Wednesday, April 11, 2012

” နှိပ်စက်တာ မခံနိုင်လို့ စစ်ထောက်လှမ်းရေးပါလို့ ပြောလိုက် ရသူတဦး၏ လောကငရဲအကြောင်း”

ဖိုးကျော်


(ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး)
ကျနော့်ကို ၁၉၉၁ခု-နိုဝင်ဘာလလယ်မှာ SIO ထောက်လှမ်းရေးက-သံလိုင်ကတောင် (လိုင်စင် နဲ့  တဂိတ်ကျော်)လမ်းမှာ- ကျော်ထင်ဦ၊းမောင်ထွေး၊ ဖိုးနှောင်း၊ သက်နှင်း တို့ က မူးမူးနဲ့ -အတင်း ၀င်ဖမ်းပါ တယ်။ကျော်ထင်ဦး အဓိကပါ။
လက်သီးနဲ့ ထိုး -လက်မ လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ လိုင်စင် စခန်းဂိတ်တဲ အရောက် မီးပုံက ထင်း မီးစနဲ့ မျက်နှာကို ရိုက် ...မီးစနဲ့ ထိုးပြီး- လမ်းတောက်လျှောက် ဆဲဆိုရိုက်နှက်လာပါတယ်။ စခန်းမှူး အောင်ရဲစိုး(အရာခံဗိုလ်)က လှမ်းဟောက်လိုက်ပါတယ်။နောက် ထောက်လှမ်းရေးတဲကို အရောက်မှာ-သရေနံပါတ်ဒုတ်နဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ ကို ရိုက်ပြီး-မင်အိုး ၂အိုးနဲ့ရိုက်ခွဲပါတယ်။
ကျနော့ တကိုယ်လုံး မင်တွေကော-သွေးတွေကော ရောကုန်ပါတယ်၊။နောက် စစ်ရုံး အခန်းထဲ ခေါ်သွားပြီး လက်နောက်ပြန်ကြိုးတုပ်ပြီး-ကြသောင်းဝါးအချောင်း ၂၀လောက် ပုံထားပြီး-ခြေထောက်၂ချောင်းကို မေး လိုက် ရိုက်လိုက်-လုပ်လိုက်တာ ၀ါးချောင်းတွေဟာ ယင်လှန့် တဲ့ ယပ်လို ဖြစ်သွားပါတယ်။

ကျနော်က ထောက်လှမ်းရေးလို့ ဝန် မခံပါ၊။ခန္ဓာကိုယ်တခုလုံးက စုတ်ပြတ်နေပါပြီ။ ”နောက်ထပ် စစ်မယ်”ပြောပြီး-အချုပ်ဆောင်ကို ခေါ်သွားပါတယ်။

အချုပ် အဆောင်ဝမှာ လုံခြုံရေးတပ်စိတ်က ”လကော်”လို့ ခေါ်တဲ့ အ၀တ်လှော်ဒုတ်ထက် ၅ဆလောက်ကြီး တဲ့ဒုတ်တွေနဲ့ဆီးရိုက်ကြပါတယ်။ဘယ်နှစ်ချက်မှန်း မသိပါ။ ”အဲ့ဒါ အချုပ်ဝင်ကြေး...” တဲ့။
အချုပ်အဆောင်ထဲရောက်တော့-တန်းစီး ဘာဘူ(ခ)၀င်းမြင့် အပါအ၀င် ၅ယောက်က ထောင်စည်း ကမ်း   တွေ ပြောလိုက်-ရိုက်လိုက်ပါပဲ။(အဲ့ဒါက-မျိုးဝင်းတို့ သင်ပေးတဲ့ လုပ်ခိုင်းတဲ့-န၀တ ထောင်ပုံစံပေါ့။)

အချုပ်သားချင်း စိတ်မပါဘဲ ရိုက်တာဆိုပေမယ့် .. ကျနော်ကတော့ ပြီးရင် နာပေါ့။
(ဘာဘူ(ခ)၀င်းမြင့် ဆိုတဲ့ကောင်ကတော့ စိတ်ပါပုံ ရတယ် ။မျိုးဝင်းတို့ ကြိုက်ရင် သူ အနေချောင်မယ် ယူဆသလားတော့ မသိပါ။ )

