Friday, October 19, 2012

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ စစ်တပ် လေ့လာသူအဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း


Friday, October 19, 2012

အာရှဒေသတွင်းရှိ အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ နှစ်စဉ်ပြုလုပ်
နေကျ စစ်ရေးလေ့ကျင့်မှုကို ယခုနှစ်တွင် မြန်မာနိုင်ငံက လေ့လာသူအဖြစ်
ပါဝင်ရန် အမေရိကန်က ကမ်းလှမ်းထားသည်ဟု ရိုက်တာသတင်းဌာနက သီးသန့် ရရှိသည့်သတင်းတွင် ဖော်ပြထားသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သားများ နှင့်
ခောတ်မှီစစ်လက်နက် ပစ္စည်းများသုံးကာစစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။
အဆိုပါစစ်ရေး လေ့ကျင့်မှုသည် အာရှဒေသအတွင်း တည်ငြိမ်မှုအတွက်
ဖြစ်သည်။ထိုင်း နိုင်ငံသည် ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုများကို
လက်ခံလာရာ နှစ်ပေါင်း ၃၀ ရှိသွားပြီ ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၀ခုနှစ်ကမှ ရွှေမြွေဟောက်စစ်ဆင်ရေး တွင် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ဂျပန် ၊ တောင်ကိုရီယားတို့ နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့်
ကျွန်းများတွင် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် အမေရိကန် က
ငွေကြေး စိုက် ထုတ် ပြီး ဦးဆောင်ပြုလုပ်သည့် Cobra Gold စစ်ရေး
လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်ရန် ဖိတ်ခေါ်ကြောင်း သတင်းထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်းတွင် ကျင်းပနိုင်ဖွယ်ရှိသည်။ မြန်မာ နိုင်ငံသည် ဗြိတိသျှ နှင့်လည်း စစ်ရေး ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင်လျှက်ရှိသည်

FNG

No comments: