Thursday, October 11, 2012

ယူကေနိုင်ငံရောက် ဗုဒ္ဓဘာသာဝင်များ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ


by Kalkal Lay on Thursday, October 11, 2012 at 3:51pm ·


၁၁ရက်၊အောက်တိုဘာ ၂၀၁၂

 Bangladesh Buddhist Association UK  နှင့် British Sri Lanka Forum တို့ပူးပေါင်း၍ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ယူကေနိုင်ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်များမှ စုပေါင်း၍ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြပွဲကို ယနေ့ ၊အောက်တိုဘာလ၊ ၁၁ရက်တွင် လန်ဒန်မြို့၊ ပါလီမန်စကွဲလ်ရှေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။


တောင်းဆိုဆန္ဒပြပွဲကျင်းပရခြင်းမှာ မကြာသေးခင်ကာလအတွင်းကမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် လူနည်းစုဒေသခံများဖြစ်သော ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်း၊ အိုးအိမ်များကိုမီးရှို့ဖျက်ဆီးခံရခြင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို မီးရှို့ဖျက်ဆီး၍ ဗုဒ္ဓဘုရားရုပ်ပွါးတော်များကို လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးခြင်းများကို တားဆီးရန်၊ ၎င်းတို့ယုတ်မာရက်စက်မူများကို ကမ္ဘာကသိရှိနိုင်ရန်  ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြ ကြခြင်းဖြစ်ပါသည်။



ထိုတောင်းဆိုဆန္ဒပြပွဲတွင်  Bangladesh Buddhist Association UK မှ Sujan Barua ကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် မိမိတို့ယခုကဲ့သို့တောင်းဆိုဆန္ဒပြပွဲများ၊ ကာကွယ်မူများမလုပ်လျှင် ဗုဒ္ဓဘာသာသည် မကြာခင်ကာလ အတွင်းမှာပင် ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားရတော့မည်ဖြစ်ကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် ပန်းဝါဒေသများတွင် မည်သည့်ဘာသာဝင်များကိုမှ တိုက်ခိုက်မူမရှိသော်လည်း၊ ယခုမူမိမိတို့ လူမျိုးတုံး၊ ဘာသာပျောက်အောင်ပင် ရည်ရွှယ်ချက်ရှိရှိ၊ အငြိုးကြီးကြီးဖြင့် လိုက်လံတိုက်ခိုက်ခံနေရကြောင်း၊ မိမိတို့ ဗုဒ္ဓဘာသာဝင်များမှာ ထိုဒေသတွင် လူနည်းစုသာဖြစ်၍ တစ်ရာခိုင်နှုံးခန့်သာရှိကြောင်း၊  မိမိတို့ ဗုဒ္ဓဘာသာကို မပျောက်ကွယ်၊ ရည်ရှည်တည်တန့်ခိုင်မြဲအောင် ဗုဒ္ဓဘာသာတိုင်းမှာတာဝန်ရှိကြောင်း အကျယ်တဝန့် ရှင်းလင်းပြောကြားခဲ့၍ ဆန္ဒပြအဖွဲ့ကြီးသည် ဒေါင်းနင်းလမ်း နှင့်  foreign office တို့သို့  petition လက်မှတ်များကို ပေးအပ်ခဲ့ကြပါသည်။



No comments: