ရိုဟင်ဂျာ
ရိုဟင်ဂျာ လူမျိုးတို့သည် မြန်မာတိုင်းရင်းသား လူမျိုးစုများအတွင်းတွင် ပါဝင်ခြင်းမရှိပေ။ လွတ်လပ်ရေးမတိုင်မီ မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းများတွင် ရိုဟင်ဂျာ ဝေါဟာရ မရှိခဲ့ပေ။ လွတ်လပ်ရေးရပြီးတွင်လည်း မရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော အသုံးအနှုန်းသည် ၁၉၆၀-ခုနှစ်၊ ၀န်းကျင်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ခန့်မှန်းရသည်။ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်ခန့်၌ ဘိုးတော်ဘုရား လက်ထက်တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက် ဘိုးတော်ဘုရား စစ်တမ်း ဟုခေါ်ဆိုသောမှတ်တမ်းရှိခဲ့သည်။ ထိုစစ်တမ်းသည် ပြည့်စုံ၍ မြန်မာနိုင်ငံအတွင်း နေထိုင်သော လူမျိုးများ အားလုံးကို ကျကျနန စစ်တမ်းကောက်ထားခြင်း ဖြစ်သည်။ ထိုစစ်တမ်းတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်း မရှိခဲ့ချေ။
Contents[hide] |
[ပြင်ဆင်ရန်] ရိုဟင်ဂျာဟူသည်
ရိုဟင်ဂျာ ဆိုသည်မှာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာသော စကားဖြစ်သည်။ ရည်ရွယ်ချက် ဦးတည်ချက်မရှိပဲ လွင့်နေသော မည်သူ့ကိုမဆို ရခိုင်ဘာသာ စကားနှင့် လွင့်ဂျာဟု အဓိပ္ပာယ်ရသည်။- ဥပမာ။ ။သစ်ပင်များက သစ်ရွက်များကြွေလျှင် လေထဲ၌ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုသည်။
No comments:
Post a Comment