Wednesday, October 24, 2012

ရခိုင်မှားရင်၊ ရခိုင်ကိုပစ်၊ ဘင်္ဂလီမှားရင် ဘင်္ဂလီကို ပစ်ဆိုတဲ့ အတွေးအခေါ်အများစု ဖော်ပြခြင်းခံနေရ


ယခု ပြန်လည်ဖြစ်ပွားလာတဲ့ ရခိုင်အရေးအခင်းကြောင့် တပ်မတော်ကို မျှော်လင့်သူများလာသလို ရခိုင်မှားရင်၊ ရခိုင်ကိုပစ်၊ ဘင်္ဂလီမှားရင် ဘင်္ဂလီကို ပစ်ဆိုတဲ့ အတွေးအခေါ်အများစု ဖော်ပြခြင်းခံနေရပါတယ်..။

ယခုဖြစ်ပေါ်လာတဲ့ ဘင်္ဂလီတွေ ကျုးကျော်အခြေချနေထိုင်လာတဲ့ ပြဿနာအဆင့်ဆင့်ကို သုံးသပ်ကြည့်ရင် ပြည်ပက ဘယ်လောက်အော်နေပါစေ ပြည်တွင်းက တံခါးဖွင့်ပေးသူများကြောင့် ဆိုတာ ငြင်းမရသလို မဟုတ်တာလုပ်ရင် လူသိလွယ်တဲ့ ဒီဘက် အစိုးရသစ်ခတ်မှာတောင် ရန်ကုန်နဲ့ နယ်တွေကို တရားမ၀င်ရောက်လာတဲ့ ဘင်္ဂလီတွေ အများကြီးကိုတွေ့နေရသလို နစက ခေါင်းဆောင် (ဗမက အောင်ကြီး) ရဲ့ ရခိုင်ကိစ္စ ကိုင်တွယ်ပုံကြောင့် လွင့်သွားတာကို သိခဲ့ရတဲ့အတွက် ယခင် စစ်အစိုးရလက်ထက် (ကာချုပ်ကြီးက နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့ခေတ်) မှာ လူဝင်မှုကိစ္စမှာ အဂတိလိုက်စားပြီး ဘယ်လောက်အထိ ယိုပေါက်တွေ ဖြစ်နေတယ်ဆိုတာကို ပြန်လည်လေ့လာသုံးသပ်လို့ရမှာဖြစ်ပါတယ်..။

အခြေခံဥပဒေပုဒ်မ (၄၄၅) မှာ ယခုအစိုးရဟာ ယခင်အစိုးရ (သွားလေသူကြီးအပြောအရ တပ်မတော်အစိုးရ) ရဲ့ ဆောင်ရွက်ချက်တွေ၊ အမိန့်၊ ဥပဒေ၊ နည်းဥပဒေတွေ အပါအ၀င် အစစအရာရာကို အမွေဆက်ခံတယ်လို့ အတိအလင်းပြဌာန်းထားတဲ့
အတွက် ယခု ကိစ္စမှာလည်း ယခင်စစ်အစိုးရအဆက်ဆက် မထိန်းနိုင်ပဲများပြားလာတဲ့ ဘင်္ဂလီတွေရဲ့ ဥပဒေမဲ့ ပေါက်ပွားရှင်သန်မှု၊ တရားမ၀င် နိုင်ငံသားမဟုတ်သူများ သိန်းပေါင်းများစွာရောက်ရှိနေမှုကို ယခုအစိုးရဟာ ရခိုင်တိုင်းရင်းသားတွေအတွက် တာဝန်ခံရမှာဖြစ်ပါတယ်..။

အဲဒါကြောင့် ယခင်ကတည်းက အဂတိကြောင့် ရှုပ်ခဲ့တဲ့ ဘင်္ဂလီ အထုပ်အရှုပ်ကြီးဟာ ရခိုင်တိုင်းရင်းသားရဲ့ အပြစ်မဟုတ်တဲ့အတွက် စစ်အုပ်ချုပ်ရေးအရ ရခိုင်ကိုပစ်ခတ်ရင် သမိုင်းအစဉ်အလာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းများစွာ မတိုးတက် မစည်ပင်ပဲ ဓာတ်ငွေ့ပုံပေါ်ခွထိုင်ပြီး ဖောင်စီးရင်းရေငတ်နေရတဲ့ နာကျည်းမှုတွေကို မီးထိုးပေးလိုက်သလိုဖြစ်ခါ အစိုးရအပေါ် ပိုမိုနာကျည်းစေပြီး နောက်လာမယ့် မငြိမ်းချမ်းသော တောတွင်းလက်နက်ကိုင်တွေဟာ ရခိုင်တိုင်းရင်းသားတွေဖြစ်လာပါလိမ့်မယ်..။

မာရှယ်လောကာလရောက်ခဲ့ရင် တပ်မတော်သား ရဲဘော်များရဲ့ ရပ်တည်မှု၊ စားဝတ်နေရေးကျပ်တည်မှုကြောင့် အဆင်ပြေတဲ့ ဘင်္ဂလီရွာများအနားမှာနေတဲ့ တပ်မတော်သားတွေရဲ့ စာရိတ္တကို စိန်ခေါ်မှုတွေဖြစ်လာနိုင်သလို တရားဥပဒေစိုးမိုးရေးကိုလည်း ချိမ်းခြောက်လာနိုင်ပါတယ်..။

အမိန့်အရ ဆိုပေမယ့် တကယ် စိုးမိုးနိုင်ပါ့မလား.....။
၈၈ အရေးအခင်းကြီးတစ်ခုကို ....မာရှယ်လောကနေစပြီး နှစ်နှစ်ဆယ်ကျော် စစ်တပ်အုပ်ချုပ်ခဲ့တာ..... ဘယ်သူတွေ အဂတိလိုက်စားမှု အရိုးစွဲသွားကြသလဲ...။ ဘယ်သူတွေ စာရိတ္တ ပျက်ပြားသွားကြသလဲ..။ ဘယ်သူတွေ...... ဘာတွေ လုပ်တတ်သွားသလဲ...။
တပ်မတော်သားတွေပါပဲ... ။
ဒါဟာ သမိုင်းမှာ ငြင်းမရပါဘူး...။

လက်တွေ့ကို ပြန်မြင်ကြည့်ကြစေလိုပါတယ်..။ လက်ရှိအချိန်မှာတောင် ၀ယ်ခငွေ နှစ်သောင်းလောက်ပေးလို့ ဆန်အိတ်ဝယ်ပေးတာတွေ .. တကယ် ရှိနေပါတယ်..။

အစိုးရအနေနဲ့ ဒီကိစ္စကို တာဝန်ယူမှုရှိစွာ တိတိကျကျနဲ့ တည်ငြိမ်အောင် ဖြေရှင်းဖို့လိုပါတယ်..။

ထိုင်းလို ပြောရဲရပါ့မယ်...။ ပြောရင်လည်း တကယ်လုပ်ရဲရပါမယ်...။

OIC ရဲ့ အခန်းကဏ္ဍကို လျှော့တွက်ခဲ့ပြီး ပြတ်သားစွာ မဆုံးဖြတ်ခဲ့လို့ ဒီကိစ္စတွေ ပြန်လည်စတင်လာတယ်လို့ ..... ယူဆပါတယ်..။

ဒါဟာ ရေရှည်ကြီးထွားလာမယ့်ပြဿနာဖြစ်ပါတယ်..။
 
Yesterday

စစ်တပ်မှ ကုလားကို ကာကွယ်ပြီး ရခိုင်သားများကို ပစ်ခတ်မှုကြောင့် ဘယ်ဘက်ခြေထောက်တွင်ဒါဏ်ရာရရှိခဲ့သော အထုတ်သည်မ ကျေးရွာမှ မောင်သန်းရွှေ အသက်(22)နှစ်အား ပုဏ္ဏားကျွန်းမြို့မှ တစ်ဆင့် စစ်တွေဆေးရုံသို့ သယ်ယူသွားကြောင့် သိရှိရသည်။

No comments: