ဇူလိုင်လ ( ၁၉ ) ရက် မြန်မာစံတော်ချိန် နံနက် ၁၀ : ၃၇ နာရီ တိတိ တွင် ကျဆုံးလေပြီးသော
အာဇာနည် ခေါင်းဆောင်ကြီးများအား
လေးစားစွာ ဂါရ၀ဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။
၁ ။ ဗိုလ်ချုပ်အောင်ဆန်း
၂ ။ ဦးဘ၀င်း
၃ ။ မန်းဘခိုင်
၎ ။ စပ်စံထွန်း
၅ ။ ဦးရာဇာတ်
၆ ။ ဒီးဒုတ်ဦးဘချို
၇ ။ သခင်မြ
၈ ။ ဦးအုန်းမောင်
၉ ။ ရဲဘော်ကိုထွေး
အာဇာနည် ခေါင်းဆောင်ကြီးများအား
လေးစားစွာ ဂါရ၀ဖြင့် ဦးညွတ်အလေးပြုအပ်ပါသည် ။
၁ ။ ဗိုလ်ချုပ်အောင်ဆန်း
၂ ။ ဦးဘ၀င်း
၃ ။ မန်းဘခိုင်
၎ ။ စပ်စံထွန်း
၅ ။ ဦးရာဇာတ်
၆ ။ ဒီးဒုတ်ဦးဘချို
၇ ။ သခင်မြ
၈ ။ ဦးအုန်းမောင်
၉ ။ ရဲဘော်ကိုထွေး
သတင်းကောင်း
တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၁၁ ရက်နေ့ နေပြည်တော်၌ တွေ့ဆုံချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါသည်။
EMG Update
မန္တလေးတိုင်း မိထ္တီလာခရိုင် မြို့နယ် ၄ မြို့နယ်ရှိ သိမ်းဆည်းခံ လယ်မြေများ ပြန်ရရေးအတွက် အဆိုပါ လယ်မြေများပေါ်တွင် ၀င်ရောက် ထွန်ယက်မှုများကို ယနေ့မှ စ၍ ၃ ရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း လယ်သမားများက ပြောသည်။
“ကျနော်တို့ပိုင်တဲ့ လယ်တွေ ပြန်ရဖို့ လုပ်တာပါ။ ထွန် ရှဉ်း ၉ ရှဉ်းနဲ့ တပြိုင်တည်း ထွန်နေကြတာပါ။ အရေးယူခံရမှာ မကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ ကိုယ်ပိုင်တာ ရအောင်လုပ်လို့ ကိုယ့်ဘက်က မှန်တယ်လို့ ထင်တယ်။ သမ္မတကြီး ဆီကိုလည်း လယ်တွေ ပြန်ရရေး စာတင်ထားပါတယ်” ဟု ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန် ကျေးရွာမှ လယ်သမား ဦးကျော်ဝင်းက ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်ထွန်ယက်ခြင်းကို လယ်သမားများက ထွန်တုံးတိုက်ပွဲဟု အမည်ပေးထားကြောင်း သိရသည်။
ဒေသခံ တောင်သူ ၁၈ ဦးပိုင် လယ်ယာမြေ ဧက ၇၀ ကျော်ကို ကောင်းကင် ကုမ္ပဏီက ကုမ္ပဏီပိုင်မြေအဖြစ် ယမန်နှစ် နိုဝင်ဘာ လက သိမ်းဆည်းခဲ့ကြောင်း၊ လျော်ကြေး တစုံတရာလည်း မရရှိကြောင်း၊ ယခုအခါ အဆိုပါ မြေများ၏ တချို့အစိတ်အပိုင်းများတွင
ထို့အတူ မိထ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ၀မ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များရှိ အဓမ္မ သိမ်းဆည်းခံထားရသော လယ်မြေ ဧက ၃၀၀ နီးပါးတွင်လည်း သိမ်းဆည်းခံ လယ်မြေပြန်ရရေးအတွက် ထွန်ယက် စိုက်ပျိုးမှုများလုပ်နေပြ
လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံလယ်မြေများတွင် ၀င်ရောက်ထွန်ယက်မှုများ ပြုလုပ်သည်ကို မြို့နယ်အုပ်ချုပ် ရေးရုံး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့မှ စောင့်ကြည့်မှုများ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း ရိုက်ယူခြင်းများ ပြုလုပ်နေသည်ဟု လယ် သမား များကို ကူညီသူများက ပြောသည်။
“အနှောင့်ယှက်တော့ မပေးပါဘူး။ ကုမ္ပဏီနဲ့ လယ်သမားတွေကြား ညှိနှိုင်းပေးမယ်ဆိုတဲ့ သဘောမျိုး၊ ပြဿနာ မဖြစ်အောင် ထိန်း ထိန်းသိမ်းသိမ်းလုပ်တဲ့ အနေအထားမျိုးပေါ့လေ။ ခရိုင်အုပ်ချုပ်ရေးမှူးကတေ
မလှိုင်မြို့နယ် တပ်ကုန်းအုပ်စု သရက်ခြံကျေးရွာ အမြန်လမ်းမ မိုင်တိုင် ၂၄၇ အနီးရှိ လယ်ယာမြေများကို ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ဖောက်လုပ်စဉ်က ခေတ္တသိမ်းယူခြင်းဟုဆိုကာ သိမ်းဆည်းခဲ့ပြီး ယနေ့ချိန်အထိ လယ်ပိုင်ရှင်များ ပြန်လည် ထွန်ယက်ခွင့် မရခဲ့ကြောင်း သူက ဆိုသည်။
“အမြန်လမ်းဖောက်ဖို့ ခေတ္တသိမ်းတယ်ဆိုပြီး ဆောက်လုပ်ရေးဌာနက သိမ်းထားတာ၊ အခုထိ ပြန်မရသေးဘူး။ လယ်ယာမြေ ဥပဒေ အရ တောင်သူတွေ ပြန်ရပိုင်ခွင့်ရှိတဲ့မြေ ဖြစ်တဲ့အကြောင်း၊ သမ္မတဆီ ပြီးခဲ့တဲ့အပတ်က စာတင်ထားတယ်။ သာစည် ဘက်က ဆိုရင်လည်း အသိမ်းခံရတာ နှစ် ၂၀ ကျော်တဲ့ လယ်မြေတွေပါတယ်” ဟုလည်း ဒေါ်မြင့်မြင့်အေးက ပြောသည်။
၎င်းကဆက်၍ “မလှိုင် မြို့နယ်၊ ရွာသစ်နဲ့ မန်ကျည်းကန်ကြားဆိုရင်လည်း
မိတ္ထိလာ မြို့နယ်တွင်သာမက တခြားသော ပြည်နယ်နှင့် တိုင်းတချို့တွင်လည်း အလားတူ လယ်ယာမြေများ သိမ်းဆည်းခံ ထားရသဖြင့် လယ်သမားများက ၎င်းတို့ပိုင် လယ်မြေများအတွင်း ဝင်ရောက်ထွန်ယက်သော ထွန်တုံးတိုက်ပွဲ လှုပ်ရှားမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
လယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် ဥပဒေပြဌာန်းခဲ့သည့် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းများအတွက် လယ်မြေများ သိမ်းယူခြင်း၊ လက်ဝါးကြီးအုပ် မြေရှင်စနစ် ကြီးစိုးလာခြင်း၊ မြို့ပြချဲ့ထွင်မှု၊ စက်မှုဇုန်များ ထူထောင်မှု၊ တပ်မြေတိုးချဲ့မှု၊ နိုင်ငံပိုင် စက်ရုံအလုပ်ရုံများနှင့် စိုက်ပျိုးမွေးမြူရေး ပုဂ္ဂလိက ချထားပေးခြင်း ဆောင်ရွက်မှုများတွင် မြေသိမ်းဆည်းမှုများ ဖြစ်ပွားပြီး လယ်ယာမြေ ပိုင်ရှင်များမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ကြရသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပွင့်လင်းမြင်သာမှုများ ရှိလာသည်ဟု ဆိုကြသည်နှင့် အညီ လယ်ယာမြေသိမ်းဆည်းခံ တောင်သူလယ်သမားများ၏ လယ်ယာမြေ ပြန်လည်ရလိုမှု ဆန္ဒထုတ်ဖော်မှုများ၊ လှုပ်ရှားမှုများလည်း ဆက်တိုက် ဆိုသကဲ့သို့ ဖြစ်ပေါ်လာနေသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် အတွင်း အသိမ်းခံ လယ်မြေများတွင် ဝင်ရောက် ထွန်ယက်နေသည့် အလုပ်သမားများ (ဓာတ်ပုံ – Civil & Political Rights Campaign Group
Credit: Irrawaddy
http://
တိရစ္ဆာန်လေးများအကြောင်း ၂ ဒေါ်အောင်ဆန်းစုကြည်..။
တိရစ္ဆာန်လေးများအကြောင်း ၂
ကျွန်မရဲ့ လူ့သက်တမ်း ၆၆ နှစ်ဆိုတဲ့ ရောင်စုံမှန်ပြောင်းနဲ့ ကြည့်လိုတော့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၆၀ မပြောနဲ့၊ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့တောင် ကွာခြားနေပြီဆိုတာ တွေ့ရပါတယ်။ ဘာကြောင်းလဲဆိုတော့ ကမ္ဘာလောကကြီးရော၊ ကျွန်မရော နှစ်ခုစလုံးက ဒီအချိန်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျွန်မနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပတ်သက်မှု( ဒီလိုပဲ သုံးနှုန်းလို့ရမယ်ဆိုရင်) က ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့ သနားစဖွယ် မြင်ရတဲ့ မြင်းတွေအကြောင်းကို ကျွန်မငယ်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်မ ရေးခဲ့ဘူးပါတယ်။ ငယ်ဘ၀မှာ အကျွမ်းဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်ကမ္ဘာကတော့ ငှက်တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီတုန်းက အဆောင်အအုံတွေ များများစားစားမရှိသေးဘဲ ကျွန်မတို့နေတဲ့ လမ်းကလည်း မြေနီတွေ ကျောက်ကျိုးတွေ ခင်းထားတဲ့ တိတ်ဆိတ်တဲ့ လမ်းသွယ်လေးဖြစ်ပြီး အနားသတ်အနေနဲ့ ၀ါးရုံတွေ၊ ကျွန်မတို့ရဲ့နွားတွေကို လွှတ်ကျောင်းထားလို့ရတဲ့ တွင်းတွေ၊ ချိုင့်တွေနဲ့ စားကျက်ကွင်း ကျိုးကျဲ၊ ရေမှော်တွေ ဖုံးနေတဲ့ ရေကန်ကလေးနဲ့ တစ်ပိုင်းတစ်စ ပြိုလဲနေတဲ့ အုတ်နံရံတွေ ရှိတယ်။ ကျွန်မတို့ရဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မှာက ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိတယ်။ ရှေးကျကျ ဆောက်ထားတဲ့ သစ်သားကျောင်းဖြစ်ပြီး ပြုပြင်ထိမ်းသိမ်းမှုမရှိတဲ့
ကျောင်းဝင်း၊ ဘုရားကျောင်းအဟောင်းတွေ၊ စေတီငယ်တွေနဲ့ ပြင်ပ ပုထုဇဉ်တို့ရဲ့
လောကနဲ့ မဆက်စပ်တဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘအာဝါသရှိတယ်။
ဘုန်းကြီးကျောင်းရော၊ ကျွန်မတို့အိမ်ရော က တောင်ကုန်းခပ်သေးသေးနီးပါးအ ရွယ်ရှိတဲ့ ကုန်းမြင့်ပေါ်မှာ ရှိပြီး ကျွန်မတို့အိမ်ရှေ့က လမ်းဟာ တောင်ကြားဖြတ်လမ်း ကလေးလို ဖြစ်နေပါတယ်။
ကျွန်မတို့အိမ်ရဲ့ ဥယျာဉ်က အဆင့်မညီတဲ့ မြေခင်းသုံးထပ်ပေါ် ဖြန့်ကျင်းနေပြီး သစ်ပင်တွေ ပေါများတဲ့အတွက် ငှက်မျိုးစုံအတွက် နေချင်စရာနေရာ ဖြစ်လို့နေပါတယ်။ များသောအားဖြင့်ကတော့ ကျီးကန်းတွေ၊ ဆက်ရက်တွေ၊ ချိုးတွေ၊ ခိုတွေနဲ့ စာကလေးတွေ ဖြစ်ပါတယ်။ များလွန်းလို့ ကျမတို့ သတိမထား မိအောင်ပါပဲ။ ဒါပေမဲ့ ကျွန်မက ကျီးကန်းတွေ ညနေစောင်း အိပ်တန်းတက်ဖို့ ပျံကြတာကို စောင့်ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ ကောင်းကင်တစ်ခုလုံး အမည်းတောင်ပံတွေ ဖြန့်ကြက် စွန်းထင်းပြီး အုတ်အုတ်ကျက်ကျက်နဲ့ ဖြစ်နေတာကိုပါ။ လွမ်းစရာကောင်းအောင် တွန်တတ်တဲ့ ဥသြသံကတော့ နွေဦးရဲ့ ဂီတတစ်ပိုင်းလိုပါပဲ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့တော့ ခက်တယ်။ ကျွန်မ အခုပြန်စဉ်း-စားကြည့်တော့ ကျွန်မငယ်ငယ်တုန်းက အဲဒါအတွက် သိပ်ပြီးတော့ စူးစူးစမ်းစမ်းမရှိခဲ့ပါဘူး ။
ကျွန်မ မှတ်မိတာ တစ်ခုကတော့ ကြက်တူရွေးတစ်ကောင် ခြံထဲက သစ်ပင်ပေါ်ကနေ
ကျွန်မတို့ကို ငုံ့ကြည့်နေပုံဟာ လူတွေအားလုံး သူ့အပေါ် အံချီးဘနန်း
ဖြစ်နေတာကို သိနေတဲ့ ပုံပေါက်နေတယ်။ တစ်ရက်မှာတော့ နေ့ခင်းကြီးမှာပဲ
ဇီးကွက်တစ်ကောင် သစ်ပင်ပေါ်က ပြုတ်ကြလာတယ်။ ကျွန်မတို့ရဲ့ မာလီက ကောက်ယူပြီး
လာပြတော့ သူ့ကို တအံတသြ ကြည့်နေတဲ့ ကျွန်မ မျက်နှာကို အိပ်ချင်မူးတူးနဲ့
မျက်တောင်ခတ်ကြည့်နေခဲ့ပါတယ်။
ကျွန်မတို့ လမ်းကလေးရဲ့အဆုံး အပေါ်ကုန်းထိပ်မှာ ၁၉ ရာစု လက်ရာ အိန္ဒိယနွယ်များနေခဲ့တဲ့ တိုက်အ်မ်ဟောင်းကြီး တစ်လုံးရှိပါတယ်။ အိမ်ရဲ့ခမ်းနားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ ဖြစ်ချင်သလိုဖြစ် ပစ်ထားခြင်းခံရတဲ့ ဥယျာဉ်ရဲ့ လွမ်းမောဘွယ်ရာအဖြစ်ကို အိမ်ရှင် တောက်လျှောက်ကင်းမဲ့နေခဲ့တဲ့  အဖြစ်က ပိုလို့ အားဖြည့်ထားနေပါသေးတယ်။ ဟိန္ဒူသူဌေးတွေပိုင်တာဖြစ်ပြီး
ဒုတိယကမ္ဘာစစ် မြန်မာပြည်ရောက်တဲ့ အချိန် အိန္ဒိယကို ပြန်ပြေးကြတယ်လို့
ပြောကြပါတယ်။ စိတ်ချရတဲ့ ခြံစောင့်တွေနဲ့ ထားခြဲ့တာ၊
စစ်အတွင်းတစ်လျှောက်လုံးလည်း
စောင့်ရှောက်ပေးခဲ့ပြီး အိမ်ရှင်တွေ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေမဲ့
သစ္စာရှိရှိနဲ့ ဒီလိုပဲ ဆက်လက် နေထိုင် နေခဲ့ကြပါတယ်။ ကျွန်မ မှတ်မိသလောက်
ရှားရှားပါးပါး တစ်ခါ နှစ်ခါလောက်ပဲ အရပ်ရှည်ပြီးဒိုတီဝတ်ထားတဲ့
အဲဒီ့ခြံစောင့်တွေက ကျွန်မတို့ကို သူတို့ ခြံထဲ လာလည်ခွင့်ပေးပါတယ်။
ချုံတွေ နွယ်ပင်တွေကြားထဲ မီးခိုးရောင် ကျောက်တုံး ရေကန်ထဲက
ရေပန်းနှစ်ခုကတော့ ရေမရှိတော့ပေမယ့် ကျွန်မ အတွက် အင်မတန်
ခမ်းနားကြီးကျယ်လှပါတယ်။ ဒီအပေါ် ထပ်ဆင့်အားဖြည့်လိုက်တာကတော့ 
ခုံတန်းလေးတွေပေါ် ထိုင်နေတဲ့ အကောင်ကြီးကြီး ကတ္တ၀ါကြီးနှစ်ကောင်က
ခြောက်သွေ့လှတဲ့ ၀င်းခြံဥယျာဉ်ကို သူတို့ရဲ့ တောက်ပလှတဲ့ အရောင်တွေနဲ့
တောက်ပစေခဲ့ပါတယ်။ ကျွန်မ အတွက် သူတို့ကတော့ ရန်ကုန်တိရစ္ဆာန်ရုံကလွဲရင်
အပြင်မှာ မြင်ဖူးတဲ့ အံဖွယ်အကောင်းဆုံး သတ္တ၀ါကြီးတွေပါပဲ။
အလည်အပတ်လုပ်ဖို့ နေရာတွေ နည်းလှတဲ့ အဲဒီ့အချိန်တွေတုန်းက တိရစ္ဆာန်ရုံသွားတယ်ဆိုတာ အထူးအခွင့်အရေးပဲ။ တိရစ္ဆာန်ရုံက ကျွန်မတို့အိမ်နဲ့ သိပ်မဝေးလှတော့ မှောင်ရီပျိုးလို့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ ခြင်္သေ့တွေရဲ့ ဟိန်းဟောက်သံက ကျွန်မအတွက် အံစရာချည်းပါပဲ။ ခြင်္သေ့တွေဘာလို့ ညနေတိုင်း ဟိန်းနေတာလဲလို့ လူကြီးတွေကိုမေးတော့ တချို့က ညနေအစာကျွေန်းချိန်ကြောင့်လို့
ဖြေကြပြီး တချို့ကတော့ သူတို့အိမ်ကိုလွမ်းလို့ ဟိန်းကြတာလို့ ပြောကြတယ်။
သူတို့ကို တိရစ္ဆာန်ရုံမှာ သွားကြည့်တဲ့ အခါ ကျွန်မက သူတို့တွေ
လှောင်အိမ်တွေထဲ ဂနာမငြိမ်ပုံကို စိတ်ဝင်စားမိပြီး ဟိုဘက်လျှောက်၊ ဒီဘက်
လျှောကလှမ်းနေတဲ့ ခြေလှမ်းတွေဟာ အဝေးကြီးက သူတို့အိမ်ကို
လွမ်းလို့ဖြစ်မှာပဲလို့ တွေးမိပါတယ်။ ကျွန်မ ကိုယ်တိုင်ကလည်း အင်္ဂါနေ့မှာ
မွေးတာဖြစ်တဲ့အတွက် ဗမာ့အစဉ်အလာဗေဒင် အလိုအရ ခြင်္သေ့ဖြစ်တာကြောင့် ကျွန်မက
ဒီခြင်္သေ့ကြီးးတွေကို သက်သက်သနားနေမိတာ ဖြစ်မှာပါ။
မျောက်မျိုးနွယ်တွေနဲ့ ပတ်သက်လို့ကတော့ တစ်မျိုး၊ တိရစ္ဆာန်ရုံ အလည်လာကြတဲ့ သူတွေ အကြိုက်များလှတဲ့ “မျောက်ရွာ”ကြတော့ ကျွန်မသိပ်မကြိုက်ဘူး။ ကျွန်မ မျက်စိထဲ မျောက်တွေကြည့်ရတာ သိပ်ပြီး မဖော်ရွေလှသလို ပျော်ရွင်ပုံလည်း မပေါက်ဘူး။ သူတို့ မျက်လုံးစိုက်ကြည့်ပုံက မလိုမုန်းထားရှိပြီး သူတို့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး
ရယ်နေကြသူတွေကို လှောင်သလို သွားစေ့ပြတတ်ကြတယ်။ သူတို့ရှိရာ ပစ်ပေးသမျှ
မြေပဲနဲ့ အခြားစားစရာတွေကို တရှု့်ရှုပ် တမဲမဲနဲ့ပဲ ပိုင်ပိုင်နိုင်နိုင်
ဖမ်းကြတယ်။ ဒီနေရာမှာ ဆင်တွေနဲ့ သိပ်ကွတြယ်။ ဆင်တွေဆို သူတို့ကို ပေးတဲ့
ငှက်ပျော်သီးနဲ့ အမုန့်တွေကို လှမ်းယူရင်လည်း သူတို့ရဲ့ကြီးမားတဲ့
မျက်နှာကြီးတွေ့ ရောင့်ရဲမှုနဲ့ ဣနြေ္ဒရရ၊ နှာမောင်းတွေ ယမ်းလိုက်ပုံကလည်း
ယို့ယို့ ကျိုးကျိုးနဲ့ ကျွန်မအထင်တော့ ကျေးဇူးတင်ကြောင်း ပြလိုက်တာလို့
ထင်ပါတယ်။
ကျွန်မ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံကို နှစ်ခေါက်ပဲရောက်တော့တယ်။ နီပေါမှာ တစ်ခေါက်၊ လန်ဒန်မှာတစ်ခေါက်။ ကျွန်မတို့ရဲ့ တစ်နေ့လည်ခင်း အချိန်ဖြုန်းဖို့ အတွက်နဲ့ နောက်ပြီး ဟိမ၀န္တာတောင်တန်းပေါ်က တိရစ္ဆာန်ရုံဆိုတာလည်း ဖြစ်နိုင်ခြေ သိပ်မရှိသလိုမို့ မိုက်ကယ်နဲ့ ကျွန်မ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံကို သွားကြတယ်။ ဒါပေမဲ့ ကြည့်ရတာ ၀မ်းနည်းစရာတောင်ကောင်းတယ်လို့
ထင်တယ်။ သန့်ရှင်းမှုလည်းမရှိ တိရစ္ဆာန်တွေကလည်း အသက်မ၀င်လှဘူး။ ခြင်္သေံ့တွေ
ကျားတွေကို ခွေးသားတွေ ကျွေးတာမို့ ခွေးအရှင်နံရရင်
သူတို့လှုပ်ရှားသောင်းကျန်းမှာ
စိုးလို့ ကျွန်မတို့ရဲ့ ဘူတန်မျိုး တယ်ရီယာခွေးလေးကို အပြင်မှာ
ထားခဲ့ခိုင်းတယ်။ ဒီလိုနေရာမျိုးတော့ နောင်လည်း ဘယ်တော့မှ
သွားချင်စရာမကောင်းတဲ့ အတွေ့အကြုံပဲ ရခဲ့ပါတယ်။
နောက်တစ်ခေါက်၊ နောက်ဆုံးလည်းဖြစ်တဲ့ တိရစ္ဆာန်ရုံအလည်တစ်ခေါက်ကတော့
နောက်နှစ်အနည်းငယ်အကြာမှာ ကျွန်မသား အလက်စန္ဒြားကို ၀ှစ်ပ်စနိတ်
တိရစ္ဆာန်ရုံကို လိုက်ပို့ရပါတယ်။ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံနဲ့ ယှဉ်လိုက်ရင်
အင်မတန် လှပအောင် ထိမ်းသိမ်းထားတယ်ဆိုပေမယ့် အလှောင်ခံ၊ အကျဉ်းကျခံရတဲ့
တိရစ္ဆာန်တွေ ကြည့်ရတာ စိတ်ပျက်မိတယ်။ တိရစ္ဆာန်တွေက မပြောင်းလဲပေမယ့် လူတွေက
တိရစ္ဆာန်တွေအပေါ် လွှမ်းမိုးတာကို ခံစားမိတဲ့ ကျွန်မအမြင်က
ပြောင်းလဲသွားပြီလေ။ ကျွန်မ ၀န်းကျင်ကမ္ဘာမှာ ကျွန်မ မျှော်လင့်မထားတဲ့
ပြောင်းလဲပုံတွေကြောင့် တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲ ပတ်သက်မှုအပေါ် ကျွန်မရဲ့
အမြင်တွေ ပိုပြီးတောင် ပြောင်းလဲလာ လိမ့်မယ်ဆိုတာ ဒီတုန်းက မသိခဲ့ပါဘူး။
အောင်ဆန်းစုကြည်
ဇွန်လ ၂၅ ရက်နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ် အတွဲ ၂ ၊ အမှတ် ၁၀၂
ကျွန်မရဲ့ လူ့သက်တမ်း ၆၆ နှစ်ဆိုတဲ့ ရောင်စုံမှန်ပြောင်းနဲ့ ကြည့်လိုတော့ ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၆၀ မပြောနဲ့၊ လွန်ခဲ့တဲ့ ၆ နှစ်ကနဲ့တောင် ကွာခြားနေပြီဆိုတာ တွေ့ရပါတယ်။ ဘာကြောင်းလဲဆိုတော့ ကမ္ဘာလောကကြီးရော၊ ကျွန်မရော နှစ်ခုစလုံးက ဒီအချိန်တွေထဲမှာ ပြောင်းလဲသွားခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၆၀ က ကျွန်မနဲ့ တိရစ္ဆာန်လေးတွေရဲ့ ပတ်သက်မှု( ဒီလိုပဲ သုံးနှုန်းလို့ရမယ်ဆိုရင်) က ခပ်လှမ်းလှမ်းမှာပဲ ရှိနေခဲ့ပါတယ်။ ခွေးဝဲစားတွေနဲ့ သနားစဖွယ် မြင်ရတဲ့ မြင်းတွေအကြောင်းကို ကျွန်မငယ်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်မ ရေးခဲ့ဘူးပါတယ်။ ငယ်ဘ၀မှာ အကျွမ်းဝင်ခဲ့တဲ့ အခြားတိရစ္ဆာန်ကမ္ဘာကတော့ ငှက်တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ အဲဒီတုန်းက အဆောင်အအုံတွေ များများစားစားမရှိသေးဘဲ ကျွန်မတို့နေတဲ့ လမ်းကလည်း မြေနီတွေ ကျောက်ကျိုးတွေ ခင်းထားတဲ့ တိတ်ဆိတ်တဲ့ လမ်းသွယ်လေးဖြစ်ပြီး အနားသတ်အနေနဲ့ ၀ါးရုံတွေ၊ ကျွန်မတို့ရဲ့နွားတွေကို လွှတ်ကျောင်းထားလို့ရတဲ့ တွင်းတွေ၊ ချိုင့်တွေနဲ့ စားကျက်ကွင်း ကျိုးကျဲ၊ ရေမှော်တွေ ဖုံးနေတဲ့ ရေကန်ကလေးနဲ့ တစ်ပိုင်းတစ်စ ပြိုလဲနေတဲ့ အုတ်နံရံတွေ ရှိတယ်။ ကျွန်မတို့ရဲ့ အိမ်ရှေ့မျက်နှာချင်းဆိုင်မ
ကျွန်မတို့အိမ်ရဲ့ ဥယျာဉ်က အဆင့်မညီတဲ့ မြေခင်းသုံးထပ်ပေါ် ဖြန့်ကျင်းနေပြီး သစ်ပင်တွေ ပေါများတဲ့အတွက် ငှက်မျိုးစုံအတွက် နေချင်စရာနေရာ ဖြစ်လို့နေပါတယ်။ များသောအားဖြင့်ကတော့ ကျီးကန်းတွေ၊ ဆက်ရက်တွေ၊ ချိုးတွေ၊ ခိုတွေနဲ့ စာကလေးတွေ ဖြစ်ပါတယ်။ များလွန်းလို့ ကျမတို့ သတိမထား မိအောင်ပါပဲ။ ဒါပေမဲ့ ကျွန်မက ကျီးကန်းတွေ ညနေစောင်း အိပ်တန်းတက်ဖို့ ပျံကြတာကို စောင့်ကြည့်ရတာ သိပ်ကြိုက်ပါတယ်။ ကောင်းကင်တစ်ခုလုံး အမည်းတောင်ပံတွေ ဖြန့်ကြက် စွန်းထင်းပြီး အုတ်အုတ်ကျက်ကျက်နဲ့ ဖြစ်နေတာကိုပါ။ လွမ်းစရာကောင်းအောင် တွန်တတ်တဲ့ ဥသြသံကတော့ နွေဦးရဲ့ ဂီတတစ်ပိုင်းလိုပါပဲ။ ဒါပေမဲ့ သူ့ကို တွေ့ဖို့တော့ ခက်တယ်။ ကျွန်မ အခုပြန်စဉ်း-စားကြည့်တော့ ကျွန်မငယ်ငယ်တုန်းက အဲဒါအတွက် သိပ်ပြီးတော့ စူးစူးစမ်းစမ်းမရှိခဲ့ပါဘူး
ကျွန်မတို့ လမ်းကလေးရဲ့အဆုံး အပေါ်ကုန်းထိပ်မှာ ၁၉ ရာစု လက်ရာ အိန္ဒိယနွယ်များနေခဲ့တဲ့ တိုက်အ်မ်ဟောင်းကြီး တစ်လုံးရှိပါတယ်။ အိမ်ရဲ့ခမ်းနားခဲ့တဲ့ အရိပ်အယောင်တွေနဲ့ ဖြစ်ချင်သလိုဖြစ် ပစ်ထားခြင်းခံရတဲ့ ဥယျာဉ်ရဲ့ လွမ်းမောဘွယ်ရာအဖြစ်ကို အိမ်ရှင် တောက်လျှောက်ကင်းမဲ့နေခဲ့တဲ
အလည်အပတ်လုပ်ဖို့ နေရာတွေ နည်းလှတဲ့ အဲဒီ့အချိန်တွေတုန်းက တိရစ္ဆာန်ရုံသွားတယ်ဆိုတာ အထူးအခွင့်အရေးပဲ။ တိရစ္ဆာန်ရုံက ကျွန်မတို့အိမ်နဲ့ သိပ်မဝေးလှတော့ မှောင်ရီပျိုးလို့ တိတ်ဆိတ်တဲ့ အချိန်မျိုးမှာ ခြင်္သေ့တွေရဲ့ ဟိန်းဟောက်သံက ကျွန်မအတွက် အံစရာချည်းပါပဲ။ ခြင်္သေ့တွေဘာလို့ ညနေတိုင်း ဟိန်းနေတာလဲလို့ လူကြီးတွေကိုမေးတော့ တချို့က ညနေအစာကျွေန်းချိန်ကြောင့်လ
မျောက်မျိုးနွယ်တွေနဲ့ ပတ်သက်လို့ကတော့ တစ်မျိုး၊ တိရစ္ဆာန်ရုံ အလည်လာကြတဲ့ သူတွေ အကြိုက်များလှတဲ့ “မျောက်ရွာ”ကြတော့ ကျွန်မသိပ်မကြိုက်ဘူး။ ကျွန်မ မျက်စိထဲ မျောက်တွေကြည့်ရတာ သိပ်ပြီး မဖော်ရွေလှသလို ပျော်ရွင်ပုံလည်း မပေါက်ဘူး။ သူတို့ မျက်လုံးစိုက်ကြည့်ပုံက မလိုမုန်းထားရှိပြီး သူတို့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီ
ကျွန်မ အရွယ်ရောက်လာပြီး နောက်ပိုင်းမှာတော့ တိရစ္ဆာန်ရုံကို နှစ်ခေါက်ပဲရောက်တော့တယ်။ နီပေါမှာ တစ်ခေါက်၊ လန်ဒန်မှာတစ်ခေါက်။ ကျွန်မတို့ရဲ့ တစ်နေ့လည်ခင်း အချိန်ဖြုန်းဖို့ အတွက်နဲ့ နောက်ပြီး ဟိမ၀န္တာတောင်တန်းပေါ်က တိရစ္ဆာန်ရုံဆိုတာလည်း ဖြစ်နိုင်ခြေ သိပ်မရှိသလိုမို့ မိုက်ကယ်နဲ့ ကျွန်မ ခတ္တူမန္ဒူ တိရစ္ဆာန်ရုံကို သွားကြတယ်။ ဒါပေမဲ့ ကြည့်ရတာ ၀မ်းနည်းစရာတောင်ကောင်းတယ်လ
နောက်တစ်ခေါက်၊ နောက်ဆုံးလည်းဖြစ်တဲ့ တိရစ္ဆာန်ရုံအလည်တစ်ခေါက်ကတေ
အောင်ဆန်းစုကြည်
ဇွန်လ ၂၅ ရက်နေ့ထုတ် Mainichi ဂျပန်သတင်းစာတွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပြီး)
ပြည်သူ့ခေတ် အတွဲ ၂ ၊ အမှတ် ၁၀၂
Khin Nyein Thit
ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည
၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ
ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊
ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊
သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊
မနှင်းပွင့်အေး (၂၇ နှစ်) နှင့်
အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့
ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ
ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။
တကယ်တော့နအဖအစိုးရမဖေါ်ထုတ်ရ
ဦးသိန်းစိန်အစိုးရကတော့ထိုအ
No comments:
Post a Comment