Saturday, October 6, 2012

"ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်"


Saturday, October 06, 2012
`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား
ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ၎ ရက် နေ့လည် ၁၁ နာရီ
ကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေးခဲ့ကြောင်းသိရသည်။

မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်
(၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေအဘဦးခင်မောင်သန်း ၏ သမီးမခိုင်ရွှေရည်ဦးတို့(၂)ဦးသည်ငွေ
ကျပ်(၁၅)သိန်းကို ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်းထဲသို့ ထည့်၍ပြန်လာခဲ့ရာပြည်တော်သာလမ်းနှင့်သစ္စာလမ်းထောင့်အနီးတွင်
ဆိုင်ကယ်စီးယောက်ျားတစ်ဦးက ညာဘက်ခြမ်းမှကပ်ပြီး`ရန်ကင်းဈေ
ဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင်ကယ်ရှေ့ခြင်းထဲရှိပလပ်စတစ်အိတ်
ဖြင့်ထည့်ထားသောငွေထုတ်ကို နှိုက်ကာထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာ
အော်ဟစ်အ ကူညီတောင်းလိုက်သော်လည်းမမှီခဲ့ကြောင်းဗိုလ်ချုပ်လမ်းမ
အရောက်တွင် ယာဉ်ထိမ်းရဲမှကျော်လွန်သွားသောဆိုင်ကယ်စီးသူ၏ဦးထုပ်
အရောင်အားအမှတ်အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့
စက်ဖြင့်အကြောင်းကြားပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်
ထားခဲ့ခြင်း ၊အပေါ်အင်္ကျီချွတ်ထားခဲ့ခြင်းများပြု၍ ဗိုလ်ချုပ်ကြေးရုပ်
မြောက်ဘက်မှ ရုံးကြီးများဘက်သို့ချိုးကွေ့လွတ်မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိရှိရသည်။

အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁)ရဲစခန်းတွင် ပ/၂၄၀/၁၂ ပုဒ်မ(၃၈၂)ဖြင့်
အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။



Popular News

No comments: