Wednesday, April 11, 2012
၎/ ၁၁/ ၂၀၁၂ သတင်းများ
  ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ် ငြင်းဆို
ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook)
ကိုထွေး DVB ၁၁ ဧပြီ ၂၀၁၂
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဦးခင်ညွန့်က ပြောဆိုခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်ဟာ မှားယွင်းတယ်လို့ မြန်မာအစိုးရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဧပြီ ၈ ရက်နေ့ထုတ် ထိုင်
းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာပါ ဦးခင်ညွန့်အကြောင်း ဆောင်းပါးတခုမှာ ဒီပဲယင်း လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တယ်ဖို့ လူလွှတ်လိုက်တယ်လို့ ဦးခင်ညွန့်က ပြောဆိုတယ်ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးအပေါ် ဒုရဲမှူးကြီးဝင်းနိုင် အပါအ၀င် ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးခင်ညွန်အနေနဲ့ ဘန်ကောက်ပို့စ်ကို အင်တာဗျူးပေးခဲ့ခြင်း မရှိဘူးလို့ ဒီကနေ့ ရှင်းလင်းပြောဆိုခဲ့တာပါ။
အဲဒီဆောင်းပါးကို ပြည်ပအခြေစိုက် ဦးမြင့်ရွှေနဲ့ Songpol Kaopatumtip တို့ ပူးပေါင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို တာဝန်ခံတဲ့ ဘန်ကောက်ပိုစ်သတင်းစာရဲ့ အချပ်ပို Spectrum ကဏ္ဍ အယ်ဒီတာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။
ဒီဆောင်းပါးကို ရေးသားရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Songpol Kaopatumtip ကိုလည်း ဒီဗွီဘီက မေးမြန်းရာမှာ ဦးမြင့်ရွှေ ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ဦးခင်ညွန့်အိမ်မှာ အင်တာဗျူးပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
“မတ်လလယ်လောက်မှာ အင်တာဗျူးခဲ့တာပါ။ အသေချာတော့ မမှတ်မိတော့ပါဘူး။”
ဦးခင်ညွန့်ဟာလည်း ဒီဆောင်းပါးအကြောင်း အင်တာနက်နဲ့ မီဒီယာတွေမှာ ပါရှိပြီးတဲ့နောက် တိုက်တိုက်ဆိုင်ဆိုင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့တဲ့အတွက် ဆက်သွယ်မေးမြန်းဖို့ ခက်ခဲနေပါတယ်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက်ညက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေးယာဉ်တန်းကို အမည်မသိ သူတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့လို့ လူတချို့ သေပျောက်ဒဏ်ရာရခဲ့သလို တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုက်ခိုက်ခံရသူတွေကို အရေးယူထောင်ချခဲ့ပါတယ်။
ဆူနာမီသတိပေး ချက်အားပြန်လည်ရုပ်သိမ်း
အင်ဒိုနီးရှာနိုင်ငံဆူမားတြားမြောက်ပိုင်း ငလျင်လှူပ်ခတ်ပြီး နောက်ပိုင်းတွင် ဆူနာမီစောင့်ကြည့်ရေးဗဟိုဌာနများ၏သတင်းထုတ်ပြန်ချက်များအရ မြန်မာကမ်းရိုးတန်းသို့ရောက်ရှိလာနိုင်ကြောင်း ခန်းမှန်းထားခဲ့သော်လည်း
ခန့်မှန်းထားသည့်အချိန် အတွင်း ထူးခြားမှူမရှိခြင်းကြောင့် ဆူနာမီသတိပေး
ချက်အားပြန်လည်ရုပ်သိမ်းကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှူ
ဦးစီးဌာနက နိုင်ငံပိုင်ရုပ်သံမှ ည ၇နာရီဝန်းကျင်ခန့်က ထပ်မံကြေငြာသည်။
7Day News Journal
မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ
Posted: 11 Apr 2012 04:55 AM PDT
ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။
ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။
"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။
အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 7Day News Journal
ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး
Posted: 11 Apr 2012 04:50 AM PDT
Messenger News Journal
ဧပြီလ ၁၁ ရက်နေ့ ၂၀၁၂
 လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။ အခု ငလ်
င်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။
မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။
၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။
ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။
Messenger News Journal
ဆူနာမီနှင့် ပတ်သတ်၍ ဦးကျော်ထွန်း၊ ဘူမိဗေဒပညာရှင်၏ သုံးသပ်ချက်
အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ၇ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
Messenger News Journal
မြန်မာနိုင်ငံကမ်းရိုးတန်းဒေသဆူနာမီလှိုင်း ရောက်ရှိနိုင်သော်လည်း သတိပေးချက် ထုတ်ပြန်မှုမရှိသေး
Posted: 11 Apr 2012 04:51 AM PDT
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ် ညနေ ၅ နာရီ ၄၅ မိနစ်-YPI
ယနေ့မွန်းလွဲ ၃ နာရီ ၈ မိနစ်တွင် အင်ဒိုးနီးရှား နိုင်ငံအာချေးဒေသကို ဗဟိုပြုလှုပ်ခတ်သွားသည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာမည့် ဆူနာမီရေလှိုင်း ရောက်ရှိနိုင်သည့် ဒေသများထဲတွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများလည်း ပါဝင်လျှက်ရှိသော်လည်း မည်သည့် သတိပေးချက်မျှ ထုတ်ပြန်ခြင်း မရှိသေးဟု မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများကပြောသည်။
ပြင်ခရိုင် မြို့နယ်တွင် နေထိုင်သူ ဦးအာရ်ဇားက “ငလျင်လှုပ်သွားတာသိတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရေဒီယိုကို နားထောင်နေကြတယ်။ ဘာသတိပေးချက်မှတော့ မကြားရသေးဘူး၊ လူတွေတော့ ရုတ်ရုတ်သဲသဲ ပြောဆိုနေကြတာပဲ ရှိသေးတယ်” ဟုပြောသည်။
အလားတူ ငွေဆောင်ကမ်းခြေရှိ ရေ၀တီတည်းခိုခန်း ပိုင်ရှင် ဦးစန်းရွှေကလည်း ငလျင်လှုပ်ခတ်သည်ကို မသိရှိကြပဲ ဆူနာမီလှိုင်း သတိပေးချက် ထုတ်ပြန်သည်ကိုလည်း မကြားသိရကြောင်း ပြောဆိုသည်။
ချောင်းသာကမ်းခြေ ဆည်းဆာနီ တည်းခိုခန်း ပိုင်ရှင် ဦးမောင်မြိုင်ကမူ “ငလျင်လှုပ်တာတော့သိတယ်။ အန္တရာယ် သတိပေးချက် ထုတ်ပြန်တာမရှိသေးဘူး” ဟု YPI သို့ပြောသည်။
ဆူနာမီလှိုင်း အန္တရာယ် သက်ရောက်နိုင်သည့် နိုင်ငံများအထဲတွင် ငလျင်ဗဟိုချက်ပြုရာ အင်ဒိုနီးရှား နိုင်ငံအပြင် မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ မော်လ်ဒိုက်ဗ် နိုင်ငံတို့ပါဝင်သည်ဟု CNA သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းသတင်းဋ္ဌာနမှ ဖေါ်ပြချက်အရ ထိုင်းနိုင်ငံတွင် အက်ဒမန် ကမ်းရိုးတန်းတလျှောက် အန္တရာယ်ကင်းရှင်းသည့်နေရာသို့ တိမ်းရှောင်ကြရန် သတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင်နှင့် ကပ်လျှက်ရှိသည့် ဖူကက်လေဆိပ်ကိုလည်း ငလျင်လှုပ်ပြီး နာရီပိုင်းအကြာ၌ ပိတ်ထားလိုက်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင်ညနေ ၅နာရီ ခွဲဝန်းကျင်ထိ မည်သည့် အရေးပေါ် သတိပေးထုတ်ပြန်ချက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
Yangon Press International
ဆူနာမီ သတိပေးချက် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိ
Posted: 11 Apr 2012 04:20 AM PDT
အကယ်၍ ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့သည် ဆိုပါက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့် ရခိုင် ကမ်းရိုးတန်း ဒေသများသို့ ယခုအချိန်မှ စတင်ပြီး နောက်ထပ် နှစ်နာရီအတွင်း ရောက်ရှိလာနိုင် သဖြင့် ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်လျက်ရှိပါသည်။
 Eleven Media Group
ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း
Posted: 11 Apr 2012 04:13 AM PDT
ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်း။ (၁၁-၄-၂၀၁၂ ရက် ညနေ (၃)နာရီ(၅၀)မီနစ်)
 ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြာကျါန်းရဲ့ အနောက်တောင်ဖက် (၂၆၈)မိုင်အကွာ ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် အာအား ရစ်ခ်ျတာစကေး (၈.၇)ရှိ အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင် (၂၆-၁၂-၂၀၀၄) ရက်နေ့ နံနက် (၇)နာရီခွဲအချိန်တွင် အင်အား (၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာ ဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၃)သိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်းအမြင့် (၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။ အဆိုပါ အချက်များတွေ့ရျိပါက အနည်းဆုံးအမြင့် (၁၀)မိတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။
ဒေါက်တာထွန်းလွင်
EARTH QUAKE AND TSUNAMI in INDONESIA 11- 4-2012 (Video)
Posted: 11 Apr 2012 04:11 AM PDT
Uploaded by BahrainMedia on Apr 11, 2012
Indonesia issues tsunami warning after 8.7 earthquake
Jakarta: Indonesia issued a tsunami warning Wednesday after an earthquake with a preliminary magnitude of 8.7 hit waters off westernmost Aceh province. People on Twitter said tremors were felt in Singapore, Thailand, Malaysia and India. High-rise apartments and offices on Malaysia's west coast shook for at least a minute.
The Pacific Tsunami Warning Center in Hawaii said a tsunami watch was in effect for Indonesia, India, Sri Lanka, Australia, Myanmar, Thailand, the Maldives and other Indian Ocean islands, Malaysia, Pakistan, Somalia, Oman, Iran, Bangladesh, Kenya, South Africa and Singapore.
Earthquake and tsunami experts say that the waves are likely to be more than 6 metres high.
ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား
Posted: 11 Apr 2012 03:49 AM PDT
ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။
7Day News Journal
----------------------------------------------
 သံတွဲဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ထိုကျွန်းကို ဒေသခံများက ကျွန်းနံ့သာဟု ခေါ်ကြပြီး သံတွဲကမ်းခြေနှင့်မဝေးလှကာ၊ ကျွန်းအနီးပင်လယ်ပြင်ထဲမှ ပြာမှုန်များ လေထဲသို ပေလေးငါးဆယ်ခန့်အမြင့်အထိ ထိုးတက်နေသည်ကိုမြင်ရကြောင်းသိရသည်။
 Popular Myanmar News Journal
ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲ
Posted: 11 Apr 2012 03:07 AM PDT
ရန်ကုန်မြို့ပြည်ထဲဝန်ကြီးရုံးဟောင်း(ယ္ခုပါတ်စ်ပို့စ်ရုံး) သတင်းတပ်ဖွဲ့ရုံးခန်းတွင် သတင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းနိုင်ထွန်း ဦးဆောင်သောအဖွဲ့မှ ယနေ့နေ့လည်(၂)နာရီတွင် မီဒီယာများအားသတင်းစာရှင်းပွဲပြုလုပ်ခဲ့သည်။ 
၂၀၀၃ခုနှစ် ဒီပဲရင်းလုပ်ကြံမှုအရေးအခင်းတွင် စစ်ထောက်လှမ်းရေးမှ ဦးခင်ညွှန့်အမိန့်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ခဲ့ရသည်ဟု ဘန်ကောက်စ်ပို့သတင်းစာသို့ပြော
ဆိုခဲ့မှုကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးဟောင်းတဦးက ဦးခင်ညွှန်သည် ဒီဲ့ရင်းအရေးအခင်းနှင့်ပါတ်သက်ြ
ပီး မည်သည့်သတင်းဌာနများသို့ ပြောကြားခြင်းမရှိခဲ့ကြောင်းကို ဦးခင်ညွှန် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပြီးချိန်တွင် မီဒီယာသို့ပြောကြားခဲ့သော" ကျတော်နိုင်ငံလုပ်ဖို့အစီအစဉ်မရှိပါဘူး" ဆိုသည့်စကားကိုကိုးကားပြောဆိုခဲ့ကြောင်းသတင်းရရှိသည်။
ဘန်ကောက်ပို့စ်ဆိုတာ သြဇာကြီးမားတဲ့မီဒီယာတခုဘဲဗျာ….
. မပြောဘဲနဲ့တော့ ရေးမယ်မထင်ဘူးဗျ။ သတင်းမီဒီကျင့်ဝတ်အရလေဟု ပြည်တွင်းသတင်းထောက်က သူ့ရဲ့အမြင်ကိုပြောပြခဲ့သည်။ ဦးခင်ညွှန့် ဒီပဲရင်းအရေးအခင်းကို ထုတ်ပြောလိုက်တော့ နိုင်ငံရေးအသိုင်းရော၊ပြည်သူတွေကြားရော အတော်လေးကို အံ့သြသွားကြတာ၊ နောက်ရက်သိပ်မကွာဘဲ သာနာဘောင်ဝင်သွားတယ်ဗျာ….ဦးခင်ညွှန့်ပြန်အဖမ်းခံရမှာစိုးလို့ ပဇင်းတက်သွားပြီဆိုတဲ့စကားတွေ နေရာအနှံမှာပြောနေကြကြောင်းဆက်လက်ပြောပြပါသည်။
နိုင်ငံရေးအသိုင်းအဝန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တွေဟာ သင်ပုန်းချေရေးလမ်းစဉ်နဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေးလမ်းကို သွားနေတဲ့အချိန် ဦးခင်ညွှန်ရဲ့ ယ္ခုလိုအစဖေါ်အတိတ်ကိုမီဒီယာကနြေေ
ပာလိုက်ခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက်ကြီးမားတဲ့အနှောင့်အယှက်တခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြကြောင်းသိရသည်။
ယ္ခုသတင်းစာရှင်းလင်းပွဲဟာ ထူးခြားမှုတခုဖြစ်တာကအမှန်ပါ။ ပြောခဲ့တဲ့ကာယကံရှင်က အများတွက်ဆကြသလို ပြောဆိုပြီးသာသနာ့ ဘောင်ဝင်ရောက်သွားပြီး သတင်းတပ်ဖွဲ့ကဗိုလ်မှူးဟောင်း
တဦးကဦးခင်ညွှန့်ကိုယ်စား ဦးခင်ညွှန့်မပြောခဲ့ပါဘူးလို့ မီဒီယာကိုအသိပေးတဲ့ သမိုင်းတွင်သတင်းစာရှင်းပွဲတခုအဖြစ်တင်ပြလိုက်ရပါသည်။
 Myanmar News Now
 (ပုံမှာ ယနေ့ ၁၁.၄.၂၀၁၂ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့၊ ပြည်ထဲရေးရုံးဟောင်းအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်အား တွေ့ရစဉ်)
ဓာတ်ပုံ- ဥက္ကာကိုကို (
7Day News Journal)
နိုင်ငံတော် သမ္မတကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် တွေ့ဆုံ
Posted: 11 Apr 2012 02:56 AM PDT
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။
Photo: AFP
နေပြည်တော်၊ ဧပြီ ၁၁
ကြားဖြတ်ရွေးကောက်ပွဲ ကာလတွင် ကော့မှူး မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့သည့် ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် နေပြည်တော် ရှိ သမ္မတ အိမ်တော် ၌ ဒုတိယ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြကြောင်း The Vo
ice Weekly သတင်းရင်းမြစ်များ ကပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး ဦးသိန်းစိန် နှင့်တွေ့ဆုံပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၃နာရီခန့်တွင် ပြန်လည် ရောက်ရှိ ဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က တစ်ဦးက ပြောကြားသည်။
ပထမဦးဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန်တို့မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သမ္မတ အိမ်တော်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညတွင် သူမ၏ မဲဆွယ် စည်းရုံးရေး ခရီးစဉ်၌ လိုက်ပါ သတင်း ရယူခဲ့သော သတင်း မီဒီယာ များအား ၎င်း၏ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ ဂုဏ်ပြု ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ကြောင်း သတင်း မီဒီယာ သမား များထံမှ သိရှိရသည်။
 The Voice Weekly
ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း
Posted: 11 Apr 2012 02:52 AM PDT
ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ရှင်းလင်းပြောကြားနေစဉ်
(ဓါတ်ပုံ-Popular Myanmar News Journal)
"Bangkok Post သတင်းစာတွင် ဖေါ်ပြသော ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း"
ယခုလ ကိုးရက်နေ့ထုတ် Bangkok Post သတင်းစာတွင်ဖေါ်ပြာထားပြီး၊ အင်တာနက်တွင်ပြန့်နှံ့နေသော ဦးခင်ညွန့်နှင့်ပတ်သက်သည့်သတင်းမှာ မှားယွင်းနေပြီး၊ ယခုလ ရှစ်ရက်
နေ့ထုတ် Bangkok Post သတင်းစာနှင့် အင်တာနက်တွင် ဖေါ်ပြထားသည့် တွေ့ဆုံမေးမြန်းခြင်း သတင်းဆောင်းပါးပါ အချက်အလက် အချို့မှာလည်း မှားယွင်းနေကြောင်း ဦးခင်ညွှန့်နှင့် ရင်းနှီးကာ သူ၏ သတင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ယနေ့ပြောကြားသည်။
ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး(ယခင် ပြည်ထဲရေးဝန်ကြီးရုံး) အပေါ်ဆုံးထပ်တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယခုကဲ့သို့ သူကပြောကြားခြင်းဖြစ်သည်။
"အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က နယ်ကိုခရီးထွက်နေပါတယ်။ ဒါနဲ့ အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။ ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က မိတ်ဆက်ပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး"ဟုဦးဝင်းမောင်မောင်ကပြောသည်။
ယင်း သတင်းစာတွင် သတင်းတစ်ပုဒ် အဖြစ် ဖေါ်ပြထားသည့် "Myanmar EX-PM claims he saved suu kyi's life" ဆိုသည့်သတင်းမှာလည်း ဦးခင်ညွန့် လုံးဝမဖြေကြားခဲ့သည်များကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း ဦးဝင်းမောင်မောင်ကပြောပါသည်။
"ဒီတော့ကာ ခုလို မပြောပဲနဲ့ ပြောတယ်ဆိုတဲ့သတင်းမျိုးတွေ နောက်ထပ်ပေါ်ရင် ပေါ်လာနိုင်တတ်တာကြောင့် စာနယ်ဇင်းဆရာများကို ခုလိုရှင်းလင်းပြောကြားရခြင်းဖြစ်ပါတယ်"ဟု ဦးဝင်းမောင်မောင်က ပြောပါသည်။
အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ဦးဝင်းမောင်မောင်က စာနယ်ဇင်းသမားများအား ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားငါးဆယ်ခန့်တက်ရောက်ကြသည်။
Popular Myanmar News Journal
ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
တက်ရောက်လာကြသော ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာများ
အင်ဒိုနီးရှားငလျင် ရန်ကုန်မြို့နှင့် နေရာအချို့တွင် ခံစားသိရှိ
Posted: 11 Apr 2012 02:43 AM PDT
ဧပြီ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်၊ YPI
ယနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်မြို့နှင့် ပုသိမ်မြို့အပါအ၀င် မြို့အချို့တွင် ငလျင်လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
ပြင်းထန်ခြင်း မရှိသော်လည်း လှုပ်ခတ်သွာသည်ကို ခံစားလိုက်ရကြောင်း မြို့ခံများက ပြောသည်။
ချယ်နယ်နယူးစ် အေးရှား သတင်းဋ္ဌာနမှ ထုတ်လွှင့်ချက်အရ အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသကို ဗဟိုပြုကာ ၈.၉ မဂ္ဂနီကျူ့ ပြင်းအားရှိ ငလျင်လှုပ်ခတ်သွားသည်ဟု သိရှိရသည်။
ငလျင်ဒဏ်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံမှ သတိပေးချက် ထုတ်ပြန်ထားသည်။
 Yangon Press International
----------------------------------------------------
 ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင် ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။
 ကမ္ဘာအေး မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင် ၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌ ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
Eleven Media Group
Indian Ocean on tsunami watch after Sumatra quake
Posted: 11 Apr 2012 02:35 AM PDT
JAKARTA - A massive earthquake struck off Indonesia's Sumatra island on Wednesday, US and Indonesian monitors reported, prompting a Pacific-wide tsunami alert.
The quake's magnitude was 8.7, according to a revised measurement from the US Geological Survey, and it struck 431 kilometres (268 miles) off the Indonesian city of Banda Aceh.
Banda Aceh was near the epicentre of a devastating quake in 2004 that triggered a tsunami across the Indian Ocean, which killed 170,000 people.
The latest tremor was felt as far afield as Thailand and southern India, residents said.
Monitoring agencies said the first tsunami waves are expected on shore in Sumatra by 0921GMT Wednesday.
India issued tsunami warning for Andaman and Nicobar Islands.
In Singapore, several people called MediaCorp, saying they could feel tremors in Bukit Panjang, Bendemeer Road, Farrer Road, Whampoa Road, Marine Parade.
မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ငလျင်လှုပ်
Posted: 11 Apr 2012 02:25 AM PDT
လွန်ခဲ့သော ဆယ့်ငါးမိနစ်အချိန်ခန့်က မြောက်ပိုင်း ဆူမတြားကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ၈.၇ ရှိသော ရေအောက်ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ ရန်ကုန်မြို့လယ်တွင်ပင် တုန်ခါမှုများရှိခဲ့ကြောင်းသိရသည်။ "နှစ်မိနစ်လောက်ကြာတယ် လှုပ်နေတာ၊ ရုတ်တရက်တော့ ငလျင်မှန်းမသိဘူး။ အိမ်မှာချိတ်ထားတဲ့ တီဗီတွေ၊ မီးချောင်းတွေလှုပ်နေပြီး ခေါင်းပါနည်းနည်းမူးလာတော့မှ ငလျင်လှုပ်နေမှန်းသိရတာ"ဟု ရန်ကုန်မြို့ ၃၅ လမ်းနေသူတစ်ဦးကပြောသည်။
 Popular Myanmar News Journal
ယနေ့ နံနက်ပိုင်း သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ ဆုံ
Posted: 11 Apr 2012 02:20 AM PDT
သမတဦးသိန်းစိန်နှင့်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည် ယနေ့နံနက်ပိုင်းက နေပြည်တော်သို့ရောက်လာစဉ်(ဓာတ်ပုံ-စိုးသန်းလင်း/AFP)
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် 
ယနေ့တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိသည်။
ထိုသို့တွေ့ဆုံကြရာဝယ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးရာများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ စသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
 Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။
Photo: AFP
No comments: