Saturday, October 5, 2013

*အကယ်၍ ..လို့ ဆိုလာတဲ့ .....

မ.က.ဒ.တ သည် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးမှဆင်းသက်ပေါက်ဖွါးလာခဲ့သော အစဉ်လာကြီးမားသည့် လက်နက်ကိုင် တော်လှန်သော အဖွဲ့ အစည်းဖြစ်သည်။

ထို အစဉ်လာကြီးမားခဲ့သော မ.က.ဒ.တ သည်  ၂၅နှစ်တာ ကာလ ကြာ  တိုင်းပြည်နှင့်လူမျိုး အကျိုး အတွက် အသက်၊ သွေး၊ ချွေး တွေ ပေးဆပ့်ကာ၊ ဘဝတွေနှင့်ရင်းကာ ကျနော်တို့  သက်သေထူခဲ့ကြပြီးဖြစ်သည်။

မွန်မြတ် သော တပ့်ဦးအဖွဲ့ အစည်း အဖြစ် ကျနော်တို့ ခေတ် သမိုင်းတွင်မော်ကွန်း တွင်းခဲ့ပြီးသော မ.က.ဒ.တ တွင်ပါဝင်ကာ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲဘော်/ရဲမေများ၊ ချစ်ခင်လေးစား ပံ့ပိုး ဝန်းရံ ခဲ့ကြ သူများ ၊ အားလုံးကို ဂုဏ်ယူလေးစားဦးညွတ်ပါ၏၊။ 

ကျနော်တို့ သည် သာမန်လူသာများ ဖြစ်ကြသည့်လျှောက် အများအကျိုးအတွက် ကိုယ်ကျိုးစွန့် ကာအမှန်တရားကိုရှာဖွေလုပ့်ကိုင်နေကြရင်း နှင့် အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ၊ အဖြစ်အပျက်အကြောင်းအရာ တွေအပေါ်တွင် လွဲမှားစွာနှင့် အမှန်ဟုထင်ကာလုပ့်ခဲ့မိကြသော အမှားများရှိနိုင်ခဲ့ကြပေမည်။ လုပ့်ခဲ့မိ ကြပေလိမ့်မည်။


လူတိုင်းလူတိုင်းဟာ၊ ကောင်းတာ၊ မကောင်းတာ ဘာတွေဘဲ့လုပ့်ခဲ့ကြ ၊လုပ့်ခဲ့ကြ ကိုယ်လုပ့်ခဲ့ကြသမျှတွေအပေါ်၊အကျိုးသက်ရောက်မှုကို  ပြန်ပြီ ခံစား၊ စံစားကြရမှာ ဖြစ်ပါတယ်။
ကိုယ်စိုက်ခဲ့ကြသမျှ၊ ကိုယ်ဘဲ့ပြန်ရိတ်သိမ်းကြရမှာဖြစ်ပါတယ်။

၂၅နှစ်တာကာလတခုကို  ဖြတ်သန်း လာခဲ့ကြရပြီးတဲ့နောက်ဖြစ်ခဲ့ကြပြီးသော အတိတ်က ဖြစ်ရပ့်များကို 
မှားသည် ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ နောင်တချိန်ချိန်တွင် သင်ခန်းစာများ ထုတ်ယူနိုင်ကြရန်အတွက်၊ သမိုင်းမှန်တခုအဖြစ် မ.က.ဒ.တ အဖွဲ့ မှ ဖြစ်စေ၊ ရဟန်းရှင်လူတို့ လေးစား နိုင်လောက်တဲ့ လူ ပုဂ္ဂိုလ် များ ကဖြစ်စေအဂတိတရားတွေနှင့် ကင်းလွတ်စေကာ မှတ်တမ်းတင်ထားနိုင်ကြရပေမည်။
ကျနော့်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်ကနေ မှတ်တမ်းတင်ထားပေးခြင်းသာဖြစ်ပါတယ်။

သမိုင်းအစဉ်လာကြီးမားတဲ့၊ မ.က.ဒ.တ ဂုဏ်ရောင် အစဉ်ထာဝရ ထွန်းလင်းနိုင်ပါစေလို့ ဆန္တမွန်ပြုရင်း...။
ဘလောဂါ


 *အကယ်၍ ..
ABSDF - NB မကဒတမြောက်ပိုင်းကျောင်းသားတပ်မတော်မှာ ၁၉၉၁ - ၁၉၉၂ ခုနှစ်ကာလက

ကျောင်းသားအချင်းချင်း ၇က်၇က်စက်စက် စွပ်စွဲသတ်ဖြတ်မှု့တွေ မ၇ှိခဲ့ဘူးဆို၇င်..။


*အကယ်၍ ..

