|
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ၄၈-ကျေးရွာထဲမှ ထိုင်းပုလိပ်ဂိတ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ် မင်းကင်းဆိပ်ကျေးရွာမှ ဦးမောင်ဝင်းတင်သည် ထိုင်းနိုင်ငံ
လက်မှတ်(ပါ့စ်ပေါ့)မရှိလို့ အဖမ်းခံရသောကြောင့် ပုလိပ်ခွေးလို့ခေါ်သော
ထိုင်းပုလိပ်မှာမွေးစားထားသော အသက်(၂၀) ကျော်ရှိတဲ့ ဇာနေ(ဗမာလူမျိုး)က
ဆေးလိပ်မီးနှင့်ထိုး၊ ခြေနဲ့ကန် ခန္ဓယ်ကိုယ် တစ်ခုလုံးကို ရိုက်ပုတ်ပြီး လူမဆန်စွာညှင်းပင်း နှိပ်စက်မှုများကို ခံခဲ့ရကြောင်း မနေ့က သတင်းရရှိသည်။
ပုလိပ်ခွေးလို့ခေါ်တဲ့ ထိုင်းပုလိပ်မှာ မွေးစားထားသော ဇာနေရဲ့ လူမဆန်စွာ ရိုက်ပုတ်နှိပ်စက်မှုကို အသက် ၄၀ ကျော်ရှိသော ဦးမောင်ဝင်းတင်က အခုလိုပြောသည်။
“ ကျနော့်ကို အဲဒီ ပုလိပ်ခွေး ဇာနေက လက်မှတ်မရှိလို့ဆိုပြီး ဘတ်ငွေ ၅၀,၀၀၀ ကို တောင်းပါတယ်။ ကျနော်က မပေးနိုင်ပါဘူး၊ ရှိလည်မရှိပါဘူး။ အဲဒီလိုပြောလိုက်တော့ ကျနော့်ကို ဘာလူမျိုးလဲလို့မေးပါတယ်။ ကျနော်က ရခိုင်လူမျိုးလို့ပြောလိုက်တာနဲ့ အဲဒီ ဇာနီက ရခိုင်စုတ်ဆိုပြီး မျက်နှာကို လက်သီးနဲ့ထိုးတယ်။ ဘတ်ငွေ ၅၀,၀၀၀ ကိုတောင်းလို့မရလို့ (ဘတ်ငွေ) ၃၀,၀၀၀ ကိုလျှော့တောင်းပါတယ်။ နောက်ပြီးတော့ လည်ပင်းကို နီနီရဲတဲ့ ဆေးလိပ်မီးနဲ့ ထိုးပါတယ်။ ခါးပတ်တွေနဲ့သတ်တယ်။ အဲဒါအပြင် ခန္ဓကိုယ်ကိုလည်း ခြေနဲ့ကန်တယ်။ ဘယ်ဘက်နံရိုး၊ ညာဘက်နံရိုး၊ ရင်ဝတွေစတဲ့ အကုန်လုံးပေါ့။ အဲဒီ ဇာနီ နှိပ်စက်နေတဲ့အချိန်မှာ ထိုင်းပုလိပ်တစ်ယောက်ကလာပြီး (ဘတ်ငွေ) ၁၀,၀၀၀ ပေးရင် လွှတ်ပေးမယ်လို့ ပြောလာတယ်။ ပုလိပ်ကိုတော့ နာမည်မရတော့ဘူး။ အဲဒီ ပုလိပ်က ၄၈ ကျေးရွာဂိတ်ကပဲဖြစ်ပါတယ်။ ကျနော်လဲ မိန်းမကို အကူအညီတောင်းပြီး ဘတ်ငွေ ၁၀,၀၀၀ ကိုတောင်းပါတယ်။ မိန်းမကလဲ သူဌေးဆီက ဘတ်ငွေ ၁၀, ၀၀၀ ကိုချေးပြီး ပုလိပ်ဆီကို ပို့လိုက်တော့မှ ပြန်လွတ်ပေးတယ်။ ” ဟု သူက ဆိုသည်။
ဆက်လက်ပြီး ဦးမောင်ဝင်းတင်က သူ့ရဲ့ခံစားချက်ကို “ ကျနော်
စိတ်အရမ်းဆိုးတာကတော့ ဗမာလူမျိုးတစ်ယောက်အနေနဲ့
မြန်မာနိုင်ငံသားအချင်းအချင်း ရခိုင်စုတ်ဆိုပြီး လက်သီးနဲ့ထိုးတာကို
အရမ်းဝမ်းနည်းမိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို
ဆော်ကားလိုက်တာဖြစ်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဆိုးဆုံးကတော့
မြန်မာတိုင်းရင်းသား အချင်းအချင်း အခုလိုအမှန်တရားတွေနဲ့
ဆက်ဆံပြုမှုမယ်ဆိုရင် မလိုလားအပ်တဲ့ လူမျိုးရေးပဋိက္ခတွေ ဖြစ်လာမှာကို
အရမ်းစိုးရိမ်မိပါတယ်။ ” ဟု ပြောသည်။
![]()
ဦးမောင်ဝင်းတင်သည်
မဲဆောက်မြို့နယ် မေကူးကျေးရွာမှ သားသမီးများကိုခေါ်ဖို့
ကင်ဖေမြို့ကနေဆင်းလာပြီး မဲဆောက်ကိုရောက်တဲ့အချိန်မှာ သားသမီးများအပါအဝင်
မိန်းမရဲ့ မောင်နှင့်တူကို ခေါ်၍ ကင်ဖေမြို့အတက် လမ်းမှာ ၄၈ ကျေးရွာ
ပုလိပ်ဂိတ်တွင် လက်မှတ်(ပ့ါစ်ပို့) မရှိလို့ အဖမ်းခံရတဲ့အတွက်
ပုလိပ်ခွေးလို့ခေါ်တဲ့ ထိုင်းပုလိပ်မှာမွေးစားထားသော ဇာနေက
လူကုန်ကူးတယ်ဆိုပြီး စွပ်စွဲသောကြောင့် လူမဆန်စွာရိုက်ပုတ် နှိပ်စက်သည်ကို
သိရှိရပြီး ရခိုင်တိုင်းရင်းသားတစ်ယောက် ဖြစ်တယ်လို့ သိတဲ့အတွက်
လူမျိုးရေးကိုရှေ့တန်းတင်၊ အမုန်းတရားနှင့် မာန်မာနတွေကိုရှေ့တန်းတင်ပြီး
မြန်မာလူမျိုးအချင်းအချင်းလို့ စိတ်သဘောမထားဘဲ အခုလို လူရိုင်းတစ်ယောက်လို
ရိုက်ပုတ်နှိပ်စက်သည်ကိုလည်း သိရှိရသည်။
|
| Last Updated ( Friday, 20 July 2012 12:34 ) |
| AZG ရခိုင်တွင် ခြေကုတ်စခန်းရအောင်ကြိုးစားနေ | ||||
|
ရခိုင်တွင်
လွန်ခဲ့သောဇွန်လအတွင်း ဘင်္ဂလီမူဆလင် - ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက်
ရခိုင်ပြည်သူလူထုက UN နှင့် INGO အဖွဲ့အစည်းများအား ရခိုင်ပြည်တွင်
ဆက်လက်ရပ်တည်ခွင့် မပေးလိုသော လှုပ်ရှားမှုမျိုးကို ပြုလုပ်နေချိန်တွင်
နယ်စီးမခြားဆရာဝန်များအဖွဲ့ (AZG) သည် ရခိုင်ပြည် တွင်ခြေကုတ်စခန်း
ရအောင်ကြိုးစားနေကြောင်း သတင်းရရှိသည်။AZG အဖွဲ့အစည်း ရခိုင်တွင် ခြေကုတ်စခန်းတစ်ခုရရှိရန်အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်နှင့် ပူးပေါင်းကာလုပ်ဆောင်နေကြောင်းသိရသည်။ "ကျန်းမာရေးလုပ်ငန်းကို သံဃာတွေက လက်မခံဘူးဆိုရင် စာတင်လို့ရတယ်၊ ကျန်းမာရေလုပ်ငန်းတွေကို နှောင့်ယှက်နေတဲ့သူတွေကို ၀န်ကြီးချုပ်ကိုတိုင်ကြားပြီး အရေးယူပစ်မယ်" သန်းထွန်အောင် ကြုံးဝါးနေကြောင်း သတင်းရရှိသည်။ AZG သည် ယခင်က ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မှု မရှိခဲ့ဘဲ ဘင်္ဂလီမူဆလင် - ရခိုင် အဓိကရုဏ်း ဖြစ်ပေါ်ပြီးနောက် ကျန်းမာရေးဌာနနှင့် အထူးတလေ ပူးပေါင်းဆောင်ရွက်နေပြီး ၀န်းကြီးများနှင့် မကြာခဏ အစည်းအဝေး ပြုလုပ်နေကြောင်း သိရသည်။ AZG ကို MSF (Holland) ဟုလည်း အမည်နှစ်မျိုးရှိခဲ့ရာ ယခင်က AZG အမည်ဖြင့်သာ တောက်လျှောက်လှုပ်ရှားခဲ့သဖြင့် ပြည်သူလူထုက AZG အမည်တစ်ခုတည်းကိုသာ သိရှိထားခဲ့ရာ ရခိုင်များက AZG မှ ကူညီပေးမှုအားလက်မခံသဖြင့် MSF (Holland) ဖြင့် ကယ်ဆယ်ရေးစခန်းများကို ၀င်ရောက်ရန်ကြိုးစားနေပြီး၊ ကူညီပေးရာတွင်လည်း MSF (Holland) ဖြင့်သာလက်မှတ်ရေးထိုးပေးကြောင်း သိရသည်။ ဒေါက်တာသန်းထွန်းအောင်သည် မြို့တွင်းကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောင့်မှုလုပ်နေသော ဆရာ၊ ဆရာမများအား အကြောင်းအမျိုးမျိုးပြကာ ရုံးလုပ်ငန်းတွင် ခိုင်းစေထားပြီး ကျန်းမာရေးစောင့်ရှောင့်မှုလုပ်ငန်းများတွင် AZG မှ အဖွဲ့ဝင်များကို အသုံးပြုခဲ့ကြောင်း သတင်ရရှိသည်။ ရခိုင်တွင် ဇွန်လက အကြမ်းဖက်မှုကြောင့် ဘင်္ဂလီမူဆလင်နှင့် ရခိုင်တိုင်းရင်းသား ဒုက္ခသည်များ ရှိခဲ့ရာ UN နှင့် INGO က မူဆလင်များကိုသာ ကူညီကယ်ဆယ်ရေး ပြုလုပ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ရာ မျှတမှုမရှိသော လုပ်ရပ်များကြောင့် ဘင်္ဂလီမူဆလင်များအား မည့်သည့်အရာကိုမျှ ကူညီမပေးနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြသည်။ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးချစ်ကျောင်းသားများ ရခိုင်သို့ရောက်ရှိလာခဲ့ရာ တိုင်းရင်းသားဘက်မှ ညီအစ်ကိုရင်းပမာရပ်တည်ကာ ရခိုင်အရေးပြဿနာကို တတ်နိုင်သမျှ ၀ိုင်းဝန်းဖြေရှင်းပေးမည်ပြောကြားပြီးနောက် ဘင်္ဂလီမူဆလင်ကျေးရွာဖြစ်သော ခေါင်းဒုက္ကာနှင့် ဂေါဒူဖ ရွာများသို့ ဆေးဝါးအစုံပါ နှစ်ဖာကို ဒေသခံတစ်ဦးမှတစ်ဆင့် ပြည်နယ်မှူးထံသို့ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။ |
| Last Updated ( Thursday, 19 July 2012 16:14 ) |
ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ၄၈-ကျေးရွာထဲမှ ထိုင်းပုလိပ်ဂိတ်တွင် 



ရခိုင်တွင်
လွန်ခဲ့သောဇွန်လအတွင်း ဘင်္ဂလီမူဆလင် - ရခိုင်အဓိကရုဏ်းဖြစ်ပေါ်ခဲ့ပြီးနောက်
ရခိုင်ပြည်သူလူထုက UN နှင့် INGO အဖွဲ့အစည်းများအား ရခိုင်ပြည်တွင်
ဆက်လက်ရပ်တည်ခွင့် မပေးလိုသော လှုပ်ရှားမှုမျိုးကို ပြုလုပ်နေချိန်တွင်
နယ်စီးမခြားဆရာဝန်များအဖွဲ့ (AZG) သည် ရခိုင်ပြည် တွင်ခြေကုတ်စခန်း
ရအောင်ကြိုးစားနေကြောင်း သတင်းရရှိသည်။
No comments:
Post a Comment