Wednesday, October 17, 2012

ဗုဒ္ဓ ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော...




(23rd July 2012)

လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန် ကြီးထွားနေဆဲဖြစ်ကြောင်း သိပ္ပံ ပညာရှင်များမှလွန်ခဲ့သည့်ကြာသပတေး နေ့က ပြောကြားလိုက်ပြီ ဖြစ်သည်။

အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထားတွင်ရှိနေကြောင်းအိန္ဒိယ နိုင်ငံ မြောက်ပိုင်းပြည်နယ် ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တော သုတေသန ဌာနမှ သိပ္ပံပညာရှင် နှစ်ဦး ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်SubhashNautiyalဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိ ညောင် ပင်မှာ ဗုဒ္ဓဂယာတွင် ရှိပြီး အိန္ဒိယရှိ ဘီဟာ ပြည်နယ်တွင် ရှိနေခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေ အုတ်ခုံကို ဖယ်ရှားပြီးနောက် စမ်းသပ်ရာမှတစ်ဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်း ဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေ ခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင် အမြစ်ကို ပိုမိုပြီး အသက်ရှုခွင့် ပေးစေမည် ဖြစ်ပြီး ရှင်သန်စေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်သည်ဟု ၎င်းတို့မှ ပြောသည်။ ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှ ခရီးသွားများမှာ အများဆုံး ဖြစ်ကြောင်းလည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

source : xinhuanews

No comments: