Wednesday, October 3, 2012

ဘင်္ဂလီ ခိုးဝင်ကိစ္စမှာ မြန်မာအစိုးရက အရေးတကြီး ပြန်လည် စိစစ်ဖို့ လိုအပ်နေပါပြီ..

by Lwin Aung Soe on Tuesday, October 2, 2012 at 4:49pm ·


ဘင်္ဂလီ ခိုးဝင်ကိစ္စမှာ မြန်မာအစိုးရက အရေးတကြီး ပြန်လည် စိစစ်ဖို့ လိုအပ်နေပါပြီ..

ခိုးဝင်ဘင်္ဂလီတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး “မူ” ထက် ပိုမိုတဲ့ ရည်မှန်းချက်တွေ ရှိနေပြီး အဲဒီရည်မှန်းချက်တွေဟာ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် မြန်မာ့အချုပ်အခြာ၊ မြန်မာ့ဂုဏ်သိက္ခာ၊ ဗုဒ္ဓဘာသာနဲ့ လူမျိုးရေးတို့ကို ထိခိုက်ဖျက်ဆီးဖို့ အလားအလာတွေ ရှိနေတာ သက်သေအထောက်အထားတွေ ရှိပါတယ်။ ဒါကို အဖြစ်နိုင်ဆုံး တားဆီးကာကွယ်ရမှာက မြန်မာအစိုးရပါအဝင် ပြည်သူလူထုတရပ်လုံးရဲ့ အမျိုးသားတာဝန် ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံသားပေါင်းများစွာတို့က အကြိမ်ကြိမ် ပြောဆို တိုက်တွန်းနေခဲ့တာ ကြာလှပါပြီ။

OIC က ကိုယ်တိုင်လာရောက် ထောက်ပံ့ရေး အစီအစဉ် ရှိတယ် ဆိုတာကို သိလိုက်ရတော့ တကယ်ပဲ အံ့အားသင့်မိပါတယ်။ ဘယ်သူတွေက ဘယ်အချက်တွေပေါ်မှာ အခြေခံပြီး ဘယ်လို အကြံပေးကာ ဘယ်လို ဆုံးဖြတ်လိုက်သလဲ ဆိုတာကို နားမလည်တော့ပါ။ တကယ်လို့ စကားလွန်ထား ကျွံထားရင် အနည်းဆုံးတော့ ယာယီ ရပ်ဆိုင်းထားသင့်ပါတယ်။ ဒီလိုအစီအစဉ်ကို လက်ခံဖို့ အချိန်စောလွန်းတာကို အစိုးရအနေနဲ့ သတိကောင်းကောင်း ရှိထားသင့်ပါတယ်။

OIC ရုံးဟာ မူဆလင်တွေရဲ့ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးတဲ့ အဖွဲအစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ OIC အဖွဲ့ဝင် နိုင်ငံမဟုတ်ပါ။ မူဆလင်နိုင်ငံလည်း မဟုတ်ပါ။

မြန်မာနိုင်ငံထဲမှာ အစ္စလမ်ဘာသာကို အခြားဘာသာရေးတွေလိုပဲ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပြုထားတာကြောင့် တမူထူးခြားစွာ အခွင့်အရေးပေးရင် မလိုလားအပ်တဲ့ နောက်ထပ် တောင်းဆိုမှုတွေ ရှိလာပြီး အစိုးရကသာ အရင်ဆုံး အခက်အခဲတွေနဲ့ ရင်ဆိုင်လာရစရာ ရှိနိုင်ပါတယ်။ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ မှန်သမျှ လက်ရှိ အနေအထားကို အကောင်းအဆိုး အနည်းအများ သက်ရောက်စေနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများမှာ မူဆလင်အချင်းချင်း သတ်ဖြတ် ချေမှုန်းနေတာတွေ၊ မူဆလင် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ အခြားဘာသာရေးတွေအပေါ် ထိခိုက် ဖျက်ဆီးနေတာတွေ ရှိနေပါတယ်။ ဒါတွေဟာ နိုင်ငံ့လုံခြုံရေးကိစ္စကို ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တာကြောင့် အထူး သတိမပြုဘဲ နေလို့ မရပါဘူး။ ဒါတွေကို လစ်လျူရှုပြီး ဆုံးဖြတ်လို့ မရပါဘူး။ ဘယ်နိုင်ငံမဆို ဒီလိုမျိုး ကြုံကြိုက်နေခဲ့ရင် (သို့) ဖြစ်လာနိုင်စရာရှိရင် အမျိုးသားရေး စံနှုန်းနဲ့သာ ဆုံးဖြတ်ကာကွယ်ကြတာဖြစ်လို့ မြန်မာနိုင်ငံကလည်း အလားတူသာ ဖြစ်နေသင့်ပါတယ်။

ကုလသမဂ္ဂနဲ့ OIC တို့ဟာ ရည်ရွယ်ချက်ချင်း မတူညီတဲ့အတွက် OIC ရုံးဟာ ကုလသမဂ္ဂ ရုံး၊ ILO ရုံးလို အဆင့်အတန်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်တော့မှ တန်းတူပေးရမယ့် အနေအထား မရှိပါဘူး။

တကယ်လို့ မြန်မာနိုင်ငံဘက်က ဆွေးနွေးပြောဆိုဖို့ လိုအပ်တဲ့အခါမှာ မြန်မာနိုင်ငံမှာ သံရုံးအခြေစိုက်တဲ့ နိုင်ငံတခုဟာ OIC အဖွဲ့ဝင် ဖြစ်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့ သံရုံးက ကိုယ်စား ဆောင်ရွက်ပေးမယ့် အစီအစဉ်မျိုးသာ ဖြစ်ရပါလိမ့်မယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲမှာ တရားဥပဒေ စိုးမိုးရေးကိစ္စတွေကိုသာ အဓိကအားဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်သင့်ပါတယ်။ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်စေရအောင်၊ နေထိုင်သူတွေအားလုံး ဘေးအန္တရာယ် ကင်းဝေး လုံခြုံအောင် အဓိကထားပြီး ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်းမှာ ဖြစ်ပျက်နေတဲ့အတွက် အဖြစ်မှန်တွေကို စုံစမ်း စစ်ဆေးရာမှာ မြန်မာအစိုးရက ဖွဲ့စည်း သတ်မှတ်ပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကသာ  တိတိကျကျ လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။ အခြားပြည်ပအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေကို ခွင့်မပြုသင့်ပါဘူး။ ဒီနေရာမှာ နိုင်ငံ့ဂုဏ်၊ နိုင်ငံရဲ့ အမျိုးသားစိတ်ဓါတ်ကိုသာ မူတည်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်ရပါမယ်။ အားနာစရာကိစ္စ မဟုတ်ပါ။

ပဋိပက္ခ ဖြစ်ပွားရာ ဒေသအတွင်း နေထိုင်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ထောက်ပံ့ရေးကိစ္စတွေကို မြန်မာအစိုးရ (သို့) ပြည်တွင်း စေတနာရှင်တွေကသာ အဓိက လုပ်ဆောင်နိုင်ဖို့ အားထုတ်သင့်ပါတယ်။ တကယ်လို့ ပြည်ပအဖွဲ့အစည်းတွေက ထောက်ပံ့ချင်တယ်ဆိုရင်  နိုင်ငံတကာမှာ ယုံကြည်ခံရမှု အရှိဆုံး အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂမှတဆင့် ဆောင်ရွက်ပေးတာမျိုးသာ ဖြစ်သင့်ပါတယ်။

လွင်အောင်စိုး
၃-၁ဝ-၂ဝ၁၂



........................

No comments: