Tuesday, July 31, 2012

ဝေဖန်ခံနေရတဲ့ ဂျာမဏီ ၀န်ကြီးချုပ်

  
ယူရိုငွေကြေးအနေနဲ့ ဒုက္ခအကြီးအကျယ်ရောက်ပြီး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခုလိုအချိန်အခါမှာ ယူရိုဇုန် အတွက် ဂျာမနီနိုင်ငံက ဟောကိန်းတစ်ခုထုတ်ခဲ့တယ်။ ယူရိုဇုန်အနေနဲ့ခြိုးခြံချွေတာရေးခယောင်းတောကြီးကို ဖြတ်သန်းကျော်လွှား ပြီးအခြေခံကျ တဲ့ ပြုပြင်ပြောင်းလဲရေးတွေ ဆောင် ရွက်ပြီးတဲ့တစ်နေ့မှာ ယူရိုဇုန်ဟာ ချမ်းသြာ<ွကယ်ဝလာပါလိမ့်မယ်တဲ့။ အဲဒီ အချိန်ကျရင် ကြွေးမြီတွေကိုလည်း ပြန်လည်ပေးဆပ်နိုင်တဲ့အပြင် ယှဉ်ပြိုင် နိုင်စွမ်းကလည်း ပိုမိုမြင့်မားလာမှာ ဖြစ်တယ် လို့ ဖော်ညွန်းတယ်။ ပြီး တော့ ဈေးကွက်တွေအနေနဲ့လည်း ကမ္ဘာ့စီးပွားရေးရဲ့ တကယ့်ပြဿနာ တွေဟာ ကြွေးပိနေတဲ့ အမေရိ ကန် ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံတွေသာ ဖြစ် တယ်ဆိုတာကို မြင်တွေ့လာကြမှာပါ လို့ အဲဒီဟောကိန်းက ညွှန်ပြခဲ့တယ်။
    ပြင်ပကမ္ဘာက ဂျာမန်နိုင်ငံကို ဝေဖန်ပြောဆိုမှုတွေ တိုးတက်လာလေ ဂျာမန်ထိပ်တန်းအရာရှိကြီးတွေက ဒီအမြင်ကို ပိုမိုဖက် တွယ်ထားလာလေ ပါပဲ။ ဒါပေမယ့် အခြားနိုင်ငံတွေက ဒီအမြင်အပေါ်မှာ သံသယရှိကြ တယ်။ ဘာကြောင့်လည်းဆိုတော့ ယူရိုပြဿနာ ဟာ သုံးနှစ်ထဲရောက် လာခဲ့ပေမယ့် အခြေအနေတွေက ပိုဆိုး လာတယ်။
    ပြီးခဲ့တဲ့ ဂရိရွေးကောက်ပွဲမှာ ခြိုးခြံချွေတာရေးကို ဆန့်ကျင်တဲ့ လက်ဝဲယိမ်းပါတီ ရှုံးနိမ့်ခဲ့တဲ့အတွက် ဂရိနိုင်ငံ အရည်ပျော် မကျခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ ဗဟိုလက်ယာယိမ်း ဒီမိုကရေစီသစ်ပါတီရဲ့ ခေါင်းဆောင် Antonis Samaras  အစိုးရအဖွဲ့က လည်း ဂရိနိုင်ငံပြိုလဲမသွားအောင် ဟန့်တားနိုင်မယ့်ပုံမပေါ်ဘူး။ စပိန် နိုင်ငံကလည်း ဘဏ်တွေရဲ့ မတည် ငွေအရင်းအနှီးကို ပြန်လည်ဖြည့် တင်း ပေးနိုင်ဖို့အတွက် ယူရိုဇုန်မှ ချေးငွေ ယူရိုဘီလီယံ ၁ဝဝ လောက် လိုချင် တယ်။ ဥရောပကယ်တင်ရေး ရန်ပုံ ငွေတွေနဲ့ စပိန်နဲ့ အီတလီ အစိုးရ ဘွန်း တွေ Bonds  ကို ဝယ်ယူမယ်ဆိုတဲ့ အသံဗလံတွေလဲ ကြားနေကြရတယ်။
    တကယ်တော့ ဒီလိုဆိုးရွားလာ တဲ့ အခြေအနေတွေကြောင့် အခြား နိုင်ငံတွေက ယူရိုဇုန်အပေါ် သံသယ ဖြစ်နေကြတယ်။ ယူ ရိုငွေကြေးရဲ့ နောက်ကွယ်မှာဘာရှိသလဲ။ ဘာက ယူရိုကိုထောက်ကူပေးနေသလဲ။ စော ကြောလာခဲ့ကြတယ်။ ဂျာမနီနိုင်ငံ လား။ ဥရော ပဗဟိုဘဏ် European Central Bank-ECB  လား။ ဒါမှ မဟုတ် ယူရိုရဲ့ နောက်ကွယ်မှာ ဘာမှ မရှိဘူးလား သိချင်လာကြ တယ်။
    ဘာကြောင့်လည်းဆိုတော့ ယူရိုဘွန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြသူ တွေဟာ သူတို့ငွေတွေ ပြန်ရနိုင်ပါ့ မလား။ သေချာ သိချင်ကြတယ်။ ပြန်ရရင်လည်း သူတို့က ယူရိုငွေနဲ့ပဲ ပြန်လိုချင်ကြတယ်။ တန်ဖိုးကျဆင်းနေမယ့် ဒရက်စ်မာ(ဂရိငွေကြေး Drachmas)၊ လိုင်ရာ(အီတလီငွေ ကြေး Liras)နဲ့ ပီဆီတာ(စပိန်ငွေ ကြေး Pesetas)တွေကို မလိုချင်ကြ ဘူး။ အမျိုးသားငွေကြေး ဆိုတာက အခွန်စည်းကြပ်ပိုင်ခွင့် အာဏာရှိကြ တဲ့ အမျိုးသားဘဏ္ဍာရေးဌာနတွေက ကျောထောက်နောက်ခံပေးထား တာသာ ဖြစ် တယ်။ ဒါပေမယ့် ယူရိုဆိုတာက တစ်ခုတည်းသော အစိုးရမရှိဘဲနဲ့ စုပေါင်းထုတ်ဝေထားတဲ့ တစ်ခုတည်း သော ငွေကြေးဖြစ်တယ်။
    ဂျာမနီဝန်ကြီးချုပ် Angela Merkel  က တစ်ခုတည်းသော ယူရို ငွေကြေးကို ဘတ်ဂျက်စည်းကမ်းတွေ လိုက်နာ ပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကတိကဝတ်ပေးထားကြတဲ့ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများအားလုံး က ကျော်ထောက်နောက် ခံပေးထား တဲ့ ငွေကြေးဖြစ်ကြောင်း ကမ္ဘာကို ပြသ လိုတယ်။
    ဒါပေမယ့် ကြွေးပိနေတဲ့ နိုင်ငံ တွေကို ခြိုးခြံချွေတာရေးလုပ်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ကြဖို့ တွန်းအားပေးနေတဲ့ Angela Merkel  အပေါ် ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံတွေက အထင်အမြင်လွဲမှားပြီး အမျိုးမျိုးအဖုံဖုံစွပ်စွဲပြောဆိုနေကြတယ်။ ဥရောပ တစ်လွှားရေပန်းစားနေတဲ့ နိုင်ငံရေးစိတ်ကူးစိတ်သန်းထဲမှာ Merkel ဟာ ကြောက်စရာကောင်းတဲ့ သရဲကြီး တစ်ကောင်လို့မြင်နေ ကြ တယ်။
    ဇွန်လထုတ် ဗြိတိသျှမဂ္ဂဇင်း တစ်စောင်က Merkel ဟာ ဟစ်တလာပြီးနောက် ဂျာမနီနိုင်ငံမှာ အန္တရာယ်အကြီးမား ဆုံး ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ ရေးသားခဲ့တဲ့ အပြင် အီရန်က Mahmoud Ahma-dinejad  နဲ့ မြောက်ကိုရီးယားက Kim Jong Un တို့လို ကမ္ဘာကြီးတည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးနိုင်စွမ်းအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့တောင် ဝေဖန်ရေးသားခဲ့တာ
တွေ့ရတယ်။ ဂရိနိုင်ငံသတင်းစာတွေကဆိုရင် Merkel ကို နာဇီနဲ့ ခိုင်းနှိုင်းရေးသား ဖော်ပြကြတယ်။ ပြီးတော့ ဂရိနိုင်ငံကို သိမ်းပိုက်လိုတဲ့ ဖက်ဆစ်တစ်ဦး ဖြစ် တယ်လို့လည်း ဝေဖန်စွပ်စွဲခဲ့ကြသေး တယ်။
    သတင်းစာအချို့ကတော့ ရောမ မြို့မီးလောင်နေတဲ့အချိန်မှာ ဗျပ်စောင်း တီးနေတဲ့ နီရိုဘုရင်နဲ့ Merkel ကို ခိုင်းနှိုင်းဖော်ပြ တယ်။ နိုင်ငံရေးသမား တွေကတော့ Merkel ကို မညှာမတာ ဝေဖန်ကြတယ်။ ဇွန်လအတွင်းက မက္ကဆီကိုနိုင်ငံ Los Cabos  မြို့မှာ ကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်း အဝေးမှာလည်း Merkel ဟာ အဝေ ဖန်ခံရတာပါပဲ။
    ဒါပေမယ့် ဇွန်လ ၂၈ နဲ့ ၂၉ ရက်နေ့များက ဘရပ်ဆဲလ်မြို့မှာ ကျင်းပခဲ့တဲ့ EU Summit မှာကျတော့ Merkel က ခပ်မာမာပဲ။ ထိပ်သီး အစည်းအဝေးကို ရောက်ရောက်ချင်းပဲ Merkel  က သူမရဲ့ဘဝတစ်လျှောက် မှာ သူမအနေနဲ့ ဥရောပကြွေးမြီ ကို ပေါင်း စုဖြေရှင်းတဲ့ အစီအစဉ်ကို လက် ခံမှာမဟုတ်ဘူးလို့ ခပ်တင်းတင်း ပြောကြားခဲ့တယ်။
    အစည်းအဝေးတက်ရောက် လာကြတဲ့ ဘယ်နိုင်ငံခေါင်းဆောင်က မှ Merkel ကို မေးခွန်းမထုတ်ရဲကြ ဘူး။ ကြွေးပြဿနာ တက်နေကြတဲ့ နိုင်ငံတွေကို ကယ်တင်ဖို့အတွက် ပူးပေါင်းပြီး ယူရိုဘွန်း Eurobond ထုတ်ဝေရေးကိစ္စကိုတောင် တိုက်တိုက် တွန်းတွန်း မတင်ပြရဲကြဘူး။ တင်ပြရင်လည်း ဂျာမနီက ချက်ချင်းဗီတို အာဏာသုံးပြီး ကန့်ကွက်မှာကို ကြိုတင်သိနေကြတယ်။
    ဒါနဲ့ အဲဒီပြဿနာကြီးကြီးကို ရှောင်ကွင်းပြီး၊ သေးသေးမွှားမွှား ပြဿနာကလေးကိုပဲ တင်ပြဆွေးနွေး ကြတော့တယ်။ ပမာအားဖြင့် အီတလီ နဲ့ စပိန်ကို ထုတ်ချေးမယ့် အရေးပေါ် ရန်ပုံငွေတွေကို အဲဒီနိုင်ငံတွေရဲ့ ဘဏ် တွေဆီ တိုက်ရိုက်ထုတ်ပေးဖို့ တင်ပြ ကြတယ်။ အစကနဦးမှာ Merkel က သဘောမတူပေမယ့် နောက်ပိုင်း မှာ သဘောတူခဲ့တယ်။
    ဒါပေမယ့် ဒီလိုသဘာတူ လိုက် လျောခဲ့တဲ့အတွက် ဂျာမနီသတင်းစာ တွေက အရှုံးသမားကြီး Merkel လို့ ရေးသားဖော်ပြခဲ့ကြတယ်။ တကယ် တော့ ဂျာမနီဝန်ကြီးချုပ်ဟာ ဥရောပ တစ်ခုလုံးကို ကယ်တင်မယ်ဆိုတဲ့ ဧရာမ အစီအမံ ကြီးကို လက်မခံဘဲ အသေးအမွှား အစီအစဉ်ကလေးကို အစားထိုးလက်ခံခဲ့ခြင်းသာ ဖြစ် တယ်။ အမြစ်မြေလှန်ပြုပြင်ပြောင်း လဲ ရေးတွေမလုပ်တဲ့ ရေရှည်မတည်တံ့နိုင် တဲ့ စနစ်တစ်ခုကို ဂျာမနီနိုင်ငံရဲ့ ဓန ဥစ္စာအသုံးပြုပြီး ထောက်ကန်ပေးဖို့ ဆိုတာ Merkel ဘက်က ကြည့်ရင် မဖြစ်နိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ ဂျာမနီနိုင်ငံအတွက် အန္တရာယ်ရှိ တယ်။
    အခြားဥရောပနိုင်ငံတွေနဲ့ နှိုင်း ယှဉ်ကြည့်ရင် ဂျာမနီရဲ့ အခြေအနေက ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဂျာမနီနိုင်ငံဟာ အခြားသော ဥရောပ နိုင်ငံတွေနဲ့မတူတဲ့ မူဝါဒတွေကို ကျင့်သုံးတဲ့အတွက် ဖြစ်တယ်။ ဂျာမ နီဟာ ဥရောပကို ကျော်လွန်ပြီးကြည့် တတ်တယ်။ ဒါပေမယ့် အခြားသော ဥရောပနိုင်ငံတွေရဲ့ ပြဿနာတွေဟာ ဂျာမနီရဲ့ တိုးတက်ကြီးပွားရေးကို ထိခိုက်စေနိုင်တယ်။
    ဂလိုဘယ်စီးပွားရေး ဝရုန်းသုန်း ကား ဖြစ်နေတာဟာ Merkel ကြောင့် လို့ အချို့က အပြစ်တင်ကြတယ်။ သူမက လက်ဖျစ် တစ်ချက်တီးလိုက် ရုံနဲ့ ဥရောပပြဿနာ ပြေငြိမ်းသွားနိုင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် Merkel ကို ပြည်သူ့ရန်သူနံပါတ်တစ် လို့မြင်ကြပြီး တစ်ချိန်တည်းမှာပဲ ကမ္ဘာကြီးကို ကယ်တင်နိုင်သူအဖြစ် လည်း ယူမှတ်ကြတယ်။
    တကယ်တော့ Merkel ဟာ အာဏာရှင်မဟုတ်ပါဘူး။ ဒါပေမယ့် သူမဟာ သူမအလိုကျအပေးအယူ လုပ် ညှိနှိုင်းနိုင်စွမ်း လည်းရှိတယ်။ ဒါကြောင့်လည်း လူအများက သူမ အပေါ် မကျေမနပ်ဖြစ်နေကြခြင်း ဖြစ် တယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူမ အနေနဲ့ ပွင့်ပွင့်လင်းလင်း ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ ပေါ်တူဂီက ဂရိနိုင်ငံအထိ ကြွေးပင်လယ်ထဲမှာ ရုန်းကန်လှုပ်ရှား ကူးခပ်နေ ကြရတဲ့ ဥရောပတောင်ပိုင်းနိုင်ငံများအရေးကို လွယ်ကူသက်သာသွားအောင် ထောက်ကူပေးဖို့ ဂျာမနီနိုင်ငံကို တိုက် တွန်းပြော ဆိုနေကြသူများကို ဝန်ကြီး ချုပ် Merkel က အသေအချာရှင်း လင်းပြောကြားတင်ပြခဲ့ပြီးလည်း ဖြစ် တယ်။
    Merkel က ဂျာမနီနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကာလအတွင်းမှာ အခြားသော အီးယူနိုင်ငံတွေနဲ့ တွဲဖက် ပြီး ကယ်တင်ရေး အစီအမံအမျိုးမျိုးနဲ့ ထောက်ကူပေးခဲ့တယ်။ ဂျာမနီနိုင်ငံ က ပေးခဲ့တဲ့ စုစုပေါင်း အထောက် အပံ့ဟာ အမေရိ ကန်ဒေါ်လာဘီလီယံ ၅ဝဝ တောင်ရှိတယ်။
    တကယ်ကို အခြားဥရောပနိုင်ငံ တွေဟာ အစီအမံညံ့ဖျင်းလို့  ပြဿနာ တက်ခဲ့ရင် သူတို့ကိုယ်တိုင် တာဝန် ယူလုပ်ဆောင် ကြ ဖို့လိုတယ်။ အမှန် တကယ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အကူအညီအထောက် အပံပေး တဲ့နိုင်ငံ အတွက် အန္တရာယ်များတယ်။ ဂရိလို နိုင်ငံတွေက ကြွေးတင်လာတိုင်း ဂျာမနီနိုင်ငံရဲ့ ကူညီကယ်တင်မှု ကို စောင့်စားမျှော် လင့်နေကြမယ်ဆိုရင် အဲဒီနိုင်ငံတွေက သူတို့ရဲ့ အမူအကျင့် တွေကို ပြောင်းလဲဖို့ဘာမှလုပ်ကြမှာ မဟုတ်ဘူး။
    ပြီးတော့ လောလောလတ်လတ် ဖြစ်ပေါ်လျက်ရှိတဲ့ ပြဿနာဇစ်မြစ် က ဆက်လက်မထိန်း ထားနိုင် လောက်အောင် မြင့်မား တဲ့ ကြွေးမြီ ပမာဏဖြစ်တယ်။ ဒါကြောင့် ကယ်တင်ရေး ရန်ပုံငွေအတွက် ပိုပြီးငွေချေး ရတာတွေအပြင် တုပထားတဲ့ နိုးထ ရှင်သန်ရေး အစီအမံတွေဟာ တကယ် တော့ အခြေခံအားဖြင့် ကောင်းမွန် ခြင်းမရှိဘူးလို့ Merkel က သူမရဲ့ အမြင်ကို ရှင်းလင်း တင်ပြခဲ့ပြီးဖြစ် တယ်။
          G-20 အစည်းအဝေး တက် ရောက်ဖို့ မက္ကဆီကိုနိုင်ငံကို မထွက်ခွာ မီမှာ Merkel က ၂ဝဝ၈ ခုနှစ် မတိုင်မီ အမေရိကန်နိုင်ငံ မှာ ဖြစ်ပေါ်ခဲ့တဲ့ အိမ်ရာမြေပေါင်နှံ ငွေချေးငှားမှု အထူး တလည်တိုးတက်ကောင်းမွန်မှုကို သာဓကတင်ပြီး ထောက်ပြခဲ့သေး တယ်။ ကျွန်မတို့အနေနဲ့ ပြည်သူတွေ ကို အထင်အမြင်လွဲမှားစေနိုင်တဲ့ အမေရိကန်စီးပွားရေး မော်ဒယ်တွေကို အလိုမရှိဘူးလို့ သူမက ပြတ်ပြတ် သားသား ပြောကြားခဲ့တယ်။ ဒီလို ပြောလို့ အမေရိကန်တွေက သဘော ကျချင်မှကျမယ်။ ဒါပေမယ့် ဒီလို တစ်တစ် ခွခွ ပြောတာမျိုးကို ဂျာမန် တွေက သဘောကျကြတယ်။ ဒါကြောင့် ဒီနှစ်အစောပိုင်းမှာဆိုရင် Merkel ကို လူကြိုက် များပြီး ပြည်သူ ၆၄ ရာခိုင်နှုန်းက ထောက်ခံကြတယ်။
    ဒီလိုဆိုလို့ Merkel ကို သဘော မကျကြတဲ့ မဲဆန္ဒရှင်တွေ မရှိဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီနှစ် ကျင်းပ တဲ့ ပြည်နယ်ရွေးကောက်ပွဲ တွေမှာ သူမရဲ့ Christian Democ-ratic Union  ဟာ ပြည်နယ်အတော် များများမှာ အရေးနိမ့် လျက်ရှိတယ်။ အထွေထွေရွေးကောက်ပွဲက ၂ဝ၁၃ ခုနှစ်မှာ ကျင်းပဖို့ရှိနေတော့ သိပ်ပြီး မလိုတော့ဘူး။
    ပြီးတော့ သူမရဲ့ ဥရောပမူဝါဒ အပေါ် ပြည်တွင်းက ကန့်သတ်ချုပ် ချယ်ဖိအားပေးတာတွေလည်း ရှိနေ တယ်။ သူမရဲ့ငွေကြေးထောက်ကူ ကယ်တင်မှုတွေနဲ့ ပတ်သက်ပြီး တရားဝင်မှု ရှိ၊ မရှိ ဖက်ဒရယ်ဖွဲ့စည်း ပုံ တရားရုံး- Federal Constitutional Court  မှာ တရားစွဲဆိုစိန်ခေါ်မှု တွေလည်း ရှိနေတယ်။
    တကယ်တော့ စပိန်၊ ဂရိနဲ့ ကြွေးပိနေတဲ့ အခြားဥရောပနိုင်ငံတွေ ကို Merkel အနေနဲ့ ခြိုးခြံချွေတာရေး အစီအမံတွေနဲ့ တွဲဖက်ပြီး ကယ်တင် ရေးလုပ်ခဲ့တာတွေကို ဂျာမနီ မဲဆန္ဒရှင် ပြည်သူတွေက အပြစ်မမြင်ခဲ့ကြ ဘူး။ ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့ တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဂျာမန်ပြည်သူတွေကိုယ်တိုင်ကလည်း ခြိုးခြံချွေတာရေး ဆေးခါးကြီးကို သောက်ခဲ့ကြရတယ်။ ဒါကြောင့် လည်း ဂျာမနီနိုင်ငံဟာ အခုအခါ စီးပွား ရေးကောင်းမွန်နေတာဖြစ်တယ်။
    လောလောဆယ် ဂျာမနီနိုင်ငံရဲ့ အမျိုးသားဘတ်ဂျက်လိုငွေပြမှုဟာ တစ်ရာခိုင်နှုန်းလောက်ပဲရှိတယ်။  စားသုံးသူသုံးစွဲမှု ကလည်း မြင့်တက် လာတယ်။ အလုပ်လက်မဲ့နှုန်းက လည်း ၆.၇ ရာခိုင်နှုန်းပဲရှိတယ်။ ဒါလည်းပြဿနာမဟုတ်ဘူး။ အရည် အချင်းပြည့်ဝတဲ့ လုပ်သားများ အတွက်အလုပ်က မရှားဘူး။ ရှာရ ဖွေရလွယ်ကူတယ်။
    ဒါပေမယ့် အကန့်အသတ်တွေ ကတော့ ရှိတယ်။ ဂျာမနီနိုင်ငံဟာ အခြားသော ဥရောပနိုင်ငံတွေအပေါ် အားထားမှီခိုနေမှုကို တဖြည်းဖြည်း လျှော့ချလျက်ရှိတယ်။ ဒါပေမယ့် ယူရို ပြိုလဲရင်တော့ ဂျာမနီနိုင်ငံလည်း အထိနာမှာပဲ။ Merkel အနေနဲ့ ဥရောပပေါင်းစည်းရေးဟာ ရှေ့ဆက် လုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ခံယူထား တယ်။ ဒါပေမယ့် အခြားဥရောပနိုင်ငံ တွေက ဒီကိစ္စ အပေါ် အေးတိအေး စက်လုပ်နေကြတယ်။ ဘာကြောင့်လည်း ဆိုတော့ ဂျာမနီအပေါ် သိပ်ပြီး သံသယဖြစ်နေကြတဲ့ အတွက်ပါပဲ။
    ဒီကနေ့ ဂျာမနီဟာ စီးပွားရေး အရ တောင့်တင်းခိုင်မာနေရတဲ့ အကြောင်းရင်းက လွန်ခဲ့တဲ့ဆယ်စုနှစ် က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ တဲ့အတွက် ဖြစ်တယ်လို့ထောက်ပြကြ တယ်။ အစကနဦးမှာ ဂျာမနီနိုင်ငံဟာ ခါးသီးတဲ့အမှန်တရားနဲ့ ရင်ဆိုင်ကြုံ တွေ့ ခဲ့ရတယ်။ ဘာလင်တံတိုင်းကြီး ပြိုလဲသွားတဲ့နောက်ပိုင်း၊ အနောက် ဂျာမနီဟာ အရှေ့ဂျာမနီရဲ့ ပြိုလဲပျက် စီးနေတဲ့
စီးပွားရေးကို ကယ်တင်ဖို့ အတွက် အမေရိကန်ဒေါ်လာနှစ်ထရီ လီယံလောက် ကုန်ကျခဲ့တယ်။ ဒီလို ကယ်တင်ခဲ့ရမှုက ဂျာမနီနိုင်ငံရဲ့ အားအင်ကို ကုန်ခန်းစေခဲ့တယ်။ ပထမဦးစွာ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘဲ နဲ့ အောင်မြင်မှုမရှိတဲ့ စီးပွားရေးကို ကယ်တင်ရ တာဟာ အလုပ်မဖြစ်ဘူး။ ငွေတွေကိုလွင့်ပစ်သလိုပဲ အကျိုးမရှိ ဘူးဆိုတဲ့ သင်ခန်းစာကို ဂျာမနီတွေ နားလည် သဘောပေါက် သွားခဲ့ကြ တယ်။ ဒါကြောင့် ဂျာမနီနိုင်ငံဟာ ယှဉ်ပြိုင်နိုင်စွမ်း ပြန်ရှိလာအောင် လုပ်သားတွေရဲ့ လုပ်ခကို တိုးမပေး ဘဲ ပြုပြင်ပြောင်း လဲရေးတွေ အားသွန် ခွန်စိုက်လုပ်ခဲ့ကြတယ်။ ဒါမှပဲ စီးပွား ရေးက ပြန်လည်ဦးမော့လာခဲ့တယ်။
    ဒုတိယအပြောင်းအလဲတစ်ခု ကတော့ ကော်ပိုရိတ်ဂျာမနီဟာ လွန်ခဲ့ တဲ့ ဆယ်နှစ်လောက်စပြီး ဖောက် သည်သစ်တွေ ရှာဖွေခဲ့ခြင်းဖြစ်တယ်။ ဥရောပဈေးကွက်တွေဟာ တိုးတက် မှုမရှိတော့တဲ့အတွက် ဥရောပရဲ့ အပြင်ဘက် ထွက်ပြီး ဈေးကွက် သစ်တွေ ရှာဖွေခဲ့ကြတယ်။ အထူးသဖြင့် တော့ ထွန်းသစ်စ ဈေးကွက်တွေ Emerging Markets  တွေနဲ့ အမေရိ ကန်ပြည်ထောင်စု ကို ဂျာမနီရဲ့ ထုန် ကုန်တွေ တင်ပို့ရောင်းချခဲ့တယ်။ အမြတ်အစွန်းလည်း တစ်ပုံတစ်ခေါင်း ရရှိခဲ့တယ်။
    ဂျာမနီနိုင်ငံက အကြီးမားဆုံးနဲ့ လူသိအများဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ BMW  နဲ့ Volkswagen ဟာ သူတို့ကားတွေကို အဓိကတရုတ်ပြည် တင်ရောင်းခဲ့ တယ်။ BMW ဆိုရင် ၂ဝဝ၃ ခုနှစ် လောက်ကစပြီး တရုတ်ပြည်မှာ တရုတ်ကုမ္ပဏီတစ်ခုနဲ့ စပ်တူလုပ်ပြီး ကားပစ္စည်းအစိတ်အပိုင်းတွေကို စုစည်းတပ်ဆင်တဲ့လုပ်ငန်း လုပ်ကိုင်ခဲ့ တယ်။ တရုတ်ပြည် တင်ပို့ရောင်းချ တဲ့ လုပ်ငန်းဟာ ရာခိုင်နှုန်းအားဖြင့် ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့် သွားခဲ့တယ်။
    အင်ဂျင်နီယာလုပ်ငန်းတွေမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ Siemens ကုမ္ပဏီဆိုရင်လည်း သူတို့ ရဲ့ ဝင်ငွေ အတော် များများကို အမေရိ ကားနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီက ရရှိခဲ့တယ်။ သူတို့လောက် ကြီးကျယ် တဲ့ လုပ်ငန်း မဟုတ်ပေမယ့် ဝက်အူချောင်း ထုတ်လုပ်ရောင်းချတဲ့ Westfleisch ကုမ္ပဏီတောင်မှ တရုတ်နဲ့ရုရှားကို တင်ပို့ရောင်းချလို့ အမြတ်အစွန်းကို ၂ဝ ရာခိုင်နှုန်း လောက် မြင့်တက်သွားခဲ့တယ်။ မနှစ် ကဆိုရင် ဝက်ကောင်ရေ ခုနစ်သန်း သတ်ပြီးဝက်အူချောင်းတွေ ထုတ်လုပ် တင်ပို့ရောင်းချခဲ့ရပါသတဲ့။
    အခြားတစ်ဘက်မှာ ဥရောပ အတွင်း ဂျာမနီရဲ့ တင်ပို့ရောင်းချရမှု ကလဲ မြင့်တက်လာခဲ့တယ်။ ဒါပေ မယ့် စုစုပေါင်းရဲ့ ရာခိုင်နှုန်းအရ ပြော ရင် ကျဆင်းသွားတယ်။ လောလော ဆယ်မှာ အခြားသော ဥရောပနိုင်ငံ များကို ဂျာမနီရဲ့တင်ပို့ရောင်းချမှုဟာ ၄၂ ရာခိုင်နှုန်းပဲရှိတယ်။
    ဂျာမနီရဲ့ ဘဏ္ဍာရေးဈေးကွက် ကလည်း အထူးတလည် အောင်မြင် လျက်ရှိတယ်။ ကြွေးပိနေကြတဲ့ ဥရောပတောင် ပိုင်းဒေသက ငွေရှင် ကြေးရှင်တွေဟာ သူတို့နိုင်ငံတွေက ဘဏ်တွေကို စိတ်မချလို့ သူတို့ရဲ့ ငွေတွေကို ဂျာမနီနိုင်ငံမှာ ရွှေ့ပြောင်း ထားရှိကြတယ်။ ဒီတော့ ဂျာမနီ ဘဏ်တွေမှာ ငွေတွေပြည့်လျှံနေ တယ်။ ဥရောပတောင်ပိုင်းကနိုင်ငံတွေ ရဲ့ ငွေတွေနဲ့ ဂျာမနီနိုင်ငံက အလုပ် ဖြစ်နေတယ်။ တစ်နည်းပြောရင် ကောင်းစားနေတယ်။
    အခြားသော ဥရောပနိုင်ငံတွေက စီးပွားရေးအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ ဂျာမန်စီးပွားရေး က ဒေါင်ဒေါင်မြည်ကောင်းနေလေတော့ ဂျာမနီ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ Angela Merkel  လည်း အမျိုးမျိုးဝေဖန် စွပ်စွဲ ပြောဆို ခံနေ ရရှာ တယ်။ ကမ္ဘာက တောင် Merkel အပေါ် အမြင် မကြည်ဖြစ်နေတယ်။
    ယူရိုငွေကို ဒီကနေ့အထိ ကမ္ဘာ့ နိုင်ငံတွေက သီးသန့်အရန်ငွေကြေး reserve currency  အဖြစ် ကိုင်ဆောင် ထားကြပေမယ့် ယူရိုငွေကြေးကို ဆက်လက်ကိုင်စွဲအသုံးပြုသင့်သလား ဆိုတဲ့ ကိစ္စကိုလည်း ဥရောပမှာ အကြီးအကျယ်ဝေဖန်ဆွေးနွေးလာနေ ကြတယ်။
    မကြာသေးမီက ဂျာမန်ဗဟို ဘဏ်ကောင်စီဝင်ဟောင်းတစ်ဦးဖြစ် တဲ့ Thilo Sarrazin u Europe Doesn't Need the Euro  ဆိုတဲ့ စာအုပ်တစ်အုပ်ရေးသားထုတ်ခဲ့တယ်။ လူကြိုက်အများဆုံး စာအုပ်လည်းဖြစ် တယ်။ သူကတော့ ရှင်းရှင်းပဲ။ ဥရောပအတွက် ယူရိုငွေ မလိုအပ် ဘူးလို့ ရေးသားတင်ပြခဲ့တယ်။
    ဂျာမန်ပြည်သူအတော်များများ က သူတို့ရဲ့ အမျိုးသားငွေကြေးဖြစ် တဲ့ ဒွိုက်ခ်ျမက်- Deutsche mark ကိုပဲ သဘောကျ ကြ တယ်။ တစ်ခုတည်းသောငွေကြေးဖြစ်တဲ့ ယူရိုငွေကြေးကိုပြောင်းလဲအသုံးပြုတာဟာ မှားတာပဲလို့ ဂျာမန်ပြည်သူထက် ဝက်လောက် က ယူဆကြတယ်။
  ယူရိုဇုန်အတွင်း လက်ရှိအခြေအနေအရ ဂရိနိုင်ငံဟာ ယူရိုဇုန်မှ ထွက်ခွာသွားသင့်တယ်လို့ ဂျာမန်ပြည်သူ ၇ဝ ရာခိုင်နှုန်းလောက်က သုံးသပ်တယ်။ ပြီးတော့ ဂရိနိုင်ငံဟာ သူရဲ့အြေ<ွကးတွေကို ပြန်ဆပ်နိုင်မယ့် အလားအလာလည်း သိပ်မရှိဘူး။ ယူရိုဇုန်အတွင်းမှာ ဂရိတို့ပေါ်တူဂီတို့ ကစပြီး အီတလီ၊ စပိန်စတဲ့ နိုင်ငံကြီး တွေအထိ တစ်စတစ်စပြဿနာတွေ တက်လာတယ်။ တစ်နည်းပြောရင် တော့ ယူရိုဇုန်အခြေအနေဆိုးရွား လာ တယ်။ ပြင်သစ်ရဲ့အခြေအနေက လည်း သိပ်ကောင်းတာမဟုတ်ဘူး။
    ဒီတော့ ယူရိုဇုန်အနေနဲ့ ဒါမှ မဟုတ် ဥရောပသမဂ္ဂ- European Vrien  အနေနဲ့ အခုထက်ပိုပြီး ပေါင်း စည်းရေးလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် တော့ တစ်စစီတစ်စစီ ပြိုကွဲသွားနိုင် တယ်။ တရုတ်၊ အိန္ဒိယတို့လို ထွန်းသစ်စနိုင်ငံတွေရဲ့ စီးပွားရေး ကျဆင်းနေချိန် အမေရိကန်စီးပွားရေး ကလည်း ပြန်လည်ဦးမော့မလာနိုင် သေးတဲ့အချိန်မှာ ဥရောပပြိုလဲပြီး ကမ္ဘာ့စီးပွားရေးပျက်ကိန်း ဆိုက် ရင် တော့ Angela Merkel ကြောင့်လို့ လက်ညှိုးထိုးကြမှာ သေချာတယ်။
မင်းရွှေမောင်
Ref : Time, July 16, 2012
မင်းရွှေမောင်
 

မူးယစ်ကော်ပိုရေးရှင်း

  
သမိုင်း၏ မတော်တဆဖြစ်ပျက်မှုလော၊ ပထဝီ ကျိန်စာသင့် ခြင်းကြောင့်လော မသိရဘဲ အမေရိကန်နှင့် မက္ကဆီကိုတို့သည် နယ်မြေချင်း ထိစပ်နေသည့် အိမ်နီးချင်း ဖြစ်ရလေသည်။ တစ်နှစ် လျှင် အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ မှ ၃၉ ဘီလျံ တန်ဖိုးရှိ ကိုကင်းတို့သည် မက္ကဆီကို မှ အမေရိကန်သို့ ဝင်ရောက်လျက် ရှိသည်။ မူးယစ်ဂိုဏ်းများသည် ကမ္ဘာ့ထိပ်သီး ကော်ပိုရေးရှင်းများ ကဲ့သို့ကွန်ရက်ဖွဲ့ကာ လုပ်ကိုင်နေသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ  မက္ကဆီကိုတွင် မူးယစ်မှောင်ခို လုပ်ငန်းနှင့် ဆက်နွယ် လျက် လူပေါင်းငါးသောင်းကျော် အသက်ဆုံးခဲ့ရပြီးဖြစ်သည်။  ထို့ကြောင့် ရှေးဆိုရိုးစကားတစ်ခုတွင် ''အမေရိကန်နဲ့လည်း နီးလွန်း ပြီး ဘုရားသခင်နဲ့ဝေးလွန်းတဲ့အတွက် မက္ကဆီကိုဟာ သနားဖို့သိပ်ကောင်းတယ်''ဟုဆိုထားသည်။ မူးယစ်ကုန်သွယ် ခြင်းသည် အမြတ်အစွန်း ကြီးမားလွန်းသည့်အတွက် တောင် အမေရိကနိုင်ငံများသည် မူးယစ်ဂိုဏ်းများကို မနှိမ်နင်းနိုင်ဖြစ်နေရ သည်။
    အမေရိကန်သည် ကမ္ဘာ့အကြီးမားဆုံး ကိုကင်းဈေးကွက် ဖြစ်နေသည်။ အမေရိကန်ဈေးကွက်သည် ဝင်လာသမျှ ကိုကင်း များကို ဝါးမျိုသုံးစွဲနေသည်မှာ  အလျဉ်မမီနိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မူးယစ်ရာဇာတို့  တောင်အမေရိက တစ်လွှားတွင် အောင်ပွဲ ခံနေကြသည်၊ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဖြစ်ကုန်ကြ သည်။
    ကိုလံဘီယာနှင့်ပီရူးတွင် တစ်ကီလိုလျှင် ဒေါ်လာ နှစ်ထောင် ပေါက်ဈေးရှိသော ကိုကင်းသည် မက္ကဆီကိုသို့ရောက်လာသည့် အခါ တစ်ကီလို ဒေါ်လာတစ်သောင်းဖြစ်လာသည်။ နယ်စပ်ကိုဖြတ်ကျော်လျက် အမေရိကန်ပြည်တွင်းသို့ရောက်သွားသောအခါ တစ်ကီလို လက္ကားဈေးမှာ  ဒေါ်လာသုံးသောင်းနှင့် အရောင်း အဝယ်ဖြစ်ကြသည်။ တစ်ကီလိုထုပ်ကို ဂရမ်အထုပ်ငယ်လေးများ အဖြစ်ခွဲ၍ ရောင်းချသောအခါ တစ်ကီလို ဒေါ်လာတစ်သိန်း ဖြစ်လာသည်။ အလေးချိန်ဖြင့် နှိုင်းယှဉ်ပါက ကိုကင်းသည် ရွှေထက် ပင် ဈေးမြင့်နေသည်။
  အမေရိကန်ပြည်တွင်းသို့ကိုကင်းမှောင်ခိုသွင်းနေသည့်အကြီးမားဆုံးဂိုဏ်းမှာ စင်နာလိုဂိုဏ်း-Sinaloa ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် မှာ ဂျိုကွင်ဂတ်စ်မန်-Joaquín Guzmán  ဖြစ်သည်။ သူ့အား ချာပိုဟု အများကသိထားသည်။ ကမ္ဘာပေါ် တွင် အာဏာအရှိဆုံး မူးယစ်ရာဇာအဖြစ် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက သူ့အားဝိသေသပြုထားသည်။ သူ့ဇနီး အီမာ ကော်ရိုနယ်- Emma Coronel   မှာ ယခင်က အလှမယ်တစ်ဦး ဖြစ်ခဲ့သည်။ မကြာသေးမီက လော့အိန်ဂျယ်လစ်မြို့စွန် သားဖွားခန်းတွင်  ချာပိုအတွက် အမြွှာ သမီးနှစ်ဦးကို မွေးဖွားပေးခဲ့သည်။ အိုစမာဘင်လာဒင် သေဆုံးပြီးနောက်ပိုင်းတွင် သူသည် အမေ ရိကန်အစိုးရက အလိုရှိဆုံး လူဆိုးစာရင်းဝင်ဖြစ်လာသည်။ သို့သော် ဇနီးသည်ဖြစ်သူ အီမာအပေါ်တွင် စွပ်စွဲချက် တစ်စုံတစ်ရာမရှိပေ။အီမာသည် မီးဖွားပြီး သည့်အခါ မွေးကင်းစသမီးနှစ် ယောက်နှင့်အတူ နယ်စပ်ကို ဖြတ်လျက် မက္ကဆီကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် သွားသည်။ အမေရိကန်အစိုးရက သူမအား  ပြစ်မှုတစ်စုံတစ်ရာ စွပ်စွဲ ထားခြင်းမရှိသဖြင့် သူမ မက္ကဆီကို သို့ ပြန်လည်ထွက်ခွာသွားသည်ကို လက်ပိုက်ကြည့်နေခဲ့ရသည်။
    အသက် ၅၅ နှစ်ရှိပြီဖြစ်သော ချာပိုသည် မက္ကဆီကိုတွင် ပဟေဠိ တစ်ပုဒ်ဖြစ်သည်။ သူနှင့် ပတ်သက် လျှင် ကဗျာတပုဒ်လို ဆွတ်ပျံ့ဖွယ်ရာ များရှိသလို ရန်သူလက်မှ အသက်လု ထွက်ပြေးရသည့် ဒရာမာဇာတ်ကြမ်း များလည်းရှိသည်။ မူးယစ်မှောင်ခို သမားတို့၏ ဘဝဇတ်လမ်းသည် ခဏတာမျှထွန်းတောက်ပြီး အကျဉ်း ထောင်တို့တွင် ဇတ်သိမ်းရလေ့ရှိသော် လည်း ချာပိုသည် မူးယစ်ရာဇာ သက် တမ်းရှည်လှသည်။ နာမည်ကျော် မူးယစ်ရာဇာတစ်ဦးဖြစ်သည့် အက်စ ကိုဘာသည် အသက်လေးဆယ်ကျော် တွင် ရဲလက်ချက်ဖြင့် သေဆုံးခဲ့ရသော် လည်း ချာပိုမှာမူ အသက်ငါးဆယ် ကျော်အထိ ပန်းပန်နေဆဲ။ မူးယစ် နှိမ်နင်းရေးအဖွဲ့၏ အဆိုအရ ချာပို သည် အက်စကိုဘာထက်ပင် ကိုကင်းများကို ရောင်းချခဲ့ပြီးဖြစ်သည် ဟုသိရသည်။ ယင်းသို့ ရောင်းချနိုင် ခြင်းမှာ လည်း အမေရိကန်တွင် ကိုကင်းသုံးစွဲမှု အဆမတန်မြင့်တက် နေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာပေါ် တွင် ကိုကင်းသုံးစွဲမှုအများဆုံး အမေ ရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကင်းအများဆုံးထုတ်လုပ်သည့် နိုင်ငံ၏ အိမ်နီးချင်းဖြစ်နေခြင်းသည် ရှေးရေစက်ဟုပင် ဆိုရမည်။
    ချာပို၏ မူးယစ်အင်ပါရာသည် မည်မျှကြီးမားနေသည်ကို အတိအကျ မသိနိုင်ပေ။ မှန်းဆချက်များသာ ရှိသည်။ ချာပို၏ မူးယစ် ဂိုဏ်းသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော်ဖိုးရှိ ကိုကင်းများကို အမေ ရိကန်သို့ မှောင်ခိုပို့လျက်ရှိသည်ဟု ကျွမ်းကျင်သူများက မှန်းဆသည်။ထိုပမာဏမှာ အမေရိကန် မူးယစ်ဈေး ကွက်၏ ခြောက်ဆယ်ရာနှုန်းဖြစ်ပြီး အမေရိကန် ထိပ်တန်း ကော်ပိုရေးရှင်း ကြီးတစ်ခု၏ ဝင်ငွေနှင့် ညီမျှသည်။
    မက္ကဆီကို မူးယစ်နှိမ်နင်းရေး စစ်ပွဲတွင် လူပေါင်းငါးသောင်းကျော် သေဆုံးခဲ့ပြီဖြစ်သည်။ ထိုကိန်းဂဏန်း သည် မူးယစ်ရာဇာတို့ မည်မျှတန်ခိုး ထွားနေသည်ကို ညွှန်ပြလျက်ရှိသည်။  ချာပို၏ Sinaloa  သည် ကမ္ဘာ့စီးပွား ရေးကျဆင်းမှုကို ကြံ့ကြံ့ခံနိုင်ရုံမျှမက နယ်မြေချဲ့ထွင် လာနိုင်သည်။ အမေ ရိကန်နှင့် မက္ကဆီကို နယ်စပ်တစ် လျှောက် မှောင်ခိုလမ်းကြောင်း အများစုကို စင်နာလိုအာက ထိန်းချုပ်ထားသည်။ နိုင်ငံ ၁၂ နိုင်ငံတွင် လှုပ်ရှားကျက်စားနေသည်။ သူတို့၏ လှုပ်ရှားမှုသည် နက်နဲခက်ခဲသော် လည်း သိမ်မွေ့ ညက်ညောပြီး ထိရောက်မှုရှိသည်။ သူ၏ လှုပ်ရှားမှု ကွန်ရက်သည် ကမ္ဘာ့ထိပ်တန်းကော်ပို ရေးရှင်းကြီးများကဲ့သို့ ရှုပ်ထွေးစွာ ဖွဲ့တည်ထားသည်။ ချာပိုသည် သူ့ကွန်ရက်ကို အသေးစိပ်စီမံခန့်ခွဲနိုင် သူဖြစ်သည်။ သက်တမ်းရှည်မှု၊ အမြတ် အစွန်းရရှိမှု၊ ကျယ်ပြန့်မှုတို့ကို ပေါင်း ရုံးစဉ်းစားလျှင် စင်နာလိုအာသည် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး မူးယစ်ဂိုဏ်း ဟု ဝိဂြိုဟ်ပြု ရလိမ့်မည်။
    စင်နာလိုအာဟူသည့် အမည်သည် မက္ကဆီကို အနောက်ဘက် ကမ်းခြေရှိ ပြည်နယ်အမည်ဖြစ်သည်။ ဂိုဏ်းသည် ထိုပြည်နယ် တွင် အခြေ စိုက်သည့်အတွက် ယင်းအမည် တွင် လာခြင်းဖြစ်သည်။ သမိုင်းစဉ်ဆက် လူဆိုးလူကြမ်း လူသော့သွမ်းတို့ သန္ဓေတည် ရာ၊ ပုန်းအောင်းမီခိုရာ ဖြစ်ခဲ့သည်။ ထိုပြည်နယ်တွင် ချာပို ကို ၁၉၅၇ ခုနှစ် တွင် မွေးဖွားခဲ့သည်။ သူသည် တတိယတန်း တွင် ကျောင်း ထွက်ခဲ့ရသဖြင့် စာရေးစာဖတ်ကို အသက်ကြီးသည့်အခါတွင်မှ ပြန် လည်သင်ယူရသည်။ လူပျိုပေါက် အရွယ်တွင် စာမတတ်သဖြင့် သူ့ အတွက် ရည်းစားစာကို သူငယ်ချင်း က ရေးပေးရသည်။ သူ အသက် နှစ်ဆယ်ကျော် ၁၉၈ဝ ပြည့်လွန်နှစ် များတွင် မူးယစ်မှောင်ခိုလုပ်ငန်းတွင် စတင်ပါဝင်ပတ်သက်သည်။
    ထိုအချိန်တွင် ကိုလံဘီယာ မူး ယစ်ဂိုဏ်းများသည် အလွန်ခြေသွက် နေသဖြင့် အမေရိကန် မူးယစ်နှိမ်နင်း ရေးအဖွဲ့က ကရစ် ဘီယံတစ်ကြော တွင်တင်းကျပ်လာသည်။ ကိုလံဘီ ယာမူးယစ်ဂိုဏ်းများသည် အမေရိ ကန်ပြည်တွင်း ကိုကင်းသယ်ပို့နိုင်မည့် လမ်းကြောင်းကို တိုးချဲ့ရှာဖွေ သည့်အခါ မက္ကဆီကိုအား လမ်း ကြောင်းတစ်ခုအဖြစ် သုံးစွဲလာသည်။
    ကိုလံဘီယာမှ ကာလီနှင့် မယ်ဒယင်း မူးယစ်ဂိုဏ်းများသည် ကိုလံဘီယာမှ ကိုကင်းကို လေယာဉ် ဖြင့် မက္ကဆီကိုသို့ သယ်ယူ လာသည်။ လူသူမနီးသော တောနက်အတွင်း လေယာဉ်ကွင်းငယ်များ ဆောက်ကာ မူးယစ်ကွန်းထောက်စခန်းများကို တည်ထောင် ကြသည်။ အမေရိကန်နယ်နမိတ်တစ်လျှောက် လေကြောင်းပျံသန်းမှုဆက်သွယ်ရေးမှန်သမျှကို အမေရိကန် မူးယစ်နှိမ်နင်းရေး အဖွဲ့က ကြားဖြတ်နားထောင်နေသဖြင့် မူးယစ်မှောင်ခိုလေယာဉ်မှူးများသည် မြေပြင်ရှိမှောင်ခိုသမားများနှင့် ရေဒီယိုဖြင့် ဆက်သွယ် ရာတွင် စကားမပြောဘဲ လေချွန် အချက်ပြဆက်သွယ်သည်။
    မက္ကဆီကိုဂိုဏ်းများက ကူညီ ဆောင်ရွက်ပေးခအဖြစ် နောက်ပိုင်း တွင် ငွေမပေးတော့ဘဲ ကိုကင်းကို ကိုလံဘီယာ ဂိုဏ်းများ၏ ဝန်ဆောင်ခအဖြစ် ပေးလာသည်။ ယင်းသို့ ပေးချေပုံစနစ်ပြောင်းလဲလိုက်ခြင်းသည် မက္ကဆီကိုတွင် မူးယစ်လုပ်ငန်းများ အပြိုင်း အရိုင်းပေါ်လာစေရန် တွန်း အားပေးသကဲ့သို့ ဖြစ်သွားသည်။ မက္ကဆီကိုဂိုဏ်းများသည် ကိုလံဘီ ယာ ကိုကင်းများကို သယ်ပို့ပေး ရုံမျှ မက အဖိုးအခအဖြစ်ရထားသော ကိုယ်ပိုင်ကိုကင်းများကို သယ်ယူ ရောင်းချရန် ဖြစ်လာသည်။ ထိုအခါ အမေရိကန်နိုင်ငံတွင်း သိုလှောင်ခြင်း ဈေးကွက်ရှာဖွေခြင်းတို့ကို မက္ကဆီကို ဂိုဏ်းများက လုပ်လာရသည်။
    ကိုလံဘီယာမှ မက္ကဆီကိုသို့လာ သောကိုကင်းလေယာဉ် တစ်ညလျှင် အနည်းဆုံးငါးစီးရှိပြီး တစ်ခါတစ်ရံ ၁၆ စီး အထိရှိသည်။ ချာပိုသည် လုပ်ရင်းကိုင်ရင်းဖြင့် အမေရိကန်သို့ကိုကင်းသယ်ပို့သောလမ်းကြောင်းတွင် မက္ကဆီကို၏အဓိကကျမှုကို သိမြင်လာသည့် အတွက် သူသည် ကိုလံဘီယာမှ ကိုကင်းများကို ကြားခံ သယ်ပေးရသည့် အထမ်းသမားမလုပ် လိုတော့။ သူကိုယ်တိုင် ဦးစီးသည့် မူးယစ်ဂိုဏ်းငယ်လေးများကို စတင် တည်ထောင်သည်။
    ချာပို၏ လက်ထောက် မာတင် နေးသည် လေယာဉ်မှူးဟောင်းတစ်ဦး ဖြစ်သည်။ သူသည် ကိုကင်း မှောင်ခိုလေယာဉ်များ ကို မြေပြင်မှနေလျက်လေကြောင်းလမ်းပြလုပ်ပေးသည်။ မက္ကဆီကိုသည် ကိုကင်းပင်မဖြန့်ဖြူးရာဌာန ဖြစ်လာပြီးနောက် မာတင်နေး ၏ အသုံးဝင်မှုမြင့်မားလာ သည်။ သူ့နှင့် တစ်ကြိမ် တွေ့ခွင့်ရရန် ဒေါ်လာ နှစ်သောင်းငါးထောင်ပေးရ သည်။ ဤသို့ဖြင့် မာတင်နေး သည် ချာပိုနှင့်တွဲမိပြီး လူယုံတော်ဖြစ်လာသည်။ ချာပိုသည် မာတင်နေး အပါ အဝင် လက်ရုံးလူယုံတော်ဆယ်ဦး မကရှိသည်။ ချာပိုထံ တွင် အမှုထမ်း သည့်အတွက် တစ်နှစ်လျှင် လစာ အဖြစ် ဒေါ်လာတစ်သန်းပေးသည်။ထိုဒေါ်လာတစ်သန်းကို နှစ်စဉ် ဒီဇင် ဘာလတွင် ခရီးဆောင်သေတ္တာ ထဲတွင်ထည့်ပေးသည်။
    ၁၉၈၉ ခုနှစ်တွင် ချာပို၏ ဆရာဖြစ်သူ အယ်လ် ပက်ဒရင်နိုအား မက္ကဆီကိုအစိုးရက ဖမ်းမိသွားသည်။ ထိုအခါ မူးယစ်ဆေးဝါး သယ်ဆောင် ရာ လမ်းကြောင်းကို မည်သို့ခွဲဝေယူ မည်ကို မူးယစ်ဂိုဏ်းသားတို့ စုဝေး တိုင်ပင်ကြသည်။
    ပထမပိုင်းတွင် ချာပိုဂိုဏ်းသည် လမ်းကြောင်းတစ်ခုတည်းကိုသာ အသုံးပြုသည်။ မက္ကဆီကို အနောက် ပိုင်းမှ တက္ကဆပ်ပြည်နယ်အတွင်းသို့ ဖြတ်ဝင်သော လမ်းကြောင်းဖြစ်သည်။ စင်အာနိုလာဂိုဏ်းသည် မူးယစ်မှောင်ခို ကူးရာတွင် နည်းလမ်း အမျိုးမျိုးကို အသုံးပြုကြသည်။  ကိုလံဘီယာမှ ကိုကင်းများကို လေယာဉ်ငယ်လေး များဖြင့် လည်းကောင်း၊ ခရီးသည် တင် လေယာဉ်ပေါ်တွင် ခရီးဆောင် သေတ္တာများဖြင့် လည်းကောင်း၊ တစ်ခါတစ်ရံ ဘိုးအင်း ၇၄၇ လေ ယာဉ်ဖြင့် လည်းကောင်း ခိုးသွင်းသည်။ ယင်းသို့ ဘိုအင်းလေယာဉ် ဖြင့်ခိုးသွင်းသည့်အခါ ကိုကင်း ၁၃ တန်အထိ သယ်ဆောင်လေ့ရှိသည်။ ကုန်သေတ္တာ သင်္ဘော၊ ငါးဖမ်း သင်္ဘော၊ အမြန်စီး မော်တော်ဘုတ် စသည့် လှုပ်ရှားသွားလာနိုင်သည့် ယာဉ်မှန်သမျှကို အသုံးပြုသည်။ လက်ဖြစ်ရေငုပ်သင်္ဘောကို အမေဇုန် သစ်တောအတွင်း တည်ဆောက်ပြီး ကမ်းခြေသို့ မြစ်ကြောင်းတစ်လျှောက် တစ်စစီသယ် ယူလာကာ ကမ်းခြေ တွင် ပြန်လည်တပ်ဆင်သည်။ ရေငုပ် သင်္ဘောတစ်စီးလျှင် တည်ဆောက်ခ ဒေါ်လာတစ်သန်းကုန်ကျပြီး တစ်ခါ သုံးသာဖြစ်သော်လည်း ထိုပမာဏ သည် မူးယစ်ရာဇာများအဖို့ မမှု လောက်ပေ။
    သင်္ဘောငယ်များဖြင့် သယ်ယူ စဉ်  ကြားဖြတ်ဖမ်းဆီးခံရသည့်အခါ ဝမ်းဗိုက်တွင် တပ်ဆင်ထားသော အဆို့ရှင်များကို ဖွင့်လျက် သင်္ဘောကို နစ်မြုပ်စေလိုက်သည်။ သင်္ဘောပေါ်တွင် ပါလာသူများသည် အဖမ်းခံရသော်လည်း သက်သေခံပစ္စည်း မမိ သဖြင့် ပြန်လွှတ်ပေးလိုက်ရသည်။
    ကိုကင်း မှောင်ခိုလုပ်ငန်းသည် ငွေကြေးအရင်းအနှီးများစွာ လိုအပ် သည်။ ထိုအရင်းအနှီးရရှိရန် ဆေး ခြောက်လုပ်ငန်းကို လုပ်ကြ ရသည်။ ဆေးခြောက်ကို မက္ကဆီကိုတွင် ငွေပေါ်သီးနှံဟုခေါ်ကြသည်။ ဆေး ခြောက်သည် ကိုကင်းထက် ဝန်ပို ကျယ်ပြီး အနံ့ပြင်း သည်။ ထို့ကြောင့် ဆေးခြောက်မှောင်ခိုသွင်းရာတွင် မြို့ပြ နှင့်ဝေးသော လမ်းကြောင်းများကို အသုံးပြုသည်။
    မက္ကဆီကိုနှင့် အမေရိကန် နယ် စပ်မျဉ်းတစ်လျှောက်တွင် ဒေါ်လာ ဘီလျံချီ အကုန်အကျခံကာ အမေရိ ကန်က ဝင်းထရံကာ ထားသည်။ မူးယစ်မှောင်ခိုသမားများသည်  ဝင်းထရံကို နည်းမျိုးစုံဖြင့် ကျော်ဖြတ် ခြင်း၊ ဥမင်လိုဏ်ခေါင်းတူးခြင်း၊ လောက်လွှဲဖြင့် ဝင်းထရံတစ်ဘက်သို့ ကျော်ပစ်ခြင်းတို့ကို ပြုလုပ်သည်။ မူးယစ်အရာရှိတစ်ဦးက '' ကျုပ်တို့ က အကောင်းဆုံး၊ ခေတ်အမီဆုံး ဆိုတဲ့ဝင်းထရံကို ဘီလျံနဲ့ချီ အကုန် အကျခံဆောက်ထားတယ်။ မှောင်ခို သမားတွေက အေးအေးဆေးဆေးပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝ က စစ်ပွဲ တွေမှာ သုံးတဲ့ လောက်လွှဲနည်းပညာ ကို အသုံးပြုတယ်''ဟု ပြောသည်။
    မူးယစ်ရာဇာတို့သည် ဥပဒေ ဘက်တော်သားများထက် အမြဲတမ်း ခြေတစ်လှမ်းသာနေရန် ဥာဏ်ကို လွှာသုံးကြ သည်။ဆေးခြောက်ကို နယ်စပ်ဖြတ်ကျော် သယ်ရန်မလိုသော နည်းကို ကြံဆကြသည်။ ထိုနည်းမှာ အမေရိကန် နယ်မြေ အတွင်း ဆေးခြောက်ကို စိုက်ပျိုးခြင်းဖြစ်သည်။ အမေရိကန်မုဆိုးတစ်ဦးသည် ဝစ်ကွန်ဆင်ပြည်နယ် တောနက်ထဲတွင်  အမဲလိုက်နေ စဉ် တောထဲတွင် စနစ် တကျ ရေသွင်းစိုက်ပျိုးထားသော ဆေးခြောက်ခင်းကြီးတစ်ခင်းကို သွား တွေ့သည်။ ထိုဆေးခြောက်ခင်း ကို အေကေ-၄၇မောင်းပြန်ကိုင်ဆောင်ထားသော မက္ကဆီကင်များကစောင့်ကြပ်နေသည်။ ထိုဆေးခြောက်ခင်းများမှ ချီကာ ဂို ဆေးခြောက် ဈေးကွက် ကို ဖြန့်ဖြူးပေးနေသည်။
    ဟီးရိုးအင်းသည် ခိုးသွင်းရန် လွယ်ကူသော်လည်း ထုတ်လုပ်ရန် ခက်ခဲသည်။ အခြားမူးယစ်ဆေးများ နှင့် အလေးချိန် ချင်း နှိုင်းယှဉ်ပါက ဟီးရိုးအင်းသည် အဖိုးတန်ဆုံးဖြစ် သည်။ စင်နိုလာဂိုဏ်းသည်သူတို့ ထုတ်လုပ်သော အရည်အသွေးမီ ဟီးရိုးအင်းအတွက် များစွာဂုဏ်ယူ သည်။ သူတို့၏ဟီးရိုးအင်းသည် ၉၄ ရာနှုန်း အရည်အသွေးပြည့်သည် ဟု ဆိုသည်။
    ၁၉၉ဝ ပြည့်လွန်နှစ်များမှ စ၍ မက်သာဖက်တမင်းသည် လူကြိုက် များသော မူးယစ်ဆေးဖြစ်လာသည်။ မက်သာဖက် တမင်း သည် စွဲလွယ်ပြီး ထုတ်လုပ်ရန်လည်း လွယ်ကူသည်။ နည်းပညာထွန်းကားသော အမေရိ ကန်တွင် အလွယ်တကူ ထုတ်လုပ် နိုင်သည်။ ထို့ကြောင့် အာဏာပိုင်များ က မတ်သာဖက်တမင်းအများအပြား မထုတ်လုပ်နိုင်စေရန် ကန့်သတ် တားဆီး မှုများလုပ်ထားသည်။ ထို အချက်သည် မက္ကဆီကို မူးယစ်ဂိုဏ်း များအတွက် အခွင့်ကောင်းဖြစ်လာ သည်။ သူတို့ က ဆေးခြောက် ပေါင် ငါးရာပို့လျှင် မက်သာဖက်တမင်း နှစ်ကီလိုကို မေတ္တာလက်ဆောင် အဖြစ်ထည့်ပေးသည်။ မက်သာဖက် တမင်း ဆေးစွဲသူများပေါ်လာစေရန် ဈေးကွက်ဖော်ခြင်းဖြစ်သည်။ ဈေး ကွက်သည် ခဏတွင်းချင်း ကြီးထွား လာသည်။ မူးယစ်ဂိုဏ်း များသည် စက်မှုကုန်ထုတ်စက်ရုံကြီးကဲ့သို့ အမြောက်အမြား ထုတ်လုပ်ပေးနိုင် သည့် စက်ရုံများကို တည်ထောင် သည်။ မက်သာဖက်တမင်း ချက် လုပ်ရာတွင် အသုံးပြုသည့် အပ်ဖဒရင်း Ephedrine ကဲ့သို့ ဓာတုဗေဒဆေး များကို အိန္ဒိယနှင့် တရုတ်မှ မှာယူ သည်။ ၂ဝဝ၉ ခုနှစ်တွင် အပ်ဖဒရင်း ၂၂ တန်၊ ၂ဝ၁ဝ ခုနှစ် မေလတွင် ၈၈ တန်၊ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ တွင် ၂၅၂ တန်ကို မက္ကဆီကိုတွင်  ဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် မက္ကဆီကို အာဏာပိုင်များက  အပ်ဖ ဒရင်း တင်သွင်းမှုကို လုံးဝပိတ်ပင် လိုက်သည်။ ထိုအခါ အပ်ဖဒရင်း အစား အခြားဓာတုပစ္စည်းကို မူးယစ် ဂိုဏ်းများက ပြောင်းလဲအသုံးပြု သည်။
    နယ်စပ်ဖြတ်ကျော်လျက် မူးယစ် ဆေးဝါးများကို သယ်ဆောင်ရာတွင် ဥမင်လိုဏ်ခေါင်းမှ တစ်ဆင့် သယ်ယူ ခြင်းသည် ပမာဏအများအပြားကို  အမြန်ဆုံး အလွယ်တကူ သယ်ယူနိုင် သည်။ ချာပိုသည် ၁၉၈ဝ ပြည့်လွန် နှစ်များတွင် ဗိသုကာ အင်ဂျင်နီယာ တစ်ယောက်ကို ငှားရမ်းလျက် ဥမင် လိုဏ်ခေါင်း ဒီဇိုင်းရေးဆွဲခိုင်းသည်။ ဥမင်လိုဏ်ခေါင်းသည် ပေနှစ်ရာရှည် သည်။ မက္ကဆီကို နယ်စပ်မြို့ အဂူယာပရိုက်တာမှ အမေရိကန်နယ်နိမိတ်အတွင်းရှိ တက္ကဆပ်ပြည်နယ် ဒေါက်ကလပ်စ်မြို့ သို့ ရောက် သည်။  အဂူယာပရိုက်တာမြို့ရှိ ရှေ့နေတစ်ဦး ၏ နေအိမ်ရှိ ရေဘုံဘိုင်ခေါင်းကို လှည့်လိုက်လျှင် စားပွဲအောက်ရှိ ဟိုက် ဒရောလစ် အံဖုံးတံခါးပွင့်သည်။
    ဥမင်လိုဏ်ခေါင်းဆောက်လုပ် ပြီးစီးသည်နှင့် ချာပိုသည် ကိုလံဘီယာ ရှိ မူးယစ်ဂိုဏ်းများအား လက်ထဲတွင် ရှိသမျှ ကိုကင်းများကို ပေးပို့ရန် ညွှန် ကြားလိုက်သည်။ လေယာဉ်များသည် ခေါက်ချည်ပြန်ချည်ဖြင့် ကိုကင်းထုပ် များကို သယ်ယူရ သည်။ လေယာဉ်မက္ကဆီကိုသို့ ပြန်ရောက်မလာမီ၊ ပထမအခေါက်တွင် ချပေးခဲ့သော ကိုကင်းများသည် လော့စ်အိန်ဂျယ်လိစ် သို့ ရောက်ကုန်သည်အထိ မြန် ဆန်သည်။ ချာပိုသည် ဥမင်လိုဏ် ခေါင်းကို ပထမဆုံး စတင်အသုံးပြု သူဖြစ်သည်။
    ထိုဥမင်လိုဏ်ခေါင်းကို မကြာမီ တွင် မူးယစ်နှိမ်နင်းရေးအဖွဲ့က ဖော်ထုတ်နိုင်သည်။ ဥမင်လိုဏ်ခေါင်း များသည် လွန်စွာ အသုံးတည့်သဖြင့် မူးယစ်ဂိုဏ်းများက အခွင့်သင့်တိုင်း ဆောက်လုပ်ကြသည်။ ဥမင်လိုဏ်ခေါင်းကို စတင်အသုံးပြုသည်မှာ အနှစ်နှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ် သော်လည်း အသုံးပြုနေကြဆဲ ဖြစ် သည်။ ထိုအနှစ်နှစ်ဆယ်ကျော် အတွင်း ဥမင် လိုဏ်ခေါင်းပေါင်း တစ်ရာကျော်ကို မူးယစ်နှိမ်နင်းရေး အဖွဲ့များက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတို့ကို အဆင့်မြင့်စွာ တည်ဆောက် ထားသည်။  လေအေးစက်၊ ပက်လက်ကုန်တင် တွဲငယ်များ အတွက် သံလမ်းများ၊ ထည့်သွင်း တည်ဆောက်ထားသည်။ အဆိုပါ သံလမ်းသည် တစ်ခါတစ်ရံ မိုင်ဝက် အထိရှည်လျားသည်။
    ချာပိုနှင့်အဖွဲ့သည် ငရုတ်သီးမှုန့် လုပ်ငန်းသို့ ခြေဦးလှည့်ကြပြန်သည်။ ငရုတ်သီးမှုန့် သံဘူးများထဲတွင် ကိုကင်း ကို လေလုံ ပိတ်လျက် ကာလီ ဖိုးနီးယားရှိ မက္ကဆီကန် ကုန်စုံဆိုင် များမှတစ်ဆင့် ဖြန့်ချိသည်။ ငါးစိမ်းတင် အအေးခန်းနောက်တွဲ များတွင် အံဝှက်များဖန်တီးလျက် မူးယစ်ဆေး သယ်ကြပြန်သည်။ ငါးစိမ်းတင်သော အအေးခန်းများသည် နံစော်နေသဖြင့် အကောက်ခွန် ဝန်ထမ်းများသည် ထိုအအေးခန်းများကို အချိန်ယူ စစ်ဆေးလေ့မရှိကြ။ ထိုအချက်ကို မူးယစ်ဂိုဏ်းများက အခွင့်ကောင်း အဖြစ် အသုံးချကြသည်။
    မူးယစ်ဆေးဝါးများသည် ပင်ရင်းထုတ်လုပ်ရာနေရာနှင့်  စားသုံး သည့်ဈေးကွက်တွင် ဈေးနှုန်းကွာဟမှု အဆမတန်ကြီးမားသည်။ သုံးစွဲသူထံ ရောက်လာသည့် မူးယစ်ဆေးသည် လာရာလမ်းတစ်လျှောက်တွင် အန္တရာယ်အသွယ်သွယ်ကို ဖြတ်သန်း လာရသည်။ အဖမ်းဆီးခံရမည့် အန္တရာယ်၊ ကြားဖြတ်လုယူခံရမည့် အန္တရာယ်တို့ကို ကယ်ရီသမားများ က ရင်ဆိုင်ကြရသည်။ ထိုသို့ရင်ဆိုင် ရမှု အတွက် အခကြေးငွေ မြင့်မားစွာ ပေးရသဖြင့်  မူးယစ်ဆေးများသည် သုံးစွဲသူလက်ထဲအရောက်တွင် ဈေး ကြီးမြင့် ရခြင်းဖြစ်သည်။
    သယ်ယူနေစဉ်တွင် ဆုံးရှုံးရပါ က မည်သူ၏ တာဝန်ဖြစ်သည်ကို မူးယစ်မှောင်ခိုသမားများက သတ် သတ်မှတ်မှတ် လုပ်ထားသည်။ ကယ် ရီသမားသည် နည်းနည်း အဖမ်းခံပြီး ကျန်မူးယစ်ဆေးများကို ကိုယ်ကျိုး အတွက်ရောင်းချသည့် အခါမျိုး လည်း ရှိသည်။ ထို့ကြောင့် ကယ်ရီသမား များ မကြာခဏ အသတ်ခံရသည်။ မှားယွင်းအသတ်ခံရသည်များလည်း ရှိ၏။ အချို့ကယ်ရီသမားများ အဖမ်းခံရသည့်အခါ ဖမ်းဆီးခံရသည့်မူးယစ်ဆေးပမာဏဖော်ပြထားသော လက်ခံဖြတ်ပိုင်း ကိုတောင်းယူ ကြသည်။ အချို့ ကိုလံဘီယာဂိုဏ်းများဆိုလျှင် သယ်ဆောင်သောမူးယစ်ဆေးအတွက် အာမခံစနစ်ကိုပင် တည်ထောင် ထားသည်။ ဖမ်းဆီးခံရ ပါက မူးယစ်ဆေးတန်ဖိုးကို  အာမခံ လက်ခံထားသည့်ဂိုဏ်းက ပေးလျော် သည်။
    မူးယစ်ဂိုဏ်းများ ဖွဲ့စည်းထားပုံ သည် ခေါင်းဆောင်ပိုင်းအား အကာ အကွယ် အများဆုံးပေးနိုင်ရန် ဖွဲ့စည်း ထားသည့် ပုံစံဖြစ်သည်။  မူးယစ် ဂိုဏ်းတစ်ဂိုဏ်း၏ လုပ်ငန်းတွင် လူပေါင်းတစ်သိန်းကျော် ပါဝင်ပတ် သက်နေလေ့ရှိသည်။ ခေါင်းဆောင် နှင့် အနီးကပ်လုပ်ကိုင်နေသူမှာ တစ်ရာပတ်ဝန်းကျင်သာရှိသည်ဟု ဆိုသည်။ ထိုအနီးကပ် ဂိုဏ်းသား များသည် လခစားနှင့် ရာခိုင်နှုန်း စား များဖြစ်ကြသည်။ ကျန်လူများမှာ လက်ခွဲများ ဖြစ်ကြပြီး၊ လုပ်ငန်းတစ်ခု ချင်းအလိုက် အခကြေးငွေ ရရှိကြ သည်။
    မူးယစ်ဂိုဏ်းသားများ အစည်း အဝေးလုပ်သည့်အခါ ထိပ်ဆုံးခေါင်း ဆောင်သည် အစည်းအဝေး တက် လေ့မရှိ။ အစည်း အဝေး ကျင်းပရာ မလှမ်းမကမ်းတွင် စက်နှိုးလျက် ရပ် ထားသော  ကျည်လုံကားအတွင်း စောင့်ဆိုင်းနေလေ့ရှိသည်။ ကားအနီး တွင် ကျည်ကာအကျီ ဝတ်ဆင်ထား သည့် သက်တော်စောင့် နှစ်ရာခန့်က စောင့်ကြပ်နေသည်။  အစည်းအဝေး ပြီးသည့်အခါတွင် အစည်းအဝေး တက်နေသူထဲမှ လက်ထောက်တစ်ယောက်ယောက်က ကားရှိရာသို့ သွားရောက်ပြီး အစည်းအဝေး၏ ဆုံးဖြတ်ချက် ကို သတင်းပို့ရသည်။
    မူးယစ်ဂိုဏ်းများသည် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို စိုးရိမ်ရသလို အချင်းချင်း စားကျက် လုပွဲများကိုလည်း သတိထားရသည်။ မူးယစ်လောကတွင် မဟာမိတ်ဖွဲ့မှု ဆိုသည်မှာ ယာယီသာဖြစ်သည်။ ထာဝရမိတ်ဆွေ မရှိသော လုပ်ငန်း ဖြစ်သည်။ အကျိုးစီးပွားချင်းတူသည့် အခါ ပူးပေါင်းပြီး ၊ အကျိုးစီးပွားချင်း ယှဉ်လာသည့်အခါ သွေးချောင်းစီးကုန် သည်။
    ချာပိုသည် သူ၏ ငယ်စဉ်တောင် ကျေးကလေးဘဝက သူငယ်ချင်း အာတူရိုဘဲလ်ထရန်ကို ညာလက်ရုံး ခန့်လျက် မူးယစ် လုပ်ငန်း အတူတကွ လုပ်ခဲ့ကြသည်။ ၂ဝဝ၈ ခုနှစ်တွင် သူတို့နှစ်ဦး သဘောချင်းမတိုက်ဆိုင် သဖြင့် ကွဲပြဲကာ ဂိုဏ်းစစ်ပွဲ ဆင်နွှဲကြ သည်။ ထိုစစ်ပွဲတွင် ချာပို၏ သား တစ်ယောက်ကို အာတူရို၏ လူများ က သတ်လိုက်သည်။
    မူးယစ်ရာဇာတို့ ဟင်္သာကိုး သောင်း ဇတ်ခင်းရင်းဖြင့် မျိုးတုံးကြ တော့မည်ကို သူတို့ဘာသာ သတိ ထားလာမိကြသည်။ ထိုအခါ အချင်းချင်းသတ်ဖြတ်မှုကို ဆုံးခန်းတိုင်စေ မည့် ဖြေရှင်းနည်းသစ်ကို ရှာကြ သည်။ ယင်းသို့ဖြင့် သူတို့သည် နည်းဟောင်း ကို သွားတွေ့ကြသည်။ ရှေးခေတ်ပဒေသရာဇ် ဧကရာဇ်တို့ မောင်လည်နှမလည် လက်ထပ် လျက် အချင်းချင်း သတ်ဖြတ်မှု ကို ရှောင်ရှားကြသည်။
    ပြိုင်ဘက်ဂိုဏ်းများ အပြန် အလှန်ထိုးနှက်ကြရာတွင် သတင်း ပေးသောနည်းကို သုံးကြသည်။ တစ် ဖက်ဂိုဏ်းသားသည် အမေရိကန် မူးယစ်နှိမ်နင်းရေးအဖွဲ့သို့ သွားကာ ပြိုင်ဘက်ဂိုဏ်း၏ လှုပ်ရှားမှု သတင်း ကို ပေးသည်။
    မူးယစ်ဂိုဏ်းများသည် အခွန် ဆောင်ကြသူများမဟုတ်။ သို့သော် ရဲနှင့် အာဏာပိုင်များအား လာဘ် ထိုး ရသော ငွေကြေး ပမာဏသည်  ကော်ပိုရေးရှင်းကြီးများ ထမ်းဆောင်နေရသော အခွန်ထက်ပင်များပြားမည်ဟု ခန့်မှန်းရသည်။ မူးယစ်ဂိုဏ်းများ လှုပ်ရှားနိုင်ရန် အရေးကြီးဆုံးမှာ မည်သည့်အချက်ဖြစ်သနည်းဟု မူးယစ်ဂိုဏ်းသားများနှင့် ပတ်သက် နေသူများအား သုတေ သနပြုမေးမြန်း သည့်အခါ လာဘ်ပေးမှုသည် အရေး အကြီးဆုံးအချက်ဖြစ်သည်ဟု သိရ သည်။
    မြို့တော်ဝန်၊ အစိုးရရှေ့နေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး(ဂါဗနာ)၊ ပြည်နယ်ရဲ၊ စစ်တပ်၊ ရေတပ်တို့ အပြင် ဗဟိုအစိုးရ ထိပ်တန်း အရာရှိ ကြီးများကို လာဘ်ပေးရသည်ဟု ဆိုသည်။ ၁၉၉ဝ ပြည့်နှစ်တွင် မူးယစ် ရာဇာချာပို အဖမ်းခံရသည်။ ထောင် အနှစ်နှစ်ဆယ် အပြစ်ပေးခံရပြီး  မက္ကဆီကို၏ အလုံခြုံဆုံးဆိုသည့် ပွန်းဂရွန်းထောင်သို့ အပို့ခံရသည်။ ထောင်ဝန်ထမ်းအား လာဘ်ထိုးလျက် ဇိမ်ခံနေထိုင်နိုင်သည်။ လက်ကိုင်ဖုန်း အသုံးပြုလျက်  မူးယစ်လုပ်ငန်းကို ထောင်ထဲမှ ဆက်လက် ဦးစီးလုပ် ကိုင်သည်။ ထောင်ကျပြီး မကြာမီ ထောင်ဝန်ထမ်းအား လာဘ်ငွေ ဒေါ်လာသုံးသန်းပေးလျက် လွတ် မြောက်သွားသည်။ ချာပိုသည် ယခု အခါ ပြင်ပကမ္ဘာ၌ မူးယစ်လုပ်ငန်း ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ သူ လွတ်မြောက်ရန် အကူအညီပေးခဲ့သော ထောင်ဝန်ထမ်းသည် လည်း ထောင်ဒဏ်ကျခံပြီး လွတ်မြောက်လာ ပြီဖြစ်သည်။
    အစိုးရဝန်ထမ်းများသာမက သာမန်အရပ်သားများကိုလည်း  မူးယစ်ဂိုဏ်းများက ငွေပေးထား သည်။ သာမန်အရပ်သားများသည် လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားမှုကို သတင်းပေးခြင်းဖြင့် တစ်လဒေါ်လာတစ်ရာ ရနေကြသည်။ မက္ကဆီကို မြို့အများ အပြားတွင် အငှားယာဉ်မောင်းသူအားလုံးသည် မူးယစ်ဂိုဏ်း၏ သတင်းပေးများ ဖြစ်ကြသည်ဟုဆိုသည်။ မင်းနား တစ်ထောင် ဆိုသည့် စကားသည် မက္ကဆီကိုတွင် မမှန်ကန်ပေ။ မူးယစ် ရာဇာများ၏ နားသည် အထောင် အသောင်းပင်မက။
    မူးယစ်လုပ်ငန်းကို မက္ကဆီကို အာဏာပိုင်များက အရေးယူဆောင် ရွက်ပုံသည် တင်းကျပ်ထိရောက်မှု မရှိသဖြင့် ဥပဒေဘောင်အတွင်းနှင့် ဥပဒေပြင်ပဆိုသည့် ခြားနားချက် မရှိ တော့ဘဲ ရှုပ်ထွေးကုန်သည်။ မူးယစ် ဂိုဏ်းသားတိုင်း၏ လက်ထဲတွင် ရဲ သို့မဟုတ် စစ်တပ်အဖွဲ့ဝင်ဖြစ် ကြောင်း ဝန်ထမ်းမှတ်ပုံတင် ကတ် ပြားရှိနေကြသည်။ မူးယစ်ဂိုဏ်းများ က ရဲယူနီဖောင်း ဝတ် လျက် နေ့ခင်း ကြောင်တောင် လူသတ်မှု ကျူးလွန် ကြသည်။ ယင်းသို့ လူသတ်မှု ကျူး လွန်ကြသူများသည် ဂိုဏ်းသားများ လော၊ ရဲကိုယ်တိုင်က ငွေယူလျက် လူသတ်ပေးနေခြင်းလော မကွဲပြား တော့။
    မူးယစ်ဂိုဏ်းသားများကို ဖမ်းဆီး ရမိပြီး အာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ လုပ်သည့်အခါ ကလဲ့စား မချေနိုင်စေရန် ရဲနှင့် စစ်သားများသည် မျက်နှာဖုံးစွပ်ကာ ဓာတ်ပုံအရိုက်ခံ ကြသည်။ မူးယစ်ဂိုဏ်းသားတို့က ရဲကဲ့သို့ဝတ်ဆင်ကြသည်။ ရဲများက လူဆိုးကဲ့သို့ဝတ်ဆင်နေရသော အခြေ အနေဖြစ်သည်။
    မူးယစ်ဂိုဏ်းက လာဘ်ပေးထား သူများတွင် အမေရိကန် အကောက် ခွန်နှင့် နယ်ခြားစောင့် ဝန်ထမ်းများ ပင်ပါဝင်နေသည်။ ကားတစ်စင်းကို အစစ်အဆေးမရှိ အမေရိကန် နယ် မြေအတွင်းသို့ ဝင်ခွင့်ပေးလိုက်လျှင် ဒေါ်လာသိန်းချီရသည်။ ၂ဝဝ၄ ခုနှစ် တွင် အမေရိကန် အကောက်ခွန်နှင့် နယ်ခြားစောင့်ဝန်ထမ်းများ ပတ်သက် နေသော လာဘ်စားမှု ၁၃၈ မှု ဖြစ်ပွား ခဲ့သည်။
    လာဘ်ထိုး၍ မရလျှင် ခြိမ်း ခြောက်သည်။ ခြိမ်းခြောက်၍မရလျှင် သတ်ဖြတ်သည်။ ဤသည်မှာ မူးယစ် ဂိုဏ်းများ၏ နည်းဗျူဟာဖြစ်သည်။ သွေးထွက်သံယိုမှုကို အလွန်အကျွံ လုပ်လျှင် ချောင်ပိတ်မိပြီး  တုံ့ပြန်ဆန့် ကျင်လာတတ်သည့် သဘောကို မူးယစ်ဂိုဏ်းတို့က သဘောပေါက် ထားသည်။ ထို့ကြောင့် လာဘ်ထိုး ခြင်းနှင့် သွေးထွက်သံယိုမှုတို့ မျှတ သုံးစွဲသည်။ စင်နိုလာ ဂိုဏ်း နောက် ပိုင်းတွင် ပေါ်ပေါက်လာသည့် ဇီတာ ဇနအျေ ဂိုဏ်းသည် တရားလွန်ရက် စက်သည့် ဂိုဏ်းဖြစ်သည်။ သူသည် မူးယစ်မှောင်ခိုသာမက ပြန်ပေးဆွဲခြင်း၊ လူမှောင်ခိုခြင်း၊ ငွေညှစ်ခြင်း တို့ကို လုပ်သည်။ ထိုလုပ်ငန်းများ သည် ငွေအရနည်းသော အလုပ်ဖြစ်သဖြင့် စင်နာလိုအာသည် မူးယစ်လုပ်ငန်း တစ်ခု တည်းကိုသာ အာရုံစိုက်သည်။ အမေရိကန်တစ်လွှားတွင် ကြီးမားသော လုပ်ငန်းအင်ပါရာကို တည်ထောင်ရန် ရည်စူးသည်။ စင်နာလိုအာဂိုဏ်း၏ ကိုကင်းကို အမေရိကန်လမ်းကြို လမ်းကြားများ အထိ ရောက်နိုင်ရန် ကြိုးပမ်းသည်။ သို့သော် လမ်းကြို လမ်းကြားတွင် လက်လီရောင်းနေသူ များထံမှ အမြတ်ငွေထဲမှ ခွဲဝေရယူရန် မဟုတ်ပေ။ လက်လီရောင်းသူများ သည် မူးယစ်လုပ်ငန်းတစ်ခုလုံး အတွက် အရေးကြီးသည် မှန်သော် လည်း လက်လီရောင်း သူများမှ တစ်ဆင့် စင်နိုလာဂိုဏ်းသို့ ခြေရာခံ လိုက်လာမည်ကို မလိုလားပေ။
    ကိုကင်းကို အမေရိကန်ပြည် တွင်းသို့ သယ်ပို့ခြင်းသည် လုပ်ငန်း ၏ တစ်ဝက်သာဖြစ်သည်။ ရောင်းချ ပြီး ရရှိသောငွေများကို မက္ကဆီကို သို့ပြန်လည်ပေးပို့ခြင်းအလုပ်သည် လုပ်ငန်း၏ကျန်တစ်ဝက်ဖြစ်သည်။ လက်လီရောင်းချရရှိသောငွေစက္ကူ အတန်သေး များသာဖြစ်သဖြင့် သန်းနှင့်ချီသောငွေပမာဏကို ခိုးထုတ် ရသည်မှာ အတော်ပင်မလွယ်သော အလုပ်ဖြစ်သည်။ ကုန်ကားအတွင်းရှိ အံဝှက်များတွင် သိုဝှက်၍လည်း ကောင်း၊ ခရီးဆောင်သေတ္တာများတွင်ထည့်ကာ လေယာဉ်ဖြင့်လည်းကောင်း သယ်ယူကြ ရသည်။ ဆောင်း တွင်းဝတ်အနွေးထည် အတွင်းအလွှာ များထည့်ချုပ်ကာ သိုဝှက်သည်ယူ ကြသည့် အခါများလည်းရှိသည်။
    ကိုကင်းရောင်းချရငွေများကို သယ်ဆောင်ရာတွင် သာမက ထား သိုရန်လည်း အခက်အခဲရှိသည်။ မူးယစ်လုပ်ငန်းတွင် ပါဝင်နေသော တရုတ်-မက္ကဆီကန်ကပြား ဇန်လီ ဆိုသူ၏နေအိမ်ကို  မူးယစ်နှိမ်နင်းရေး အဖွဲ့ဝင်များ ၂ဝဝ၇ ခုနှစ်တွင် ဝင်ရောက် ရှာဖွေသောအခါ ဒေါ်လာ ၂ဝ၆ သန်း ကို သိမ်းဆည်းမိခဲ့သည်။ ဇန်လီသည် အလောင်းအစား ဝါသနာ ကြီးသူဖြစ်သည်။ လပ်စ်ဗေးဂတ်စ်ကာဆီနိုလောင်းကစားဝိုင်းတွင် အကြီးအကျယ်ရှုံးသဖြင့် ကာဆီနိုကနှစ်သိမ့်သောအားဖြင့် ရိုးလ်ရိုက်စ် ကားတစ်စင်း လက်ဆောင်ပြန်ပေး သည်။ ဇန်လီသည် ကာဆီနိုတစ်ရုံထဲ တွင် တစ်နှစ်အတွင်း ဒေါ်လာ ၇၂ သန်းရှုံး ခဲ့သည် ဟုဆိုသည်။ ဇန်လီ သည် မူးယစ်ဂိုဏ်း၏ အစွန်အဖျား တွင် ပါဝင်သူသာဖြစ်သည်။ သူကဲ့သို့ လူမျိုးပင် ဤမျှချမ်းသာကြွယ်ဝနေ သည်ဆိုလျင် ဂိုဏ်း ထိပ်ပိုင်းမှ လူများ အဖို့ ဆိုဖွယ်ရာမရှိတော့။
    အမေရိကန်နှင့် ပြည်တွင်း ဖိအားများကြောင့် မက္ကဆီကို သမ္မတ ကဲလ်ဒီလွန်သည် ချာပိုကိုဖမ်းဆီးနိုင် ရန် မဖြစ်မနေကြိုးပမ်း လျက် ရှိသည်။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ချာပို သည် အစိုးရတပ်များလက်မှ သီသီ လေးလွတ်သွားသည်။ ဇူလိုင်လတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီ ချာပိုအား ဖမ်းမမိသေးပါက သမ္မတကဲလ်ဒီလွန်ပြန်လည် အရွေးခံ ရရန် မသေချာတော့ ဟုဆိုနေကြ သည်။ လူပေါင်းများစွာ သေကျေခဲ့ရ ပြီး မူးယစ်နှိမ်နင်းရေးမှာ ရှေ့မတိုးနိုင် ဖြစ်နေသည်ကို မက္ကဆီကို ပြည်သူ များက စိတ်ကုန်နေပြီဖြစ်သည်။
    ချာပိုအား ဖမ်းမိသည့်တိုင် ပြိုင်ဘက်ဂိုဏ်းဖြစ်သည့် ဇီတာက ခေါင်းထောင်လာနိုင်သည်။ လတ် တလောအခြေအနေတွင်ပင် ဇီတာဂိုဏ်းက နယ်မြေအများအပြားကို ထိန်းချုပ်ထားနေနိုင်သည်။ မက္ကဆီကို မူးယစ်ဂိုဏ်းသံသရာသည် တစ်ဂိုဏ်း ဆင်းတစ်ဂိုဏ်း တက်ဖြင့် အတန်ကြာ သံသရာလည်နေဦးမည်သာဖြစ် သည်။
အေးထွန်းမင်း Ref: Cocaine Incorporated
အေးထွန်းမင်း
 

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ ဥက္ကလံ ဓမ္မဧရိပ်တွင် ပထမဦးဆုံးတရားပွဲ ကျင်းပမည်


မိုးမခရွာဆော်ကြီး၊ ဇူလိုင် ၂၈၊ ၂၀၁၂
အမေရိကန်ခရီးစဉ်၏ ပထမဦးဆုံး တရားပွဲအဖြစ် ဆန်ဖရန်ဘေးဧရိယာ ဥက္ကလံမြို့ ဓမ္မဧရိပ်ကျောင်းတိုက်တွင် ဇူလိုင် ၂၉ ၊ ၂၀၁၂၊ တနင်္ဂနွေနေ့၊ ညနေ ၆ နာရီမှ ၉  နာရီအထိ ကျင်းပမည်ဖြစ်၍ ရပ်နီး ရပ်ဝေးက ဓမ္မမိတ်ဆွေများကို ဖိတ်ကြားလိုက်ပါတယ်။

"ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ"






ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ်လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။



ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်

ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင် ဆောင်းပါး ရှင်တစ်ယောက် ဖြစ်တဲ့ ဆရာ ၀င်းထွဋ်ဇော် က ``ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား´´ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်း အရာ ကို သူရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ``ခရိုနီများရဲ့ ရှေ့ခရီး´´ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။

ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော်က အတိုင်ပင်ခံတာဝန်ကိုပဲ ယူထားပါတယ်။ ဆောင်းပါးတွေကို အယ်ဒီတာအဖွဲ့ကပဲ ရွေးတာ ပယ်တာ လုပ်ပါတယ်။

ကျွန်တော့်ဆီတိုက်ရိုက်ရောက်လာတဲ့ ဆောင်းပါးတွေကိုတောင် ကျွန်တော်က အယ်ဒီတာအဖွဲ့ထံကိုပဲ မှတ်ချက်ရေးပြီး ပို့ပေးပါတယ်။

ပုံနှိပ်ဖော်ပြမယ့် စာမူတွေကို စာပေစိစစ်ရေးတင်တော့မှ တင်ထားတဲ့ စာမူတွေကို မိတ္တူဆွဲပြီး ကျွန်တော့်ဆီ တစ်စုံပေးပါတယ်။ အဲဒီအခါ ရုံးကို တင်ထားတဲ့ စာမူတွေကို ဖတ်ရင်း ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးကို တွေ့ရ တာပါ။ တော်ပါသေးရဲ့၊ ကျွန်တော် တို့ နှစ်ယောက်ဟာ အကြောင်းအရာ ချင်းတူပေမယ့် ချဉ်းကပ်ပုံချင်းမတူဘဲ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ရေးမိပေလို့။ သို့ပေမယ့် ခရိုနီပြဿနာအပေါ် ထားရှိတဲ့ သဘောထားချင်းက မကွဲလွဲဘူး။ ကွဲလွဲရင်လည်း ကျွန်တော့်သူငယ်ချင်းက စိတ်ကြီးကြီးနဲ့ဆိုတော့ ကျွန်တော့်ကို ပြစ်တင်ရှုတ်ချလို့ ဆုံးမှာ မဟုတ်ဘူး။ ၀င်းထွဋ်ဇော်နဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာတွဲအတူတူ၊ တစ်တန်းတည်းသား၊ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဘက်တစ်ဘက်တည်းရပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သူက ပထမ ပြည်သူ့ခေတ် အယ်ဒီတာအဖွဲ့မှာ ပါခဲ့သေးတယ်။ နောက်တော့ လွတ်လပ်တဲ့ ဆောင်းပါးရှင်အဖြစ်ပဲ ရေးပေးနေပါတယ်။



အပတ်စဉ်ပါနေအောင်

စာပေစိစစ်ရေးကို ကျွန်တော်တို့ ဂျာနယ်အနေနဲ့ ဗုဒ္ဓဟူးနေ့ တစ်ကြိမ်၊ သောကြာနေ့တစ်ကြိမ်၊ နှစ်ကြိမ် စာမူများ တင်ရပါတယ်။ ကျွန်တော်က ဗုဒ္ဓဟူးနေ့တင်တဲ့အထဲ ပါအောင် ရေးလေ့ရှိတယ်။ ဒါမှ အဲဒီစာမူကို စာပေစိစစ်ရေးက ပယ်လိုက်တယ်ဆို ရင် သောကြာနေ့ အမီ နောက်တစ်ပုဒ်ထပ်ရေးပြီး တင်နိုင်မှာ ဖြစ်တယ်။ အဲသလို ၀ီရိယ ကောင်းကောင်းနဲ့ ရေးခဲ့ပေလို့သာ ကျွန်တော့်ဆောင်းပါးတွေ အပတ်စဉ်လို ပါနေတာ ဖြစ်ပါတယ်။

တစ်ခါတလေ အလုပ်တွေ များနေလို့ ဗုဒ္ဓဟူးနေ့ ရုံးတင်ချိန်အမီ ဆောင်းပါးမပေးနိုင်ရင် သောကြာနေ့အမီရေး ပြီး ပေးရပါတယ်။ အဲဒီလို အပတ်ဆို ကျွန်တော့်မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ရပါတယ်။ သောကြာနေ့ တင်တဲ့ စာမူ အပယ်ခံရပြီဆိုရင် အဲဒီအပတ် မောင်ဝံသ ဆောင်းပါး မပါ တော့ဘူးပေါ့။



ဒီမိုကရေစီရဲ့ အန္တရာယ်

ဒီတစ်ပတ်လည်း ကျွန်တော် ဗုဒ္ဓဟူးနေ့အမီ ဆောင်းပါး မရေးနိုင်ခဲ့ဘူး။ သောကြာနေ့ရုံးတင် ဖို့ အမီ ရေးဖို့ ပဲ ပြင်ဆင်နေပါတယ်။ ကျွန်တော်ပြင်ဆင်နေတာက ဥပဒေပြုတာဝန်ရှိသူတွေ စဉ်းစားနိုင်အောင် အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို တင်ပြဖို့ပါပဲ။ အဲဒီအခိုက်မှာ ဗုဒ္ဓဟူးနေ့ စာပေစိစစ်ရေးကို တင်ထား တဲ့ ပြည်သူ့ခေတ်စာမူ ပထမအသုတ် မိတ္တူတွေ ကျွန်တော့်ဆီ ရောက်လာ ပါတယ်။

ဖတ်ကြည့်လိုက်တော့ ဆရာဗသုန်ရဲ့ ``ဒီမိုကရေစီရဲ့ အန္တရာယ် အစပြုမလာစေဖို့´´ဆောင်းပါးဟာ ကျွန်တော် ယခုအပတ်ရေးမယ့် အကြောင်းအရာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပြန်တယ်။ သူက ဒိမိုကရေစီရဲ့ အန္တရာယ်တွေကို ထောက်ပြထားတယ်။ ကျွန်တော်ကလည်း ခုတစ်လော ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေ သိသိသာသာ ပိုပြီး အာကျယ်လာကြသလားလို့ စိုးရိမ်ပူပန်စိတ်နဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ´´ဆိုတာ ကို ပြဌာန်းစေ လိုကြောင်း ရေးမလို့ ပြင်ဆင်နေတာပါ။



ပုဒ်မ ၁၀(က)နဲ့ (ခ)

ကျွန်တော် ဖြစ်စေလိုတဲ့ ဥပဒေအမည်နာမကို ကြည့်ပြီး စာဖတ်သူ မိတ်ဆွေများ ကြားဖူးသလိုလို ဘာလိုလို ဇဝေဇ၀ါ ဖြစ်သွားကြမယ်ထင်ပါတယ်။ ကြားဖူးကြမှာပေါ့ခင်ဗျာ။ နာမည်ကျော် ပုဒ်မ ၁၀ (က)နဲ့ ပုဒ်မ ၁၀(ခ)။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် သည့် ဥပဒေ ဆိုတာလေဗျာ။

ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တုန်းက သုံးခါ ထောင်ထဲ ရောက်ခဲ့ရာမှာ နှစ်ခါက ပုဒ်မ ၁၀(က)နဲ့ ထည့်ထားခံရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကတော့ ပုဒ်မ ၅(ည)နဲ့ ထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅(ည)က ၁၉၅၁ အရေးပေါ်စီမံချက် အက်ဥပဒေတဲ့။ ငြိမ်ဝပ်ပိပြားရေး ပုဒ်မလို့လည်း ခေါ်ပါတယ်။

ဆူပူအောင်လှုံ့ဆော်လို့ဆိုပြီး ဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။ အမှုကတော့ ဂန္ဒီခန်းမ ကြေညာ စာတမ်းရေးသားရာမှာ ပါဝင်ခဲ့မှု။

ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာ ထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ့် အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင် ထဲ ထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဥာဏ်ကြီးလှ ပါသော ဦးနေ၀င်းက ၁၉၇၄ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေပါ။

ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုးကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ။



စိတ်နာရတဲ့ အတွေ့အကြုံ

ပုဒ်မ ၁၀ (က)နဲ့ အကျဉ်းခံခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က အတော် စိတ်နာတယ်။ ၅(ည)နဲ့ ထောင် ချတုန်းက မိသားစု ထောင်ဝင်စာလာပြီး မိသားစုနဲ့ ၂ပတ် တစ်ကြိမ်တွေ့၊ စကားစမြည်ပြောနိုင်တယ်။ ၁၀(က)နဲ့ ကျတော့ ထောင်ဝင်စာမရှိဘူး။ မိသားစုက စားစရာနဲ့ ဆေးဝါးစသည်ကို ထောင်ဗူးဝမှာ လာပေးသွားရတယ်။ သားသမီးလေးယောက်အနက် သား နှစ်ယောက်က ကျွန်တော်အဖမ်းခံရတုန်းက ၁၂နှစ်-၁၃နှစ်သားတွေ၊ လေးနှစ်ကျော်ကြာပြီး ကမ္ဘာ့ကြက်ခြေနီ (ICRC) ကိုယ်စားလှယ်အဖွဲ့ ထောင်ထဲ ၀င်ကြည့်ခွင့်ရတော့မှ ကျွန်တော့်အိမ်က မိသားစု ဓာတ်ပုံကို ယူလာပြလို့ ကြည့်လိုက်ရတယ်။ သားတွေက အရပ်ကြီးတွေ မိုးထိုးနေပြီ။ အမေ့ထက်မြင့်သွားကြပြီ။ ကျွန်တော် ဆေးရုံတက်ရချိန်မှာ မိသားစုနဲ့ တွေ့ ခွင့်ပေးတော့ သားတွေက ကျွန်တော့်ထက်တောင် မြင့်သွားပြီ။ နောက်ဆုံးအခေါက် ငါးနှစ်ကျော် နေခဲ့ရပြီး မှ ပြန်လွှတ်တယ်။



တကယ်ပြဌာန်းသင့်တဲ့ ဥပဒေ

အခု ဒီမိုကရေစီတည်ဆောက်နေတဲ့ခေတ်မှာ ပုဒ်မ ၁၀(က) (ခ)တွေ၊ ၅ (က) (ည)စတာတွေ လုံးဝမရှိသင့်တော့ပါ ဘူး။ တော်လောက်ပါပြီ။ နောင်လည်း တကယ်ဒီမိုကရေစီ ပီပြင်ပြီဆို ရင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး လူတွေကို ဘာပြစ်မှုမှ မကျူးလွန်သေးဘဲ ထောင်ထဲ ဖမ်းထည့်ထားဖို့ဆိုတာ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်။

ခုချိန်မှာ တကယ်တမ်း ပြဌာန်းသင့်တဲ့ဥပဒေကတော့ စောစောက ပြောခဲ့တဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါး နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ဖြစ်ပါတယ်။ ဆရာဗသုန်ဆောင်းပါးထဲ ရေးထားသလို နိုင်ငံရေးပါတီအချင်းချင်း မတော်မတရား ပုတ်ခတ်စော်ကား၊ ရန်စတိုက်ခိုက်တာမျိုးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတာတွေ၊ ပြည်သူ့အခွင့်အရေး တွေကို ချုပ်ချယ်ကန့်သတ်တာတွေ၊ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန် တာတွေ စတာတွေကို အဲဒီဥပဒေနဲ့ ကာကွယ်တားဆီးဟန့်တားရမှာ ဖြစ်ပါတယ်။



အင်ဒိုနီးရှားက ရခဲ့တဲ့ စိတ်ကူး

အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က ကျွန်တော်တို့ သွားရောက်ပြီး စာနယ်ဇင်းကောင်စီလုပ်ငန်း များ လေ့လာခဲ့စဉ်က တွေ့ခဲ့ရတဲ့ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အထက်ပါစိတ်ကူး ကျွန်တော့်ခေါင်းထဲ ၀င်လာခဲ့တာပါ။ အဲဒီဥပဒေကဘာလဲဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက် ဖျက်ဆီးသူ မည်သူမဆို ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ရူပြားငွေ သန်း ၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ခန့်) အထိ ဒဏ်ငွေ တပ်ရိုက်ခံရမည်ဆိုတဲ့ အင်ဒိုနီးရှား စာနယ်ဇင်း အက်ဥပဒေ ပုဒ်မ ၁၈ ဖြစ်ပါတယ်။

ဦးတည်တာက တော့ အစိုးရအာဏာပိုင်များထဲက စာနယ်ဇင်းလွတ်လပ်ခွင့်ကို တစ်နည်းနည်း ပိတ်ပင်ဟန့် တားဖို့ ကြိုးစားသူတွေကို အရေးယူဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ကောင်းလေစွ။



ပိုကောင်းတဲ့ဥပဒေ

ကျွန်တော်ကတော့ အင်ဒိုနီးရှား ဥပဒေကို ပုံတူကူးမချချင်ပါဘူး။ သူ့ထက်ပိုကောင်းတာကိုပဲ စဉ်းစားကြည့် ပါတယ်။ အဲဒါကတော့ ``ဒီမိုကရေစီတည်ဆောက်ရေးကို နှောက်ယှက် ဖျက်ဆီးလိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ကိုသာ ပြဌာန်းနိုင် မယ်ဆိုရင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဒိမိုကရေစီ
မြတ်နိုးသော ပြည်သူများကို ဒိမိုကရေစီဆန့်ကျင်ရေး သမား၊ ခေတ်နောက်ပြန် ဆွဲလိုသူများရဲ့ အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရုံမက တစ်နွယ်ငင် တစ်စင်ပါဆိုသလို ကျွန်တော်တို့ သတင်းစာဆရာများအတွက်လည်း အကာအကွယ်ပေးပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါဗျာ။



၂၇၊ ၇၊ ၂၀၁၂

maungwuntha@gmail.com

ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ


2012-07-31
ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့တွင် လယ်သမား ဆန္ဒပြနေကြစဉ်။
လယ်သမားတွေက ဆန္ဒပြဖို့ ဇူလိုင်လ (၂၄) ရက်နေ့က ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က တစုံတရာ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ လယ်သမား အများစုဟာ ခွင့်ပြုချက် ရရှိထားပြီးပြီလို့ ယူဆပြီး မြို့နယ်ခန်းမကို စုရုံးသွားရောက်ရာမှာ အခုလို အကြမ်းဖက် ဖမ်းဆီးခံရတာလို့ လယ်သမားတဦးက RFA ကိုအခုလို ပြောပါတယ်။
"ကျွန်တော်တို့ လူဦးရေ အယောက်၂၀၀ နီးပါးလောက်လေ။ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာတာပါ။ ဘာကြွေးကြော်သံမှလည်း မထုတ်ရသေးပါဘူး။ ၂၉ ရက်ညက စထွက်လာပြီး မြို့လယ်ခန်းမ အလွန်လေးမှာ ကျွန်တော်တို့ကို မြို့နယ်ရဲမှူး ဦးထွန်းလွင် သူက ဦးဆောင်ပြီးတော့ အကြမ်းဖက် ဖြိုခွဲတာ ခံရပါတယ်။  သေနတ်တွေနဲ့ အတင်းထိုးကြိတ်၊ တုတ်တွေနဲ့ အတင်းရိုက်။ ဟေ့ကောင်တွေ နေအုံး၊ ပစ်မယ်၊ မင်းတို့ကောင်တွေကို၊ ဥပဒေအရ မင်းတို့ကို မဟုတ်တဲ့အတွက် ခွင့်မပြုနိုင်ဘူး။ ဘာဘူး၊ ညာဘူးနဲ့  ခြိမ်းခြောက်ပြီး အတင်းရိုက်တာပါ။ အဲတာနဲ့ လယ်သမားတွေလည်း ကြောက်လန့် တကြားနဲ့ အကုန်လုံး ထွက်ပြေးရတဲ့ အနေအထား ဖြစ်ပါတယ်။ အဖမ်းခံရတာ ၅ ယောက်ပါဗျ။ ဦးဆောင်တဲ့လူ ကိုအုန်းဟန်ကို အရင်ဆုံး ဖမ်းသွားပါတယ်။ ကိုအုန်းဟန်ကို နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီးတော့ သူတို့ ဖမ်းသွားတယ်။ ကိုဝင်းလှိုင်ကို ထိုးကြိတ်ပြီး လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ကျောက်ဆုံကြီး ကျေးရွာက ကိုဝင်းစိုးတို့၊ ကိုကြည်ဝင်းတို့  ကိုအောင်မြိုင်တို့ကိုလည်း သူတို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်"
အဲဒီလို ဆန္ဒပြ လယ်သမားတွေကို သဲကုန်းမြို့အဝင် မြို့တော်ခန်းမနားမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးဦးစီးတဲ့ အာဏာပိုင်အဖွဲ့က နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး လမ်းတွေပေါ် ဒရွတ်တိုက် ဆွဲခေါ်ဖမ်းဆီးသွားပုံကို မိမိကိုယ်တိုင် မြင်ခဲ့ရပါတယ်လို့ သဲကုန်းမြို့ခံ ကိုမင်းလွင်ကလည်း RFA ကို ပြောပါတယ်။
"တန်းစီပြီး လာတဲ့အချိန်မှာ ရဲတွေက ဝင်ပြီးဖမ်းပေါ့။ ရိုက်တဲ့လူက ရိုက်ပေါ့။ အဲဒီလို လုပ်တာ။ လုပ်ရင်းနဲ့တချို့ ဆိုလို့ရှိရင် ကျွန်တော် မြင်တာကတော့ဗျာ၊ ရဲတစ်ယောက်က လယ်သမား တစ်ယောက်ကို သူ့လက်ထဲမှာရှိတဲ့ နံပါတ်တုတ်နဲ့ လည်ပင်းကို ညစ်ပြီး တရွတ်တိုက် ခေါ်လာတာ။ အဲဒီ ရဲမှူးတစ်ယောက်က ဆိုလို့ရှိရင် ဆဲဆိုပြီး ရိုက်ကွာ အဲဒီလိုပြောတာ။ အဲဒီသုံးပွင့်နဲ့ "
ဆန္ဒပြမယ့် လယ်သမားအများစုဟာ သဲကုန်းမြို့ အနီးတ၀ိုက် ကျေးရွာတွေက ဖြစ်ပြီး ခလရ (၈၀)၊ ခမရ (၄)၊ ခမရ (၅) စတဲ့ တပ်မ (၆၆) လက်အောက်ခံ တပ်တွေနဲ့ အမှတ်-၃ ကုမ္ပဏီ လီမိတက်က သိမ်းယူထားတဲ့ လယ်မြေဧက (၁၆၀၀) ကျော်ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုဖို့ ရည်ရွယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်းမ တမံကြောင့် လယ်မြေတွေ ရေနစ်မြှုပ်တာကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေ ရရှိရေး စတာတွေကို တောင်းဆိုဖို့လည်း စီစဉ်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကို နောက်ပိုင်းမှာ ခံဝန်ချက် လက်မှတ်တွေထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

ရေညှိမတက်တဲ့ လမ်းမ


ရေညှိမတက်တဲ့ လမ်းမ
မောင်လွမ်းဏီ

ဟုတ်လား
၂၄ နှစ်တောင်
မောင်ပေါ်ဦးထွန်းလည်း
၅၀ စွန်းခဲ့ပကော။

ဟုတ်လို့လား
မိုးသီးဇွန်လည်း၊ နွံထဲက လှည်းဘီးကို
အွန်လိုင်းက တီးခေါက်ရှာဖွေ။

မီဒီယာမှာ
အာဏာရှင်စနစ် နှစ် ၅၀
လူထုခေါင်းဆောင် ၆၇ နှစ်
၈ လေးလုံး ၂၄ နှစ်
ကျောင်းသားတပ်မတော် ၂၄ နှစ်
ဒေါင်းအိုးဝေ သက်တမ်းရေတွက်
မနက်ဖြန်ဆို သြဂတ်စ်လမ်းတွေ
ရဲစွေးနီမြန်း၊ သွေးခင်းလမ်းအကြောင်း
နောက်ကြောင်းပြန်တေး ဆိုကြလိမ့်မယ်။

ငြိမ်းချမ်းရေးက
အလှမ်းမဝေးလောက်ပါဘု
လမ်းဘေးရောက်နေတဲ့ တေးငှက်တွေ။

အေး ...
ဟုတ်တယ်
ဓားဓားချင်း လှံလှံချင်းပြဇာတ်က
လွှတ်တော်တွင်းမှာ ကလို့ မရသေးဘူး။ ။

မောင်လွမ်းဏီ
၃၁-၇-၂၀၁၂

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း



ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း
-------------------------------------------------------

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့် ကမ္ဘောဇအသင်းမှနောက်တန်းကစားသမား ကျော်ကျော်မျိုးအား အသင်း၏ပြန်ကြားရေးအရာရှိကတွေ့ဆုံမေးမြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်လည်ဖော်ပြအပ်ပါသည်။

မေး- ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဘယ်လိုလျှောက်လွှာတင်ဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။

ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့ သူတို့
လျှောက်လွှာတွေခေါ်တဲ့အချိန်မှာ ကျွန်တော်ကလည်း ဘောလုံးကစားနေတော့
အမှုမဲ့အမှတ်မဲ့ပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတ်ရုပ်အတွက်
လူတွေအများကြီး လျှောက်ခဲ့တယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်မိတယ်။
သာမန်လောက်ပဲ။ ကိုယ်နဲ့ အဝေးကြီးမှာ ဖြစ်နေတဲ့ ကိစ္စတစ်ခုလိုပါပဲ။ သူတို့
ပထအကြိမ်လျှောက်လွှာခေါ်တဲ့အထဲမှာ စိတ်ကြိုက်မတွေ့လို့
ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အခါမှာတော့ ကျွန်တော်
လျှောက်လွှာတင်ဖြစ်သွားခဲ့တယ်။

မေး- ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အနေနဲ့၊ နောက်ပြီးတော့
ကမ္ဘောဇအသင်းနဲ့ နှစ်ရှည်ကန်ထရိုက်စာချုပ် ချုပ်ဆိုထားသူတစ်ယောက်အနေနဲ
ဘယ်လိုအကြောင်းတရားတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့
စိတ်ကူးမိသွားတာလဲ။

ဖြေ- ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးဖွဲ့က
ဒုတိယအကြိမ်လျှောက်လွှာခေါ်တဲ့အချိန်မှာ ကျွန်တော့်စိတ်တွေ
ထိန်းမရဖြစ်ခဲ့ရတယ်။ တစ်ဖက်မှာ ကျွန်တော့်ရဲ့
အသက်မွေးဝမ်းကျောင်းမှုဖြစ်တဲ့ ဘောလုံးသမားဘ၀ကလည်း ရှိနေတယ်။ ကျွန်တော်နဲ့
ကမ္ဘောဇအသင်းကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၁၅ ခုနှစ်အထိ
သက်တမ်းရှိတဲ့အပြင် လုပ်ခလစာကလည်း မြန်မာဘောလုံးသမားတစ်ယောက်အနေနဲ့
အသင်းဘက်က ထိုက်ထိုက်တန်တန် ချီးမြှင့်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖြစ်မယ်ဆိုရင် ကာလရှည်အချိန်ယူပြီး
ရိုက်ရမယ်လို့ သိထားတယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်အနုပညာသမားမဟုတ်တော့
အနုပညာကြေးကိုလည်း မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ
သရုပ်ဆောင်ဖို့အတွက် အနုပညာကြေးဆိုတာ မျှော်လင့်ကောင်းတဲ့အရာလို့လည်း
မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်လေးစားမြတ်နိုးရတဲ
လွတ်လပ်ရေးဖခင်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရဖို့အတွက် တခြားအရာတွေကို
ခေတ္တမျက်နှာလွှဲဖို့ အကြောင်းတွေတိုက်ဆိုင်လာခဲ့ပါတယ်။

မေး- ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖို့ ညီလေးကို
ဘယ်သူတွေက တိုက်တွန်းခဲ့တာလဲ။

ဖြေ- ကျွန်တော့် သူငယ်ချင်းတချို့က ကျွန်တော်နဲ့ တွေ့ရင်
“ဗိုလ်ချုပ်အောင်ဆန်း”လို့ စနောက်ပြီးခေါ်ကြတယ်။ ကျွန်တော်တို့ရွာက
ရပ်ဆွေ၊ ရပ်မျိုးတွေကလည်း အဲဒီလို စနောက်ကြတယ်။ ဒါက ဟိုးအရင်
ငယ်ငယ်လေးကတည်းကတော့ပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ အမှတ်တမဲ့ပါပဲ။ အဲ…
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ဖို့
ဒုတိယအအကြိမ်လျှာက်လွှာတွေခေါ်တဲ့အချိန်မှာတော့ အားကစားဂျာနယ်နဲ့
သတင်းဂျာနယ်တချို့က သတင်းထောက်တွေ၊ အယ်ဒီတာတွေက ကျွန်တော်နဲ့
ဘောလုံးကိစ္စအင်တာဗျူးရင် “ဗိုလ်ချုပ်”ဆိုတဲ့ နာမ်စားကို
ချစ်စနိုးနောက်ပြောင်ပြီး သုံးကြတယ်။ နောက်တော့ Envoy ဂျာနယ်က
ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မရိုက်ဘူးလားလို့
တရားဝင်မေးခဲ့တယ်။ အဲဒီနောက်တော့ မီဒီယာတွေက ကျွန်တော့်ကို
ဘောလုံးအကြောင်း လုံးဝမမေးတော့သလောက်ပဲ။ အားလုံးက
ဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပဲ မေးကြတော့တယ်။
ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့ အဓိက
တိုက်တွန်းခဲ့ပြီး၊ လျှောက်လွှာတင်တာကအစ
တွန်းတွန်းထိုးထိုးလုပ်ပေးခဲ့တာကတော့ Envoy ဂျာနယ်က
သတင်းထောက်တစ်ယောက်ပါပဲ။ အဲဒီနောက်တော့ ကျွန်တော်
ဆန်ခါတင်(၇)ယောက်စာရင်းပါတယ်။ အခု နောက်ဆုံး(၂)ယောက်အဖြစ် အရွေးခံရတယ်။

မေး- အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ
တက္ကသိုလ်ကျောင်းသားခေါင်းဆောင်၊ အယ်ဒီတာ၊
နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင်၊ မျိုးချစ်တပ်မတော်ကို
တည်ထောင်ခဲ့တဲ့ စစ်သား စသဖြင့်ပေါ့လေ ဘ၀ဇာတ်ဝင်ခန်းအမျိုးမျိုးကု
ဖြတ်သန်းခဲ့တယ်။ ညီလေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့
သရုပ်ဆောင်တဲ့အခါမှာ ဘယ်ဇာတ်ရုပ်ကို အကြိုက်ဆုံးဖြစ်မလဲ။

ဖြေ- ကျွန်တော်ကတော့ မြန်မာ့အမျိုးသားရေးလှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့တဲ့
တက္ကသိုလ်ကျောင်းသား နိုင်ငံရေးသမားဘ၀ ဇာတ်ရုပ်ကို စိတ်ဝင်စားပါတယ်။
အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ဟာ ဘ၀ပေးအခြေအနေအရ
တက္ကသိုလ်တက်ရောက်ခွင့်မရခဲ့ပါဘူး။ တကယ်၍များ ဗိုလ်ချုပ်အောင်ဆန်းအဖြစ်
ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ဇာတ်ဝင်ခန်းတွေရိုက်ရမယ်ဆိုရင်
တက္ကသိုလ်ရဲ့လေကို မရှူဖူးတဲ့ ကျွန်တော့်အနေနဲ့ ဇာတ်ကောင်စရိုက်ပီပြင်ဖို့
အရမ်းကြိုးစားရလိမ့်မယ်ထင်ပါတယ်။

မေး- ဗိုလ်ချုပ်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့
နောက်ဆုံးလူစာရင်းထွက်ပေါ်လာတဲ့အချိန်မှာ ကမ္ဘောဇအသင်းအုပ်ချုပ်မှုအဖွဲ့ရဲ့
သဘောထားက ဘယ်လိုရှိလဲ။

ဖြေ- အသင်းရဲ့ အုပ်ချုပ်မှုအဖွဲ့က ကျွန်တော့်အတွက်ဂုဏ်ယူကြောင်းပြောပါတယ်။
နည်းပြကြီးဆီဗာဂျီကလည်း Congratulation လုပ်ပါတယ်။ စကားကြုံလို့ ပြောရရင်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကလည်း ကျွန်တော့်အတွက်
ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ လိုအပ်တာရှိရင် ပံ့ပိုးပေမယ့်အကြောင်း
ဖုန်းဆက်ပါတယ်။ ကမ္ဘောဇအသင်းအနေနဲ့ ကျွန်တော်
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးနေတဲ့အချိန်မှာ On-duty နဲ့
လစာပေးထားမယ်လို့ ကျွန်တော့်ကို အသိပေးပါတယ်။ ကျွန်တော့်အပေါ်မှာ အခုလို
စေတနာမေတ္တာအပြည့်ထားတဲ့ ကမ္ဘောဇအသင်းနဲ့တကွ KBZ Group Co,Ltd တစ်ခုလုံးကို
ကျွန်တော့်ရင်ထဲက ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

ကျော်ကျော်မျိုး၏ ကိုယ်ရေးအကျဉ်း

မွေးသက္ကရာဇ် - ၁၁.၈.၁၉၈၇

အရပ်အမြင့် - ၅ ပေ ၈ လက်မ

ကိုယ်အလေးချိန် - ၁၄၅ ပေါင်

ကစားသည့်နေရာ - နောက်တန်း

ဇာတိ - မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စံပါယ်ရပ်၊ ယဉ်တော်စံရွာ။

ကစားသမားဘ၀မှတ်တမ်း

၂၀၀၅-၂၀၀၉ မြန်မာ့မီးရထားအသင်း

၂၀၀၉-၂၀၁၁ မကွေးအက်ဖ်စီ

၂၀၁၁- ယခု ကမ္ဘောဇဘောလုံးအသင်း

နိုင်ငံတကာပွဲမှတ်တမ်း

၂၀၁၁ ဟနွိုင်းဖိတ်ခေါ်ဖလား၊ ၂၀၁၁ ဆီးဂိမ်းစ်၊ ၂၀၁၂အိုလံပစ်ခြေစစ်ပွဲ၊ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ။

Source - kbzfc.com
Credit to Myanmar National Football Team via through Movie Crazies

"မဟာထေရ ၊ ကဿပရိပ်သာ မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲ ၊ ထိုင်ဝမ်

ကျေးဇူးတော်ရှင် ထိုင်ဝမ်၊ ကနေဒါဆရာတော်များ ဦးဆောင် တည်ထားအပ်သော ဒေါ်လာ ၁.၆ သန်းတန်သော "မဟာထေရ ၊ ကဿပရိပ်သာ မြေသန့်မင်္ဂလာနှင့် သိမ်သမုတ်ပွဲ ၊ ထိုင်ဝမ်

သတင်း/ဓါတ်ပုံ

Posted: 30 Jul 2012 11:09 AM PDT
 

(၃၀.၇.၂၀၁၂)

မိတ္ထီလာခရိုင် သာစည်မြို့တွင် ယနေ့(၃၀.၇.၂၀၁၂)ရက်နေ့ တွင် သာစည်မြို့သူ/သားများဘဝ မီးဘေးအန္တရာယ်လုံ ခြုံမှုနှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် သာစည်မြို့နေ ပြည်သူများက သာစည်မြို့ပေါ်တွင် တရားဝင် စီတန်းလှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။ သာစည်မြို့နေပြည်သူများက စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို နံနက်(၉း၀၀)နာရီမှ(၁၀း၀၀)ထိ တောင်းဆိုမှု ပြုလုပ်သွားခဲ့သည်။ သာစည်မြို့နေပြည်သူများက သာစည်မြို့လယ်ခေါင်တွင် ဖွင့်လှစ် ရောင်းချနေသော ကောင်းဇော်ဟိန်း(K Z H)စက်သုံးဆီ ဆိုင်ကို မြို့ပေါ်တွင်ဖွင့်လှစ် ရောင်းချခြင်းမပြုရန် စီတန်း လှည့်လည်၍ လူထုဆန္ဒဖြင့် တောင်းဆိုရခြင်းဖြစ်သည်။

ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင်တွင် ဂါလံ(၁၀၀၀၀)ဆန့် ဆီ သိုလှောင်ကန်တစ်ကန်နှင့် ဂါလံ(၁၅၀၀)ဆန့် ဆီတိုင်ကီကြီး(၆)လုံးကို သိုလှောင်ပြီးရောင်းချနေသည်။ဆီသိုလှောင်မှု ပမာဏများမှုက သာစည်မြို့ပေါ်နေ အိမ်ခြေပေါင်း(၄၂၀၀၀)တွင် နေထိုင်နေသော လူဦးရေ (၁၈၀၀၀၀)ကျော်တို့၏ ဘဝလုံခြုံမှုကို ခြိမ်းခြောက် နေသည့်အတွက် သာစည်မြို့နေလူထုက ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ပြောင်းရွှေ့ပေးရေး ကို တောင်းဆိုရခြင်းဖြစ်သည်။ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုကို သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဒေါ်နွဲ့ယဉ်၊ ကိုတေဇာလင်းတို့က ဦးဆောင်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သည်။သာစည်မြို့တွင် စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုကို မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ဒေါ်မြင့်မြင့်အေးနှင့် ရန်ကုန်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး၊မမိုး တို့ ကလည်း ပါဝင်ပြီး ပူးပေါင်းဆောင်ရွက် လှုပ်ရှားခဲ့သည်။ 

စီတန်းလှည့်လည် ဆန္ဒဖော် ထုတ်မှုတွင် ကြွေးကျော်ခဲ့သော ကြွေးကျော်သံများမှာ
(၁)သာစည်မြို့ သာယာလှပရေး '' ဒို့အရေး ''
(၂)ကောင်းဇော်ဟိန်း စက်သုံးဆီဆိုင် ရွှေ့ပြောင်းရေး '' ဒို့အရေး ''
(၃)သာစည်မြို့ ပြာမကျရေး '' ဒို့အရေး ''
(၄)လူထုဆန္ဒ ဖြည့်ဆည်းပေးရေး '' ဒို့အရေး ''
(၅)ကောင်းဇော်ဟိန်း ဆီဆိုင်ရွှေ့ပြောင်းရေး လှုပ်ရှားမှု '' အောင်ရမည် အောင်ရမည် ''
တို့ဖြစ်သည်။

မှတ်ချက်။     ။ သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် မိသားစုများနှင့် ပြည်သူလူထုကြီးက ပေးပို့လာသော
                     သတင်းများကို တစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
သာစည်မြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက်
သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ
(၃၀.၇.၂၀၁၂)

Posted: 30 Jul 2012 10:55 AM PDT
သီရိခေတ္တရာသို့ ဒိုင်ယာရီခြေလှမ်းများ
ပြည်မြို့၊ နဝဒေးနယ်မြေ၊ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော မဟာအောင်မြေအောင်စေတီ ဗုဒ္ဓပူဇနိယပွဲတော်၊ စိန်ဖူးတော်အထွဋ် တင်လှူပူဇော်ပွဲနှင့် ရွှေပေါက်ပင် ဆရာတော် (၆၂) နှစ်မြောက် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား တက်ရောက်ရန် အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်း သား/သူများနှင့် ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင် (အထူးဧည့်သည်တော် အသင်းသားများ) တို့နှင့်အတူ ၂၅.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှ ရွှေစင်စင်္ကြာ ခရီးသွား မော်တော်ယာဉ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်မြို့သို့ ထွက်ခွာခဲ့သည်။
နံနက် (၈း၃ဝ) နာရီအချိန်ခန့်တွင် မှော်ဘီမြို့ရှိ "မြို့မ အခမဲ့ နာရေးကူညီမှုအသင်း" မှ ကြိုဆို၍ နံနက်စာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး ရုံးခန်းနှင့် မှော်ဘီမြို့သုဿန်သို့ သွားရောက်၍ မီးသင်္ဂြိုလ် စက်အား သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ထို့နောက် မှော်ဘီမြို့ရှိ နာရေးကူညီမှုအသင်းသား/သူ များနှင့် ရင်းနှီးစွာတွေ့ဆုံပြီး အကြံပြုချက်များ ပြောကြားခဲ့ကာ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ပြီး မှော်ဘီမြို့မှ ဆက်လက်ထွက်ခွာခဲ့သည်။
 နံနက် (၁၁းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့ရှိ "ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" သည် နတ်တလင်းမြို့အဝင်မှ ကြိုဆို နှုတ်ဆက်ကာ ရုံးခန်းရှိရာသို့ ဝင်ရောက်ခဲ့သည်။ 
 ယင်းနောက် နတ်တလင်းသုဿန်ရှိ “ကုသိုလ်ဖြစ် သုဗြဟ္မစာရီ” မီးသင်္ဂြိုလ်ရေးအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ ဖွဲလောင်စာသုံး မီးသဂြိုလ်စက်အား လေ့လာခဲ့ကြပြီး "ဟိတကာရီ သာရေး၊နာရေးကူညီမှုအသင်း" အား ထူထောင်ခဲ့သော ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ ဝင်ရောက်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။ ထို့နောက် "ဟိတကာရီ သာရေး၊ နာရေး ကူညီမှုအသင်း"မှ နေ့လည်စာ သီးစုံထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီးနောက် "ဟိတကာရီ သာရေး၊ နာရေးကူညီမှုအသင်း" အသင်းသား/သူများနှင့် Heart to Heart လူမှုရေးအဖွဲ့သား (၃ဝဝ) နီးပါးခန့်နှင့် တွေ့ဆုံ၍ လူမှုရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။ ည (၇းဝဝ) နာရီ အချိန်တွင် ရွှေပေါက်ပင် ဆရာ တော်ကြီး၏ မွေးနေ့အကြိုအဖြစ် အင်းလေးဒေသ၏ ကြာသင်္ကန်းယက်လုပ်ခြင်း ဇာတ်ဝင်ခန်းများ ပါဝင်သည့် ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော "အမေ့နို့ဖိုး" ရုပ်ရှင်ဇာတ်ကားအား ကြွရောက် လာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများနှင့် လုပ်အားဒါန ဝိုင်းဝန်းပြုလုပ်ပေးကြသော ဆရာတော်ဘုရားကြီး ၏ တပည့်၊ ဒါယကာ၊ ဒါယကာမများတို့အား ပြသခဲ့သည်။
၂၆.၇.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ အောင်မြေတွင် အပူဇော်ခံထားရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား မျက်နှာတော်သစ်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ဆက်ကပ်ခြင်းနှင့် မြတ်စွယ်တော် ပူဇော်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ နံနက် (၉းဝဝ) နာရီအချိန်တွင် ဝါဆိုကြာသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ကြာသင်္ကန်းယက်လုပ်မည်ဖြစ်သော ကြာရိုး ကြာပန်းခိုင်တို့အား ရန်ကုန်မှ လိုက်ပါလာသော OK ရှမ်းအိုးစည်အဖွဲ့နှင့်အတူ အပူဇော်ခံလှည့်လည်ခြင်း အခမ်းအနားအား ကျင်းပခဲ့ပြီး ရွှေပေါက်ပင်ကျောင်းဝန်းတွင် တည်ဆောက်ဆဲ ဓမ္မာရုံအဆောက်အဦး အပေါ်ထပ်၌ ကြာသင်္ကန်းယက်လုပ်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ ရေသာဘုရားကျိန်းကျောင်း၌ "ရေကြည်စမ်း ပညာဒါနသင်တန်း”မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့သော ကျောင်းသူလေးများတို့သည် ကြာရိုးမျှင်များထုတ်၍ ဝါဆိုကြာ သင်္ကန်း ယက်လုပ်ခဲ့ကြသည်။
နေ့လည် (၁းဝဝ) နာရီ အချိန်တွင် ပြည်မြို့ရှိ ရတနာမာန်အောင်ကျောင်း၌ ဖွင့်လှစ်ထားသော သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)မှ သုခအလင်း ပညာဒါနသင်တန်း ဖွင့်လှစ်၍ ပညာ သင်ကြားနေသော ကျောင်းသား/သူများ၊ ဆရာ/မများနှင့် ကျောင်းသားမိဘများတွေ့ဆုံပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။ ယင်းအချိန်တွင် ပြည်မြို့ဆေးရုံကြီး၌ အရေးပေါ်လူနာတစ်ဦးအတွက် အသက်ကယ်တင် ရန် (အို) သွေးလိုအပ်နေကြောင်း သိရှိရသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ ဒေါ်ခင်သီတာအောင်သည် မိုးမေတ္တာသွေးလှူအဖွဲ့နှင့်အတူ ဆေးရုံကြီးသို့ လိုက်ပါလှူဒါန်းခဲ့သည်။ 
 နေ့လည် (၃းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းသို့ ရောက်ရှိနေကြသော လုပ်အားပေး အဖွဲ့များ၊ ဘုရားဖူးဓမ္မမိတ်ဆွေများအား ဦးရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့နှင့်အတူ နာရေးကူညီမှု အသင်း (ရန်ကုန်)မှ တွဲဖက်၍ ဖျော်ဖြေပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြသည်။

ညနေ (၄းဝဝ) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ ပြည်မြို့၊ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့ရှိ "စေတနာ နာရေးကူညီမှုအသင်း" သို့ သွားရောက်တွေ့ဆုံခဲ့ရာ အိမ်ခြေ (၂ဝဝဝ) ခန့်၊ လူဦးရေ တစ်သောင်းဝန်းကျင်တို့ အသုံးပြုလျှက်ရှိသည့် ပုတီးကုန်းမြို့သုဿန်အား ဝင်ရောက်လေ့လာခဲ့ကြသည်။ ည(၇းဝဝ) နာရီအချိန်မှစတင်၍ မြန်မာပြည်သူ/သားများ၊ ကမ္ဘာ့ပြည်သူ/သားများအား မေတ္တာပို့သ၍ မြတ်စွာဘုရားရှင်အား မေတ္တာပန်းရံနံ့စုံဖြင့် ကပ်လှူရန်အတွက် သီကုံးခြင်း အခမ်းအနားအား မေတ္တာပို့သ သံများ လွှမ်းခြုံကာ ည (၉းဝဝ) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

၂၇.၅.၂ဝ၁၂ ရက်နေ့ နံနက် (၅း၃ဝ) နာရီအချိန်ခန့်တွင် မြတ်စွာဘုရားရှင်အား သစ်သီးဆွမ်း ကပ် လှူဒါန်းခြင်း၊ နံနက် (၈းဝဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရဆရာတော် ဘဒ္ဒန္တသောမာစာရ (၆၂) နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနား၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မဟာ အောင်မြေအောင်စေတီ စိန်ဖူးတော်တင် အခမ်းအနား၌ လိုအပ်သည့် ဝါးငြမ်းတည်ဆောက်မှု ကုန်ကျ စရိတ်များနှင့် ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အသုံးပြုရန်အတွက် ရေစုပ်စက် (၁) လုံးအား နာရေး ကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက် (မိသားစု)တို့မှ လှူဒါန်းပေးအပ်ခြင်းနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမာစာရမှ မွေးနေ့အလှူ မြတ်ဒါနအဖြစ် ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်း ကျေးရွာ ဣန္ဒနိမ္မိတသုခ ကုသိုလ်ဖြစ်ဆေးပေးခန်းနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အတွက် အလှူငွေ (၁) သိန်းကျပ်စီအား လှူဒါန်းခဲ့သည်။
ဓာတ်ပုံများ လင့်ခ်.. https://picasaweb.google.com/107270164380446272814/FFSSDiary
နံနက် (၈း၃ဝ) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်းရှေ့ရှိ ကြာကန်ကြီးတွင် ငါးဘေးမဲ့လွှတ်ပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ နံနက် (၉းဝဝ) နာရီအချိန်တွင် မဟာအောင်မြေအောင်စေတီ စိန်ဖူးတော်အထွဋ်တင်လှူပူဇော်ပွဲ အခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့နှင့် ရပ်နီးရပ်ဝေးမှ ရောက်ရှိလာကြသော ဘုရားဖူးဓမ္မမိတ်ဆွေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ၊ ဆရာတော်ကြီး၏ တပည့် ဒါယကာ/မများတို့ဖြင့် မိုးရေစက်များကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

နေ့လည် (၂းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်သည် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ကိုညီညီအောင်နှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ သာရေးနာရေးအဖွဲ့မှ ထင်းလောင်စာသုံး မီးသင်္ဂြိုလ်စက်အား သွားရောက်လေ့လာ ခဲ့ကြသည်။ ရွှေပေါက်တောရကျောင်းတိုက်၏ အလှူဒါန ကုသိုလ်ပွဲကြီးအား တနေ့ကုန်နီးပါး ပင်ပန်း နွမ်းနယ်စွာ လုပ်အားဒါနပြုခဲ့ကြသော ဘုရားဖူးဓမ္မ မိတ်ဆွေအပေါင်းတို့အား ဦးကျော်သူ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော "ပုဏ္ဍားဘကွန်း" ရုပ်ရှင်ဇာတ်ကားအား ည (၇း၃ဝ) နာရီအချိန်တွင် ပြသခဲ့သည်။

၂၈.၇.၂ဝ၁၂ ရက်နေ့ နံနက် (၇းဝဝ) နာရီအချိန်တွင် ရွှေတောင်နာရေးကူညီမှုအသင်းမှ ဒါနပြု ကျွေးမွေးသော ရွှေတောင်ခေါက်ဆွဲအား ရွှေပေါက်ပင်ကျောင်းဝင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သား/သူများသုံးဆောင်ပြီး ဆရာတော်ဘုရားကြီးအား နှုတ်ဆက်ဂါရဝပြုကာ ရန်ကုန်အပြန်ခရီးတွင် ကြို့ပင်ကောက်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းမှ ဖွင့်လှစ်ပေးလိုက်သော နှလုံးလှဆရာတော် အရှင်ပါမောက္ခ ဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "သုခကုသိုလ်ဖြစ် ဆေးခန်း(ကြို့ပင်ကောက်)" ဖွင့်ပွဲအခမ်းအနား ကျင်းပရာသို့ နံနက် (၁၁းဝဝ) နာရီ အချိန်တွင် ရောက်ရှိ ခဲ့သည်။

ထို့နောက် နှလုံးလှဆရာတော် အရှင်ပါမောက္ခ၊ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့် နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးထံမှ သြဝါဒခံယူကာ အများပြည်သူကိုယ်စား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ အခမ်းအနားတွင် နှလုံးလှဆရာတော် အရှင်ပါမောက္ခမှ ဆေးခန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နှုတ်ခွန်းဆက် အမှာစကားပြောကြား ခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) တာဝန်ခံဆရာဝန်ကြီး ဒေါက်တာဦးဝင်းမြင့်မှ အမှာ စကားပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ အမှာစကား ပြောကြားခြင်း၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်) ဥက္ကဋ္ဌ ဦးမြင့်သိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)တွင် ဆေးကုသမှုခံယူခဲ့သော လူနာတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားအား နေ့လည် (၃းဝဝ) နာရီအချိန်တွင် စည်ကားသိုက် မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့တော့သည်။
Posted: 30 Jul 2012 09:41 AM PDT
ထားဝယ်မြို့အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေရပ်ကွက်တချို့ ရေနစ်မြုပ်နေ

ယခုရက်ပိုင်းအတွင်း မိုးနှစ်ရက်ဆက် အဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်မြို့ အတွင်း ဘုမ္မော်ရပ်ကွက်၊ ရှမ္မလည်ဆွဲ ကွက်သစ်၊ ကညုံရပ်ကွက်အတွင်း နေရာတချို့နှင့် ဆန်းချီ ကမြောကင်းမြို့သစ် နေရာတချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း အိမ်ထောင်စုသုံးရာကျော် လူဦးရေတစ်ထောင်ခန့်မှာ ရေဘေးနှင့် ကြုံတွေ့ နေကြရသည်။

ရေကြီးသည့် နေရာများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ထားဝယ်(၈၈)မျိုးဆက်များ၊ ထားဝယ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ကြက်စားပြင် လူမှုအထောက်ကူပြုအဖွဲ့ (ကြက်စားပြင်NLDနှင့်ံHRDP ကွန်ရက် ထားဝယ်တို့မှ ဒုက္ခသည်များအတွက် ထမင်း၊ စားစရာ၊ ရေသန့်နှင့်မုန့်များအား လှေငယ်များဖြင့် အိမ်တိုင်ရာရောက် သွားရောက်ဝေငှကြသည်။

ရေဘေးဒုက္ခသည် အဘွားအိုတစ်ဦးက'ကုသိုလ်ရှင်ကလေးတို့ ကျမ္မာကြပါစေ၊ ချမ်းသာကြပါစေ၊ ငါတို့လိုဒုက္ခမျိုးနဲ့ ကင်းဝေးကြပါစေကွယ်'ဟုလက်အုပ်ချီကာ ဆုတောင်းပေးလေ၏။ နောက်တစ်ယောက်ကမူ အဘွားလို မဟုတ်ဘဲ ယိုးဒယားမှာ ရေကြီးတော့ သူတို့ဝန်ကြီးချုပ်တွေ ချက်ချင်းရောက်လာတာ တီဗွီကနေ မြင်ရတယ်ကွဟု နောက်သလိုလိုနှင့်ပြော၏။ လယ်ပိုင်ရှင်တစ်ယောက်၏ ရင်ဖွင့်သံကတော့ အများနဲ့မတူ သတိပြုစရာပင်'ရေထရက်လည်းဖြင့် မိုးကလည်းဆက်တိုက်ရွာ ဒီကြားထဲ ရထားလမ်းကလည်း တမံပိတ်သလို ကန့်လန့်ဖြတ် ဖောက်ထားတော့ မယုံရင်ကြည့်နေ ဒီထက်တောင်ရေကြီးအုံးမယ်ကွ 'ငါတို့ကတော့ ရထားလမ်းကြောင့် လယ်မြေလည်း အသိမ်းခံရတယ်။ ရေကြီးလို့ စပါးတွေလည်း အမြဲဆုံးတယ်၊ လယ်တွေအစား ပြန်ပေးတော့လည်း လယ်လုပ်လို့ မရတဲ့နေရာ ဘယ်လိုလုပ်မလဲ'ဟု စိတ်လိုက်မာန်ပါ ပြောဆိုသံများကို ထမင်းထုပ်များ လှူနေရင်းပင် ရင်တွင်းစကားများကို ကြားခဲ့ရပါသည်။ နောက်ပိုင်းတွင်တော့ ပြည်ထောင်စုနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များကလည်း မာမားခေါက်ဆွဲထုပ်များကို လာရောက် လှူဒါန်းသွားကြောင်းကြား သိရပါသည်။

အပတ်စဉ် စနေအာရုဏ်ဆွမ်းအဖွဲ့ (ဘုမ္မော်)နှင့် ကိုသန်းဝင်း (ထားဝယ်၈၈မျိုးဆက် ကျောင်းသား)တို့မှ ၃ဝ.၇.၂ဝ၁၂ရက်နေ့ တွင်ဒုက္ခသည်(၄ဝဝ)အတွက် ထမင်း၊ ဟင်း၊ ရေသန့်နှင့် မားမား ခေါက်ဆွဲခြောက်ထုပ်များကို လှူဒါန်းခဲ့သည်။ ကိုသန်းဝင်းမှ'ရေကြီးနေပြီဟု သိသိချင်း ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆေးဆိုင်တွေမှာ အလှူခံပြီး စနေအာရုဏ်ဆွမ်း လှူအဖွဲ့နဲ့ ပေါင်းပြီး ချက်ချင်းပဲ စီစဉ်နိုင်ခဲ့ပါတယ်' ဟုပြောဆိုသွားခဲ့ပါသည်။

ထားဝယ်မြို့မှ ရေဘေးဒုက္ခသည် ပြည်သူများအတွက် တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုး လှူဒါန်းကြပါလို့ တိုက်တွန်းနှိုးဆော် အပ်ပါတယ်..။

မောင်ထားဝယ်သား..

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ (အပိုင်း - ၁) by demowaiyan

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ (အပိုင်း - ၁)


အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ 
(အပိုင်း - ၁)


အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ စစ်မှုထမ်းဘ၀ ရခိုင်ပြည်နယ် အတွေ့အကြုံများ (အပိုင်း - ၁) by demowaiyan


တပ်မှူးတပ်သား ပြောစကား (၁၁၇)

ဗီအိုအေ ။ ။ ၂၀၁၂ ဇူလိုင် ၂၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ နာယက တစ်ဦးဖြစ်တဲ့၊ မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေး ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို၊ ၁၉၄၈ လွတ်လပ်ရေးခါနီး အချိန်က စတင် ခဲ့တဲ့၊ ရခိုင်ပြည်နယ်ရဲ့ မတည်မငြိမ် အခြေအနေတွေနဲ့ သူ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင် စဉ်က အတွေ့အကြုံ တွေကို၊ ဦးရော်နီညိမ်းက မေမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့“တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက် လိုက်ပါတယ်။

ဦးတင်ဦး ။ ။ အဲဒီတုန်းက ဒီလို ဖြစ်တာဗျ။ ကျနော်တို့ လွတ်လပ်ရေးရခါနီး အချိန်လောက်မှာ ပြဿနာလေးေ တွ ပေါ်လာတာက ကျနော်တို့နဲ့အတူ တပြိုင်နက်ထဲ အိန္ဒိယကလည်း လွတ်လပ်ရေး ရခဲ့တယ်။ အိန္ဒိယက သိတဲ့ အတိုင်း မစ္စတာဂျင်းနား (ပါကစ္စတန်လွတ်လပ်ရေးခေါင်းဆောင် မိုဟာမက်အလီဂျင်းနား Muhammad Ali Jinnah) တို့က မဟတ္တမဂန္ဓီ (Mahatma Gandhi) တို့၊ နေရူး (Jawaharlal Nehru) တို့ (အိန္ဒိယလွတ်လပ်ရေးေ ခါင်းဆောင်များ) ကို တိုင်းပြည်ခွဲထွက်မယ်လို့ တောင်းဆိုတော့၊ မဟတ္တမဂန္ဓီတို့၊ နေရူး တို့က သဘောမကျဘူးေ ပါ့။ သို့သော်လည်း မစ္စတာ ဂျင်းနားတို့က ပါကစ္စတန်ဆိုပြီး လုပ်ချင်တယ် ဆိုတော့၊ နောက်တော့ သူတို့ ခွဲပေးလိုက်ရတော့၊ အရှေ့ပါကစ္စတန် (East Pakistan)နဲ့ အနောက်ပါကစ္စတန် (West Pakistan) ဆိုပြီး ဖြစ်သွားတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ဘက်က လည်း နတ်မြစ် (Naff River) ဆိုတာက ဟိုဘက်က ဒီဘက်ကိုကူး၊ ဒီဘက်က ဟိုဘက်ကိုကူး၊ ဥဒဟို ၀င်ထွက်သွား လာနေတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အားလုံးက အင်္ဂလိပ်ရဲ့ ကျွန်နိုင်ငံ၊ ကျွန်သားတွေကိုး ဗျ။ အဲဒီတော့ ကူးကြသွားကြနဲ့ ဒါတွေက ကူးလူးဆက်ဆံမှုတွေက ရှိနေတာကိုး။ အဲဒီအချိန်မှာ စစ်(ဒုတိယကမ္ဘာစစ်)ကလည်း ပြီး သွားပြီဆိုတော့၊ စစ်နဲ့အတူပါလာတဲ့ ဘင်္ဂါလီအလုပ်သမားတို့ ဘာတို့ စသည်ဖြင့် ပါလာကြတာကတွေ ဒီဘက်ကို တော်တော်များများ ရောက်လာကြပြီးတော့ ဒီဘက်မှာပဲ နည်းနည်းပါးပါး ကျန်ရစ်ခဲ့ကြတာတွေ ရှိကောင်းရှိ ခဲ့ပါတယ်။ အဲဒီတုံးက အဲဒီဒေသနေရာမှာ ဘူးသီးတောင် မော င်တောဒေသမှာတော့ ရခိုင်ရွာတွေ တော်တော်များများ ရှိကြတယ်။ အဲဒီတော့ ၀င်လာတာတွေက မသိသာဘူးေ ပါ့။ အဲဒီလို ဖြစ်ခဲ့တယ်ပေါ့။

ဦးရော်နီညိမ်း ။ ။ အန်ကယ့်ကို တစ်ခု မေးကြည့်ချင်တာက၊ အင်္ဂလိပ်ကနေပြီးတော့မှ ဂျပန်ကို ပြန်တိုက်ဖို့ အတွက် သူတို့(ဘင်္ဂါလီ)တွေကို လက်နက်တပ်ဆင်ပြီးတော့မှ မြန်မာနိုင်ငံထဲကို လွှတ်လိုက်တယ်၊ အန်ကယ်တို့ ရဲ့ ဖက်ဆစ်တော်လှန်ရေး ဗမာ့တပ်မတော်နဲ့ ပေါင်းပြီး တိုက်ဖို့ (သို့မဟုတ်) အင်္ဂလိပ်တပ်နဲ့ ပေါင်းပြီး တိုက်ဖို့ သဘောနဲ့။ ဒါပေမဲ့ သူတို့တွေက ဂျပန်နဲ့လည်း သေချာမတိုက်လိုက်ရဘူး၊ လက်နက်တွေနဲ့ ကျန်ခဲ့တယ် ဆိုတဲ့ သဘောလား။ အဲဒါ အန်ကယ် သိသလောက် ပြောပြပေးပါ ခင်ဗျ။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက အရှေ့ပါကစ္စတန်ဆိုပြီး ဖွင့်လိုက်တဲ့အချိန်မှာ၊ ဒီဘက်က နောင်သော အခါ (ဘင်္ဂါလီ) ခေါင်းဆာင်ဖြစ်မဲ့ ပုဂ္ဂိုလ်တွေက၊ အရှေ့ပါကစ္စတန်နဲ့ တဆက်ထဲ တတွဲထဲ မေယုမြစ် (Mayu River)ရဲ့ အနောက်ဘက်မှာ မေယုနယ်ပေါ့၊ မေယုနယ် ဆိုတာ ဘူးသီးတောင် မောင်တော ပါပဲ။ အဲဒီမေယုနယ် ကို district (ခရိုင်) တစ်ခုအနေနဲ့ အရှေ့ပါကစ္စတန်ထဲကို ပါစေချင်တဲ့ သဘောရှိတယ်။ အဲဒီအတွက် ပြောတာ ဆိုတာတွေတော့ ရှိတယ်။ ဒါပေမဲ့လည်း မစ္စတာဂျင်းနားတို့ (ပါကစ္စတန်) ခေါင်းဆောင်တွေ အားလုံးက၊ ဒီဘက် (အရှေ့ပါကစ္စတန်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံဘက်ခြမ်း) နဲ့ ပတ်သက်တာတွေကို လုံးဝ စိတ်ပါဝင်စားခြင်း မရှိဘူး။ နောက်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ပြတ်ပြတ်သားသား နေလိုက်တယ်။

သို့သော် လည်းပဲ ဒီဘက်မှာက ခုနက ကျန်ရစ်ခဲ့ တဲ့ လက်နက်တွေနဲ့ ပတ်သက်တာတွေ၊ အရင်တုံးက (ဂျပန်ကိုတိုက်ဇို့ လွတ်လိုက်တဲ့) ဒီဘက်ကို Bengal (ဘင်္ဂလား) ဘက်ကနေ ပါလာတဲ့သူ (ဘင်္ဂါလီ)တွေကလည်း ရှိနေကြတော့၊ သူတို့က ဆက်ပြီးတော့ မေယုကမ်းခြေ၊ မေယုမြစ်ရဲ့ အနောက်ဘက်ကမ်းကို သူတို့က စိုးမိုးထားရမယ် ဆိုပြီးေ တာ့၊ မူဂျာဟစ်ဒင် (အာရဗီ (Arabic) ဘာသာစကားနှင့် ဘာ သာရေးအရ ခုခံစစ်ပွဲဆင်နွှဲသူ တစ်ဦးတစ်ယောက် အား မူဂျာဟစ် (Mujahid)၊ တစ်ယောက်ထက်မက အများဆိုလျှင် မူဂျာဟစ်ဒင် Mujahidin, Mujahideen) ဆိုပြီးတော့၊ မူဂျာဟစ်တွေ ပေါ်ပေါက်လိုက်တာပေါ့။ အဓိပ္ပာယ်ကတော့ အဲဒီ မှာရှိတဲ့နယ်မြေနဲ့ ဆက်စပ်ပြီး တာ့၊ မေယုနယ်ဆိုတာကို ထူထောင်ချင်တဲ့ သဘောတွေရှိတယ်။ အဲဒီအခါကျတော့ နိုင် ငံရဲ့အချုပ်အခြာကို ထိခိုက်လာတာက တစ်ကြောင်း၊ အဲဒီဟာက အန္တရာယ်လည်းကြီးမားနေတာက တစ်ကြောင်း၊ ဗိုလ်ချုပ်ကျော်ဇော (ယခု တရုတ်နိုင်ငံတွင် နေထိုင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်သုံး ကျိပ်ဝင် အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇော) ခေါင်းဆောင်တဲ့ ဗမာ့သေနတ်ကိုင်တပ်ရင်း(၅)(သနက ၅)က သွား ပြီးတော့ ဒီမူဂျာဟစ်တွေကို နှိမ်နင်းတိုက်ခိုက်ချေမှူန်းလိုက်ရတယ်။ ဒီ သနက(၅)အတွက် လိုအပ်တဲ့ စစ်သည် အင်အားကို စစ် ရေးလေ့ကျင့်မှုအတွက် မေမြို့(ပြင်ဦးလွင်)မှာရှိတဲ့ training depot (BATD – Burma Army Training Depot) လေ့ ကျင့်ရေးတပ်မှာ လေ့ကျင့်ပေးပြီးတော့၊ သူတို့ကို မြန်မြန်ကျောင်းဆင်းပေးပါလို့ ပြော တဲ့အတွက်၊ အဲဒီ train (လေ့ကျင့် ရေး)လုပ်နေကြတဲ့အထဲက တပ်ခွဲနှစ်ခွဲကို လေယာဉ်ပျံနဲ့၊ အဲဒီတုံးက အင်ဒို နီးရှားက လာတဲ့ (သယ်ယူပို့ဆောင်ရေး) Zero Zero One လေယာဉ်ကြီးတွေ ကက်သရင်းနား (Katherina) လေယာဉ်ကြီးတွေနဲ့ ကျနော်တို့က ခူသယ်ခေါက်သယ် (ရခိုင်ပြည်နယ်ကို) ပို့တယ်။ ကျနော်ကိုယ် တိုင် ပို့ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဒီလေယာဉ်တွေအပေါ်မှာ လိုက် ပြီးတော့ နေ့ချင်းပြန် ချက်ချင်းပို့ဖူးတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီ သွားတိုက်တဲ့ တပ်ရင်း(သနက ၅)ထဲက ထင်ရှားတဲ့သူတွေ ပြောပြပါလား ခင်ဗျ။

ဦးတင်ဦး ။ ။ ဦးလွင် (ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အငြိမ်းစားဗိုလ်မှူးကြီး မောင် လွင်) ပါတယ်။ ဦးကြည်မောင် ပါတယ်။။ သူတို့တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ကင်မ်ပက်က်နက် (Lt. Colonel Campecgnec)။ ဦးကြည်မောင်က မေဂျာ(ဗိုလ်မှူး)ကြည်မောင် 2 IC (Second-in-Command ဒုတပ်ရင်းမှူး) ဗျ။ captain(ဗိုလ်ကြီး)မောင်လွင်တို့ကတော့ သူတို့အောက်က တပ်ခွဲမှူးတွေ။ နောက်တစ်ယောက်က နောက်ပိုင်း အင်းစိန် တိုက်ပွဲမှာ ကျသွားတဲ့ ဂျပန်ခေတ်စစ်တက္ကသိုလ်က ဆင်းလာတဲ့ ဗိုလ်လှ သောင်း (ဗိုလ်မှူးလှသောင်း)။ သူတို့ ပါကြတယ်။ ( မေဂျာကြည်မောင် = ၁၉၉၀ ရွေးကောက်ပွဲကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကွယ်လွန်သူ အငြိမ်းစားဗိုလ်မှူးကြီးကြည်မောင်)

ဦးရော်နီညိမ်း ။ ။ သူရဦးထွန်းတင်(၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ စစ်အာဏာသိမ်းချိန် က၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရ၏ ၀န်ကြီးချုပ် အငြိမ်းစားဗိုလ်မှူးကြီး သူရထွန်းတင်) လည်းပါတယ်။ သူရေးတဲ့ (ကျနော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ)စာအုပ်မှာ ပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်။ ဦးထွန်းတင်က အဲဒီတုံးက captain ။ ဦးထွန်းတင်လည်း ပါမယ်။ ဘာကြောင့်လည်း ဆိုတော့ သူကလည်း သနက(၅)ကပဲ။ အဲဒီတုံးက ဒီသနက(၅) တပ်ရင်း တစ်ရင်းလုံးပဲ (မူဂျာဟစ်တွေကို) သွား တိုက်ခဲ့ပါ တယ်။ အောင်အောင်မြင်မြင်ပဲ တိုက်နိုင်ခဲ့ပါတယ်။ တပ်က ရဲဘော်တွေဆိုတာက သိတဲ့အတိုင်းပဲ ဖက်ဆစ်တော်လှန် ရေးတုံးကကော၊ BDA (Burma Defence Army - ယခင် ဗမာ့လွတ်လပ်ရေးတပ်မတော် (Burma Independence Army – BIA) ကို ဂျပန်ခေတ်တွင် BDA ဟု ပြောင်းလဲဖွဲ့စည်း) တုံးကကော၊ ပါလာကြ တဲ့သူတွေ။ သူတို့ကို စစ်ရေး လေ့ကျင့်ခန်းတွေ ကျနော်တို့က ပေးပြီးမှ ရခိုင်ကို လွှတ်ခဲ့တာဆိုတော့၊ သူတို့က စစ်ရေးစစ်သွေးစစ်ရည်ဝ နေပြီးသားတွေ။ ကျနော်တို့က လေ့ကျင့်ပေးလိုက်တဲ့ ဒီစစ်သည်တွေကို ကျနော်တို့က ကမန်းကတမ်း ကျောင်းဆင်းပေးလိုက်ရ တာ ဗျ။ သူတို့ကို ကျောင်းပြီးအောင် (၆)လ (၇)လ သင်တန်းမပေး လိုက်ရဘူး။

သုံးလေးလလောက်နဲ့ သင်တန်းပေးပြီး ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ ချက်ချင်း လေယာဉ်နဲ့ ပို့လိုက် ရတာ။ တောက်လျှောက် ရခိုင်ပြည်နယ်ကို ပို့လိုက်ရတာ။ (ဗမာ့တပ်မတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်ဖွဲ့ စည်းသောအခါ၊ အရာရှိနှင့်စစ်သည်အားလုံး ဗြိတိသျှစစ်တပ်၏ အခြေခံစစ်သင်တန်းမှ စ၍ ပြန်တက်ကြရပြီး၊ စစ်သည်များမှာ အခြေခံစစ်သင်တန်းပြီးဆုံးလျှင် တပ်သားသစ်များ အဖြစ် ကျမ်းသစ္စာကျန်ဆိုကြရသည်။) အဲဒီ တုံးက တိုက်ပြီးပြန်လာကြတဲ့သူတွေ ပြောပြတာက၊ မူဂျာဟစ်တွေကို ကာဆင်ကြီး ဆိုတဲ့ ပုဂ္ဂိုလ်က အုပ်ချုပ် တယ်။ ကာဆင်ကြီး တိုက်ပွဲမှာကျသွားတော့၊ မူဂျာဟစ်တွေ အစိပ်စိပ်အမွှာမွှာ အကွဲကွဲအပြားအပြား ဖြစ်ပြီးတော့မှ၊ နောက်ထပ်ခေါင်းဆောင် ကာဆင်လေး ဆိုတာ ပေါ်လာတယ်တဲ့။

နောက်ပိုင်းမှာ ကျနော်တို့ ဆက်ပြီး တိုက်ရတာကတော့ ကာဆင်လေးကနေ ပေါက်ဖွားလာတဲ့ မွေးထုတ်ထားတဲ့ စူရစ်အာမက်တို့ စူရတန်မောက် တို့။ ဒီ နောက်ပေါက်ခေါင်းဆောင်တွေနဲ့ ကျနော် ရခိုင်တပ်ပေါင်းစုမှူး ဖြစ်လာတော့၊ နည်းနည်းပါးပါး ပြောက် တိပြောက်ကျား တွေ့ရပြန်သေးတယ်။ ဒါပေမယ့်လို့ အရှေ့ပါကစ္စတန်နဲ့ ကျနော်တို့နဲ့ နတ်မြစ် (Naff River)ကို အကြောင်းပြုပြီး ပြဿနာဖြစ်လို့ တိုက်ကြရတဲ့အချိန်မှာ၊ ခြေမြန်တပ်ရင်း(၄)နဲ့ ခြေမြန်တပ်ရင်း(၅)က လာပြီး ကူညီခဲ့တဲ့ အတွက်ကြောင့်၊ (ဘူးသီးတောင်မောင်တော) မြောက်ဘက်အခြမ်းမှာ မူဂျာဟစ် ခိုအောင်းနေတာကို တိုက်မယ်ဆိုပြီး တော့၊ ဂုတ်ပိတံတား မြောက်ဘက်ခြမ်း တော်တော်လှမ်းလှမ်းမှာ တော်တော်လေး လိုက်တိုက် လိုက်တာ့၊ အဲဒီ မူဂျာဟစ် နောက်ဆုံးအသုတ်ကို ကျနော်တို့ကို အပြတ်ကို ချပစ်လိုက်တယ်။ အဲဒီမှာ မူဂျာ ဟစ် လေးဆယ်ကျော် ငါးဆယ် လောက် သေတယ်။

နောက်ပြီးတော့ လက်နက်တွေ ရလိုက်တယ်။ အဲဒီတုံးက သတင်းကြားလို့၊ အဲဒီတောင်ကျော ပေါ်က ဖြတ်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရောက်နေတယ် ကြားလို့၊ သွားတိုက်တာ။ ကျနော့်မှာ အခွင့်အရေးကောင်း တစ်ခု ရတာက၊ ခြေမြန်တပ်တွေက ရောက်နေတဲ့ အချိန်မှာ နယ်စပ်မှာဖြစ်နေတဲ့ကိစ္စတွေကလည်း (နယ်နိမိတ်)တိုင်းဖို့ထွာဖို့ သဘောတူပြီးဆုံးဖြတ်လိုက်တော့၊ ဒီတပ်တွေကို ပြန်ပို့ရမယ့်အစား မပို့ခင်မှာ အဲဒီ ဂုတ်ပိတံတား ရဲ့ မြောက်ဘက်ခြမ်း၊ ဂုတ်ပိတံတားဆိုတာက ဘူးသီးတာင်မြောက်ဘက်ကို တက်သွားတဲ့အခါ တောင်ဘဇား၊၊ တောင်ဘဇား ပြီးရင် ဂုတ်ပိတံတား၊ ဂုတ်ပိတံ တားပြီးရင် မြောက်ဘက်မှာ ပန်ဇီဘဇား ဆိုတာရှိတယ်။ အဲဒီတောင်ပေါ် တောင်ကျောမှာ သွားတိုက်လိုက်တဲ့ အခါ၊ နောက်ဆုံးအပြတ်ချလိုက်တဲ့အခါ အဲ့ဒီမှာ မူဂျာဟစ်ဟာ ပြတ်ထွက်သွားပြီ။ ပြီးသွားပြီ။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဘယ်ခုနှစ်ကလဲ အန်ကယ်။

ဦးတင်ဦး ။ ။ အဲဒါက ကျနော် တပ်ပေါင်းစုမှူးဘ၀၊ ရခိုင်မှာ ဆိုတော့ ၁၉၅၉ ပေါ့။ (၁၉၆၀) ရွေးကောက်ပွဲ မလုပ်ရ သေးဘူး။ တပ်တွေကို စစ်ဆေးပြီး ကိုယ့်နယ်စပ်နဲ့ပတ်သက်တာတွေ ကိုယ်လုံခြုံအောင် လုပ်ကြရမယ် ဆိုတဲ့အချိန်မှာ၊ နတ်မြစ် (Naff River) တလျှောက်ကို ကျနော်တို့ သွားကြည့်လိုက်တဲ့အခါမှာ၊ လူတော်တော် များများက ရွာတွေမှာ စာရင်းမရှိ အင်းမရှိ လူတွေထပ်ပြုပြီးနေနေကြတာတွေကို ရှင်းရလင်းရမယ်ဆိုတော့၊ အဲဒါတွေကို ကျနေယ်တို့က ရှင်း ရလင်းရတာပေါ့ဗျာ။ ရှင်းရလင်းရတယ် ဆိုတာက၊ သူတို့နဲ့ပတ်သက်တာတွေ ကို စစ်ဆေး၊ မသင်္ကာဘွယ်ဖြစ်တဲ့သူ (အရှေ့ပါကစ္စတန်)ဘက်မှ ခိုးဝင်လာသူတွေကို eviction order (မိမိပိုင် နယ်မြေမှ နှင်ထုတ်သည့် အမိန့်)ပေးရတယ်။ ကျနော် မှတ်မှတ်ရရ မှတ်မိသလောက်ကတော့ (ခိုးဝင်လာသူ) လူ တစ်သောင်းသုံးထောင်ရှစ်ရာနီးနီးလောက်ကို၊ eviction order နဲ့ မောင်တော မြောက်ဘက်ခြမ်းကနေ တောင်ပြို တို့လို နေရာတွေမှာ နတ်မြစ်တလျှောက် ဘေးနားကလူတွေ သိပ်သိပ်သည်းသည်း ဖြစ်နေတဲ့ အပိုင်းနားက လူတွေကို အားလုံးစစ်ဆေးပြီးတော့၊ အဲဒီ့နောက်ပိုင်းမှာ မှတ်ပုံတင် လုပ်တာပဲ ဗျ။ မှတ်ပုံတင်ကို စပြီး လုပ်ရတာ ပဲ။ အဲဒီတုံးက မှတ်ပုံတင်ဆိုတာ မရှိသေးဘူး။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်မှာ စပြီး အမျိုးသားမှတ်ပုံတင် စပြီးပေါ်ပေါက်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဦးတင်ဦး ။ ။ ဟုတ်တယ်၊ အဲဒီတုံးက စပြီး အမျိုးသားမှတ်ပုံတင် စပြီး ဖြစ်လာတာ။ အဲဒါ (eviction order ဆောင်ရွက်ခြင်း) ပြီးသွားပြီး နည်းနည်း အေးအေးဆေးဆေး ဖြစ်သွားတော့မှ ဟိုတုံးကအခေါ် ရခိုင်တိုင်း အတွက် မှတ်ပုံတင်အရာရှိတွေ (လ၀က - လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အရာရှိများ) ရော က်လာပြီးတော့၊ သူတို့ကို ၀ိုင်းပြီး ကျနော်က ကူညီရတာကိုး။ မှတ်ပုံတင်ကိစ္စတွေ မြန်မြန်ဆန်ဆန်ပြီးအောင် နယ်စပ်တွေမှာ တောက်လျှောက် ကျနော် တို့ဆီက တိုက်ရေယာဉ်တို့ စစ်ရေယာဉ်တို့ နဲ့၊ နောက်သူတို့အ တွက် ရေယာဉ်တွေကိုလည်း လုံခြုံရေးအကြောင်းပြုပြီး ငှားပြီးတော့ အကုန်လုံးကို မြန်မြန်လုပ်ရတာပဲလေ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ၁၉၆၀ ရွေးကောက်ပွဲအချိန်ရောက်လာတော့၊ ရိုဟင်ဂျာကို (၀န်ကြီးချုပ်) ဦးနုကလည်း အသိအမှတ်ပြုခဲ့တယ် ဆိုတဲ့အသံတွေကိုလည်း၊ အခုနောက်ပိုင်း ကျနော်တို့ ကြားကြရပါတယ်။ အဲဒီကိစ္စရဲ့ အရင်းအ မြစ် အစပထမက ဘယ်လိုဖြစ်တာလဲဆိုတာကို၊ အန်ကယ်သိသလောက် ရှင်းပြပါ။

ဦးတင်ဦး ။ ။ ဒီလိုဗျ။ အဲဒီအချိန်လောက်အထိက၊ ကျနော်လည်း ရိုဟင်ဂျာဆိုတာကို မသိဘူး၊ ကြားလည်း မကြားဖူး ဘူး။ ဒါပေမယ့် ဘယ်လိုဖြစ်သွားခဲ့သလဲဆိုတော့ caretaker government (၁၉၅၈-၁၉၆၀ အိမ်စောင့်အစိုးရ) အချိန် မတိုင်ခင်မှာ ၁၉၅၆ ခုနှစ်မှာ ရွေးကောက်ပွဲ တစ်ခေါက်လုပ်ခဲ့တာကိုး။ အဲဒီ ၁၉၅၆ ရွေးကောက်ပွဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတော့၊ အဲဒီ ဘူးသီးတောင်မောင်တော ကနေ အမတ်လေးယောက် ပေါ်လာခဲ့တယ်။ စူလတန်မာမွတ် ရယ်၊ စူလ တန်အာမက် ရယ်၊ အဘူဘောရှော ရယ်၊ အဘူလခိုက် ရယ်။ ကျနော် သူတို့နာမည်တွေ ကောင်းကောင်းမှတ်မိတယ်။ စူလတန်မာမွတ်က ဘူးသီးေ တာင် တောင်ပိုင်း၊ အဘူဘောရှောက ဘူးသီးတောင်မြောက်ပိုင်း၊ စူလတန်အာမက်က မောင်တောတောင်ပိုင်း၊ အဘူလခိုက်က မောင်တောမြောက်ပိုင်း၊ အမတ်တွေ ဖြစ်လာကြတယ်။ သူတို့က ဖဆပလ (၀န်ကြီးချုပ်ဦးနု ဦးဆောင်သည့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး ပါတီ)ထဲကနေ ပါလာကြ တယ်။ ရွေးေ ကာက်ပွဲမှာ ၀င်ပါလာကြတော့………

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ တစ်ခုသိချင်တာက အဲဒီတုံးက အမျိုးသားမှတ်ပုံတင် ဆိုတာ မလုပ် ရသေးဘူးဆိုတော့၊ အဲဒီအမတ်အရွေးခံ ပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံသားအဖြစ် ဘယ်လိုနည်းနဲ့ အသိအမှတ်ပြု ခဲ့ကြသလဲ။

ဦးတင်ဦး ။ ။ အဲဒါက အဲဒီမှာ ဘူးသီးတောင်မောင်တောမှာ ရှိနေတဲ့လူ အားလုံးကို (အာဏာရ ဖဆပလ အစိုးရက) မြန်မာနိုင်ငံသား ဖြစ်တယ်လို့ လုပ်လိုက်တဲ့အပြင်၊ အဲဒီမှာ ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပေး ဖို့ ပြောလိုက်ကြတာကြောင့်၊ ဦးနုက ရိုဟင်ဂျာဆိုတာ ရှိတယ်လို့ ဆိုပြီး ဘာတွေလုပ်ပေးလိုက်သလဲ ဆိုတော့၊ ရိုဟင်ဂျာနဲ့ ပတ်သက်လို့ အာရဗီ (Arabic) ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတို့၊ အူရဒူ (Uradu) ဘာသာနဲ့ထုတ်တဲ့ သတင်းစာတို့၊ မြန်မာ့အသံ မှာ ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ အစီအစဉ်အခန်းကဏ္ဍတစ်ခုကို တစ်နေ့ကို ၁၅ မိနစ် လွှင့်ပေးတာတို့၊ ဖြစ်သွားခဲ့တယ်။ အဲဒီမှာ တော်တော့ကို ဒေါတွေကန်ကြနဲ့ ကြီးကြီးကျယ်ကျယ်ကို ပြဿနာေ တွ ဖြစ်ကြတယ်။ အဲဒီ့တော့မှပဲ ရိုဟင်ဂျာ ဆိုတာကို တော်တော်ကြားဖူးလိုက်တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အန်ကယ့်ကို တစ်ခုလောက်တော့ ထပ်ပြီးမေးချင်ပါတယ်။ အဲဒီလို ၁၉၅၆ ခုနှစ် မှာ ဖြစ်လာတော့၊ ဒါက ဦးနုရဲ့ အရပ်သားအစိုးရက လုပ်တာ။ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ အိမ်စောင့်အစိုး ရ ပေါ်လာတဲ့အချိန်ကျတော့၊ ဒီကိစ္စကို ဘယ်လို သဘောထားပါသလဲ။

ဦးတင်ဦး ။ ။ ကျနော်ကတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတဲ့ သဘောပဲထားတယ်။ ဘာလို့လဲဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ လူမျိုးအနေနဲ့ ပြစရာ မရှိဘူးလေ။

ဦးရော်နီညိမ်း ။ ။ ဒါက အန်ကယ်က အဲဒီအချိန်က ရခိုင်တပ်ပေါင်းစုမှူးအနေနဲ့ သဘောထားတာ။ သို့သော် လည်းပဲ ကျနော်သိချင်တာက အစိုးရအဖွဲ့ တစ်ဖွဲ့လုံးအနေနဲ့ကော၊ သို့မဟုတ် ကာကွယ်ရေးဝန်ကြီးဌာန အနေ နဲ့ကော၊ တရားဝင် ဘယ်လို သဘောထားပါသလဲ။ အဲဒီ ၁၉၅၈ ခုနှစ် caretaker government (အိမ်စောင့်အစိုး ရ) အောက်မှာ။

ဦးတင်ဦး ။ ။ ရိုဟင်ဂျာ ဆိုတာ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ ဘယ်လိုလုပ်လိုက်လဲဆိုတော့၊ (၁၉၆၀ ရွေးကောက်ပွဲအနိုင်ရ ဦးနု၏ သန့်ရှင်း ဖဆပလ (၁၉၆၁ တွင် ပြည်ထောင်စုပါတီ ပထစဟု အမည်ြေ ပာင်း) က ပြန်လည် အာဏာရချိန်တွင်) ဦးနုက အဲဒီ subject (ရိုဟင်ဂျာ ကိစ္စ)ကို သူ့ရဲ့ ၀န်ကြီးချုပ်ရုံးရဲ့ subject အဖြစ် ဗဟိုက ကိုင်တွယ်မယ် ဆိုပြီးတော့၊ သူက ယူလိုက်တယ် ခင်ဗျ။ အဲဒီတုံးက နယ်စပ်ဒေသ (နယ်နိမိတ် တိုင်းထွာရေး)ကိစ္စတွေနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးစောမြင့် (ယိမ်းနွဲ့ပါး )(ယခု မဟေသီမဂ္ဂဇင်း ထုတ်ဝေသူ)၊ တို့က နယ်စပ်စစ်တံခွန်လွှင့်တယ် ဆိုတဲ့ တာဝန်အရ နယ်စပ်ဒေသ(ကချင်ပြည်နယ်ဘက်)တွေဘက်ကို သွားပြီး (နယ်စပ်လုံခြုံရေး) လုပ်ကိုင်ကြရတယ်။ (ဗိုလ်မှူးကြီးစောမြင့်မှ ကချင်ပြည်နယ် နယ်စပ်ဒေသ စစ်တံခွန်လွှင့် ခရီးစဉ်ကို ကလောင်အမည် ယိမ်းနွဲ့ပါး နှင့် ဆောင်းပါးများရေးသားခဲ့သည်။) သူတို့အဲဒီလို လုပ်သလို၊ ရခိုင် ဘက်မှာလည်း အလားတူနယ်စပ်လုံခြုံရေးကို လုပ်ကြရတဲ့အခါ၊ သူတို့က ဘင်္ဂါလီမူစလင်တွေ ဆိုတော့ကာ၊ တချို့ကလည်း ရခိုင်မူစလင် ရခိုင်အစ္စလမ်ဆိုပြီး ရှိကြတော့၊ အဲဒီဒေသ ဥပမာ ဘူးသီးတောင်မောင်တော မြော က်ခြမ်းမှာရှိတဲ့ ဘော်လီဘဇား အခုတော့ ကြိမ်ချောင်းပေါ့၊ အဲဒီ နောက်က ရှာဗီဘဇား အခုတော့ သမန်းသားပေါ့၊ အဲဒီကလူတွေက ဟိုက (အရှေ့ပါကစ္စတန်က)လူတွေ ၀င်ပြီးတော့ နောက်ထပ် ရောက်လာကြတာတွေကို၊ အဲ့ဒီကလူတွေက မကြိုက်ဘူးဗျ။