Thursday, October 4, 2012

ပညာရေး သင်ရိုးညွှန်းတမ်းရေးဆွဲ ချမှတ်ရာမှာ အားလုံးပါဝင်နိုင်ဖို့ လိုပါတယ် - ဆရာဦးသိန်းနိုင်နှင့် 7Days Journal အင်တာဗျူး



"လွန်ခဲ့တဲ့ ၂၄ နှစ် တိုင်းပြည်က ထွက်သွားစဉ်ကာလ ကျွန်တော်တို့ရဲ့ ခေတ်ကာလနောက်ခံ အခြေအနေဟာ ဒီနေ့နဲ့ မတူတော့ဘူး။ ဒါပေမဲ့ အဲဒီတုန်းက မြန်မာနိုင်ငံဟာ ပညာခေတ်မှာ နောက်အများကြီး မကျခဲ့ပါဘူး။ ၂၄ နှစ်တာကို ကျော်လာခဲ့တော့ ကျွန်တော်တို့ နိုင်ငံဟာ တော်တော်လေးကို ပြတ်ကျန်ခဲ့တာ တွေ့ရပါတယ်။ ပညာရေးဆိုတဲ့ အဓိပ္ပါယ်က ပို ကျဉ်းမြောင်း သွားသလားပေါ့။ အဲဒီအတွက် လူငယ်တွေ ရရှိလိုက်တဲ့ အသိပညာတွေဟာ တစ်ဦးချင်းအတွက်ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွက်ပဲဖြစ်ဖြစ်၊ ရှင်သန်မှုအတွက်၊ ဘ၀ ရပ်တည်မှုအတွက် မလုံလောက်မှာကို စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ ခေတ်ရဲ့ တောင်းဆိုမှုကို လိုက်ပါ ဖြည့်ဆည်းပေးတဲ့ ပညာရေးကို မရသေးဘူးလို့ ကျွန်တော် ထင်ပါတယ်။" ဆရာဦးသိန်းနိုင် - 7Days News Journal နှင့် အင်တာဗျူး (ရန်ကုန်၊ စက်တင်ဘာ ၂၀၁၂)


No comments: