Saturday, July 14, 2012

NGO ၃၁ဖွဲ့၏ မြန်မာနိုင်ငံ လ.၀.က ဥပဒေပြင်ဆင်ဖို့ တောင်းဆိုချက်အား ဘီဒီစီမှ တုန့်ပြန်ချက်ထုတ်ပြန် ဆေ


Written by မင်းသွီး    Saturday, 14 July 2012 14:31    PDF Print E-mail
မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် NGO ၃၁ဖွဲ့မှ တောင်းဆိုလိုက်ခြင်းအပေါ် Burma Democratic Concern (BDC)မှ တုန့်ပြချက်တစ်စောင်ကို ဇူလိုင်လ ၁၂ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ယင်းတုန့်ပြန်ချက် ထုတ်ပြန်ရခြင်းနှင့် ပက်သက်ပြီး“မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်အတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရမည့်အချက်ကို ပြည်ပက NGO ၃၁ဖွဲ့ကတောင်းဆိုတာဟာဘောင်တစ်ခုကိုကျော်လွန်သွားပါတယ်၊ ဒီအတွက်ကျွန်မတို့ကဒီတောင်းဆိုတဲ့အဖွဲ့အစည်းတွေကိုယ်တိုင်ရှိနေတဲ့ နိုင်ငံတွေမှာတောင်ဒီလိုမျိုးကုလသမဂ္ဂ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိတဲ့ အစိုးရနိုင်ငံတွေအများကြီးရှိပါတယ်၊ အကယ်၍ ဥပဒေတစ်ရပ်ဟာ နိုင်ငံတကာအဆင့်ဖြင့် သက်ရောက်မှုရှိရမည်ဟု ယူဆတယ်ဆိုရင် ပြန်လည်မေးခွန်းထုတ်စရာတွေအများကြီးရှိပါတယ်၊ ဥပဒေတိုင်းသည် မိမိနိုင်ငံ၏အခြေအနေအလိုက် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရတာဖြစ်ပါတယ်၊ အမေရိကလိုနိုင်ငံမျိုး၊ အင်္ဂလန်လိုနိုင်ငံမျိုးတွေမှာလဲ သက်ဆိုင်ရာမိမိတို့ နိုင်ငံအလိုက်နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေကို ထုတ်ပြန်ထားလေ့ရှိပါတယ်။ ဘောင်တခုကိုကျော်ပြီး မြန်မာနိုင်ငံရဲ့ပြည်သူလူထုသဘောထား၊ သဘာဝအခြေအနေကို မလေ့လာဘဲ ၀င်ရောက်စွက်ဖက်နေတာက အကျိုးအကြောင်းမဆီလျော်ပါဘူးဆိုတာကို သတိပေးလိုက်တာဖြစ်ပါတယ်။” ဟု BDCရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ မဥမ္မာဦးက ပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ မောင်တောမြို့တွင် အခြေစိုက်သည့် NGOများသည်လည်း ယခုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ လ.၀.က ဥပဒေနဲ့ပက်သက်ပြီး တရားစီရင်မှုတွေမှာ ၀င်ရောက်စွက်ဖက်မှုများရှိနေသည်ကို“တရားမ၀င်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှု (လ၀က မှု/၁၃(၁) လို့ သိကြပါတယ်) တွေကို ဖမ်းဆီးအရေးယူတဲ့အခါမျိုးမှာ တရားခံကိုရုံးတင်စစ်ဆေးတဲ့ခါ တရားခံဘက်က ခုခံချေပဖို့အတွက် ရှေ့နေကို UNHCR က ငှားရမ်းပေးပြီး၊ ကုန်ကျစရိတ်ကိုပါ ကျခံပေးပါတယ်။ ဒါဟာ ဘာသဘောပါလဲ။ ဒီလိုပြစ်မှုမျိုးကို UNHCR က ကူညီထောက်ပံ့ပေးထားတယ်ဆိုတာ နိုင်ငံဖြတ်ကျော်မှုကျူးလွန်တာကို UNHCR က ထောက်ခံထားတဲ့ သဘောပါသလား၊ ဆက်လက်ကျူးလွန်ကြဖို့ အားပေးနေတဲ့သဘောလား၊ စဉ်းစားစရာအလွန် ကောင်းပါတယ်။ ကျွန်တော်နားလည်ထားတာက UN ဖြစ်ဖြစ်၊ တခြား Agencies ဖြစ်ဖြစ်၊ INGO တွေပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရနဲ့ တရားဝင် MOU (နားလည်မှုသဘောတူညီချက်) ရှိမှ လုပ်ငန်းဆောင်ရွက်ခွင့်ရှိပါတယ်။ နိုင်ငံတော်က UNHCR ကို ဒီလောက်ထိတော့ ဆောင်ရွက်ဖို့ သဘောတူထားလိမ့်မယ် မထင်မိပါဘူး”ဟု ဘူးသီးတောင်မြို့နယ်မှ မြို့နယ်သာသာရေးမှူး(ငြိမ်း) ဦးအောင်ကိုကို၏ Arakan Timesသို့ပေးပို့သည့် ဒီပြဿနာဘယ်ရှင်းကြမလဲ ဆောင်းပါးပါ ပြောပြချက်အရ သိရှိရသည်။
BDC statement
Last Updated ( Saturday, 14 July 2012 15:22 )
 

Add comment

No comments: