Posted: 16 Jul 2012 01:50 AM PDT
Sanction ဆိုတာ ကျွန်တော်တို့ ပင့်လာတဲ့ ဘုရားမဟုတ်ဘူးဆိုတဲ့
ဘဘဦးဝင်းတင်နဲ့ မေးမြန်း ပြောဆိုချက်.. Khu Daun's video
စီးပွားရေးပိတ်ဆို့မှု
ရုပ်သိမ်းရေးအတွက် လွှတ်တော်အရပ်ရပ်မှာ ၅၅နေရာ အနိုင်ရရှိထားတဲ့
ကျားဖြူပါတီက ကွန်ဟိန်းမြို့နယ် အမတ် ဒေါ်နုနုဝေက အဆိုတင်သွင်းမှုကို
လွှတ်တော်အရပ်ရပ်မှာ ၈၈၃နေရာ အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ရေး ပါတီက
ထောက်ခံဆွေးနွေးပြီး အတည်ပြုချက် ရယူခဲ့တယ်..။
ပြောင်းပြန်
ပြန်တွေးကြည့်ကြရအောင် ဒီလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့
ဆန်ရှင်ပြုတ်ကျအောင် နေရာပေါင်း ၁၁၅၄ နေရာရှိတဲ့ လွှတ်တော်အရပ်ရပ်မှာ
၈၈၃နေရာနဲ့ ၅၅နေရာ ပေါင်း ၉၃၈နေရာ ရရှိထားတဲ့ ကျားဖြူနဲ့ ကြံ့ဖွံ့ပါတီ
နှစ်ခုက အဖြစ်မရှိ မစွမ်းဆောင်နိုင်ပဲ လွှတ်တော်မှာ ၄၅နေရာ
(ဒေါက်တာမြတ်ဥာဏစိုးနဲ့ ဦးကြည်မြင့်အပါအဝင်) သာရှိတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ ဆန်ရှင်ကို ရုပ်သိမ်းနိုင်အောင်
စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ်ပေါက် မနေဘူးလား။
ဒီလောက်
လွှတ်တော်မှာ အစိုးရအဖွဲ့ဖွဲ့နိုင်ပြီး အများစုနေရာ ရရှိထားတဲ့ အဆိုပါ
ပါတီ(၂)ခုက ဆန်ရှင်ကို ပြုတ်ကျနိုင်အောင် မစွမ်းဆောင်နိုင်ပဲ ယခုမှ
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အဖွဲ့ချုပ်ကသာ
စွမ်းဆောင်နိုင်တယ်လို့ အဓိပ္ပါယ် ပေါက်နေတယ်လို့ပဲ မြင်တယ်..။ အဲ့ဒီတော့
ကြိုတင်ပြင်ဆင်ထားတဲ့ ကျားဖြူပါတီရဲ့ အဆိုတင်သွင်းမှုဟာ မိမိအသုံးမကျတာ၊
မစွမ်းဆောင်နိုင်တာ၊ အဖြစ်မရှိတာကို ဖော်ပြလိုက်တဲ့ ကြံ့ဖွံ့ပါတီရဲ့
ထောက်ခံအတည် ပြုချက်လို့ပဲ မြင်ပါတယ်..။
ဒီတော့
ဒီမိုကရေစီရဲ့ သဘောသဘာဝအရ အများရဲ့ ဆန္ဒကို အနည်းက လက်ခံရတယ်လို့
ဆိုပါတယ်..။ ယခုအခြေအနေမှာတော့ ပြောင်းပြန် သဘောအရ အနည်းက လုပ်ဆောင်ပေးမှ
အများက အဆင်ပြေရမယ်ဆိုရင် အနည်းစု ဖြစ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိ အစိုးရထက် သြဇာအာဏာ သာလွန်
ကောင်းမွန်ကြောင်း ပြလိုက်ရတဲ့ အခြေအနေတခု သို့မဟုတ် ကြံ့ဖွံ့အစိုးရအနေနဲ့
မဖြစ်မနေ အသိအမှတ် ပြုလိုက်ရတဲ့ အဖွဲ့ချုပ်ရဲ့ အောင်မြင်မှု တရပ်လို့ပဲ
မြင်ပါတယ်...။
ဒီမိုဝေယံ
Posted: 16 Jul 2012 01:37 AM PDT
ထားဝယ်သားများ ဒုတ်/ဓါးများ ကိုင်ဆောင်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း
ထားဝယ်ခရိုင်၊
လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၅၀)
ကျော်ခန့်သည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ထားဝယ်ဖွံ့ဖြိုးမှု
အများပိုင်ကုမ္မဏီမှ ဟိုတယ်ဆောက်ရန် မြေနေရာတွင် မြေတူးစက်ကြီးများဖြင့်
လမ်းဖောက်လုပ်ခြင်းကို ကျေးရွာသူ/သားများမှ (၀၉၀၀)ချိန်
မှ(၁၁၃၀)နာရီချိန်ထိ ဒုတ်/ဓါးများကိုင်ဆောင်ပြီး ဆန္ဒပြရာ လမ်းဖောက်ခြင်း
လုပ်ငန်း ရပ်ဆိုင်းသွားသဖြင့် (၁၂၀၀)ချိန်ခန့်တွင် ရွာသူ၊ ရွာသားများမှ
ကျေးရွာ ဓမ္မာရုံတွင်စုရုံးပြီး နိုင်ငံတော်သမ္မတထိ တင်ပြသွားရန်
ဆွေးနွေးခဲ့ကြပါသည်။
ထားဝယ်ဒေသ
ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီမှ ကျေးရွာသူ/သားများအား အစုရှယ်ယာ
ထည့်ခိုင်းပြီး စည်းရုံးကာ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ဆက်လက်
ဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အများပိုင် ကုမ္မဏီမှ ထားဝယ်ခရိုင်အတွင်း
မြေသိမ်းဆည်းမှုများမှာ ဧကပေါင်း(၅၀၀၀၀)၀န်းကျင် အထိရှိ ပါသည်။
သိမ်းဆည်းခံရသော ကျေးရွာများသို့လည်း လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ
ဆောက်ပေးခြင်း တံတားများ ကောင်းအောင် လုပ်ပေးခြင်းများ ပြုလုပ်ပေးမည်ဟု
အကြောင်းအမျိုးမျိုးပြကာ လိမ်ညာကာ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
ထားဝယ်
အများပိုင်ကုမ္မဏီမှ လူကြီးများကို သုံးသပ်ရမည်ဆိုရင်
လက်ရှိတာဝန်ယူထားသူများမှ ယခင်က ထားဝယ်ဒေသ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာ
မရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးပါဝင်သဖြင့် ရွေးကောက်ပွဲ
ကာလများတွင်လည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု
အကြောင်းပြကာ ဆောင်ရွက် ပေးခြင်း မရှိဘဲ လိမ်လည်ခြင်း၊ ဥက္ကဌ တာဝန်
ထမ်းဆောင်သူ ဦးခင်စိုးမှာလည်း စိတ်ဓါတ်ကောင်းသူ(၁)ဦး မဟုတ်ကြောင်း
ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီး ပြောကြားခြင်း မဟုတ်ဘဲ ဒေသဖွံ့
ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု အကြောင်းပြကာ ဆောင်ရွက်ပေးခြင်း
မရှိခြင်း၊ ဦးခင်စိုး နာမည်ခံကာ မြေများလိုက်လံ သိမ်းဆည်းခြင်း၊
တစ်ဘက်နိုင်ငံသားများသို့ ရောင်းစားရန် ကြံစည်ခြင်း၊ သိမ်းဆည်းထားသော
မြေများကိုလည်း ယခုထိတိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိကြောင်း
တွေ့ရှိရပါသဖြင့် ထားဝယ်သားများ စည်းလုံးကြရန် လိုအပ်ပါသည်...။
ထားဝယ်သားများ စည်းလုံး ညီညွတ်ကြပါ...
ပြည်ခိုင်ဖြိုးပါတီဝင်
အများဆုံး ပါဝင်သော ထားဝယ်ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ
ရော်ဘာပင်များ စိုက်ရန်အကြောင်းပြပြီး မြေသိမ်းဆည်းမှုနှင့်
လုပ်ငန်းဆောင်ရွက်မှုအကြောင်း တစ်စေ့တစ်စောင်း
ကျွန်တော်တို့
ထားဝယ်သားအများစုမှာ လယ်ယာလုပ်ငန်း၊ ခြံလုပ်ငန်း၊ ရေလုပ်ငန်းများဖြင့်
အသက်မွေးဝမ်းကျောင်းပြုရာမှ 2-11-2009 ရက်နေ့ တွင်နှစ်နိုင်ငံ
တာဝန်ရှိသူများမှ မူဘောင် သဘောတူညီမှု စာချုပ် Concessing Signing
ကိုလက်မှတ်ရေးထိုးပြီး 2011 ခုနှစ်၊ ဇန်န၀ါရီလတွင် ထားဝယ်
အထူးစီးပွားရေးဇုန် စတင်လိုက်သည့် အချိန်မှစပြီး ထားဝယ်ဒေသတွင် အိမ်၊
ခြံမြေဈေးများ တစ်ရှိန်ထိုး တိုးတက်မှုဖြစ်လာပါတော့သည်။
ထားဝယ်
အထူးစီးပွားရေးဇုန် စီမံကိန်းမှမြေဧက(၂)သောင်းကို (၁)ဧကလျှင်
ကျပ်သိန်း(၃၂၀၀)ဖြင့် ရောင်းချနိုင်မည်ဟု The Nation သတင်းစာ တွင်ရေးသား
ဖော်ပြထားပါသည်။ ထိုကဲသို့ မြေကွက် တန်ဖိုးများ မြင့်တက်လာသည်နှင့် အတွက်
စီးပွားရေးလုပ်ငန်းရှင် အများအပြား ၀င်ရောက်လာသလို ထားဝယ်သား အချင်းချင်းမှ
ကိုယ့်လူမျိုး အပေါ်ဖွံ့ဖြိုးရေး လုပ်ငန်းကို အကြောင်းပြပြီး
သစ္စာဖောက်ခြင်းကမှ ပိုမိုဆိုးရွားလှပါသည်။ မြေဈေးများကောင်း လာသဖြင့်
ပြည်ခိုင်ဖြိုး ပါတီလက်အောက်ခံ ထားဝယ်သားတစ်စုမှ ဒေသဖွံ့ဖြိုးရေးကို
အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ အား အောက်ပါ
အတိုင်း တင်ပြလိုက်ရပါတယ်-
ဟိုတယ်ဆောက်ရန် မြေနေရာ..
၁။
အထူးစီးပွားရေးဇုန် ရုံးခန်းနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ(၆)ဦး၏
မြေ(၂၃.၆)ဧကအား ကျပ်သိန်း(၄၉၇)ဖြင့် လျော်ကြေးပေး ၀ယ်ယူခဲ့ခြင်းနှင့်
ပတ်သက်ပြီး ဒေသခံများမှ နစ်နာခဲ့ခြင်း (ယခုဆိုလျှင်(၁)ဧက ဈေးမှာ
သိန်း(၂၀၀)၀န်းကျင်အထိ ဖြစ်ပေါ်နေခြင်း)
၂။
ဟိုတယ်ဇုန်ပြုလုပ်ရန် အကြောင်းပြပြီး မြေရောင်းစားရန်
ရည်ရွယ်ချက်ဖြင့် ကျောက်ဆင် ကျေးရွာနှင့် သပေါ့ဆိမ့်ကြားတွင် မြေဧက(၅၀၀)
ကိုသိမ်းပိုက်ရန် ဆောင်ရွက်သော်လည်း လျော်ကြေပေး ဝယ်ဆောင်ရမည် ဖြစ်သဖြင့်
အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ကြောင်းနှင့် အဆိုပါ နေရာတွင် သီဠ်ပင်များ
စိုက်ပျိုးထားပြီး ပိုင်ရှင်များမှ နှစ်စဉ်ခူးယူ ရောင်းချမှု ပြုသော်လည်း
လျော်ကြေး ပေးရမည်စိုးသဖြင့် အလေ့ကျ ပေါက်ပင်များဟု အကြောင်းပြစေခြင်း၊
လူနေတဲ(၆)လုံး ရှိသော်လည်း ကြိုးဝိုင်း ဧရိယာအတွင်း ကျူးကျော်သူများဟု
စွပ်စွဲကာ ထိုက်သင့်သည့် လျော်ကြေးမပေးဘဲ မတရားသိမ်းပိုက်ခြင်း။
၃။
ရန်ကုန်မြို့နေ ကဒတ်ကြီးသား ဦးခင်စိုး ဦးစီးကာ ထားဝယ်သားများ
ပါဝင်သောအဖွဲ့မှ အများပိုင် ကုမ္မဏီထူးထောင်ကာ စိုက်ပျိုးရေးကို
အကြောင်းပြပြီး ထိုင်းနိုင်ငံနယ်စပ် မြေခံအော်ဒေသတွင် မြေဧက(၁၅၀၀၀)၊
အထူးစီးပွားရေးဇုံ ကားလမ်းဘေး ဆင်ဖြူတိုင်နှင့် ထီးခီးဒေသတွင် မြေဧက
(၂၀၀၀၀)၊ ကျောက်တွင်း ကျေးရွာနှင့်တီဇစ် ကျေးရွာအကြားတွင် မြေဧက(၅၀၀၀)၊
ထားဝယ်မြို့ရှိ မြေလွတ်နေရာ အားလုံးအား ဖွံ့ဖြိုးရေးလုပ်ငန်းကို
အကြောင်းပြကာ ထားဝယ်မြို့ပေါ်နေ ဦးယုစိန်နှင့် ရေဖြူမြို့နယ်နေ
ဦးအောင်မျိုးတို့မှ အများပိုင်ကုမ္မဏီမှ နာမည်ခံပြီး လိုက်လံ
သိမ်းဆည်းမှုများ ပြုလုပ်နေကြပါတယ်။
၎။
ထားဝယ်အများပိုင်ကုမ္မဏီမှ အဓိကတာဝန်ရှိသူမှာ
ခင်စိုးဖြစ်ကြောင်းနှင့် ယခင်ရွေးကောက်ပွဲကာလနှင့် ကြားဖြတ် ရွေးကောက်ပွဲ
ကာလများ တွင် လောင်းလုံးမြို့နယ် အတွင်း လမ်း၊ တံတားများ၊
စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများအား ကောင်းအောင် ဆောင်ရွက်ပေးမည်ဟု
ကတိ အမျိုး မျိုးပေးကာ စည်းရုံးမဲဆွယ်ခဲ့ပြီး ပါတီ
အနိုင်ရရှိသွားသည့်အခါတွင် ဘာတစ်ခုမှ လုပ်ဆောင်ပေးခြင်း မရှိဘဲ
မွေးရပ်မြေကိုတောင် မလာရဲတာကိုတာကြည့် ပါတော့။
မြေခံအော်ဒေသ..
ကဒတ်ကြီးကျေးရွာကို
ရောက်ခဲ့စဉ်အခါက (ဦးခင်စိုးဟာ ကိုယ်ကျင့်တရား ကောင်းမွန်သူတစ်ဦး
မဟုတ်ကြောင်း၊ ကျေးရွာက ကျောင်း ဆရာမလေး အေးအေးမာဟာ သူကြောင့်ရတဲ့
ကိုယ်ဝန်နဲ့ အရှက်ရပြီး သေဆုံးခဲ့တယ် ဦးခင်စိုးလဲ ထိုင်းဘက်ကို ထွက်ပြေး
သွားပြီး မှောင်ခို လုပ်ငန်း တွေကို စတင် လုပ်ကိုင် လာတော့တယ်၊ နောက်ဆုံး
ဘိန်းဖြူတောင် တစ်ဘက်နိုင်ငံဘက်ကို ရောင်းစားခဲ့ တယ်၊ သူစက်ရုံမှာအလုပ်
သွားလုပ်တဲ့ ရွာကကောင်မ ချောချောလေးတွေ ဆိုသူရဲ့ မယားငယ်ဘ၀ကို
ရောက်သွားရတယ်၊ နောက်ဆုံးပြောရရင် အဖေသေသွားတော့ အဖေနောက်ယူုလိုက်တဲ့
မိန်းမ(အမေလေးပေါ့) ကိုတောင် အလွတ်မပေးဘူးဟု နားကျည်းစွာနဲ့ ပြောတဲ့
ကဒက်ကြီးသား တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ) ဒီလိုစိတ်ဓာတ် ရှိတဲ့သူ တစ်ဦး ဟာ
ဘယ်လိုလုပ်ပြီး ဒေသကောင်းအောင်၊ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာလဲ။
ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ၊ ထားဝယ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္မဏီ ဥက္ကဋ္ဌ ဦးခင်စိုး၊
သုံးသပ်တင်ပြခြင်း
ဦးခင်စိုး
ဦးစီးပြီး ထားဝယ်သားများ အများပိုင်ကုမ္မဏီမှ သိမ်းဆည်းထားသော မြေများအား
ပေါင်းကြည့်ပါက မြေဧကပေါင်း (၅၀၀၀၀) ကျော်ထိ သိမ်းပိုက်ထားပါတယ်။ တစ်ဘက်
နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို မတန်မဆဈေးများဖြင့်
ရောင်းစားခြင်းဟာ ဒေသဖွံ ဖြိုးရေးလုပ်တာဆိုတာ စဉ်စားကြည့်ပါ။ အများပိုင်
ကုမ္မဏီကိုလေ့လာကြည့်ပါ စီးပွားရေအမြင်ရှိသော လုပ်ငန်းရှင် အများဆုံး
ပါဝင်သောအဖွဲ့ ဖြစ်ခြင်း၊ ဦးခင်စိုး ဦးစီး ပြီးဆောင်ရွက်မှုများက
ဒေသတွင်း ဆိုးကျိုးကောင်းကျိုးကို တွက်ဆမှုမရှိဘဲ မြေရရင်ပြီးရော
ပိုင်တယ်ဆိုပြီး လုပ်ချင်တာကို မိုက်မိုက် ကန်းကန်း လုပ်နေသူများသာ
ဖြစ်ပါတယ်၊
ဒေသဖွံ့ဖြိုးရေးကို
တကယ် လုပ်ချင်တယ်ဆိုရင် လယ်သမားတွေ၊ စိုက်ပျိုးရေးသမားတွေကို
ငွေချေးပေးခြင်းမျိုး၊ လယ်ယာသုံး ပစ္စည်းမျိုးတွေ ၀ယ်ပြီး ထောက်ပံ့ပေးတာတွေ
လုပ်ပေးရမယ်၊ ပါတီကို အကြောင်းပြပြီး ဒေသတွင်းက မြေတွေ လိုက်လံ
သိမ်းဆည်းခြင်း၊ သူအနေနဲ့ သိမ်းဆည်းထားသော မြေများကိုလည်း အများပိုင်တွင်
အစုရှယ်ယာအဖြစ်ထည့်ဝင်ခြင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေအနေနဲ့ အများပိုင်
ကုမ္မဏီထူးထောင်ပြီး ပါတီအတွက် အစုရှယ်ယာထည့်ခြင်း တော့
မလုပ်သင့်တဲ့ကိစ္စပါဘဲ၊ ဒါကြောင့် ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ ဥက္ကဌ၊
လည်းဖြစ်တဲ့ ဦးခင်စိုး၊ ကိုယ်ကျိုးတစ်ခု တစ်တည်းကိုဘဲ ကြည့်တဲ့သူကို
ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ ယုံကြည်ရမလဲ၊ ကျွန်တော်တို့ အစုရှယ်ယာ ထည့်တာ
မှားပြီထင်ပါတယ်။ ထားဝယ်သားထဲမှာ ခမ်းပဲ့ပဲ့ပါဘဲ။
ရေနက်ဆိပ်ကမ်း
ပြုလုပ်မှုကြောင့် ဒုက္ခရောက်ရတဲ့ ကျေးရွာ(၁၆)ရွာက ရွာသားတွေ
ရပိုင်ခွင့်တွေကို ဘာလုပ်ပေးသလဲ သူတို့လဲ ထားဝယ်သားတွေဘဲ သူတို့လျော်ကြေး
ရတာဘဲဆိုပြီး ပစ်ထားလို့မရဘူး၊ စောင့်ရှောက်ပေးရမယ်။ ထားဝယ်မှာ
ဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ ထားဝယ် သားပါလို့ ကိုယ်ကို ကိုယ် သတ်မှတ်ရင်
အရင်ကတည်းက ထားဝယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပါလာ ..ရန်ကုန်မှာ
မှောင်ခိုလုပ်ပြီး စီးပွားရှာတယ်၊
ထားဝယ်မှာ
လုပ်ရင် ထားဝယ်သားတွေ အလုပ်အကိုင်တွေ တောင်ရသေးတယ် ... စီးပွားရေးအမြင်နဲ့
နောက်ဆုံးတင်ပြရရင် ခင်စိုးဟာ ထားဝယ် မှာ ဒေသဖွံ့ဖြိုးရေးကို
အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ လုပ်ဖို့ရည်ရွယ်
တာဘဲ.....စာရင်းရှင်းတမ်း အတိအကျကို ကျွန်တော်တို့လို ရှယ်ယာ ရှင်တွေကို
လုပ်ငန်း အတိအကျ ချပြနိုင်မလား....ဖွံဖြိုးရေး အကြောင်းပြပြီး
ကျန်ငွေများကို ပေးသလောက် ယူတာမျိုးတော့ ထားဝယ်သား အချင်းချင်းအပေါ်
လုပ်တာမျိုးတော့ လက်ခံဖို့မဖြစ်နိုင်ပါဘူး
ဟိုတယ်ဇုံမြေ..
အများပိုင်ကုမ္မဏီမှ
သိမ်းဆည်းထားသော မြေများကို လက်ရှိအစိုးရ လက်ထက်မှာ မလုပ်ဖြစ်အောင်
တားဆီးရမှာဘဲ၊ စိတ်ဓါတ် မကောင်း တဲ့သူ၊ ကိုယ်ကျိုး တစ်ခုတည်းကြည့်တဲ့
သူမျိုးကို ခေါင်းဆောင်တင်ရင် ငါးပါးမှောက်ကုန် မှာဖြစ်တဲ့အတွက် စိတ်ဓာတ်
မကောင်းတဲ့ကောင် ခင်စိုးကိုတော့ ခေါင်းဆောင်နေရာမှ မထားဘဲအခြား
ထားဝယ်သားထဲမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ကို တင်မြောက်ဖို့အတွက်
အဖွဲ့အစည်းအနေနဲ့ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ထားဝယ်ကိုချစ်တဲ့ ငါတို့
ထားဝယ်သားတွေ ပိုင်တဲ့မြေကို တိုင်းတပါးသားတွေ ဆီကို အရောက်မခံ
နိုင်ရေးအတွက် အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြပါ၊ ပြည်ခိုင်ဖြိုးပါတီဝင်
အများဆုံး ပါဝင်သော ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ
မတရားမြေ သိမ်းဆည်း မှုများကိုလည်း ကန့်ကွက်၊ တိုက်ဖျက်ကြပါစို့လို
တိုက်တွန်း လိုက်ရပါတယ်။
ထားဝယ်ကိုကိုကြီး


No comments:
Post a Comment