Thursday, October 18, 2012

လသည် တစ်ချိန်က ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုဟု သီအိုရီ အသစ်ကဆို



Friday, October 19, 2012

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အခြေဆိုက်စကြာဝဌာ
လေ့လာရေး (SETI ) သိပ္ပံမှ အသစ် ထုတ်ပြန်သော တွေ့ရှိချက် ဖြစ်သည်။
ယင်းမှာ လ သည် တစ်ချိန်က ကမ္ဘာ၏အစိတ
်အပိုင်း တစ်ခုဖြစ်ခဲ့သည် ဟူသော အချက်ဖြစ်သည်။

SETI မှာ နာဆာ နှင့် လက်တွဲလုပ်ကိုင်နေသော အာကာသလေ့လာရေး ပညာရှင်များဖြင့် စုဖွဲ့ထားသော အဖွဲ့အစည်း ဖြစ်သည်။ ယင်း SETI မှ လေ့လာတွေ့ရှိချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ကမ္ဘာသည် တစ်ချိန်က လည်နှုန်းအင်မတန်မြန်ပြီး အပတ်ရေ တစ်ပတ် တိတိလည်ရန် ၂ နာရီနှင့် ၃ နာရီ ကြားသာ ကြာသည်။ ထို့ကြောင့် တစ်ရက် မှာ ၂၄ နာရီမရှိပဲ ၂ နာရီနှင့် ၃ နာရီဝန်းကျင် သာရှိသည်။ ကမ္ဘာကို အားကြီးသော ဥက္ကာခဲများ ဝင်တိုက်ခဲ့ပြီး ပိုမိုကြီးမားသော ဥက္ကာခဲတစ်ခု ဝင်တိုက်မှုကြောင့် ကမ္ဘာ၏ အစိတ်အပိုင်း လွင့်စင်ထွက်ခဲ့ပြီး စွဲငင်အားတစ် ခုကြောင့် ကမ္ဘာနှင့် မခွာနိုင်ပဲ ပတ်လမ်းတစ်ခုအဖြစ် လည်ပတ်ကျန်ရှိခဲ့ခြင်း ဟုဆိုသည်။

ယင်း ကွဲထွက်သွားသော အစိတ်အပိုင်းနေရာမှာ နှစ်ကာလကြာသည်နှင့် အမျှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ နေ၏ဆွဲငင်အား၊ လ၏ ဆွဲငင်အား ဖြစ်ပေါ်လာမှုကြောင့် ကမ္ဘာလည်နှုန်းမှာ ၂ နာရီ ၃ နာရီ မြန်ဆန် မှုက တဖြည်းဖြည်း နှေးလာပြီး ၂၄ နာရီသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သီအိုရီအသစ်က ညွန်းဆိုသည်။

ယင်းသီအိုရီအသစ် ထုတ်ပြန်မှုကြောင့် အာကာသနှင့် ကမ္ဘာမြေဆိုင်ရာ
လေ့လာနေသူများအကြား လက်ခံသူများရှိသလို လက်မခံသူများလည်း ရှိလာကြောင်း သိရသည်။
----
TSJ

No comments: