Saturday, July 14, 2012

ပြည်သူ့  အသံ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7oUuHwoScSusPnucWF1JApv3VjzXyQQAceWh6VvLR6mBtscHow2-RAiBDKvtlTffW-EyojYn6QMAeUG6QsKs5qFzTleqxZMEcHky76VcMOrKI1s8h1BVUZ6q0xPzh41exUi11rvC3Vr1N/s1600/471205_259886754126779_1399882596_o.jpg 

သမ္မတဖြစ်ရတာလည်း မသက်သာ (ကာတွန်း) 

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8G-Lemk5KGawuRwB8oGXXZVJOSHQo4xqO0X-0R5wQJoxyiERhu09WaXErd6jWTUq2bxWROZrQMghvIxgApxYPkJJVP0po3t-_iyLNoj0AFzVXTM8PnjIedUyhPQrSMk8253KT36QnKXCx/s1600/s16.jpg 

သမ္မတကြီးကို ငြိုငြင်အောင် မလုပ်နဲ့ … (ကာတွန်း) 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTV3cizvEg4YyWSmtuCC_oJOVaUMS8eL3LBl-1fEviDrEFg6AQoUyfKhGVyY6H0WbZPbJWs0VVjuWtR6_YD5W0WUZ1RZ9BZNyhH7X4pzflaGQBTvfz94kykGcpyrHniekt-MtVVwMTUls1/s1600/Cartoon+(+plentiful).jpg  

 ဟောဒီက ပေါပေါလေး၊ ပေါပေါလေး … မြန်မာပြည်မှာပဲ ရတယ် (ကာတွန်း) 

  

ငါလည်း ငါပဲ.....

  

အမတ်မင်းတို့ နားစွင့်ထားဦးဒီလိုများ ဖြစ်နေဦးမယ်

 

လွှတ်ငြိမ်းချမ်းသာခွင့် တစ္ဆျေခြောက်ခံနေရသူများ....

 

ဗိုလ်ချုပ်လား...မိုလ်ချုပ်လား



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်-(မြန်မာပြည်-နိုင်ငံရေးမဟုတ်ပါ)

တချိန်ချိန်မှာ..................

ကျနော်ဘယ်သူ့ ကိုမှ မဝေဖန်ပါဘူး
အနည်းဆုံးတော့  ပြည်သူ့  အသံနားထောင်ဖြစ်ပါတယ်

ကျနော်အတွက် ဘယ်နိုင်ငံကိုမှ မသွားခဲ့ ပါဘူး
သွားခဲ့ သမျှက နိုင်ငံ အတွက် ဖြစ်ခဲ့ ပါတယ်

ဘယ်သူက ဘယ်လိုလူစားမျိုးလဲ ကျနော်ဘယ်သူမှမပြောပါဘူး
ကျနော်ကိုတော့  ထင်သာမြင်သာရှိတဲ့ လူ လို့ တချို့ ကပြောတယ်

မီးလာအောင်လုပ်ရမယ်လို့  ကျနော်မပြောခဲ့ ပါဘူး
မီးစက်တွေတော့ အချိန်မှီ တင်သွင်းခဲ့ ပါတယ်

ကျနော် အကြွေးကျေဖို့  ဘယ်သူဆီမှ အောက်ကျမခံဖူးပါ
နိုင်ငံအကျွေးကျေဖို့  မျက်နှာ အောက်ကျဖူးပါတယ်

သူများသမိုင်း ကို ကျနော် မဝေဖန်ပါဘူး
ကျနော်သမိုင်းတော့  ကျနော်ကောင်းအောင်ရေးပါတယ်

စနစ်မကောင်းဘူးလို့  ကျနော် မကြေငြာပါဘူး
နောင်စနစ်ကောင်းအောင်တော့  ကျနော် ပြင်ဆင်နေပါတယ်

ကျနော် မြို့ သားတစ်ယောက် မဟုတ်ပါဘူး
မြန်မာနိုင်ငံသား အားလုံး မြို့ သားဖြစ်အောင် ကျနော် ဆင်းရဲမူ့ ပပျောက်ရေးအလုပ်ရုံတွေ ကျင်းပနေပါတယ်

ရခိုင်အရေး ကိုင်တွယ်တာ ပျော့ တယ်လို့  ဆိုကောင်းဆိုကျပါလိမ့် မယ်
ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူးလို့ တော့  ကြေငြာခဲ့ ပါတယ်

ပြည်သူ တွေကို ချစ်ပါတယ်လို့  စကားလုံးတွေကျနော်မသုံးပါ
ကျနော်လုပ်သမျှ အလုပ်တွေက ပြည်သူကိုချစ်ကြောင်း သက်သေပြပါလိမ်မယ်

ဆန်ရှင် ရုပ်သိမ်းဖို့  အချိန်မရောက်သေးဖူးလို့ တော့  ကျနော် မပြောလိုပါဘူး
ဆန်ရှင်ရုပ်သိမ်းချိန်တန်တဲ့  အချိန်ရောက်အောင်တော့  ကြိုးစားမယ်လို့ ပြောချင်ပါတယ်

ကျနော်ကို ကျနော် မြန် မာ့ ဒီမို ကရေစီကို ဦးဆောင်ခဲ့ သူလို့  မပြောလိုပါဘူး
မှန်ကန်တဲ့ ဒီမိုကရေစီစနစ်ကိုတော့  မျိုးစေ့ ချပေးသွားချင်ပါတယ်


ကျနော်နိုဘလ်ဆုကိုမျှော်မှန်းပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခြင်းမဟုတ်ပါဘူး
တိုင်းပြည်အတွက်အလုပ်လုပ်ရင်းနဲ့ တော့  နိုဘလ်ဆုရကောင်းရနိုင်ပါတယ်......

နောင်တချိန်မှာ
နာမည်စွန်းထင်းမူ့ မရှိတဲ့ 
တိုင်းပြည်စစ်သားကောင်းတစ်ယောက်
နိုင်ငံတော်ဗိုလ်ချုပ်တစ်ယောက်
နိုင်ငံတော် ၀န်ကြီးချူပ်တစ်ယောက်
နိုင်ငံတော် သမ္မတ တစ်ယောက်အဖြစ်.............

ကျနော်ရေးခဲ့ သမျှသမိုင်း နှောင်းလူများကသာ ဆုံးဖြတ်ကြပါစေ.........(မင်းသန့် )

No comments: