by Thanda Win on Sunday, 30 September 2012 at 21:14 ·
အရင်ဆုံး ဒီဆောင်းပါးကို ဘာသာပြန်ဖြစ်တဲ့အကြောင်းကို နဲနဲပြောပြချင်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာပြီးနောက် အစိုးရရဲ့
ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီး တိုင်းပြည် အတွက်ဆိုရင် အသုံးချရင်တောင်
ခံလိုက်မယ်လို့ ရဲရဲရင့်ရင့်ပြောခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါ်စု NLD ကို
ရောင်းမစားပါနဲ့လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သူတွေ ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်အရေး မှာ နှုတ်ပိတ်နေတယ်လို့ ရခိုင်များက စွပ်စွဲကြပါတယ်။ ဘင်္ဂါလီများဘက်က လူ့အခွင့်အရေးခေါင်းတပ်သူများ ကလည်း ငြိမ်းချမ်းရေး ဆုနဲ့ မတန်ဘူး လို့ ပြောကြပါတယ်။ ဘင်္ဂါလီများကို ကာကွယ်ပေးရင် ၂၀၁၅ မှာ မဲမရမှာစိုး လို့ပါ လို့ စွပ်စွဲ ခဲ့ကြ တဲ့အထဲမှာ လက်ရှိအင်္ဂလန်မှာ အခြေချနေတဲ့ ဒေါက်တာဇာနည်နဲ့ ဧရာဝတီ သတင်း အဖွဲ့က ထိပ်ဆုံး ကပါပဲ။ ကချင်စစ်ပွဲအရေးမှာလည်း ဒီအတိုင်းပါပဲ။ အခုနောက်ဆုံး တို့မီးရှို့မီး မလုပ်ကြပါနဲ့ လို့ အမေရိ ကန်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်ပြောတဲ့အတွက် တချိန်ကတော့ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ကြဆိုပြီးတော့ အခုမှ ပါးစပ်ပိတ်နေရမှာလားလို့ အမာခံ အတိုက် အခံ ပြည် ပရောက်များက အထွန့်တက်တာတွေ မမြင်ချင်အဆုံးတွေ့နေရပါတယ်။
အရှင်းဆုံးပြောရရင် ကျွန်မဟာဘယ်တုန်းကမှ ဒေါ်အောင်ဆန်းစုကြည် ကို ပုဂ္ဂိုလ်ရေးမကိုးကွယ်ခဲ့ပါဘူး။ သူ့ရဲ့ Sanction ဟာ ပြည်သူတွေကို မထိခိုက်ပါဘူးဆိုတဲ့အမြင်ကို ဒီနေ့ အထိ သဘောမတူပါဘူး။ ဒါပေမယ့်လည်း ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ ဒုက္ခမပေးခဲ့တဲ့ အမျိုးသမီး တဦးတည်းကိုပဲ ယောက်ျားရင့်မကြီးများက နှိပ်စက်ကြ၊ အသုံးချကြ၊ စွပ်စွဲကြနဲ့ အမျိုးမျိုးအနိုင်ကျင့်နေ တာမြင်ရတဲ့အတွက် ဒေါသဖြစ်မိပါတယ်။ မြတ်စွာဘုရားတောင်မှ အကဲ့ရဲ့ခံရတဲ့ဘေးက မလွတ်ပါဘူးလို့ အမေကတော့ ကျွန်မကို တရားချပါတယ်။ ကျွန်မကတော့ သိကြားမင်းကြီးကျွဲယောင်ဆောင်တာတောင် ဂျိုကားတယ်လို့ ကဲ့ရဲ့ချင်နေကြသူများကို လူမိုက်တရာကဲ့ရဲ့ပေမယ့် လူတော်တယောက်ချီးကျူးတာက တန်ဖိုးပိုရှိတယ်ဆိုတဲ့အကြောင်း သိစေချင်လို့ ဒီဆောင်းပါးကို ဘာသာပြန်ပါတယ်။ မကျွမ်းကျင်မှုကြောင့်
ချွတ်ယွင်းချက်များရှိနေတာကို ကြိုတင်တောင်းပန်လိုပါတယ်။
(စာရေးသူ သောမတ်စ်ဖရိမန်းဟာ ဆရာကျော်ဝင်းရဲ့ နာမည်ကျော် စာအုပ် ကမ္ဘာပြားပြီ ကို မူလရေးသူဖြစ်ပါတယ်။ အမေရိကန် New York Time ဂျာနယ်ရဲ့ ပင်တိုင်ဆောင်း ပါးရှင်ဖြစ်ပြီး စူးရှတဲ့အမြင်နဲ့ ခတ်ဆတ်ဆတ်ဝေဖန်မှုများကြောင့် နာမည်ကြီးသူဖြစ်ပါတယ်။ ကမ္ဘာတလွှား ကို အနှံ့သွားခဲ့ပြီး ဗဟုသုတကြွယ်ဝသူဖြစ်ကြောင်းလည်း သူ့ရဲ့ The World is flat စာအုပ်ကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ လွတ်လပ်တဲ့အတွေးအခေါ်ရှိသူ Liberal ၀ါဒ သမားတယောက်ဖြစ်ပါတယ်။ )
-------------------------------------------------
၁၉.၀၉.၁၂ နေ့မှာ မြန်မာပြည်ဧ။်ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန်နိုင် ငံကို ရောက်ရှိပြီး Congressional Gold Medal ဆုကို ၀ါရှင်တန်မြို့မှာ အခမ်းအနားနဲ့ ချီးမြှင့်ခြင်းခံရပါ တယ်။ လွှတ်တော် အမတ် John McCain (ဂျွန်မက်ကိန်း) ပြောသွားတဲ့ ကျေးဇူးတင်စကားဟာ ကျွန်တော့် ကို အထင်ကြီးလေးစားမှုတွေနဲ့ စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဂျွန်မက်ကိန်းက “သူ့ကို ဒီအသက်ဒီအရွယ်မှာ သူရသတ္တိအကြောင်း သင်ပေးနိုင်တဲ့ ဂုဏ်ထူးဆောင်အမျိုးသမီးပါ"တဲ့။ အခန်းအနားပြီးဆုံးချိန်မှာ မက်ကိန်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကျော် စကားလုံးများကို ပြန်ရွတ်ပြပါတယ်။
“လူတွေကို အကျင့်ပျက်နိမ့်ကျစေတာက အာဏာ မဟုတ်ပဲ အကြောက်တရား ဖြစ်ပါတယ်။ အာဏာကို ဆုံးရှူံးရမှာ ကြောက်ခြင်းကြောင့် အာဏာရှိသူတွေဟာ အကျင့်ပျက်ခြစားမှုကို ကျုးလွန်ကြသလို အာ ဏာနှင့်အနိုင်ကျင့်ခံရမှာကြောက်ခြင်းကြောင့်လည်း အကျင့်ပျက်ခြစားမှုများကို ကျုးလွန်ကြရပါတယ် “
ကျွန်တော်ကတော့ အကျင့်ပျက်နိမ့်ကျမှုဆိုတာ အာဏာကြောင့် မဟုတ်ပဲ အာဏာကို ဆုံးရှူံးမှာကြောက်တဲ့အကြောက်တ၇ားကြောင့် ဆိုတဲ့စကားလေးကို အရမ်းသဘော ကျပါတယ်။ သိပ်ကိုမှန်ပြီး လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီလှပါတယ်။ ဒီနေ့ဆိုရင် လူတွေမဲမပေးမှာ လူကြိုက်မများမှာတွေကို ထည့်မတွက်ပဲ လူတွေကို နားဝင်မချိုတဲ့ အမှန်တရားတွေ အငြင်းပွားဖွယ်ရာ အမြင်တွေကို သတ္တိရှိရှိပြောဝင့်တဲ့ ခေါင်းဆောင်ဆိုတာ အလွန်ကိုရှားပါးနေ ပါပြီ။ ဒေါ်အောင် ဆန်းစုကြည် ဟာတိုင်းပြည်အတွက်အနှစ်၂၀ကိုစွန့်ဝံ့ခဲ့ပါတယ်။ ခေါင်းဆောင်အများစုကတော့ နောက်ထပ်ရွေးကောက်ပွဲ သက်တမ်းတခုစာတောင် မစွန့်စားရဲကြတော့ပါဘူး။
ဒါကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။ အစ္စလမ်ဘာသာဝင်တွေဟာ ကိုင်ရိုမြို့က အမေရိကန်သံရုံးကို ဘာမဟုတ်တဲ့ ဗီဒီရိုရုပ်ရှင်တခုကြောင့် တိုက်ခိုက်ခဲ့ကြပါတယ်။ အစ္စလမ် ညီ အကိုများပါတီက အီဂျစ်သမ္မတသစ် မိုဟာမက် မော်စီဟာ ပထမပိုင်းမှာတော့ ဒီလိုတိုက်ခိုက်သူများကို ရှူံ့ချဖို့ငြင်းခဲ့ပါတယ်။ အမေရိကန်သံရုံးဝန်ထမ်းတွေကိုလည်း ကာကွယ်ပေးဖို့လည်းငြင်းပါတယ်။ သမ္မတ အိုဘားမားထံက အီဂျစ်သမ္မတထံကို ခိုင်းတာမလုပ်ပေးရင် ထောက်ပံ့ငွေတပြားမှ မပေးနိုင်တော့ဘူးလို့ ဖုန်းနဲ့ညွှန်ကြားတာကို ပူစပ်ပူလောင်ဖြစ်သွားအောင် မခံရမချင်းဆိုပါတော့။ ဒီတော့မှပဲ တိုက်ခိုက်မှုကို ရှူံ့ချမှုတွေလုပ်ပါတော့တယ်။ အစ္စလမ်ညီအကိုများပါတီကတော့ မော်စီဟာ သံခင်းတမာန်ခင်းတွေနဲ့ သဘောထားတင်းမာသူ ဆာလာဖစ် မူဆလင်များကြားထဲမှာ ဗျာများနေရတယ်လို့ ရှင်းပြကြပါ တယ်။ ခေါင်းဆောင်မှုဆိုတာ ဦးဆောင်မှုမဟုတ်ပဲ ရွေးချယ်မှုဖြစ်နေတာကတော့ စိတ်မကောင်းစရာပါပဲ။ ဒါ မကောင်းတဲ့ လက္ခဏာပါ။
မှန်လုံအိမ်ထဲနေနေကြတဲ့ လူများအကြောင်းကလည်း သိကြတဲ့ အတိုင်းပါပဲ။ ဂျူလိုင်လထဲမှာ လွှတ်တော်ကိုယ်စားလှယ် မိုက်ကယ် ဘက်မန်း ဟာ အမေရိကန်အစိုးရထဲမှာ အစ္စလမ်များကို ဆန့်ကျင်တဲ့စိန်ခေါ်ပွဲတခုစတင်ခဲ့ပါတယ်။ ဘက်မန်းဟာ အမေရိကန် လုံခြုံရေးခေါင်းဆောင် များဆီကို စာရေးမေးမြန်းခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းက အစ္စလမ်ညီ အကိုများ အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းကို ထိုးဖောက်ဝင်ရောက်နေပါသလားတဲ့။ အမတ်မင်း မက်ကိန်းနဲ့ လွှတ်တော်ဥက္ကဌ ဂျွန်ဘိုးနာ တို့ကတော့ ဘက်မန်းရဲ့ ခြေရာခံလိုက်မှုကို ချီးကျူးကြပေမယ့် လွှတ်တော်အမတ်အများစုရဲ့ခေါင်းဆောင်ဖြစ်တဲ့ အီးရစ်ကန်တာကတော့ တကွက်ကျော်မြင်ပါတယ်။ စီဘီအက်စ် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဘိုးနာကို တိုက်ခိုက်ဖို့ ကျွန်တော်ထင်တာတော့ ဘက်မန်းဟာတိုင်းပြည်လုံခြုံရေးကို စိုးရိမ်တာဖြစ်မှာပါလို့ ပြောသွားပါတယ်။ ဟုတ်ပါ့ မစ္စတာကန်တာခင်ဗျား။ ဒါဟာအမတ်မင်းဂျိုးမက်ကာသီ စိုးရိမ်ဆုံးအချက်လည်းဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုဟာ အီရန်ရဲ့ နူလက်နက်အစီအစဉ် များအတွက် လူသိရှင်ကြားမင်နီတားပြဖို့ အမေရိကားကို ကျယ်ကျယ်လောင်လောင်တောင်းဆိုနေပါတယ်။ ဒီလိုလုပ်လိုက်ရင် တီဟီရန်နဲ့ ရန်ဘက်ဖြစ်ပါတော့မယ်။ နေတန်ညာဟုဟာ ၀င်စတန်ချာချီကိုအတုခိုးပြီး အမေရိကားကိုတောင်းဆိုပေမယ့် ပါလက်စတိုင်းအနောက်ဘက်ကမ်းမှာ အစ္စရေးတွေ နယ်မြေချဲ့ထွင် တာကိုရပ်တန့်ဖို့၊ ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ပြုလိုက်ဖို့တွေကိုတော့ ပါးစပ်မဟပါဘူး။ ကျွန်တော့်ညွန့်ပေါင်းအစိုးရရှူံးသွားမှာပေါ့လို့ ပြန်ဖြေပါတယ်။ ဒီလိုဆိုရင် အမေရိကားကတော့ အီရန်နဲ့ စစ်ဖြစ်နိုင်တဲ့ စွန့်စားမှုမျိုးတော့လုပ်၇မယ်၊ နေတန်ညာဟုကတော့ ပါလက်စတိုင်းများနဲ့ညှိနှိုင်းခြင်းအားဖြင့် အစ္စရေးအတွက်ကော အမေရိကားအတွက်ကော ကမ္ဘာမှာမျက်နှာနဲနဲလှစေနိုင်တာမျိုးကိုတော့ မစွန့်စား ဘူးပေါ့။ ကျေးဇူးကြီးပါ့ဗျာ။
အိုဘားမားဟာ အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး ဘိုးနာနဲ့ ပြီးခဲ့တဲ့ တနှစ်လုံးလုံးညှိနှိုင်းကြရာမှာ အမှားမှန်သမျှကို ကျုးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မေးခွန်း တခုဝင်မေးချင်ပါတယ်။ အိုဘားမားက အခွန် ဒေါ်လာ ဘီလီယံ၄၀၀ တိုးကောက်ဖို့ ပြောတော့ ဘိုးနာက့ ထွက်ပြေးလာတယ်လို့ ပြန်ပြောပြပါတယ်။ ဘိုးနာဟာ အိုဘားမားကို အခွန်မတိုးပဲ အရင်နှုန်းအတိုင်းထားဖို့ ဘာကြောင့်မပြောခဲ့ပါလိမ့်။ သူဒီလိုလုပ်ခဲ့ရင် ဘိုးနာဟာ သူ့ရဲ့ လွှတ်တော်ဥက္ကဌနေရာကို ဆုံးရှူံးနိုင်တာကို သိနေလို့ပါပဲ။ ဒါကြောင့် သူ မပြောခဲ့တာပါ။
အိုဘားမားကတော့ နိုင်ငံရေးကိုထည့်မတွက်ပဲ ရဲရဲရင့်ရင့်ဦးဆောင်မှုနဲ့ အကောင်း ဆုံးလုပ်ရပ်တွေကို လုပ်ခဲ့ပါတယ်။ ဥပမာ -- ဘင်လာဒင်ကိုသတ်နိုင်ခဲ့တာ၊ ကျန်းမာေ၇းစောင့်ရှောက်မှုကို လူများစုအကြိုက်မဟုတ်ပေမယ့်ပြင်ဆင်ခဲ့တာ၊ ပညာရေးမှာမြှုပ်နှံတာ၊ ဘဏ်တွေကို ကာကွယ်ပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးကို ဦးစားပေးလိုက် တဲ့အချိန်မှာတော့ အဆိုးဆုံးတွေကို လုပ်ခဲ့ပါတော့တယ်။ အာဖဂန်ကို တပ်တွေ ၂ ဆတိုးလွှတ်တာမျိုးပါ။
ကျွန်တော့်ရဲ့ အမြင်အရတော့ ဒီလို ကမ္ဘာ့ခေါင်းဆောင်များရဲ့ ချွတ်ယွင်း အားနည်း ချက်ဟာ သိပ်တော့ကြာကြာခံမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးဟာ တနေ့ တခြားပိုမိုပြီး အချင်းချင်းမှီခိုရပ်တည်နေကြရတာနဲ့အမျှ ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုတခုဟာ တခြားနိုင်ငံ များကိုလည်း အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။ ဥရောပစီးပွားရေးကပ်ဆိုက်မှု၊ အစ္စရေး အီရန် ပြသနာ၊ တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေမှု စတာတွေကို စဉ်းစားကြည့်ကြပါ။ ပြီးတော့ ဒီမြေပေါ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဈေးကွက် နဲ့ သဘာဝ ပတ်ဝန်းကျင်တို့ကလည်း နောက်ထပ် ၁၀ နှစ်လောက် ဆက်ပြီး စိတ်၇ှည်ရှည်စောင့်ပေးတော့မယ် မထင်ပါဘူး။ တကယ့် သံမဏိ ခေါင်းဆောင်မှုမျိုးနဲ့ ဘတ်ဂျက် အကြီးအကျယ်လိုငွေပြမှုတွေ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို မကိုင်တွယ်နိုင်တဲ့ အတွက် ပြင်းပြင်းထန်ထန်ဒဏ်ခတ်ပါလိမ့်မယ်။
ဒါကြောင့်လည်း မြန်မာခေါင်းဆောင် အမျိုးသမီးကြီးဒေါ်အောင်ဆန်းစုကြည် ကို ဆုတံဆိပ်နဲ့သာမကပဲ စံနမူနာယူထိုက်သူအဖြစ်နဲ့ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြရအောင်ပါ ခင်ဗျား။
http://www.nytimes.com/2012/09/23/opinion/sunday/friedman-hard-lines-red-lines-and-green-lines.html?_r=0
http://www.facebook.com/notes/thanda-win/%E1%80%90%E1%80%85%E1%80%B9%E1%80%9B%E1%80%AC%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%90%E1%80%B1%E1%80%9A%E1%80%AC%E1%80%80%E1%80%B9/537350082948627

ON Wednesday, Myanmar’s democracy leader, Aung San Suu Kyi, came here
and was awarded the Congressional Gold Medal at a ceremony in the
Capitol. I was not there, but I read the transcript and was deeply
impressed by the emotional tribute delivered by Senator John McCain, who
thanked “ ‘The Lady,’ for teaching me at my age a thing or two about
courage.” In closing, McCain quoted Aung San Suu Kyi’s famous dictum
that “it is not power that corrupts but fear. Fear of losing power
corrupts those who wield it, and fear of the scourge of power corrupts
those who are subject to it.”
I love that line: it’s not power but the fear of losing power
that corrupts. It is deeply true and relevant today, when so few leaders
now dare to throw caution and polls to the wind and tell people the
truth about anything hard or controversial. Aung San Suu Kyi gave up 20
years of her life for her country. Many leaders today won’t even give up
a news cycle.
You see it everywhere: Muslims go on a rampage against the U.S. Embassy
in Cairo because of a despicable and juvenile anti-Muslim video on
YouTube — and the new Egyptian president, Mohamed Morsi, from the Muslim
Brotherhood, at first refuses to condemn them or even properly protect
America’s diplomatic mission. Only a blistering phone call from
President Obama, who no doubt hinted that Egypt wouldn’t get another
penny of foreign aid if Morsi didn’t act, prompted the Egyptian leader
to condemn the attack. Muslim Brotherhood officials “explained” that
Morsi was torn between the demands of diplomacy and not wanting to
alienate his base or be outflanked by even more hard-line Salafist
Muslims. Sorry, to lead is to choose. Not a good sign.
But you know what they say about people in glass houses. ... In July,
Representative Michele Bachmann started a bogus campaign against Muslims
in the U.S. government, including a top aide to Secretary of State
Hillary Clinton. Bachmann wrote to the leaders of America’s national
security agencies questioning whether the Muslim Brotherhood had
infiltrated the federal government. Both Senator McCain and the House
speaker, John Boehner, chastised Bachmann for her politically inspired
witch hunt — but not Eric Cantor, the House majority leader. The
ambitious Cantor saw a chance to get a little political edge with the
Republican base, against his rival Boehner, and told Charlie Rose of CBS
News that we should understand Bachmann: “I think that her concern was
about the security of the country.” Yes, right, Mr. Cantor, and I
suppose that was all Senator Joe McCarthy was concerned about, too.
Prime Minister Bibi Netanyahu of Israel has been loudly demanding that
America publicly draw a “red line” in respect to Iran’s nuclear program
that would delineate exactly when the U.S. would launch a strike against
Tehran. Bibi is Winston Churchill when it comes to demanding that the
U.S. draw red lines, but he is a local party boss when America asks him
to draw a “green line” delineating where Jewish settlements in the West
Bank will stop and a Palestinian state might start. Oh, no! Can’t do
that, Bibi tells American officials. “I would lose my coalition.” So
America is supposed to risk a war with Iran, but Bibi won’t risk
anything to advance a deal with the Palestinians that might create a
little more global legitimacy and sympathy for Israel, and America, in
the event of a war with Iran. Thanks a lot.
Obama made every mistake in the book in trying to negotiate a “grand
bargain” on taxes and spending last year with Mr. Boehner. But I’ve
always had one question: Boehner said that he walked away after Obama,
at the 11th hour, asked for $400 billion more in taxes to bring along
more Democrats. Why did Boehner just walk away and not call Obama back
and say, “Here is my deal — no $400 billion more — take the original
bargain or leave it.” He didn’t do that because he was afraid Obama
might take it — and Boehner knew he could not deliver his Tea Party base or would lose his speakership trying. So he didn’t try.
As for Obama, he’s been at his best when he has dared to lead without
fearing the politics: taking out Osama bin Laden, securing health care
without a public option, racing to the top in education and saving the
banks rather than throwing all the bankers in jail, which they deserved.
And he has been at his worst when he’s put politics first: spurning
Simpson-Bowles, doubling down on Afghanistan for fear of being called a
wimp and dropping “climate change” from his speeches.
My gut tells me that this deficit of global leadership can’t last. For
one thing, the world is getting so interdependent that weak leadership
in one country now deeply impacts so many others. Think euro crisis,
Israel-Iran or Chinese pollution. And, for another, I don’t believe the
two most powerful disciplining forces on the planet — the market and
Mother Nature — will sit idle for another decade and let us keep
building these huge financial deficits and carbon surpluses without one
day delivering some punishing blows that will require herculean
leadership to deal with.
So let’s honor The Lady from Myanmar, not just with a medal, but in a way that really matters — with emulation.
No comments:
Post a Comment