ကျနော့် ပါးစပ် နဲ့ မျက်နှာတ၀ိုက်-ခန္ဓာကိုယ်အနှံ့  ဒဏ်ရာတွေနဲ့ ဆိုတော့ မငယ်(နန်းအောင်ထွေးကြည်)က ”ထမင်းစားနိုင်မှာ မဟုတ်ဘူး-။ဆန်ပြုတ်တိုက်ဖို့ လုပ်ရအောင် ” ဆိုပြီး ဆန်ပြုတ် ကျို ပါတယ်။ ကျနော် လည်း တပတ်လောက် ဆန်ပြုတ်သောက်ပြီး-ဒဏ်ရာ သက်သာသွားပါတယ်။

စောင်ပါးလေးတထည်ရပြီး ထိပ်တုံးခတ်ထားပါတယ်၊။လက်ကို ကြိုးတုပ်ပြီး-မျက်နှာကို အ၀တ်စီးပါတယ်။ (နေ့ စဉ် ရေခဲတဲ့ ဒေသမှာ စောင်တထည် ရတာဆိုတော့ စဉ်းစားသာကြည့်ပါ။)
နှစ်ပတ်အကြာမှာတော့-နောက်တကြိမ် လာခေါ်ပါတယ် ။ SIO ရုံးကို တန်းခေါ်သွားပြီး- တုတ်တွေနဲ့  ရိုက်ပေမယ့်-ကျနော်က ”ထောက်လှမ်းရေး”လို့ မပြောလို့ -အဲ့ဒီရုံးအနားမှာရှိတဲ့ ကွင်းလေးထဲက-လက်ဝါး ကပ်တိုင်မှာ ချည်ပြီး- သားရေဒုတ်နဲ့ ရိုက်လိုက် ..ပြန်သွားလိုက်.. လုပ်ပါတယ်။

မနက်-၁၁နာရီလောက်က စချည်တာပါ။ (အဲ့ဒါကို ယေရှုခရစ်နဲ့ တွေ့ တယ်လို့ ခေါ်ပါတယ်။) နေလှန်းပြီး ..မျက်နှာကို နေကို ကြည့်ခိုင်းပါတယ်။ တနေကုန် လှန်းထားပြီး ညနေ-၅နာရီ ကြိုးဖြေတဲ့အချိန်မှာ ကျနော် လည်း ပျော့ခွေလဲပြိုသွားပြီး-ပါးစပ်က အမြှုပ်တွေ ထွက်တာကို- သတိမလစ် တလစ်နဲ့ သိနေပါတယ်။
(လက်တွေကို သံနဲ့ မရိုက်တာကိုပဲ ကျေးဇူးတင်မိနေတယ်။) (ကိုထွန်းအောင်ကျော် ညီလေး ကိုချိုကြီးတုန်း က လက်ဝါးကို သံချောင်းတွေ ရိုက်တာပါ။)


ပြီးတာနဲ့ ကျနော့်ကို သန်းဇော်(ယခု ပြည်တွင်း)က ဆွဲခေါ်သွားပြီး-အိုင်အိုတဲထဲမှာ မီးလှုံခိုင်းထားပါတယ်၊။ မိနစ်၂၀လောက်အကြာမှာ တယ်လီဖုန်း ၀ိုင်ယာကြိုးစကို-ပါးစပ်ထဲ လှည့်ပြီး၊ သွားနဲ့ ကိုက်ခိုင်းပြီး-လက်ကိုင် ကို ဆွဲလှည့်တော့ ကျနော့်ခေါင်း တခုလုံး ကျင်တက်သွားပြီး-ခါထွက်သွားပါတယ်။

ကျနော်က ဆွဲဖြုတ်ပစ်လိုက်ပါတယ်။ကျနော့ကို ဒုတ်နဲ့ ထပ်ရိုက်ပြီး ..”ဒီတခါ ဆွဲဖြုတ်ရင်-ပလာစတာ ကပ်ထားမယ်-မင်းကို အများကြီးညှာထားတယ်” လို့ သန်းဇော်က ပြောပါတယ်။ (သူ.. ညှာတာက လူကို ၀ိုင်ယာရှော့ ရိုက်ပြီး-ရာဘာဒုတ်နဲ့ ရိုက်တာပါ။)

တတိယအကြိမ်မြောက် ၀ိုင်ယာကြိုးကို ပါးစပ်ထဲ ပြန်ထိုးထည့်ပြီး သွားနဲ့ ကိုက်ရပါတယ်-။ ပိုပိုပြီး ပြင်းလာတော့ ကျနော် မခံနိုင်တော့ပါဘူး-။ဆွဲဖြုတ်ပြီး-”ပြောမယ်”လို့ ပြောလိုက်ပါတယ်။
” ခဏ စဉ်းစားဦးမယ် ”ဆိုပြီး ကျနော်စဉ်းစားပါတယ်။”ဘယ်လိုပြောရင် ကောင်းမလဲ-။”

”ယုတ္တိ မတန်တာကို-ပြောမယ်”ဆိုပြီး---
”ဒီပြဿနာမှာ အသက်(၁၈)နှစ်နဲ့ စစ်ထောက်လှမ်းရေး- တပ်ကြပ်ကြီး ရာထူးပေးထားတဲ့-ဘိုဘို(ခ)မိုးကျော်သူဟာ ကျနော့်အထက် အရာရှိ-။ကျနော်က ရဲဘော်ပါ-။” လို့ ပြောလိုက်တာကိုလည်း သူတို့ လက်ခံသွားပါတယ်-။ 
”ဘာတွေလုပ်ခိုင်းသလဲ” တဲ့-။
”အထက်အောက် မကျေနပ်မှုတွေပေါ် မူတည်ပြီး ၀င်ပါ ပေးရတယ်။” လို့။ 
ဒီလိုနဲ့ -သူတို့သတ်မှတ်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင် ဖြစ်သွားပါတယ်။
ကျနော့်ထက်ရာထူးကြီးတဲ့-ဘိုဘိုက-၁၉၇၃ခုမွေးပြီး-အသက် ၁၈နှစ်နဲ့ ထောက်လှမ်းရေးတပ်ကြပ်ကြီး-။ ဒုတ်တွေနဲ့ ရိုက်-၊လက်ဝါးကပ်တိုင်ချည်-နေလှန်း၊လျှပ်စစ်ရှော့ရိုက်မှတော့-”ကျနော်လည်း အသက်၂၀နဲ့ စစ်ထောက်လှမ်းရေးပါ..”လို့ ပြောလိုက်ရပါတယ်။

မပြောဘဲ ပေခံနေရင်-ကိုယ့်ရှေ့ မှာ-လက်ဖြတ်ခံရတာတွေ- စစ်ကြောရင်းနဲ့ အသက်ပေးလိုက်ရတာတွေက ရှိနေတယ်လေ။
ဟုတ်ကဲ့-ကျနော် စစ်ထောက်လှမ်းရေး ဖြစ်သွားပါတယ်။
ဝန်ခံတာ မဟုတ်ဘူးနော်-။ နှိပ်စက်တာ မခံနိုင်လို့ -ပြောလိုက်တာ။

(၀န်ခံတယ်ဆိုတာ ဟုတ်တာကို လက်ခံတာ။)
” ကိုယ်တွေ့ကြုံ မကဒတ မြောက်ပိုင်း ရဲဘော်ဟောင်းတဦး။”


U Za Wa Na facebook မှကူးယူဖော်ပြသည်။ 



Stand for the ABSDF ပြောရေးဆိုခွင့်ရှိသူ ညိုထက်(လမ်းသစ်ဦး)

မိုးမခမီဒီယာမှ ကိုရစ်မှ Stand For the ABSDF ရဲ့ ပြောရေးဆို ခွင့်ရှိသူကိုညိုထက်(လမ်းသစ်ဦး)အား Stand For the ABSDF ၏ ထုတ်ပြန်ကြေငြာချက် အပေါ် မေးမြန်းချက်များ  
 
ကိုရစ်။ ။ ဒါဆိုရင် လက်ရှိ မကဒတရဲ့ သဘောထား ထုတ်ပြန်ချက်ဖြစ် တဲ့ ကော်မရှင်ဖွဲ့ပြီး စစ်ဆေး အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက် အပေါ်ကို လည်း သဘောထား ထုတ်သင့်တယ်။ 
ညိုထက်။ ။ ABSDF ရဲ့ သဘောထား ထုတ်ပြန်ချက်အပေါ် ကျနော် အနေ နဲ့ကတော့ယုံကြည်ပါတယ်။ ဗဟိုရဲ့ ထုတ်ပြန်ချက် ထဲ မှာ ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွား မှာဖြစ်ပြီး တောင်းပန်စရာရှိ တာတွေကို လည်း တောင်းပန်သွားမယ် ဆို တာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒီကြေငြာချက်ဟာ အမှန်တ ရားဖော် ထုတ်ရေးကိုဦးတည် တဲ့၊ ကြေငြာ ချက် ဖြစ်ပါတယ်။ 
--------------------------------------------------------------------------------------------------------------
......တချို့ကိုတော့ ပေါ့ပေါ့ ပါးပါးလေးပြောကြရအောင်ဗျာ … ပွဲလန့် တုန်းမှာ ဖျာခင်းမလို့ သူကြံရွယ်နေကြတယ်ဆိုရင်ဖြင့် ကိုရစ်ရေ … တို့မှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်လို့။ အခု ဒီကြေငြာချက်က ချစ်သူတွေရဲ့ ကြေငြာစာတမ်း လို့ ပြောရင်လည်း ရသပေါ့ဗျာ .......
-----------------------------------------------------------------------------------------------------
ကိုရစ်။ ။ နောက်ပြီးတော့ လက်ရှိ ခေါင်းဆောင်တွေနဲ့ လက်ရှိ ရပ်တည်ချက်တွေကို ရှင်းလင်း တင်ပြပြီး လက်ခံကြောင်း သဘောထား ထုတ် သင့်တယ်။
ညိုထက်။ ။ လက်ရှိ ခေါင်းဆောင်မှုဟာ ခေတ်အဆက်ဆက် ကျောင်းသားထု ကိုင်စွဲခဲ့တဲ့ ခွပ်ဒေါင်း စိတ် ဓာတ် ကို အမွေခံ လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ ခေါင်းဆောင်မှုဖြစ်တယ်။ လက်ရှိ ခေါင်းဆောင် မှုဟာ ရှစ်လေးလုံးအရေးတော်ပုံကနေပြီးလိုက်ပါလာခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်ရဲဘော်တွေ ရဲ့ ခေါင်းဆောင် မှု ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်မှုဟာ ရှစ်လေးလုံး အရေးတော် ပုံက ပေး အပ်လိုက်တဲ့ သမိုင်းပေး တာဝန်ကို ပခုံးထမ်း ဆောင်ရွက်နေ တဲ့ ကျောင်းသား ရဲဘော် တွေ ရဲ့ ခေါင်း ဆောင် မှု ဖြစ်ပါတယ်။ လက် ရှိ ခေါင်းဆောင်မှုဟာ စိတ်ကူးယဉ်စရာ ကောင်းပေမယ့် လက်တွေ့ လုပ်ကိုင်တဲ့ အခါ အင်မ တန် ပင်ပန်း ခက်ခဲပြီး ကြမ်းတမ်းလှတဲ့ လက်နက်ကိုင် တော်လှန်ရေး ခရီးကို အနှစ် ၂၀ ကျော်သည့် တိုင် ဇွဲနပဲကြီးစွာ ရင် ဆိုင် ဖြတ်သန်းနိုင်ခဲ့တဲ့ ခေါင်းဆောင်မှု ဖြစ်တယ်။ 

 လက်ရှိ ခေါင်းဆောင်မှုဟာ ဘယ်လို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံမှ အဖြစ် မခံပဲ ဗမာပြည် ကျောင်းသားထုရဲ့ အစဉ်အလာအတိုင်း ကိုယ်ပိုင် နိုင်ငံရေး ရပ်တည်ချက်နဲ့ လွတ်လပ်စွာ ရပ်တည်နေတဲ့ ခေါင်းဆောင်မှု ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်မှုကို ဥိးဆောင်မှု ပေးနေတဲ့ ရဲဘော်သံခဲ ဟာ ၁၉၆၂ မန္တလေး ကျောင်းသား သမဂ္ဂရဲ့ခေါင်းဆောင်တဥိးဖြစ်တဲ့ (ဦး) ကိုစိုးဝင်းမောင်ရဲ့ သားဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ စိတ်ဓာတ်အမွေကို ထိုက်ထိုက်တန်တန်ဆက်ခံနေသူလည်း ဖြစ်တယ်။ဒီနေရာမှာအထူးပြု   ပြောချင်တာက ABSDF ရဲ့ ခေါင်းဆောင်မှုကို ဗကသ အစဉ်အလာအတိုင်း ရွေးကောက် တင် မြောက် တဲ့ နည်းနဲ့ ခေါင်း ဆောင်မှု တာဝန်တွေကို ရယူရတာ ဖြစ်ပါတယ်။ ABSDF ကို အဖြစ်နိုင်ဆုံး ဒီမိုကရေ စီ ဘောင်ထဲ ၀င်တဲ့ နိုင်ငံရေး စနစ်အတိုင်း တည်ဆောက် ထားပါတယ်။ ဒီလိုပါ။ ABSDF ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မှုပုံစံဟာ ကိုယ်စားပြု ဒီမိုကရေစီ ပုံစံပါ။ ABSDF မှာ ခေါင်းဆောင်မှုတာဝန် ယူရ မယ့် သူ ဟာ အဆင့်အလိုက် ကိုယ်စားလှယ် ဖြစ်ရပါမယ်။ ABSDF ရဲ အခြေခံ နိုင်ငံရေးယူနစ်တွေဟာ တပ်ရင်းတွေ ဖြစ်ပါတယ်။ တပ်ရင်းတွေ  ရဲ့ လူဦးရည်ကို ဗဟိုပြုပြီး ကိုယ်စားလှယ် သက်မှတ်ပါတယ်။ သတ် မှတ် ကိုယ်စားလှယ်တွေကို တပ်ရင်းရဲ့ တိုက်ခိုက်ရေး ရဲဘော်တွေက ရွေးရပါတယ်။ ၁၉၉၃ အရေးပေါ် ညီလာခံမှာတော့ လက်ရုံးတပ်ဖွဲ့တွေ (ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ရေဒီယိုထောက် လှမ်းရေးတပ်ဇွဲ့၊ ဗဟို လုံခြုံရေးတပ်ဖွဲ့ ) ကို ကိုယ်စားလှယ်စေလွှတ်ခွင့်ပေးခဲ့ပါတယ်။ အဲဒီတပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ ကိုယ်စား လှယ်တွေနဲ့ ညီလာခံကို ဖွဲ့စည်းပါ့  တယ်။ ညီလာခံ ကိုယ်စားလှယ်တွေ က ခေါင်းဆောင်မှု ကို ရွေးကောက် တင်မြောက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ ABSDF ရဲ့ ခေါင်း ဆောင် မှုဟာ ဒမိုကရေစီနည်း ကျ ခေါင်းဆောင်မှုဖြစ်ပါတယ်။  ABSDF ရဲ့ လက်ရှိ ရပ်တည်ချက် ဟာ ခေတ်အ ဆက်ဆက် ဗမာပြည် ကျောင်းသား ထု ကိုင်ခဲ့တဲ့ “အမျိုးသား နိုင်ငံရေ့း” ရပ်တည်ချက်ပဲ ဖြစ်ပါ တယ်။ လူမျိုး တမျိုး ကိုသော် လည်းကောင်း၊  နယ်မြေတခုခု ဒေသ တခုခုကိုသော် လည်းကောင်း၊ လူတန်းစား တရပ်ရပ် ကိုသော် လည်း ကောင်း၊ ၀ါဒ တခုခုကိုသော် လည်းကောင်း ကိုယ်စားမပြုပဲ တနိုင်ငံလုံးရဲ့ နိုင်ငံရေး ရာတွေ ကို ဆောင်ရွက်နေတဲ့ နိုင်ငံရေး ရပ်တည်ချက်ပါ။ ABSDF ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ ပေါက် ဖွား လာပြီး ကျောင်းသား အင်အားစုတွေက စုပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ ဒါ့ကြောင့် ABSDF ဟာ သန္ဓေပါ နိုင်ငံရေး အရ ဒီမိုကရေစီ နိုင်ငံရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် ABSDF ရဲ့ နိုင်ငံရေး ရပ်တည်ချက်ဟာ ယနေ့ တိုင် ဒီမိုကရေစီရေး ရပ်တည်ချက် ဖြစ်ပါတယ်။ တဆက်တည်း ABSDF ဟာ ဘ၀ အရ တိုင်းရင်းသား အင်အားစုတွေရဲ့ နယ်မြေတွေမှာ ၂၃ နှစ် တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ အတွင်း ဘ၀ အရ လက်ရည်တပြင်တည်း လိုက်ပါခဲ့တဲ့ အင်အားစု ဖြစ်တယ်။ နောက်တခုက ABSDF ဟာ နှစ်ပေါင်း များစွာ နိုင်ငံရေးသမားတွေကြား မရှင်းမလင်းဖြစ်နေခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဗမာပြည်ကို ဖွဲ့စည်းတည်ဆောက်မယ်ဆိုတဲ့ ဦးတည်ရည်မှန်းချက်ကို နိုင်ငံရေးလုပ်ငန်းစဉ် အဖြစ် ချမှတ်ခဲ့တဲ့ အင်အားစုလည်းဖြစ်ပါတယ်။ ဒါဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ အမျိုးသားတန်းတူရေးအတွက် ABSDF ရဲ့ ခြေလှမ်းကြီ့းပါ။ ဒါ့ကြောင့် လက်ရှိ ABSDF ရဲ့ ရပ်တည်ချက်ဟာ အမျိုးသား နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ရပ်တည်ချက်တွေ ဖြစ်ပါတယ်။  
  ဒီကြေငြာချက်ကို ရေးသား ဖြန့်ဝေတယ်ဆိုကတည်းကလက်ရှိ ခေါင်းဆောင်မှုနဲ့လက်ရှိ ရပ်တည် ချက်တွေ ကို ထောက်ခံလို့ ရေးသား ဖြန့်ဝေတာ ဖြစ်ပါတယ်။

ကိုရစ်။ ။ မကဒတ ကို ဖျက်ဆီးနေတဲ့ လူတွေကို ဘယ်လိုမျိုး သတ်မှတ်တယ်။ ဘယ်လိုမျိုး ဖော်ထုတ်တယ်။ ဘယ်လိုမျိုး ရှုတ်ချတယ် ဆိုတာ ထုတ်သင့်တယ်။ 
ညိုထက်။ ။ အထက်မှာ ဆိုခဲ့သလိုပါပဲ ABSDF ဟာ ဗမာပြည်နိုင်ငံရေးရဲ့ လှံရိုးနဲ့ လှံသွားလို့ တင် စား ခေါ်ဝေါ်  ခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုများနဲ့ ကျောင်းသားအဖွဲ့အစည်းတွေထဲက တခုပါ ပဲ။ ကျောင်း သားအင်အားစုတွေ ဗမာပြည်ထဲမှာ ရပ်တည်ဖို့ အခက်အခဲဖြစ်နေ တဲ့ နိုင်ငံရေးအခြေ အနေမှာ ABSDF ဟာ သေနတ်ထမ်းပြီး ဒေါင်းအလံကိုတင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။ ယခုလို ဗမာပြည်ထဲ မှာ ကျောင်း သား သမဂ္ဂတွေ ပြန်လည်ရှင်သန်နေနိုင်တဲ့ အခြေအနေတွေ ရောက်လာတဲ့အခါ ABSDF လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ကျောင်းသားထု ညီ ညွတ်ရေးဆိုတာ မုချပါဝင်လာပါတယ်။ အခုကာလ ဟာ အဲဒီ   ကျောင်းသားထု ညီညွတ်ရေးကို လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အချိန်ဖြစ်တယ်။ တဆက်တည်း ဗမာပြည် တွင်း နိုင်ငံရေးဟာ ရှင်သန်လာတဲ့ အနေအထားကို တွေ့နေရပါတယ်။ ဆရာဦးဝင်းတင်က ဗိုလ်(ပြုပ်) ခင်ညွန့် ကို ဝေဖန်ရင်း ဒီကနေ့ နိုင်ငံရေး အခင်းအကျင်းကို အကဲဖြတ် ထားတာရှိပါတယ်။ “ကောင်းပါတယ်။ တရားအလုပ်ပဲလုပ်ပါ ဗိုလ်ခင်ညွန့်၊ အခုက အမျိုးသား နိုင် ငံရေးကာ လ ဆိုတော့ သူက အာဏာနိုင်ငံရေး သမား ကိုး” ဆိုတာမျိုး ပြောထားတာရှိတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ အခဲဖြတ်ချက် ကလည်း ဒီကနေ့ ကာလဟာ အမျိုးသား နိုင်ငံရေးကာလပါ၊ ABSDF ဟာလည်း “အမျိုးသား နိုင်ငံရေး လမ်း စဉ်”ကို ကိုင်ထား တဲ့ အဖွဲ့အစည်းပါ။ အမျိုးသားနိုင်ငံရေးကို ဗဟိုပြုပြီး ဖြစ်တည်နေတဲ့ နိုင်ငံရေး အခင်း အကျင်းမှာ အမျိုး သား နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲထားတဲ့ ABSDF အနေနဲ့ အမျိုးသား နိုင်ငံရေး အင်အား စုများ ညီညွတ်ရေး ကိုလည်း မုချ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ABSDF ရဲ့ လတ်တလော လုပ်ငန်း စဉ်တွေ ဖြစ်တဲ့ ကျောင်း သားထု ညီညွတ်ရေး၊ အမျိုး သား နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အချိန်မှာ ဒီကနေ့ ဖြစ်နေတဲ့ အငြင်းအခုန်တွေကြောင့် မလိုလားအပ် တဲ့ ဘေးထွက် ကိစ္စတွေကို ကြုံနေရပါတယ်။ အခု ဝေဖန် ပြော ဆိုနေကြသူတွေထဲမှာ ဆိုရင် အရေးတော်ပုံ တပ်သားတွေလည်းပါဝင်နေတာပါ။ ကျနော်ကတော့အင်အားစုတွေအနေနဲ့ပိုမိုပြီး ပေါင်းစည်းလုပ်ဆောင်ကြ ရင်တော့ ဒီထက်ပိုကောင်းတဲ့ ရလာဒ်တွေ ရရှိလာလိမ့် မယ်လို့ မြင်ပါတယ်။ 

ကိုရစ်။ ။ အခုဟာက ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ချေမှုန်းကြ ဆိုတာမျိုး ဖြစ်နေ တယ်။ အခု စာက တမျိုးတော့ တမျိုးကြီးပဲ။ 
ညိုထက်။ ။ ကိုရစ်ရေ … အဆိုးမြင်တို့ ဘာတို့ဆိုတော့ ကြီးတယ်ဗျာ။ ကျနော်တို့အတွက်ရော အပြော ခံရမယ့်သူတွေအတွက်ပါ လေးစရာကြီး ဖြစ်နေတယ်။အဲလောက်ကြီးမဟုတ်ပေမယ့် တချို့ ကိုတော့ ပေါ့ပေါ့ ပါးပါးလေးပြောကြရအောင်ဗျာ …။ ပွဲလန့်တုန်းမှာ ဖျာခင်းမလို့ သူကြံရွယ်နေကြ တယ်ဆိုရင်ဖြင့် ကိုရစ်ရေ … တို့မှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်လို့။ အခု ဒိကြေငြာချက်က ချစ်သူတွေရဲ့ ကြေငြာစာတမ်း လို့ ပြောရင်လည်း ရသပေါ့ဗျာ။ 

ကိုရစ်။ ။ တခုခု နောက်က ကွယ်ပြီးတော့ ထုတ်သလို ဖြစ်နေတယ် နော်။ 
ညိုထက်။ ။ တခုခု နောက်ကွယ်က ရှိသလားဆိုတော့ မဟုတ်ပါဘူး။ အများကြီး ရှိနေတာပါ။ ဒီကြေငြာ ချက်ကို Stand For the ABSDF ဆိုတဲ့ အဖွဲ့က ထုတ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဒီလ ၁၃ ရက်နေ့လောက် က နိုင်ငံတကာရောက် ABSDF အဖွဲ့ဝင် တွေ ရဲဘော်ဟောင်းတွေက စုစည်းခဲ့ တာ ဖြစ် ပါတယ်။ တုန်လှုပ် စရာ ကောင်းလွန်းလှတဲ့ မြောက်ပိုင်း ဖြစ်ရပ်ကြီးကို ဖွင့်ချပြောဆိုကြရင်းကနေ ကျနော်တို့ ရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေနဲ့ ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ ၀ိဥာဉ်တွေ ပေါင်းစပ် ပါဝင်နေတဲ့ ABSDF ရဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေး ဂုဏ် သိက္ခာတွေ တစတစ လွင့်ကျ ပဲ့ကြွေနေတာကို မကြည့်ရက်တဲ့ အဝေးရောက်သား၊ သမီးတွေက တပေါက်စ၊ နှစ်ပေါက်စကနေ တစုတစည်း တည်း ပြောတဲ့ အဆင့် ကို ရောက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ Stand For the ABSDF ဆိုတဲ့ အင်အားစုကို အွန်လိုင်းပေါ်မှာပဲ သန္ဓေ တည် ခဲ့ပါတယ်။ နိုင်ငံအသီးသီးက ပါဝင်ခဲ့ကြပါတယ်။ ဒီရဲဘော်တွေဟာ ဝေဖန်ပြော ဆို နေကြ သူတွေကို တိုက်ခိုက်မယ် ဆိုတာမျိုးထက် ငါတို့ အားလုံး ထမ်းတင်ခဲ့တဲအလံကိုတော့ ဒီလို ပြောဆိုနေကြ တာတွေကို ပစ်မထားနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်က ပိုများပတယ်။ အဲဒါ ရဲဘော်တွေ ဟာ အမေရိကန် ကနေ ရောက် လာကြတယ်၊ သြစတေးလျား ကနေေ၇ာက်လာကြတယ်၊ ထိုင်းနိုင်ငံ က ရောက် လာကြတယ်၊ နော်ဝေ က ရောက်လာကြတယ်၊ ဂျာမဏိက ရောက်လာကြတယ်၊ ဖန်လန်က ရောက် လာကြတယ်။ နယူဇလန် ကနေ ရောက်လာကြတယ်။ အဲဒီလိုနဲ့  ဒီကြေငြာစာတမ်းကို ထုတ်တဲ့အချိန် မှာတော့ Stand For the ABSDF  ရဲ့  အင်အားစုဝင်တွေဟာ ၁၀၀ ၀န်းကျင်ကို ရောက် လာပါတယ်။ ကြေငြာချက် ဝေပြီးတဲ့ အချိန်မှာ ဒီကြေငြာချက် ကို ထောက်ခံတဲ့ အဖွဲ့ဝင်တွေ၊ ရဲဘော်ဟောင်းတွေ ထပ်မံ တိုးတက် များပြား လာ ပါတယ်။

ဒီကြေငြာချက်ကို ဖြန့ချီတာ အဲဒီ အင်အာစုက ဖြန့်တာ ဖြစ်ပါတယ်။ ဆိုင်ရာ ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စား လှယ်တွေကို ရွေးချယ်ခဲ့ကြတယ်။ 

 အမေရိကားကတော့ ကျနော် (ညိုထက်) ရယ်၊   ဆောင်းယွန်းလရယ်၊ ကောင်းဇံရယ်၊
သြစတေးလျက ကိုသန်းထွဍ်ဆွေ၊ 
ဖင်လန်က ကျော်ဌေး၊ 
ဒိန်းမတ် - မျိုးဝင်း၊ စိုးမင်းအောင်၊ 
ကနေဒါ - အင်ယု 
ဆီဒင် - ဇော်လင်းထွေး 
ထိုင်း - မြတ်သူ 
နယူးဇီလန် - မင်းဇော်ရွှေ တိြု့ဖစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ကျနော် ညိုထက်နဲ့ ကိုသန်းထွဍ်ဆွေပါ။ 

ကိုရစ်။ ။ ဘာတွေကို စိုးရိမ်နေလို့လဲ 
ညိုထက်။ ။ ကျနော်တို့ စိုးရိမ်နေတာတွေကတော့ ဗမာပြည်အရေးပါ။ လက်ရှိ အခင်းအကျင်းအရ အမျိုးသား ရင်ကြားစေ့ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရမှာ ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ABSDF၊ ၂၀၀၇ မျိုးဆက် ဗကသများ အဇွဲ့ချုပ်နဲ့ လက်ရှိ အစိုးရ အတွင်း ဒီမိုကရေစိ လိုလားတဲ့ အစုအဖွဲ့ကြီးတွေရဲ့ ညီ ညွတ်ရေးကို တွန်းတင်ရမယ့်အချိန် လို့ မြင်ပါတယ်။ ဆရာဒဂုန်တာရာကတော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လို့ ပြောပါတယ်။ ဆရာဥိးဝင်းတင် ကတော့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ နိုင်ငံရေး နယ်ပါယ် တိုးချဲ့ဖြန့်ထွက်နေတဲ့ အချိန်လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ABSDF ဟာလည်း လက်ရှိ အစိုးရနဲ့ တန်းတူ ရင်ဘောင် တန်းပြီး နိုင် ငံရေး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ အစပြုနေချိန် ဖြစ်ပါတယ်။ ဒါဟာ ဘာကို ပြ တာလည်း ဆိုတော့ ABSDF ရဲ့ နိုင်ငံရေးဟာ တောတွင်း၊ နယ်စပ် နိုင်ငံရေးကနေ ပြည်တွင်း နိုင်ငံရေးအထိ တိုး ချဲ့ ဆောင်ရွက်ရတော့မယ့် ဆိုတာကို ပြနေတာ ဖြစ်ပါ တယ်။ သူ့ ကွင်းမှာ သူ့နိုင်ငံရေး သူလုပ်၊ ကိုယ့် ကွင်း မှာ ကိုယ့်နိုင်ငံရေး ကိုယ်လုပ်ဆိုတဲ့ အခြေအနေကနေ သူ့ကွင်းမှာ ကိုယ့်နိုင်ငံရေး သွားလုပ်ရမယ့် အခြေအနေဆီကို တိုးတက်ရောက်ရှိ သွားတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရေး ရှေ့တိုးသွားတာပါ။ ဒါကို အခွင့်အခါကောင်းလို့ မြင်ပါတယ်။ ဒီလို ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဗမာပြည် က မျှော် လင့်တကြီးနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒီအခွင့်အခါကောင်းကို အမိအရ ယူနိုင်ရေး ဖြစ်ပါ တယ်။ ကိုရစ်ကို ကျေးဇူးတင်ပါတယ်။ ဒိလို ရှင်းလင်းပြောကြားခွင့် ပေးတဲ့အတွက်ပါ။ 

ညိုထက် (လမ်းသစ်ဦး) ၂၀ - ၂ - ၂၀၁၂  
http://www.scribd.com/doc/82796225/View-%E1%81%81ကူးယူဖော်ပြသည်။

No comments: