ပြီးခဲ့သည့် လအတွင်းကဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးအဓိကရုဏ်းများကြောင်း နှစ်ဘက် ဒုက္ခရောက်ခဲ့ သဖြင့်ပြဿနာများထပ်မံမဖြစ်ပွားစေရန် မိမိတို့ပိုင်နက်အား ကာကွယ်သင့်ကြောင်း(၈၈)မျိုး ဆက်ကျောင်းသားများ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင်ကိုမင်းကိုနိုင်က ပြောကြားသည်။
ဇူလိုင်လ(၁၁)ရက်နေ့က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ဝံလက်ဖောင်ဒေးရှင်းရုံးတွင် ပြုလုပ်ခဲ့သည့် (၈၈)မျိုးဆက်ကျောင်း သား အဖွဲ့နှင့် ရခိုင်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြဿနာကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် အခုတစ်ထိုင်တည်းနဲလည်း မရပါဘူး ၊အများစုကနေပြီးတော့ သမိုင်းကြောင်း အမှန်နဲ့အထောက်အထားခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ရမယ်။ လတ်တလော ဖြေရှင်းရမှာတွေကကျွန်တော်တို့ပြည်ထောင်စုရဲ့ အစိတ်အပိုင်းကို ကာကွယ်ရမယ့်ဟာကိုကျွန်တော်တို့ အားလုံး သဘောတူ ရပါမယ်။ ကျွန်တော်တို့ရဲ့ ပိုင်နက်ကို ကျွန်တော်တို့ကာကွယ်ရမယ်”ဟု (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က ပြောကြားခဲ့သည်။
အဆိုပါအဖွဲ့သည် ယမန်နေ့က စစ်တွေမြို့ဒုက္ခသည်စခန်းများသို့သွားရောက်ခဲ့ပြီး စစ်တွေမှ ရဟန်းသံဃာတော်များ၊နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့အပြင်ရခိုင်တွင်ဖြစ်ပွားခဲ့သော အဓိရုဏ်းပြဿနာများကို ရခိုင်တိုင်းရင်းသားများ ကိုယ်တိုင်လည်း ဖြေရှင်း သင့်ကြောင်းကိုလည်း ပြောကြားခဲ့သေးသည်။
“အဲဒီပြဿနာကို ရခိုင်သားတွေကိုယ်တိုင်ရခိုင်ပြည်နယ်အစိုးရနဲ့သော်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနဲ့သော်လည်းကောင်း ကိုယ်တိုင်ပြောပါ၊ တဖက်ကလည်းကျွန်တော်တို့ကြိုးစားပြောပ့ါမယ်။ နံပါတ်တစ် နံရံကို လုံအောင်ကာမယ်ဆိုရင် ကျန်တဲ့ပြဿနာကို ကျွန်တော်တို့ရှင်းရမယ်။ သမိုင်းနဲ့ရှင်းရှင်းတကယ့်သမိုင်း ယဉ်ကျေးမှုမြင့်မားတဲ့လူမျိုး သမိုင်းခိုင်မာတဲ့လူမျိုး ဘာမှမရှင်းရဲစရာမရှိပါဘူး”ဟု ကိုမင်းကိုနိုင်က ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကိုမင်းကိုနိုင်ကရခိုင်လိုပြောကြားခဲ့ခြင်းကိုလည်း ထူးခြားမှုအနေဖြင့် တွေ့ရှိရသည်။ဆက်လက်၍ ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းဒေသတစ်ဝန်းအကြမ်းဖက်မှု ပြဿနာ များအား ဒေသခံများက ဆွေးနွေးခဲ့ကြသည်။
“၈၈ မျိုးဆက် အဖွဲ့လာတာ အရမ်းဝမ်းသာပါတယ်။အားလဲကိုးပါတယ်။အခုဖြစ်နေတဲ့ကိစ္စမှာ ပြောချင်တာကအမျိုးသားရေးကိစ္စပါ။ ဒီအမျိုးသားရေးမှာကျွန်တော်တို့ပြည်မက လူတွေ ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲ ၊ဒီမိုကရေစီလူ့အခွင့်အရေးရတာတော့ ဟုတ်ပါတယ် ၊အမျိုးသားရေးမရှိဘဲနဲ့ဒီမိုကရေစီသွားမယ်ဆိုရင် ကျွန်တော် တို့ကမ္ဘာ့နိုင်ငံတွေမှာကြုံခဲ့တဲ့အတိုင်း အမျိုးပျောက် တာတွေ အမျိုးပျောက်တဲ့ဒီမိုကရေစီနိုင်ငံတွေ အများကြီး ရှိပါတယ် ကျွန်တော်တို့ပြည်မက လူတွေအမျိုးသားရေး စိတ်ဓာတ် ရှိအောင် ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုလဲအရမ်းအားကိုးပါတယ်။ကျွန်တော်တို့ကိုအဲဒီအချက်လေး တစ်ချက် ကူညီပေးပါလိုပြောချင်ပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက(၈၈)မျိုးဆက်ကျောင်းသားများထံတွင် အကူအညီတောင်းခံခဲ့သည်။
စစ်တွေမြို့ခံများအနေဖြင့် ဘင်္ဂလီများနှင့်ရခိုင်တိုင်းရင်းသားများကြားရန်တိုက်ပေးမှုကိုလည်း မလိုလား ကြောင်း ဒေသခံ များ၏ပြောဆိုမှုအရ သိရှိရသည်။
မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
by Myit Makha Mediagroup
နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်သို့ ခေါ်သွားပြီ
မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးကို နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားပြီ ဖြစ်ကြောင်း နစက သတင်းရပ်ကွက်အရ သိရသည်။
မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနှင့် ပတ်သတ်ပြီး စွပ်စွဲချက် အများအပြား ထွက်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ နေပြည်တော်မှ စစ်ဆေးရန် ခေါ်ယူသွားခဲ့ခြင်း ဖြစ်ကြောင်း နစက တပ်ဖွဲ့ တစ်ဦးက ပြောသည်။
“ ဗိုလ်မှူးကြီးကို ဒီကနေ ဇူလိုင်လ ၇ ရက်နေ့ကနေ ခေါ်သွားပါတယ်။ သူ့ကို နေပြည်တော်မှာ စစ် ဆေးဖို့ ခေါ်သွားတာလို့ သိရပါတယ်။ မောင်တောမှာဖြစ်သွားတဲ့ အကြမ်းဖက်မှုတွေမှာ အကြမ်းဖက် လူပ်ရှားသူတွေဆီက ပိုက်ဆံ ယူတယ်ဆိုပြီး စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ သူခုလို အခေါ်ခံရတာ ဖြစ်တယ်။” ဟု နစက တပ်ဖွဲ့ဝင်က ပြောသည်။
ယခုကဲ့သို့ ခေါ်ယူသွားသည့် ကိစ္စနှင့်ပတ်သတ်ပြီး မောင်တောမြို့တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တ ဦးကလည်း ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်ကြားတာက အခုသူ့ကို (ဗိုလ်မှူးကြီးအောင်ကြီး) နေပြည်တော်ကို ခေါ်သွားပြီလို့ကြား တယ်။ မောင်တောကိစ္စနဲ့ပတ်သတ်လို့ သူ့ကို စစ်ဆေးနေတယ်လို့ကြားတယ်” ဟု ပြောသည်။
မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ရခိုင် ကျေးရွာ အများအပြား မီးရှို့ ခံရပြီး အကြမ်းဖက်ဆူပူသူများကို ထိထိရောက်ရောက်မနှိမ်နှင်း နိုင်ခဲ့ခြင်းမှာ နစကမှူး ဗိုလ်မှူးကြီး အောင်ကြီး၏ အားနည်း ချက်ကြောင့် ဖြစ်သည်ဟု ပြည်သူများသာမက အစိုးရ၀န်ထမ်းများကပါ မြင်နေကြသည်ဟု သူက ဆိုသည်။
“ မောင်တောမြို့ထက်မှာ ဖြစ်နေတုန်း လုံးထိန်းတပ်ရင်း ၂ က သေနတ်ပစ်ပြီး လူစုခွဲတာကို နစက က လာပြီး ပြဿနာရှာတယ်။ မောင်တော မြောက်ပိုင်း လောင်းဒုံ နတလရွာမှာ ဖြစ် တုန်း ကလည်း ဗိုလ်မှူးကြီး အောင်ကြီးက လုံးဝ ပစ်ခွင့် မပေးဘူး။ နယ်မြေမှူး ခန္ဓာပေါ် ခဲတွေကျလို့ မခံနိုင်တဲ့ အတွက် သေနတ် ပစ်ခတ်လိုက် တော့မှ လူစုကွဲသွားတယ်။ ဒီတွက် သူရဲ့ လုပ်ပုံ ကိုင်ပုံတွေကို ဌာနဆိုင်ရာက အရာရှိတွေပါ မကျေမနပ် ဖြစ်နေကြပါတယ်”ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်မှ ပြောသည်။
မကြာသေးမီက မောင်တောမြို့ခံများက နိရဉ္စရာသို့ ပို့ပေးသည့်စာတွင်လည်း ဗိုလ်မှူးကြီး အောင်ကြီး သည် အကြမ်းဖက်မှု ဖြစ်ကို စတင် ဖြစ်ပွားစေသော အခြေခံ အကြောင်း အရင်း ဖြစ် သည့် ငြိမ်းချမ်းစွာ ဆုတောင်းပွဲကို ကျပ်ငွေသိန်းပေါင်း ၃၅၀ဝ နှင့် ခွင့်ပြုခဲ့သည်ဟု စွပ် စွဲ ဖေါ်ပြသည်။
ယခုအခါ မောင်တော နစက ဌာနချုပ်တွင် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်က တိုက်ရိုက် ကိုင်တွယ်နေသည်ဟု သိရသည်။
မောင်အေး- နိဉ္စရာ သတင်းဌာန
မြောက်ဦးမြို့နယ် RNDP ဒုဥက္ကဌကို စစ်တပ်က ဖမ်းဆီး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ မြောက်ဦးမြို့နယ် ဒုဥက္ကဌ ဦးအေးမောင်သန်းကို စစ်တပ်က ဖမ်းခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
“ ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က သေနတ်တွေနဲ့ ၀င်လာပြီး ကျွန်မ ယောင်္ကျားကို ဖမ်းဆီးခေါ် ဆောင်သွားပါတယ်” ဟု ဦးအေးမောင်သန်း ဇနီးဖြစ်သူက ပြောသည်။
စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ဦးအေးမောင်သန်းကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
“ သူ့ကို လက်ထိပ်ခတ်ပြီး စစ်တပ်က ယူသွားပါတယ်။ အခု သတင်းကြားတာကတော့ မြောက်ဦးရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းတာက မြောက်ဦးဆန်စက်တွေကနေ မွတ်လင်ရွာတွေကို ဆန်တွေထုတ်ရောင်းနေတာကို မရောင်းကြဖို့ ဟန့်တားတဲ့ အတွက် ဆန်စက်ပိုင်ရှင်တွေက စစ်တပ်ကို သွားတိုင်တဲ့ အတွက် အဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူမက ပြောသည်။
မြောက်ဦးမြို့နယ် RNDP ရုံးကို ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း၊ သူတစ်ဦးတည်းသာ ယခု အချိန်တွင် ဖမ်းဆီးခံနေရသေးကြောင်း ပြောကြားသည်။
မြောက်ဦးရဲစခန်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။
နိဉ္စရာ သတင်းဌာန
နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရခိုင်ရှေးဟောင်း လှေကြီး တစ်စင်းအား ရှာဖွေ တွေ့ရှိ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကဟု ခန့်မှန်းရသော ရခိုင် ရှေးဟောင်း သစ်သား လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသတွင် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက ရှာဖွေ တွေ့ရှိခဲ့သည်။
ရှေးဟောင်း သစ်သား လှေကြီးကို ဇွန်လ ၂၉ ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်း ဒေသ ကွာကတ (ကံဆိပ်) ဆိပ်ကမ်း သဲသောင်ပြင် ရေတိမ်ပိုင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံများသည် အဆိုပါ ရှေးဟောင်း လှေကြီးပေါ်မှ အဖိုးမဖြတ်နိုင်သော ပစ္စည်းများကို ယူဆောင်သွားကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းများတွင် ဖေါ်ပြသည်။
အဆိုပါ သစ်သားလှေကြီးမှာ ၇၂ ပေရှည်ပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကြောင်း သိရသည်။
ရှေးဟောင်း သစ်သားလှေကြီးမှာ ရခိုင် အမျိုးသားများက အဆိုပါ ဒေသသို့ အခြေစိုက်ရန် ထွက်ပြေးလာစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ပုံရသည်ဟု ရှေးဟောင်းသုတေသန ဌာန က ပြောသည်။
၁၇၈၄ ခုနှစ် ရခိုင်ပြည်အား ဗမာ ဘုရင် ဘိုးတော် ဘုရားမှ ၀င်ရောက် သိမ်းပိုက်ပြီးနောက် မြောက် များစွာသော ရခိုင်အမျိုးသားများမှာ ဘင်္ဂလာဒေခ်ျ့ အ၀ကျွန်းဒေသသို့ လှေကြီးများဖြင့် ထွက်ပြေး ခိုလုံခဲ့ကြသည်။
၎င်းး အချိန်က အဆိုပါ ဒေသမှာ လူသူမနေသော တောကြီးမျက်မည်း အရပ်ဖြစ်ကာ မည် သူမျှ နေထိုင်ခြင်း မရှိသေးကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။ ရခိုင်ပြည်မှ ရွက်လှေကြီးများဖြင့် ထွက်ပြေးလာကြသူ ရခိုင်များသည် အဆိုပါ ဒေသတွင် တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
တောရိုင်းများကို ခုတ်ထွင် ရှင်းလင်းစဉ် မိကျောင်းများ၊ ကျားများဖြင့် ရင်ဆိုင်တိုက်ပွဲများလည်း အကြီးအကျယ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယခု ရှေးဟောင်းလှေကြီး တွေ့ရှိရာ အ၀ကျွန်းဒေသမှာ ဒက္ကားမြို့တော်မှ အနောက်တောင်ဘက် ပင်လယ်ကမ်းခြေတွေင် တည်ရှိပြီး အိန္ဒိယ နိုင်ငံဘင်္ဂလားနယ်နှင့် ကပ်ရပ်တည်ရှိသည်။ ယခုအချိန်ထိ ၎င်း အ၀ကျွန်းဒေသတွင် ရခိုင်ရွာပေါင်း ၅၀ ခန့် တည်ရှိသည်။
အများစုမှာ မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် မြန်မာဘက်ကို ပြောင်းရွှေ့သွားကြသည်ဟု သိရသည်။
နိဉ္စရာ သတင်းဌာန
ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီးက UNHCRသို့ပြောကြား နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCRသို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က ကျွေမွေးစောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း၊ ဤသည်မှာ ပြဿနာဖြေရှင်းနည်းကို စဉ်းစားနေခြင်းဖြစ်ကြောင်း၊--
သတင်းအပြည့်အစုံဖတ်ရန် ဒီနေရာကိုနှိပ်ပါ
ဒုဗိုလ်မှူးကြီး ဦးအောင်ကြီး ဦးဆောင်ခြစားမှုသောင်းကျန်းသူမျာ
Written by သဇင်ဥ Wednesday, 11 July 2012 16:16
ရခိုင်ပြည်နယ်အတွင်း သောင်းကျန်းအကြမ်းဖက်ရာဇ၀တ်ပြစ်
မောင်တောမြို့နယ်တွင် ဇွန် ၈ ရက်နေ့ကစတင်ပြီးရာဇ၀တ်ပြစ်မှု ကျူးလွန်ခဲ့သူများအား လွန်ခဲ့သော ၂ ပတ်ကျော်က ဖမ်းဆီးပြခဲ့ပြီး ယခုအခါဒေသကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီး ဦးအောင်ကြီးကိုယ်တိုင် ဦးဆောင်လာဒ်ငွေများယူ၍လွှတ်ပေးေ
ဒေသခံများက “တမြို့နယ်လုံးမှာ အကြမ်းဖက်သောင်းကျန်းမှုကိုဦးဒီ
“ ဒုဗိုလ်မှူးကြီးဦးအောင်ကြီးက မမှန်တရားတာတွေ လုပ်နေတာကြာပါပြီ၊ သူမမှန်မတရားတာတွေ အကြောင်းကို နယ်ပြည်တော်သို့တိုင်ကြားခဲ့ပြီ
မောင်တောမြို့နယ် နစကဋ္ဌာနချုပ် ကျီးကန်းပြင်အခြေစိုက်ဒုဗိုလ်မှူ
မောင်တောမြို့နယ် အလယ်သံကျော် မကျဉ်းချောင်းနစကနယ်မြေ(၇) တပ်ခွဲ-စခန်း(၁၅)တွင် တာဝန်ကျနေသော နစက ဗိုလ်ကြီး မျိုးထိုက်ဆိုသူအားသက်ဆိုင်ရာမှ အရေးယူနိုင်ရန် နစကတပ်သားတဦးက အောက်ပါအတိုင်း ရှင်းပြတိုင်းကြားသည်။
“ နစကဗိုလ်ကြီး မျိုးထိုက်က ရခိုင်သားပါ၊ သူလာဒ်ငွေအများအပြား ရရှိဖို့အတွက် ကုလားဘက်က ဘက်ပေါင်းစုံက ကာကွယ်ပေးပြီး အမျိုးသားတွေ အကျိုးယုတ်ဖို့လုပ်ဆောင်နေပါတယ်
ဗိုလ်ကြီး မျိုးထိုက်မှာ အလယ်သံကျော်နယ်မြေရှိပိုက်ဆိပ်၊ ရေပုံးပျံ၊ အင်းဒင်၊ ပဒေါင်းဆိပ်နှင့် အနီးအနားရှိ ကျေးရွာဒေသများအတွင်းရှိမြန်မာ
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း နစကသတ်မှတ်နယ်မြေ (၉)ခုရှိပြီး ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ် နယ်စပ်များသို့ နစကနယ်မြေတိုးမြင့်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်မှုများ ရှိနေကြောင်းနှင့် ဘူးသီးတောင်နယ်စပ်တွင် များမကြာမီကနစကစခန်း(၂၈)တခု တိုးမြင့်ချထားကြောင်း နစကက အတည်ပြုပြောသည်။
မြန်မာဘင်္ဂလီများမှာ မောင်တောမြို့နယ်နှင့် ဘင်္ဂလာနယ်စပ်မြို့များဖြစ်သော တာခ်နာမြို့နှင့် နီလာမြို့နယ်များမှ ဆန်အိတ်များ အမြောက်အများဝယ်ယူစု ဆောင်းနေကြောင်း၊ တောင်ပြိုနယ်မြေမှူးက အလယ်သံကျော်သို့ တိုက်ရိုက်ဆန်အိတ်များရာချီပြီး လွန်ခဲ့သောအပတ်က ချရောင်းခဲ့ကြောင်းနှင့် တချို့နစကနယ်မြေမှူးများ အနေဖြင့်စခန်းတွင်း ရိက္ခာများကိုပါဈေးကောင်းရ၍ ချရောင်းနေကြကြောင်း မောင်တောမြို့နယ် သတင်းထောက်တဦးက ပြောသည်။
မောင်တောမြို့အ၀င်/အထွက်ဂိတ်မှ စခန်းမှူး ဦးဆောင်ပြီးဒုတပ်ကြပ် ဦးမျိုးဇော် (နစကဟောင်း)နှင့် ဦးသန်းဇော်မှာ ဆန်အိတ်ပေါင်း ၁၀၀၀ ကျော်နှင့်စသည့် စခန်းရိက္ခာပေါင်းစုံများကို ယခုရက်ပိုင်းအတွင်း သောင်းကျန်းသူများအား ရောင်းချခဲ့ကြောင်း ဆိုသည်။
သို့သော်လည်း တာခ်နာနှင့် နီလာမြို့နယ်များမှဝယ်နေသူနေသည့
ရခိုင်ပြည်နယ်အတွင်း မောင်တောမြို့နယ်မှ စတင်သည့်အကြမ်းဖက်သောင်းကျန်းမှု ပဋိပက္ခမှာ နယ်စပ်ဒေသအခြေစိုက် သက်ဆိုင်ရာ အာဏာပိုင်များ လာဒ်စားမှုများကြောင်းနှင့် NGOနှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့မျ
ဦးအောင်ကြီး ဦးဆောင်သည့် နစကနယ်မြေမှူးများကဘင်္ဂလီဦးရေတိုး
ဘင်္ဂလာနယ်စပ်စောင့် BGBက မြန်မာနိုင်ငံသားများဟုစွပ်စြွဲ
ယင်းအကြမ်းဖက်မှုများ မဖြစ်ခင်က မြို့လူကြီးများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များသို့ ကြိုတင်အကြောင်းကြား တိုင်ကြားထားခဲ့ သော်လည်း အရေးယူဆောင်ရွက်မှုများမလုပ်ခဲ့
ဇွန် ၈ ရက်နေ့တွင် သောင်းကျန်းသူများက မောင်တောမြို့ရှိယူနိုက်တစ်၊ မြို့မဘုန်းတော်ကြီးကျောင်းနှင့
မောင်တောမြို့နယ် ဒေသခံများက နိုင်ငံတော်အစိုးရအနေဖြင့် ယင်းအကြမ်းဖက်ကျူးကျော် သတ်ဖြတ်မှုများ၏ ရာဇ၀တ်ကျူးလွန်ခဲ့သော တရားခံများအားဥပဒေကြောင်းအရ ဖေါ်ထုတ်အရေးယူ ဆောင်ရွက်သင့်ကြောင်း ပြောသည်။
မောင်တောမြို့မှ ဘင်္ဂလီတချို့အနေဖြင့် ဒေသဆိုင်ရာအာဏာပိုင်များက ပဋိပက္ခကို အချိန်မီထိမ်းသိမ်းနိုင်မှု မရှိသောကြောင်း ယခုကဲ့သို့ ပြဿနာများကြီးမားစွာ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ဆိုသည်။
မောင်တောမြို့ပဋိပက္ခဖြစ်စဉ်တွင် အဓိက ဒုဗိုလ်မှူးကြီးဦးအောင်ကြီး ခြစားမှုများသာဖြစ်ကြောင်း၊ ဦးအောင်ကြီးမှာ မောင်တော မြို့နယ်တွင် ၇ နှစ်ကျော်ကြာမြင့်နေပြီးဖြစ်ြေ
နစကအရာရှိတဦးနှင့် နီးစပ်သူက မောင်တောနှင့်ဘူးသီးတောင်မြို့
မြန်မာစစ်တပ်မှ မောင်တောမြို့နယ် တောင်ပိုင်းရှိနုရုလ္လာကျေးရွာမှ ဟာဘီဘူရ် ရော်ဟာမန်း၏သမီးနှင့် အာဇိဇူလ် ဟောက် ၏သမီးနှင့်အတူ မြန်မာဘင်္ဂလီအမျိုးသမီး၎ ဦးအား ဇူလိုင် ၃ ရက်နေ့က ဖမ်းဆီးခေါ်သွားပြီး အဓမ္မပြုကျင့်မှုများလုပ်၍ ပြန်လည် လွတ်ပေးမှုများရှိခဲ့ကြောင်းမော
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စစ်တပ်မှ ဘင်္ဂလီအမျိုးသမီး၁၅ ဦး၊ ကလေး ၂၄ ဦးနှင့် အမျိုးသား ၅ ဦး မောင်တောမြို့နယ် တောင်ပိုင်း နုရုလ္လာကျေးရွာနေအိမ်တအိမ်အတွင်
ရခိုင်ပြည်နယ် အခြေစိုက်စစ်တပ်တပ်ရင်းများမှ အရှေ့ဖက်စစ်ဆင်ရေးသို့ စေလွှတ်ထားသော စစ်တပ်များမှာ ယခုအခါ ပြန်လည်ဆုတ်ခွာလာပြီး နစကနယ်မြေများတွင် အင်အားတိုးမြင့်တာဝန် ယူဆောင်နေကြောင်း စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
http://arakantimes.net/
No comments:
Post a Comment