ဘာသာတရားဆိုတာ ဒါလား? ဘာပဲဖြစ်ဖြစ်မျက်စိမှိတ်ယုံရမယ်ဆိုတာမျိုးတွေ ဗုဒ္ဓဘာသာမှာမရှိပါဘူး.. ကျနော့်မှာလဲမရှိပါ။ဒါကိုဘုရားရှင်က အသေအချာ မိန့်တော်မူခဲ့ပါတယ်၊ အခါတပါးမှာ မြတ်စွာဘုရား ကေသမုတ္တိမည်သော ကာလာမ နိဂုံးရွာမှာ ကာလာမမျိုးတို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီး စီစစ်ဝေဖန်ဖို့ကို လမ်းညွှန်ချက် ဆယ်ချက် ပေးတော်မူခဲ့ပါတယ်။ ထိုလမ်းညွှန်ချက် ဆယ်ချက်က အောက်မှာပါတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။၁။ တစ်ဆင့်စကားကြားယုံမျှဖြင့် မှန်ပြီဟုလက်မခံကြလေနဲ့။၂။ ရိုးရာအစဉ်အလာဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၃။ ကောလာဟာလ ဖြစ်နေတဲ့အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၄။ ကိုယ့်၏ကျမ်းစာနှင့် ကိုက်ညီနေသည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၅။ စိတ်ကူးနှင့် မှန်းဆပြီးတော့လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၆။ အချက်အလက်အချို့ကို ကောက်ချက်ကြနိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၇။ အကြောင်းအကျိုး တည့်သည်ဟု ဆင်ခြင်နိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၈။ ကိုယ်တိုင်ကြိုတင် ထင်မြင်ယူဆထားသော အချက်အလက်နှင့် ကိုက်ညီသောကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၉။ တစ်စုံတစ်ရာကို လက်ခံသင့်သည်ဟု ထင်ရုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ ၁၀။ ဟောပြောသောသူသည် မိမိက ရိုသေလေးစားထိုက်သူ ဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ တို့ပဲ ဖြစ်ပါတယ်။ အထက်ပါဆယ်ချက်ကို ဘာသာရေးနဲ့ ပတ်သက်ပြီး စီစစ်ဝေဖန်ဖို့လမ်းညွှန်ချက်သက်သက်ဟုမယူဆဘဲ အမှန်တရားတခု့ အတွက်ဆုံးဖြတ်ကြရတဲ့ အခါတွေမှာလဲထိုအချက်များကို လမ်းညွှန်ချက် များအဖြစ်အသုံးချနှိုင် ကြစေရန်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ |
Wednesday, July 18, 2012
အဆိပ်ပင်မှန်းသိရင်ရေမလောင်းပါနဲ့။
Labels:အတိတ်က မြိတ်သမိုင်း
သူ့အတွေး သူ့အမြင်
Subscribe to:
Post Comments (Atom)

1 comment:
Dear Ko Moe Thiha Aung
This article is not a good thing to post on your blog as it is totally wrong about presenting Islam religion. So it can spark the big flame between Islam and other religions. I would like to request you to wipe out this article from your blog page.
May all people be happy and safe under the flag of Union of Myanmar
Post a Comment