ABSDF မကဒတ ကျောင်းသားတပ်မတော်ဟာ နှစ်ပေါင်းများစွာကြာအောင်

လူမျိုးစုတော်လှန်ေ၇းသမားများနယ်မြေမှာ ခိုကိုးမနေဘဲ

မိမိခြေထောက်ပေါ်မိမိ၇ပ်တည်ပြီး ကိုယ်ပိုင်နယ်မြေလေးတခုထောင်နိုင်တဲ့ အစွမ်းအစလေးများ၇ှိခဲ့၇င် ..။


*အကယ်၍ ..

လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျောင်းသားသတ်ဖြတ်မှု့သမိုင်းကို

ယနေ့အချိန်မှာ မတ၇ားစွပ်စွဲသတ်ဖြတ်ခဲ့တာ မှားခဲ့ပါကြောင်း သိက္ခာ၇ှိ၇ှိ တ၇ားဝင် ပြောကြားခဲ့ပါလျှင် ..။


*အကယ်၍ ..

မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ေ၇ာက်လာစဉ်က သွေးစည်းပြီ သီချင်းနဲ့

ခေတ်အဆက်ဆက် ကျဆုံးခဲ့သူများ၇ဲ့ အသက်သွေးကို အဖျော်ယမကာလို

သောက်သုံးပျော်ပါးပြီး ဦးအောင်မင်းနှင့်လက်ခြင်းချိတ် အောင်ပွဲခံခြင်းမ၇ှိခဲ့ဘူးဆိုလျှင် ..။



ဦးအောင်မင်းနှင့် မကဒတ ဥက္ကဌသံခဲ ။


*အကယ်၍ ..

စစ်ယူနီဖောင်းချွတ် များပေးကမ်းတဲ့ ကားပါမစ်တွေကို ကျနော်တို့လက်မခံနိုင်ပါဘူး ..

ကျနော်တို့တိုင်းပြည်နဲ့လူမျိုးအတွက်မိမိကိုယ်ကျိုးစွန့်ပြီးလုပ်ကြသူတွေပါ ..

ဆင်း၇ဲသော အခြေခံကြသောပြည်သူများနဲ့တတန်းစားထဲ ၇ှင်သန်၇ပ်တည်လျှက်ပါ ..

ခွပ်ဒေါင်းအောင်လံလွှင့်ပြီး အောင်မြင်မှု့နဲ့ မပြန်လာနိုင်သေးပေမဲ့

တော်လှန်ေ၇းကြီးမပြီးဆုံးသေးတဲ့အတွက် အခွင့်ထူး မခံစားလိုပါဘူး လို့ 

လက်မထောင် ၇င်ကော့ပြီးများဖြေဆို ငြင်းဆန်ခဲ့၇င် ..။



*အကယ်၍ ..

ABSDF အဖွဲ့မှ NGO ပိုက်ဆံငွေကြေးယူပြီး မြန်မာနိုင်ငံအတွင်း 

ရုံးများဖွင့်လှစ်ပြီး အကြောင်းပြ ဂွင်၇ှာဖို့အစီအစဉ်တွေ စည်းဝေးတိုင်ပင် ညှိနှိုင်းမှု့မျိုးများ

မပြုလုပ်ခဲ့ဘူးဆိုပါလျှင် ..။

*အကယ်၍ ..

*အကယ်၍ ..

*အကယ်၍ .. စသဖြင့်ပေါ့ဗျာ ..

ဒါမျိုးတွေ မင်းတို့မလုပ်ခဲ့ကြဘူး .. မဖြစ်ခဲ့ကြဘူး .. ဆို၇င်

မကဒတကျောင်းသားတပ်မတော်ကြီးေ၇ ..

မင်းတို့သမိုင်းကြောင်း ခုလို သမိုင်းဆိုး သမိုင်းယုတ်နဲ့

အပုပ်နံ့တထောင်းထောင်းနဲ့မြောင်းပုပ်ထဲေ၇ာက်မှာမဟုတ်ဘူး...။

မင်းတို့သမိုင်းကြောင်း ခုလို သမိုင်းဆိုး သမိုင်းယုတ်နဲ့

အပုပ်နံ့တထောင်းထောင်းနဲ့မြောင်းပုပ်ထဲေ၇ာက်မှာမဟုတ်ဘူးကွ။


အခုတော့ အခုတော့ ..

တောတွင်းမှာလည်း နှစ်ပေါင်း များစွာ လူမျိုးစု နယ်မြေကိုအားကိုး ၇ပ်တည် ..

မြို့တွင်းဝင်ပြန်တော့ NGO ငွေနဲ့၇ပ်တည်လိုသူများဖြစ်ပြန် ..

NGO ၇ဲ့ နောက်ကွယ်အဓိက ဒေါက်တာနိုင်အောင်၇ဲ့လောင်း၇ိပ်အောက်က ခုထိ

မ၇ုန်းထွက်ဘဲ ကိုယ်ကျိုးကြည့်နေကြသူများ ..

တိုင်းပြည်နဲ့ပြည်သူအတွက်လို့ ပါးစပ်က တကြော်ကြော်အော်ဟစ်ပြီး

အပြောနဲ့အလုပ်နဲ့လက်တွေ့မှာတခြားဆီ ..

လက်တွေ့မှာတော့ တိုင်းပြည်ကိုမကယ်တင်နိုင်ဘဲ သူတောင်းစားသာသာ ကမ္ဘာလှည့် ငွေကောက်ခံ .. 

အကြောင်းကတော့ ..

ကျောင်းသားတပ်မတော်ကြီးကို၇ပ်တည်ဖို့..တဲ့ ။

ခုပြည်တွင်းဝင်တော့ ကားပါမစ်တွေယူ .. NGO ငွေ နဲ့ ကြီးပွားဖို့ကြံ ..

ဒါလားဟဲ့ အဘတို့ ..

ဒီလိုစိတ်ဓါတ်မျိုးတွေနဲ့ တော်လှန်ေ၇းလုပ်လို့ မအောင်မြင်တာ ..

ပေးဆပ်ခဲ့ကြတဲ့ အသက်သွေးတွေကို ၇င်တွင်းမပါ စကားဗလာ ..

စကားတတ်တိုင်း စကားကြီးကြီးပြော..

စာတတ်တိုင်း စာလုံးကြီးကြီးေ၇း ..။

မြောက်ပိုင်းကိစ္စ အမှန်အတိုင်း တိတိကျကျအထောက်အထားများနဲ့ မချပြ မဖြေ၇ှင်းနိုင်သ၍

ဒီအ၇ိပ်ဆိုးကြီးက မင်းတို့နောက် ထပ်ချပ်မခွာလိုက်မြဲဖြစ်မယ် ။

အစိုး၇နဲ့ပေါင်း NGO ငွေတောင်း အကြံအဖန်ကောင်းလို့ အိပ်ကပ်မှာငွေဖောင်းနေ၇င်တောင်

မင်းတို့သမိုင်း၇ိုင်းခြင်းမက ၇ိုင်းပြီသာမှတ် ။

ပြည်သူ့မေတ္တာစူးလိမ့်မယ် ..

အာဏာ၇ှင် အစိုး၇နဲ့ မင်းတို့ အတူတူ တပြေးထဲသတ်မှတ်ခံကြ၇တော့မယ် ။

ငွေမ၇ှိတဲ့ မြောက်ပိုင်းကျောင်းသားတစုကို တဘက်လှည့်နဲ့ NGO ထဲသိမ်းသွင်းဖို့

ကြိုးစားနေ၇င်ဖြင့် ၇ပ်တန်းက၇ပ်ပါလေ့ .. အဘတို့ေ၇့ ။

မြောက်ပိုင်းပြန်တွေကေ၇ွှ ငွေ မပြောင်ပေမဲ့ .. သမိုင်း အေ၇ာင်ပြောင်လက်နေတယ် ။

လူသတ်သမားတွေနဲ့ လူသတ်သမားဘက်တော်သားတွေရဲ့သမိုင်းက

သွေးညှီနံ့တွေ ဖုံးလွမ်းနေပြီး အေ၇ာင်ညစ်ထပ်နေပေမဲ့ ..

မြောက်ပိုင်းပြန်တွေရဲ့ သမိုင်းအစစ်အမှန်က မွှေးပြန့်ပြီး သမိုင်းစစ်၇ဲ့အေ၇ာင်တောက်ပြောင်နေတယ် ။

လူသတ်သမားတွေနဲ့ လူသတ်သမားဘက်တော်သားတွေ မှာ

တော်လှန်ေ၇းဂုဏ်သိက္ခာ မ၇ှိဘူး.. သမိုင်းကြောင်း မဲ့တယ် ။

မြောက်ပိုင်းပြန်တွေက တော်လှန်ေ၇းဂုဏ်သိက္ခာ၇ှိတယ် .. သမိုင်းကြောင်း ကောင်းတယ်။

မင်းတို့တွေ ကိုယ်ပိုင်အ၇ည်အချင်းနဲ့ ကိုယ်ပိုင်အလုပ်ကလေး ၇ိုးသားစွာလုပ်စားကြပါကွာ ။

သူများလှူဒါန်းငွေတွေနဲ့ မထင်ပေါ် မကြော်ကြားခြင်ကြပါနဲ့ ..။


အောင်သူ ( ဘန်ကောက်) 

No comments: