Wednesday, July 18, 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း ဆွေးနွေး


2012-07-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဒီကနေ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NLD က ထုတ်ပြန်ပြောဆိုပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မသိရပါဘူး။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့ဖြစ်ပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက် နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ကျင်းပမဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေကို တက်ရောက်ဖို့အတွက် ရန်ကုန်မြို့ကို ထွက်ခွာလာကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မနက် ၉ နာရီမှာ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုမှာ ဖြစ်ပါတယ်။ အဲဒီနောက် NLD ရုံးချုပ်မှာ ကျင်းပမဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ ဇူလိုင်လ ၁၈ ရက်မနက်ပိုင်းက ပြည်သူလွှတ်တော်မှာရှိတဲ့ ဥက္ကဌနားနေခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အခုတွေ့ဆုံပွဲ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးတွေ ဆက်မတက်တော့ဘဲ ရန်ကုန်ကို ပြန်မယ်လို့လည်း အန်အယ်ဒီပြောခွင့်ရ ဦးအုန်းကြိုင်ကိုကိုးကားပြိး လွှတ်တော်မှာသတင်းယူနေတဲ့ ဒီဗွီဘီသတင်း ထောက်က ပြောပါတယ်။ ကျင်းပနေဆဲ လွှတ်တော်အစည်းအဝေးတွေကို ဇူလိုင် (၁၉)ရက်ကနေ (၂၂)ရက်နေ့အထိ ခေတ္တရပ်နားထားမယ်လို့လည်း သိရပါတယ်။

No comments: