိဆဲပဲရှင့်။ လုပ်ပိုင်ခွင့်နောက်က တစ်သားထဲကပ်ပါလာတဲ့ အာဏာ။ ဆရာဝန်တွေများ အာဏာစက် ဘယ်လောက်ပြင်းသလဲဆို လူနာတွေ အင်္ကျီများတောင် ကြိုချွတ်ထားရတာပါရှင်။ အထူးကုဆေးခန်း အပြင်ဘက် စင်္ကြံလေးမှာ လူနာက ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ။ တစ်ခါ တစ်ခါများဆို ဘုန်းကြီးလည်း ပါရဲ့။ မိန်းမပျို လေးလည်း ပါရဲ့။ ခတ်ရွယ်ရွယ်ယောက်ျားလည်း ရှိရဲ့ရှင်။ ဝင်မယ့်သုံးယောက် အင်္ကျီ ကြိုချွတ်ထား ဆိုတော့လည်း အော် အာဏာစက်အောက်မှာ ဆင်ခြေတက်ခွင့်မရှိ။ ချွတ်.. တန်းစီ။ သုံးယောက်ဝင်။ လူပို လိုက်လို့မရဘူး.. ဆိုတဲ့ ဆရာမစကား နားထဲကမထွက်။ မတတ်နိုင်ဘူး ဒါ ဆရာကြီးရဲ့ ညွှန်ကြားချက်တဲ့။ ကျွန်မ ယောင်ဝါးဝါးဖြစ်သွားပါရဲ့။ လုပ်ပိုင်ခွင့်နောက်က အာဏာ။ လူကြီးမင်းတို့မြင်ပါရဲ့လားရှင်။ ရင်ဘတ်ကို နားကြပ်နဲ့ သုံးလေးနေရာစမ်း။ ကြောပြင်ကို စမ်း။ အသက်ရှု လို့ပြောစဉ်မှာပဲ သူ့ စမ်းသပ်မှုကပြီးသွားပြီ။ ဒါလေးသောက်လို့ ခေါင်းတွေသိပ် ကိုက်တယ်လို့ပြောတော့မှ လူနာမျက်နှာကို မော့ကြည့်.. ပြီးတော့ ဘာပြောလိုက်မယ်ထင်သလဲ။ ခင်ဗျားခေါင်း ကိုက်ခံမလား၊ အသေခံမလားတဲ့။ ကောင်းရော… ဟဲ့ အာဏာ… ဒါ လုပ်ပိုင်ခွင့်ကြီးလား။
သက်ရှိထင်ရှားထောက်ခံစာ … တဲ့။ ရော် ဒီဆရာ ခက်ပါဘိ ကျွန်မက သူ့ရှေ့ မတ်မတ်ကြီးကို ရပ်လို့။ ကျုပ်လိုချင်တာ ခင်ဗျား သက်ရှိထင်ရှားထောက်ခံစာ… စာလိုချင်တာ။ လူလာရပ်ပြလို့မရဘူး တဲ့။ ဟုတ်ပါပြီ။ ရပ်ကွက်အုပ်ချုပ်ရေးရုံးပေါ့ သွားပေဦးတော့ ခြေလှမ်းတစ်ရာ၊ ငွေအိတ်ပါးနဲ့ မျက်နှာထားချို။ မနက်က လမ်းထိပ်မှာ တွေ့တုန်းက သူက လက်ဖက်ဆိုင်မှာ.. အစ်မ လက်ဖက်ရည်သောက်ပါဦး တဲ့။ ခုတော့ သူ့မျက်နှာထားက ခပ်တည်တည်ရှင့်။ အော် မေ့လို့ သူက ကုလားထိုင်ပေါ် ထိုင်နေတာလေ… သူ့ရဲ့ လုပ်ပိုင်ခွင့်နယ်မြေ။ အာဏာတည်ရာနေရာတော်မြတ်။ ဒါက လုပ်ငန်းရှင်လာရမှာ..။ တစ်ခွန်းတည်းသော သူ့စကား။ ဥပဒေကဲ့သို့ အာဏာတည်သော သူ့အမိန့်။ ကျွန်မရဲ့ ချိုသာ ပျော့ပျောင်းတဲ့စကားသံကြောင့် မဟုတ်ပါဘူး။ လက်ထဲက အိတ်ပါးက သူ့အံဆွဲထဲရောက်သွားခိုက်… ကိုယ့်အစ်မတွေပဲ လုပ်ပေးရမှာပေါ့ဗျာ။ သေလိုက်ဟဲ့ .. လုပ်ပိုင်ခွင့်။
အော် .. ကျွန်မ နည်းနည်းလေးများ လွန်သွားသလားရှင်။ လုပ်ပိုင်ခွင့် နောက်က အာဏာလိုက်သလား။ ဒါမှမဟုတ် အာဏာနောက်ကပဲ လုပ်ပိုင်ခွင့်က လိုက်တာလား။ လုပ်ပိုင်ခွင့်ရှိလို့ အာဏာများရှိလေသလား။ အာဏာ ရှိလို့ လုပ်ပိုင်ခွင့်ကို နှင်းအပ်ခြင်းခံရပေသလား။ ဦးနှောက်ထဲတွင် နောက်ကျိကျိ။
ရာထူးရှိရင် ….အဲဒီ့ ရာထူးအလိုက် လုပ်ပိုင်ခွင့်များ အပ်နှင်းထားခြင်း မရှိရင် အကျိုးသက်ရောက်မှု အလုပ်က ဖြစ်မလာနိုင်မဟုတ်ပေဘူးလား။ ရာထူးတော့ ရှိပါရဲ့… လုပ်ပိုင်ခွင့် ဘာမှပေးမထားဘူး ဆိုတဲ့ စကားလည်း ကြားဖူး နားဝတော့ ရှိသား။ တံဆိပ်ခေါင်းတဲ့ စာရေးကိုလည်း တန်ရာတန်ဖိုးပေးရင် ဘယ်သူ့ကိုမဆို တံဆိပ်ခေါင်းရောင်းချ ခွင့် ပေးထားပြီးသားပါ။ အင်း တံဆိပ်ခေါင်းကို ငါရောင်းမှ ဖြစ်တာလို့ ဝယ်သူအပေါ် သဘောထားရင် သူ့လုပ်ပိုင်ခွင့်က အာဏာဘက်ကို လုသွားပြီ။ ဒါ ထမင်းစားချိန် ဆိုပြီး စကားတွေ ဖောင်ဖွဲ့၊ တဟီးဟီးတဟားဟား လုပ်နေ၊ တံဆိပ်ခေါင်းဝယ်သူက အပေါက်လေးမှာ ငုတ်တုတ်မေ့။ ထမင်းစားချိန်ကို စာလေး ကပ်ထားပြီး သတ်သတ်မှတ်မှတ်လေး လုပ်ရင် တစ်ခါ နှစ်ခါ အပြင် နောက်ဆို သိသွားပြီလေ။ သို့ကလိုမဟုတ် ... အဝက ဝယ်သူကို အသိအမှတ်မပြု၊ မျက်နှာထားက သူ့လုပ်စာကိုမျှကျွေးနေတဲ့ပုံ။ ရိုက်ပေါက်။ သို့ပေငြား ကိုယ်လိုချင်တာက သူ့ဆီက တံဆိပ်ခေါင်း။ စောင့်ပေတော့ တစ်နာရီ။ မမှု။
တွေ့ပါရဲ့ လမ်းမပေါ်က အာဏာရှင်များ…………။ ယာဉ်ကြောပြောင်းပြန်ဖြစ်လောက်အောင် ကျော်တက်။ မျဉ်းသေလား၊ မျဉ်းရှင်များ မသိ။ နှစ်ထပ်မျဉ်းများအပေါ် ခွကျော်တက်။ ဘာကြောင့်နှစ်ထပ်မျဉ်း ဆွဲထားမှန်းမသိ။ သိအောင်လည်း မဖော်ထုတ်။ ယာဉ်မောင်းလိုင်စင် ရေးဖြေဆို လွတ်လပ်မှု အပြည့် ရှင့်။ မေးခွန်းချပေး နောက်စာမေးပွဲခန်းစောင့်သူက တစ် က၊ နှစ် ဂ၊ သုံး ခ ဆိုပြီး အဖြေကိုရွတ်ပြသွားတာ ကိုယ်တွေ့ အူကြောင်ကြောင် စာမေးပွဲ။ လမ်းဝကို ဘတ်စ်ကားကြီးတွေက ပိတ်ရပ်။ လူတင်… လူခေါ်။ တစ်ဖက်က လမ်းထဲကွေ့မယ့်ကားက စောင့်။ နောက်က ကားတန်းကြီးကလည်း စောင့်ပေတော့ရှင်။ ကြပ်ပါပြီ ယာဉ်ကြော။ ပိတ်ပါပြီ ယာဉ်လမ်း။ နောက်ကျပါပြီ ရုံး။ သတ်မှတ်ခံလိုက်ရပါပြီ.. နေ့ဝက်ခွင့်။ လွဲပြီပေါ့ … ရုံးတက်မှန် အပိုဆုကြေး တစ်လစာ။ မောရပြီပေါ့။
နေ့စဉ်ကြုံတွေ့သမျှ … ရာထူးနောက်က တာဝန်ဆိုတာထက် ရာထူးနောက်က လုပ်ပိုင်ခွင့်အာဏာက ကြီးစိုးနေတာ အမှန်ပါပဲ။ ဆရာဝန်ကြီးလည်း လူနာရဲ့ ကျန်းမာရေးတာဝန် ဆိုတာထက် အချိန်တိုတိုအတွင်း လူနာများများကြည့်နိုင်ဖို့ အာဏာတွေသုံးရသလို တံဆိပ်ခေါင်းရောင်းတဲ့သူကလည်း မှန်ကန်တဲ့ တံဆိပ်ခေါင်းကို ရောင်းချပေးရမယ့် တာဝန်ထက် လိုချင်သူက စောင့် ဆိုတဲ့ အာဏာတွေ သုံးနေတာပါပဲ။ ပလက်ဖောင်း ဈေးသည်ကလည်း ဒါ အများပိုင်လမ်း …. လမ်းလျှောက်တဲ့သူတွေကို ဂရုမစိုက်အားဘဲ ညနေ ဆန်ဝယ်ဖို့ ကပ်တပ်တပ်နဲ့ လမ်းဖယ်မပေးရေး အာဏာကို သုံးလိုက်တော့ ဘာမှမဖြစ်ပါဘူး။ လမ်းမပေါ် ဆင်းလျှောက်ပေါ့လေ။
တာဝန်ဆိုတာ လာမပြောနဲ့။ ဒါက လက်ပတ်မှာပဲ ရေးတာ။ တာဝန်ရှိရင် အာဏာရှိမှ။
အော် ပုရွက်ဆိတ်လည်း သူ့အထွာ၊ ဆင်လည်း သူ့အထွာတဲ့လား။
I hope our wisdom will grow with our power, and teach us, that the less we use our power the greater it will be.
Thomas Jefferson
အသိပညာဟာ ကျွန်တော်တို့ရထားတဲ့ အာဏာနဲ့အတူ ရှင်သန်လာတယ်လို့ ကျွန်တော်မျှော်လင့်တယ်။ နောက် အဲဒီ့ အာဏာကို အသုံးနည်းလေလေ အသိပညာဟာ ပိုပြီးကြီးမြတ်လာတယ် ဆိုတာကိုလည်း ကျွန်တော်တို့ကို သင်ပေးနေပါတယ်။
သောမတ်စ်ဂျက်ဖာဆင်
ဘာရာဒွါဂျာ (မြန်မာပြည်)
ဘယ်လ်ဂျီယံနိုင်ငံ UCL တက္ကသိုလ်တွင်ပြောကြားသည့် ဒေါ်စုမိန့်ခွန်း
http://www.youtube.com/v/7Y5uWfaZcko?version=3&autohide=1&autohide=1&feature=share&showinfo=1&autoplay=1&attribution_tag=Bji-IwHcBfaliF4v4NFIoQ
http://www.youtube.com/watch?v=7Y5uWfaZcko&feature=youtu.be
http://www.youtube.com/watch?v=7Y5uWfaZcko&feature=youtu.be
 ဘယ်လ်ဂျီယံနိုင်ငံ UCL တက္ကသိုလ်တွင်ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းနှင့် အမေးအဖြေများကို http://goo.gl/WOFZmk တွင်ကြည့်ရှုနိုင်ပါသည်။
Tuesday, October 29, 2013
လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်
- Created on Wednesday, 30 October 2013 02:24
ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။
နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။
အသိပေး ကြေညာရာတွင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်ကာ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သည်ဟူသော အကြောင်းပြချက်၊ ဖြေရှင်းချက် တစ်ရပ်ကိုသာ ဖော်ပြထားသည်။
ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ်ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
တိုးမြှင့်လိုက်သည့် နှုန်းထားသစ်များဖြင့် လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ မိသားစုတစ်စု၏ လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ပမာဏမှာ တစ်လလျှင် မည်မျှပင် ချွေတာသုံးစွဲသည်ဖြစ်စေ အများစုမှာ ၁၀၀ ယူနစ်အထက် သုံးစွဲကြရသည့်အတွက် ပြည်သူအများစုမှာ တစ်ယူနစ် ကျပ် ၅၀ ဖြင့် ပေးဆောင်ကြရမည်သာ ဖြစ်သည်။
အများပြည်သူသုံး မီတာခမှာ ယခင်ကထက် ရာခိုင်နှုန်း ၄၀ မြင့်တက်လာပြီး စီးပွားရေးလုပ်ငန်း အသုံးပြုသည့် မီတာခမှာ နှစ်ဆအထိ တက်လာခြင်းဖြစ်သည်။
| ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ . . . . . | 
"ကျွန်တော်တို့ ဆေးရုံက တစ်လကို ယူနစ်လေးသိန်းကနေ ခြောက်သိန်းကြား သုံးစွဲပါတယ်။ ကျန်းမာရေးဆိုတော့ ချွေတာလို့ ဘယ်ရမလဲဗျာ။ ယူနစ် ၅၀၀၀ အထိက ၁၀၀ ဆိုပေမယ့် တစ်ကယ်ကျတော့ လျှပ်စစ်ခက ၇၅ ကျပ်ကနေ ကျပ် ၁၅၀ နှစ်ဆတက်တဲ့ သဘောဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာ ၂၀ ရာခိုင်နှုန်းလောက်တက်တောင် ကြိုတင်အကြောင်းကြားကြတယ်။ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးဆန္ဒတွေ ပြကြဘာလုပ်ကြနဲ့ ဒီမှာတော့ ရုတ်တရက်ကြီး နှစ်ဆတက်လိုက်တာ ဆိုတော့ဗျာ တော်တော်ခက်ပါတယ်" ဟု အာရှတော်ဝင် ဆေးရုံမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောကြားခဲ့သည်။
ဓာတ်အားနှုန်းများကို အဆင့်ဆင့် တိုးမြှင့်ကောက်ခံရာတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးသုံးအတွက် တစ်ယူနစ်လျှင် ကျပ် ၅၀ သို့ အသီးသီး တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်သို့ အသီးသီး ထပ်မံတိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင်း တစ်နေရာအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်
ယခင်က တိုးမြှင့်ရာတွင် တစ်ယူနစ် မည်မျှအရှုံးပေါ်သည့်အတွက် တိုးမြှင့်ရခြင်းကို တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင်အသိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ စတင်ကောက်ခံမည့်နေ့ မရောက်မီ နှစ်ရက်အလို၌သာ ကြိုတင်အသိပေးခြင်း၊ တိကျသည့် တွက်ချက်ပြမှု မရှိခြင်း၊ အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီကြီးများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းလွှဲပြောင်းပြီး မကြာမီ ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများထံမှ နိုင်ငံတော် အနေဖြင့် ဓာတ်အားပြန်လည် ၀ယ်ယူရာတွင် လည်းကောင်း မည်သည့်ဈေးဖြင့်ပေးကာ ၀ယ်ယူရသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှု မရှိခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ ပိုမိုအကျိုးရှိစေခြင်း၊ အများပြည်သူ၏ ၀င်ငွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိမီ ပြည်သူလူထု၏ လူနေမှုစရိတ် မြင့်တက်အောင် ဆောင်ရွက်လိုက်ခြင်း များကြောင့်လည်း လူအများမှ ဝေဖန်ထောက်ပြလာခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင် ကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်တည်းမှ ရယူထားခဲ့ ကြသည်။
အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီ တစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူး ခွင့်ရရှိပြီး မြို့နယ်အများဆုံးကို လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီဖြစ်သည်။
ထို့ပြင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခွင့် ပြုခဲ့ပြီး BKB ကုမ္ပဏီ၊ Toyo-Thai ကုမ္ပဏီ၊ UPP Holding၊ မြန်မာဗဟိုစွမ်းအား၊ Myanmar Power Pte.,Ltd တို့ အပါအ၀င် ကုမ္ပဏီများစွာကို လုပ်ကိုင်ခွင့်ပြုခြင်း၊ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်းများ ရှိသည်ဟု သိရသည်။
| ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် 
သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ 
ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့ ရှင်းပြသင့်ပါတယ် . . . . . | 
အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ) မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြန်လည်ဝယ်ရာတွင် တစ်ယူနစ်လျှင် ၇၀ ကျပ်အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန် အတွက်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘောတူ စာချုပ်ခဲ့ခြင်းဖြစ်သည်။
၁၂၀ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိသည့် အလုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ် ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိ တစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ၁၃၀ ကျပ်နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ၁၃၀ ကျပ်နီးပါး ကျသင့်ပြီး ယခုသဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ၁၂၀ ကျပ်အထိ ပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့် ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ်ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်မည်ဖြစ်သည်။
အရှုံးခံ၍ မည်သည့်ပုဂ္ဂလိက ကုမ္ပဏီမှ စေတနာသက်သက် လုပ်ပေးမည် မဟုတ်ပဲ ဖော်ပြပါ ဈေးနှုန်းများသည် ၎င်းတို့ အမြတ်အစွန်းအတွက် ထည့်တွက်ပြီး ဈေးနှုန်းများဖြစ်ရာ နောက်ဆုံးတွင် ပုဂ္ဂလိက ကုမ္ပဏီများသာ အကျိုးအမြတ်ရှိမည့် အနေအထား ဖြစ်နေကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ အများစုနှင့် စာချုပ်ချုပ်ဆို လွှဲပြောင်းပြီးမှ ယခုကဲ့သို့ အများပြည်သူထံမှ ဓာတ်အားခ တိုးကောက်ရန် စီစဉ်ခြင်းမှာလည်း ၀န်ကြီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများ လိုချင်သည့် ဈေးအတိုင်း ပေးချေနိုင်ရန် တိုးကောက်သည့်သဘော ဖြစ်နေသည်။
ပုဂ္ဂလိက ကုမ္ပဏီများ ရှုံးမရှုံး တွက်ချက်ကြည့်ပါက ဥပမာအားဖြင့် အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) လုပ်ကိုင်ခွင့် ရထားသည့် သောက်ရေခပ် စီမံကိန်းမှ ကုမ္ပဏီက အစိုးရသို့ ပြန်ရောင်းရာတွင် ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွက်ပင် ကုမ္ပဏီမှ ကျပ်ဘီလျံ ၃၀ အထိ ရမည်ဖြစ်ပြီး ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၂၃၀ ဘီလျံသာ ရှိကြောင်း၊ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားသည့်အတွက် ၁၀ နှစ် မပြည့်မီ အချိန်၌ပင် အမြတ်အစွန်း ပမာဏ ကြီးမားစွာ စတင်ရရှိနိုင်သည့် အခြေအနေ ရှိသည်။
အများပြည်သူ ဘဏ္ဍာငွေအား ခွဲဝေသုံးစွဲမှုပိုင်းကို ပြန်ကြည့်လျှင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့သည့် စီမံကိန်းပေါင်း များစွာထဲမှ ရဲနွယ်၊ ဆည်တော်ကြီး၊ ရဲရွာ၊ ရွှေကျင် အပါအ၀င် စီမံကိန်း ၁၄ ခုထဲ အတွက်ပင် ကျပ်သန်းပေါင်း ၄၂၇၈၇၂ ကျော်နှင့် အမေရိကန်ဒေါ်လာ ၈၂၂ သန်းကျော်အထိ အသုံးပြု တည်ဆောက်ခဲ့ကြသည်အထိ ဘဏ္ဍာငွေ အမြောက်အများကို သုံးစွဲခဲ့သည့် ၀န်ကြီးဌာန ဖြစ်သည်။
အများပြည်သူ ဘဏ္ဍာငွေများစွာ အသုံးပြုကာ စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး ရရှိမှု တည်ငြိမ်သင့်သလောက် တည်ငြိမ်မှု မရှိပဲ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
ထို့ထက်ပို၍ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုပေးထားသည့် ဘတ်ဂျက်မလောက်၍ အပိုဆောင်း ထပ်တောင်းခံသည့် ၀န်ကြီးဌာန များထဲတွင် ကျပ် ၂၀၄ ဒသမ ၅၅၀ ဘီလျံဖြင့် ဒုတိယ အများဆုံး ထပ်မံတောင်းခံသည့် ၀န်ကြီးဌာနတစ်ခု ဖြစ်နေပြန်သည်။
အများပြည်သူ ၀င်ငွေနှင့် ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများကို ပြန်ကြည့်လျှင် ယခင်အတိုင်းပင် ရုန်းကန်နေရဆဲ အခြေအနေ၌ပင် ရှိနေပြီး ပြည်သူအများစု၏ ၀င်ငွေမှာလည်း သိသာစွာ တိုးတက်လာခြင်း မရှိသည့် အနေအထားဖြစ်သည်။
ရန်ကုန်မြို့တွင်း လမ်းဘေးတစ်နေရာတွင် တောင်းရမ်းနေသည့် အဘွားအို တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရွှေယမုံ ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးထွန်းအေးကလည်း "နိုင်ငံတကာမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲတွေ့ရင် တိုင်းပြည်စီးပွားရေးလဲ အခက်အခဲ တွေ့တာပဲ။ အခုလို တိုးလိုက်တဲ့အတွက် မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ အထူးသဖြင့် ကျွန်တော်တို့လို အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်ရတာ ပိုခက်သွားမယ်။ ဒီမှာလျှပ်စစ်ဓာတ်အားခ တိုးလိုက်လို့ ပြည်ပဈေးကွက်မှာ သွားပြီးဈေးတိုးတောင်းလို့ မရဘူး။ ဒီတော့ ခေတ်ကာလ ကုန်ကျစရိတ်နဲ့ လျော်ညီအောင် အလုပ်သမားတွေကို လခတိုးပေးဖို့ထက် အခုမီတာခ အတွက်ကိုပဲ အာရုံပိုစိုက်ရမယ့်သဘော ဖြစ်နေတယ်။ ကျွန်တော့် စက်ရုံက တစ်လကို ယူနစ် ၂၇၀၀၀၀ လောက် အသုံးပြုတယ်။ ကျပ်သိန်းရာနဲ့ချီပြီး ပိုကုန်ကျတော့မယ်။ ပြင်ဆင်ချိန်ရအောင် ကြိုတင်လည်း အသိပေးသင့် ပါတယ်။ လက်ရှိစီးပွားရေး လုပ်ငန်းတွေကလည်း အရင်ကထက် ပိုကောင်းနေတာ မဟုတ်ဘူး။ တစ်ကယ်လို့ တိုးမယ်ဆိုရင်တောင် ဘယ်ကာလမှာ ဘယ်လောက်တိုးမယ်၊ နောက်ဘယ်လောက်ကြာရင် ဘယ်လောက်တိုးမယ် ဆိုတာကို ကြိုတင်အသိပေး သင့်တယ်။ မြန်မာနိုင်ငံက ရေထွက်ပစ္စည်းပို့တာ ဒေါ်လာသန်း ၆၀၀ ဖိုးလောက်ပဲ ရှိတယ်။ ထိုင်းက ဘီလျံပေါင်းများစွာ ရှိတယ်။ ဗီယက်နမ်လည်း မြန်မာထက် များတာပဲ။ အဲဒီ အနေအထားမှာ ထိုင်းက မီတာခနဲ့တွက်ပြီး တိုးတောင်းတာမျိုး ဆိုရင်တော့ မဖြစ်သင့်ဘူး" ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ ဦးဝင်းကြိုင်က "ဓာတ်အားခ တိုးလိုက်တဲ့အတွက် အများပြည်သူရော လုပ်ငန်းရှင်ရော နှစ်ဖက်စလုံး ဒီဒဏ်ကို ခံစားရမှာ မလွဲမသွေပဲ။ မီတာခတက်ရင် ကုန်ထုတ်စရိတ်တက်ရင် ပို့ကုန်လုပ်ငန်းရှင်က ပြည်ပဈေးကွက်မှာ တစ်ခြားနိုင်ငံနဲ့ မယှဉ်နိုင်တဲ့အတွက် ဈေးကွက်ရှာဖွေရာမှာ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေပဲ နောက်ကျကျန်ခဲ့မယ်။ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေက လက်ရှိပို့ကုန်တွေအတွက် ပြည်ပက လုပ်ငန်းရှင်ဆီမှာ ဈေးတိုးတောင်းလို့ ဘယ်လိုမှ ရစရာ မရှိဘူး။ ပို့ကုန်လုပ်ငန်းရှင်ကတော့ အရှုံးမခံဘူး။ သူအဆင်ပြေအောင် ပြည်ပမှာ ဈေးတိုးတောင်းလို့ မရရင် ပြည်တွင်းက ကုန်ကြမ်းထုတ်တဲ့ သူတွေဆီမှာ ဈေးလျှော့ဝယ်မှာပဲ။ ဒါဆို ကုန်ကြမ်းထုတ်ရောင်းတဲ့ အများပြည်သူပဲ ထပ်ပြီးထိမယ်။ လျှပ်စစ်မီး အချိန်မှန် ရမယ်လို့ အာမခံနိုင်တဲ့အချိန် သင့်တင့်တဲ့ဈေးကိုတိုးတာ အကြောင်းမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေကလည်း ကောင်းလားမေးရင် အရင်အတိုင်းပဲ အများပြည်သူရဲ့ နေ့စဉ်ဝင်ငွေကလည်း တိုးလာတာ မဟုတ်ဘူး။ ဓာတ်အားခ တိုးမယ်ဆိုရင်လည်း ပြင်ဆင်ချိန်ရအောင် အချိန်လုံလောက်စွာနဲ့ အသိပေးသင့်တယ်။ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တယ်လို့ ဆိုတဲ့အတွက် အများပြည်သူကို သေချာချပြပြီးမှ လုပ်သင့်တယ်လို့ ထင်တယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
အခြေခံ လုပ်သားများ ရရှိသည့် ၀င်ငွေနှင့် လူနေမှုစရိတ် ကာမိစေရန် လစာတိုးပေးရေးအတွက် ဆန္ဒပြမှုများ ရှိနေပြီး အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများမှာလည်း သိသာသည့် အထောက်အပံ့များ မရဘဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရဆဲ ဖြစ်သည်။
အိမ်ငှားခမှအစ စားစရိတ်အဆုံး နေမှုစားမှု စရိတ်များ မြင့်တက်နေ၍ အများပြည်သူမှာ ၀င်ငွေဖြင့် ကိုက်ညီစွာ နေနိုင်ရန် ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ လူနေမှုစရိတ် ပိုမိုမြင့်တက် ကုန်ကျစေမည့် ဓာတ်အားခ တိုးမြှင့်ခြင်းမျိုးကို ပြုလုပ်သည့် အတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်လာကြခြင်း ဖြစ်သည်။
"ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ အတော်ကြီး မညှာမတာ လုပ်ရာကျပါတယ်။ ဒီ Impact က အရမ်းကြီးတယ်။ ၂၀၀၇ ခုနှစ်က စက်သုံးဆီဈေး တက်သလို ဖြစ်လာလိမ့်မယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။
လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားချက်များ
"အခုက အိမ်ငှားခတွေကကြီး၊ အခြား အသုံးစရိတ်တွေပါ လိုက်တက်ရင် ပြည်သူ့ဘ၀က မချောင်လည်ဘူး။ အခုက ပြောင်းလဲတယ်လို့ပြောတာ ဒုံရင်းက ဒုံရင်းပဲ။ ဘာမှလည်း ဟုတ်တိပတ်တိ ဖြစ်မလာဘူး။ စားဝတ်နေရေးပိုင်း၊ ၀င်ငွေပိုင်း၊ တိုးတက်မှု မရှိတဲ့အပြင် ပိုကျပ်လာသလိုပဲ။ ဒီလိုပုံစံကြီးနဲ့ ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာ တွေးတိုင်း ရင်မောနေတယ်။ အပြင်က ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း ဒီမိုကရေစီစစ်စစ် အစိုးရ မဟုတ်ရင် မလာဘူး။ ပေါ်လစီက အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လာချင်မလဲ။ လာပြီး ဖျာခင်းထားတာလောက်ပဲ ရှိတယ်။ အဲဒါ ပကတိ အခြေအနေပဲ။ ဒါကို ဖုံးကွယ် မထားပါနဲ့။ ကြီးကြီးကျယ်ကျယ် တိုင်းပြည်ပြောင်းလဲ ချင်တယ်ဆိုရင် အရင်လူတွေ စိတ်လျှော့လိုက်ပါတော့။ လွတ်လပ်ခွင့် ပေးပါတော့။ နှစ်ငါးဆယ်လုံး ခံစားနေရတဲ့ ပြည်သူတွေကို သနားသောအားဖြင့် ကြိုးဖြေပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်"
စာရေးဆရာကောင်းသန့်
"သတင်းစာထဲမှာ ပါလာတဲ့ မီတာခ တိုးကောက်တဲ့ သတင်းက စိတ်ညစ်စရာပါ။ ကျွန်မတို့နိုင်ငံက အိမ်နီးချင်း နိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတွေ ထုတ်ရောင်းတာလည်း တစ်နိုင်ငံလုံး အသိပါ။ အခုလို နိုင်ငံခြားကို လျှပ်စစ်ထုတ်ရောင်းပြီး နိုင်ငံတွင်းမှာ မီတာခ တိုးကောက်တာက မဖြစ်သင့်ပါဘူး။ လျော့မကောက်ရင်တောင် မီတာခကို တိုးမကောက်သင့်ပါဘူး။ မီတာခသာ တိုးကောက်တယ် မီးက ရန်ကုန်တစ်မြို့လုံး ၂၄ နာရီ မီးအပြည့် မလာတဲ့ နေရာတွေ အများကြီး ရှိတယ်။ အခု ဆိုရန်ကုန်မှာ နေထိုင်စားသောက် စရိတ်က အဘက်ဘက် မြင့်တက်နေတယ်။ အဆောင်ခဆိုလည်း မနှစ်ကထက် နှစ်သောင်းလောက် တိုးလာတယ်။ အခုရတဲ့ လစာထဲက အိမ်ပြန်ပို့ရတဲ့ငွေ ပိုပြီးနည်းလာဖို့ပဲ ရှိတယ်"
မမာလာ (ကုမ္ပဏီဝန်ထမ်း)
"ကျွန်တော်တို့ ပြည်သူတွေကတော့ ဖောင်စီးရင်း ရေငတ်နေတာပါဗျာ။ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မပေးနိုင်သေးဘဲ မီတာခကို ဈေးနှုန်းမြှင့်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အိမ်ဆို တစ်လ မီတာဆောင်ရတာ ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားမှာ ရှိတယ်။ အိမ်မှာက အ၀တ်လျှော်စက် သုံးတယ်။ အဲကွန်းသုံးတယ်။ ရေခဲသေတ္တာ သုံးတယ်။ ထမင်းချက်တယ်။ ခုလိုမျိုးတိုးတော့ အရင်ကလို သုံးလို့မဖြစ်တော့ဘူး။ ချွေတာရမှ ဖြစ်တော့မယ်။ တစ်လကို ဘယ်လိုသုံးသုံး ယူနစ်တစ်ရာတော့ အသာလေး ကျော်တယ်။ မကျော်ချင်ရင်တော့ မိန်းချထားမှပဲ ရမယ်"
ကိုမင်းမင်းဦး (မင်္ဂလာတောင်ညွှန့်)
"အိမ်ငှား စရိတ်တွေ တအားတက်လာတဲ့ အချိန်မှာ ငှားပြီးဖွင့်ရတဲ့ လုပ်ငန်းတွေက ဒုက္ခရောက်ပြီ။ အစ်မတို့က အခု ရုံးခန်းလေးတောင် တစ်လကို တစ်သိန်းကျော် မီတာဆောင်ရတယ်။ စက်ရုံ အလုပ်ရုံ အတွက်ဆိုရင်တော့ တစ်မျိုးပေါ့။ ဆိုင်းဘုတ်မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး လုပ်ငန်းသုံးလို့ ကောက်တာကတော့ ဘာစီးပွားရေးမှ လုပ်ကိုင်စားလို့ မရဘဲနဲ့ လူတွေအကုန်လုံး ၀န်ထမ်းပဲ လုပ်ကြ၊ ကိုယ်ပိုင်လုပ်ငန်း ထောင်မစားနဲ့လို့ ပြောတာနဲ့ တူနေသလိုပဲ။ လုပ်ငန်းသုံး မီတာကို စက်မှုဇုန်တွေမှာ ကောက်တာကို မပြောလိုပါဘူး။ ဆိုင်းဘုတ်ထောင်တာ မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး ကောက်တာကတော့ လွန်ပါတယ်။ လူတိုင်းကတော့ ဆိုင်းဘုတ်ကလေးတော့ တင်ချင်ကြတာပဲ။ အဲလိုလေး တင်မိတာနဲ့ကို စီးပွားရေးလုပ်ငန်းသုံးထဲ ပို့မယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဗေဒင်ဆရာတောင်မှ စီးပွားရေး လုပ်ငန်းသုံးဆိုပြီးကောက်ရင် ဘယ်လိုလုပ်တော့မလဲ။ ဆိုင်းဘုတ်ထောင်လိုက်တာနဲ့ ရုံးဖြစ်သွားလို့ လုပ်ငန်းသုံးနဲ့ ပေးရမယ် ဆိုတာကြီးက လုံးဝအဓိပ္ပါယ်မှ မရှိတာ။ ရုံးသေးသေးလေးတွေကအစ စီးပွားရေးမီတာ လိုက်ကောက်တာတော့ အဓိပ္ပာယ် မရှိပါဘူး"
မနွေ (တောင်ဥက္ကလာပမြို့နယ်)
"လျှပ်စစ်မီးဈေးနှုန်း သက်သက်သာသာနဲ့ မရရင် ဘယ်တော့မှ စက်ရုံအလုပ်ရုံတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လျှပ်စစ်မီးကို ၂၅ ကျပ်နဲ့ ပေးတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ နေ့ရွှေ့ညရွှေ့နဲ့ ပျောက်သွားတာပါပဲ။ နောက်နှစ်ဆို ပေးမယ်ဆိုတဲ့ စကားတွေက ရိုးသွားပြီ။ နောက်နှစ်တွေများ ကုန်ပြီ။ တကယ်တော့ ပြည်သူတွေဟာ မျှော်လင့်ချက် ကြီးစွာနဲ့ အောင့်အီးသည်းခံပြီး တာဝန်ရှိသူတွေ လုပ်သမျှကို ခါးစည်းခံစား နေကြရတာ ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်တိုးတက် စေချင်ရင် တကယ်လုပ်ဖို့ လိုတယ်။ အပြောနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရမယ်။ လျှပ်စစ်မီးကိုသာ ကောင်းကောင်းလုပ် မပေးနိုင်ရင် ရခိုင်ပြည်နယ်ဟာ အခုထက် ဆင်းရဲတွင်း နက်နေဦးမယ်လို့ မြင်ပါတယ်"
ဦးသိန်းထွန်း (စီးပွားရေး လုပ်ငန်းရှင်၊ စစ်တွေ)
"တစ်လကုန်တိုင်း ကုန်ကျမယ့် အိမ်လခ စရိတ်တွေက များပြားရတဲ့အထဲ မီတာခက ထပ်ပြီးတော့ တိုးကောက်အုံးမယ်၊ မီတာခတွေက ထပ်ပြီးရင်း ထပ်ပြီးရင်း တက်နေတာတော့ ကုန်ကျစရိတ်တွေမှာ ပိုပြီးအကြပ်အတည်း တွေ့ပြီပေါ့၊ တစ်ခါတလေ ပိုပြီးကောက်တာမျိုးလည်း ရှိတယ်၊ တစ်ရာယူနစ်ကျော်ရင် ငါးဆယ်ဖြစ်ပြီ၊ မီတာခတွေ တိုးကောက်တာမျိုးကတော့ လွန်တာပေါ့။ ကျပ်တည်းနေတဲ့ မိသားစုတွေဆို ပိုဆိုးတာပေါ့"
ဒေါ်ပွင့်မော် (ဒေါပုံမြို့နယ်)
"အိမ်ခြံမြေဈေး၊ အိမ်လခတွေ၊ မီတာခတွေသာ တက်လာတယ်၊ ကျွန်တော်တို့ ၀န်ထမ်းလစာက တက်လာတာ မရှိဘူး။ ဒီကြားထဲ ဘာရီရ စရိတ်တွေပါ တက်လာတော့ ဘယ်လိုမှ ပိုလျှံလောက်ငဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု မီတာခက ယူနစ်တစ်ရာကျော်တာနဲ့ တစ်ယူနစ်ကို ကျပ် ၅၀ တောင် ပေးရတော့မှာ။ ယူနစ်တစ်ရာ ဆိုတာက အိမ်တစ်အိမ် အတွက်တော့ ဘယ်လိုပဲ လျှပ်စစ်မီး ခြွေခြွေတာတာသုံးသုံး ကျလောက်တဲ့ ယူနစ်အနေအထားပါ။ အရင်ထဲက မီတာခက သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါးလောက် ကျတာ၊ ဒီလောက် ငွေက ပိုက်ဆံရှိတဲ့ လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ငွေ ဖြစ်ပေမယ့် ကျွန်တော်တို့လို အခြေခံဝန်ထမ်း မိသားစုများအတွက်တော့ မဖြစ်နိုင်တဲ့ ငွေပမာဏပါ"
ဦးခင်ကြိုင် (သာကေတ)
"အခုပြောတာ စီးပွားရေး လုပ်ငန်းတွေကို ပိုတိုးကောက်တဲ့ သဘောပေါ့။ တိုးကောက်တော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် တက်လာမယ်။ တက်လာတော့ သူ့ပစ္စည်းလည်း ဈေးတက်လာမှာပေါ့။ ဒါလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူကို ထိမှာပဲလေ။ ဥပမာ အထည်ချုပ်စက်ရုံ ဆိုပါတော့ အထည်ချုပ် လုပ်သမလေးတွေရဲ့ ၀င်ငွေက တစ်လမှ ၇၀၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တက်ရင် ၀န်ထမ်းလစာ မတိုးနိုင်ဘူး။ ဒါလည်း ပြည်သူဆီက သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ယူသွားတာပါပဲ"
အထည်ချုပ် လုပ်ငန်းရှင်တစ်ဦး
"စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကြပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေကလည်း မလောက်ငဘူး။ သွားလာရတဲ့ ခရီးစရိတ်နဲ့တင် လစာကထက်ဝက် ကျိုးနေတာ အခုတော့ မီတာခကပါ ထပ်ပြီးတက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့။ ကုန်ကျမယ့် စရိတ်တွေကသာ ပိုပြီးများလာတယ်၊ ပိုပြီးလျော့သွားတယ် ဆိုတာမျိုးတော့ မရှိပါဘူး"
မသူဇာ (ကုမ္ပဏီဝန်ထမ်းတစ်ဦး)
"မီတာခ တိုးကောက်တာ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဘာမှမပြောလောက်ပါဘူး။ ဒါပေမဲ့ လူအများအတွက်ကို ကြည့်ပြီးတော့မှ မီတာခ တက်တာကို လုပ်ဆောင်သင့်ပါတယ်။ အခုက တိုက်ခန်းငှားတဲ့ ဈေးနှုန်းတွေတက်တဲ့ ဒုက္ခတွေကို ပြည်သူတွေ ခံစားနေရတဲ့အပြင် အခုမီတာခပါ တက်တယ်ဆိုတော့ တိုက်ခန်းငှားခတောင် တစ်လတစ်လ အနိုင်နိုင် စုနေရတဲ့သူတွေ အဖို့တော့ ရင်လေးစရာပါပဲ။ နောက်ပိုင်းကျရင် ရန်ကုန်ကိုတက်ပြီး တက်လမ်းရှာမယ့် အခြေခံ လူတန်းစား လူငယ်တွေအဖို့ မလာရဲလောက်အောင် ဖြစ်သွားပါမယ်"
ကိုညီနိုင်(ဗဟန်းမြို့နယ်)
"အစိုးရက အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်သာကိုင်သာရှိဖို့ ထောက်ပံ့ရမယ့်အစား အခုလိုတွေ လုပ်တာက ရေနစ်သူ ၀ါးကူထိုးသလိုပဲ။ ကောင်းမွန်ပြီး မှန်ကန်တဲ့ မူဝါဒတွေ မချဘဲ ဆေးမြီးတိုနဲ့ ကုတာမျိုးကတော့ မကောင်းပါဘူး။ ထစ်ကနဲဆို ပြည်သူဆီက တိုးယူတာကြီးက ပြင်သင့်ပါပြီ။ အစိုးရက အရှုံးပေါ်လို့ ပုဂ္ဂလိကကိုလွှဲမှ ပိုဆိုးလာရင် ပြည်သူတွေပဲ ပိုကျပ်တည်းမှာပါ။ ရေမီးဆိုတာ တကယ့်အခြေခံ လိုအပ်ချက်တွေပါ"
ကိုမောင်မောင်မြင့် (ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူ)
ABSDF ရဲ့ ရိုဟင်ဂျာရေးရာ သုတေသန စာတန်း (၁၉၉၂)
"မွတ်စလင်တွေက
 မြန်မာပြည်မှာ လူနည်းစုဖြစ်နေလို့ စိုးရိမ်မှု ရှိနေသလို 
ဗုဒ္ဓဘာသာဝင်တွေဟာလည်း ကမ္ဘာမှာ လူနည်းစု ဖြစ်နေတဲ့အတွက်ကြောင့် 
စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေနိုင်တယ်ဆိုတာ နားလည်ပေးဖို့ လိုပါတယ်"
 ဒေါ်အောင်ဆန်းစုကြည် (25-10-2013) (The Royal Military Academy Sandhurt- Press conference)
 by - အဘ ဥက္ကာကိုကိုhttp://www.netipr.org/policy/downloads/19920607-Rohingya-Crisis-by-ABSDF.pdf
ABSDF ရဲ့ ရိုဟင်ဂျာရေးရာ သုတေသန စာတန်း (၁၉၉၂)
 http://www.netipr.org/policy/
DASSK and BBC Interview
http://www.youtube.com/v/3qnVFM9niKU?autohide=1&version=3&showinfo=1&attribution_tag=s_YzXcagRj3NU7fBGGUX0A&autohide=1&feature=share&autoplay=1
World Bank နဲ့ IFC အစီရင်ခံစာမှာ မြန်မာ ပါဝင်
World
 Bank ကမ္ဘာ့ဘဏ်နဲ့ IFC အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ 
ပူးပေါင်း ထုတ်ပြန်တဲ့ Doing Business အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ 
စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ပထမဆုံးအကြိမ်အဖြစ် 
ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
 မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်း 
ဆောင်ရွက်မှုတွေအတွက် ကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတွေ ပေါ်ပေါက်လာစေဖို့ 
ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာ ဖြစ်ပြီး 
အခုအခါ ဒီပြောင်းလဲမှုတွေကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ 
လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
 စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို 
ဖန်တီးပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးမယ့် 
စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက 
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး 
ကော်ပိုရေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ Charles 
Shneider က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို 
ဒီအစီရင်ခံစာမှာ အခုလို လေ့လာဖော်ပြခဲ့တာဟာ မြန်မာနိုင်ငံ စီးပွားရေး 
ကဏ္ဍအတွက် ခြေလှမ်းတစ်ရပ်လို့ ဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း 
အစီရင်ခံစာပါ တခြား တိုင်းပြည်တွေရဲ့ စည်းမျဉ်းဥပဒေတွေကို လေ့လာ 
နမူနာယူနိုင်မှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေး 
တာဝန်ခံ ဦးကျော်စိုးလင်းက ဘီဘီစီကို ပြောပါတယ်။
 ကမ္ဘာပေါ်မှာ ဒေသခံ 
စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းဆောင်ရွက်ဖို့ အကောင်းဆုံး နိုင်ငံဟာ 
စင်္ကာပူနိုင်ငံ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
World
 Bank ကမ္ဘာ့ဘဏ်နဲ့ IFC အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့ 
ပူးပေါင်း ထုတ်ပြန်တဲ့ Doing Business အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ 
စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ပထမဆုံးအကြိမ်အဖြစ် 
ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေအတွက် ကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတွေ ပေါ်ပေါက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာ ဖြစ်ပြီး အခုအခါ ဒီပြောင်းလဲမှုတွေကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးမယ့် စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ Charles Shneider က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ဒီအစီရင်ခံစာမှာ အခုလို လေ့လာဖော်ပြခဲ့တာဟာ မြန်မာနိုင်ငံ စီးပွားရေး ကဏ္ဍအတွက် ခြေလှမ်းတစ်ရပ်လို့ ဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အစီရင်ခံစာပါ တခြား တိုင်းပြည်တွေရဲ့ စည်းမျဉ်းဥပဒေတွေကို လေ့လာ နမူနာယူနိုင်မှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းက ဘီဘီစီကို ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းဆောင်ရွက်ဖို့ အကောင်းဆုံး နိုင်ငံဟာ စင်္ကာပူနိုင်ငံ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေအတွက် ကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတွေ ပေါ်ပေါက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာ ဖြစ်ပြီး အခုအခါ ဒီပြောင်းလဲမှုတွေကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတယ်လို့ အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ဖန်တီးပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ဖော်ဆောင်ပေးမယ့် စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ Charles Shneider က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို ဒီအစီရင်ခံစာမှာ အခုလို လေ့လာဖော်ပြခဲ့တာဟာ မြန်မာနိုင်ငံ စီးပွားရေး ကဏ္ဍအတွက် ခြေလှမ်းတစ်ရပ်လို့ ဆိုနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အစီရင်ခံစာပါ တခြား တိုင်းပြည်တွေရဲ့ စည်းမျဉ်းဥပဒေတွေကို လေ့လာ နမူနာယူနိုင်မှာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုးလင်းက ဘီဘီစီကို ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တွေ လုပ်ငန်းဆောင်ရွက်ဖို့ အကောင်းဆုံး နိုင်ငံဟာ စင်္ကာပူနိုင်ငံ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
င်္မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက်ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း Francis ပြောကြား
 ဥရောပ ခရီးစဉ်အတွင်း ဗာတီကန်နိုင်ငံသို့ ရောက်ရှိနေသော 
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း ဖရန်စစ်က 
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ဘာသာရေး 
စေ့စပ်ဆွေးနွေး ညှိနှိုင်းပွဲ ပြုလုပ်သင့်သည်ဟု ယူဆကြောင်း 
ပြောကြားခဲ့သည်။''ပုပ်ရဟန်းမင်း
 Eleven MediaGroup
ဥရောပ ခရီးစဉ်အတွင်း ဗာတီကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း ဖရန်စစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ဘာသာရေး စေ့စပ်ဆွေးနွေး ညှိနှိုင်းပွဲ ပြုလုပ်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။''ပုပ်ရဟန်းမင်း
Eleven MediaGroup
Subscribe to:
Comments (Atom)