Wednesday, October 24, 2012

ဝက်မှေးရွာက အာဇာနည်တွေရဲ.တော်လှန်ရေးသမိုင်း



ဘယ်နိုင်ငံရေးသမားတွေနဲ့မှမသိခဲ့ကြသေးတဲ့အချိန်တုန်းက
ဝက်မှေးရွာက အာဇာနည်တွေရဲ.တော်လှန်ရေးသမိုင်း ဖတ်ကြည့်ယင်းကြက်သီးတဖြန်းဖြန်းထလို.
ဝမ်းနည်း ၀မ်းသာ ခံစားလိုက်ရပါတယ်---------
(ရွာသူတွေ အားလုံးကို မအေးနက်တို မသွဲ့သွဲ့ဝင်းတို့က ဥိးဆောင်အော်ဟစ်ခေါ်ငင်ပြိး ၀ါးရင်းတုတ်ကိုယ်စိနဲ့ အပြေးအလွှား ဘုန်းကြီးကျောင်းကို ပြန်လာပြိးကာကွယ်ကြ တယ် ။ နောက်ဆုံးတဲ့ပြင်းထန်တဲ့ပဋိပက္ခကိုရှောင်ဖို့ ဘုန်းကြီးရဲ့ ပစ္စည်းတွေသာ သယ်
ပြီး အုပ်ချုပ်ရေးအဖွဲ့တွေပြန်လည်ထွက်ခွါသွားတော့တယ် -
အဲဒိအချိန်အထိ ဘယ်နိုင်ငံရေးသမားတွေနဲ့မှမသိခဲ့ကြသေးပါဘူး - - - )
===========================================
ဝက်မှေးဘုန်းကြီးကျောင်းကို အလုံးအရင်းနဲ့ဖျက်ပြိ
---------------------------------------------
၂၀၁၁ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတော့ ၀က်မှေးရွာဘုန်းကြီးကျောင်းကို ဖျက်ပြီးပြောင်းဖို့
စတင်ပါတော့တယ် - မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ရဲမင်းကြီးဦးတင်အောင်တို့ ဟာ ရွာကို ရောက်လာပြိး - ဘုန်းကြီးကျောင်းကို ဖျက်ပြီး ရွာသစ်ကို ရွှေ
့ဖို့လုပ်ကြတယ် ။
သက်တော်စောင့် တပ်ရင်းအဖြစ် ဒုတ်တွေ ဒိုင်းတွေ ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဲ့ ရဲအင်အားက ကားသုံးစီးအပြည့် ၁၀၀ ကျော်တယ် ။
ကျောင်းစောင့်ဘုန်းကြီးကိုလည်း သိန်း (၅၀) ကျပ် ၊ ဆိုယ်ကယ်တစ်စီး ၊ ဖုန်းတစ်လုံး ပေးလှူထားတယ် - - - - - - ( ရွာသားတွေက ကျောင်းထိုင်လို့မခေါ်ပါ ) ဘုန်းကြီးကလည်းသိန်း(၅၀)ပိုက်၊ဆိုင်ကယ်ခွ၊ဖုန်းကိုသင်းပိုင်မျာချိတ်လို့ကျောင်းပြောင်း ဖို့သဘောတူတယ် ။
ဒီအချိန်မှာ ရွာထဲမှာ ယောက်ျားသားတွေမရှိကြဘူး ၊ ယောက်ျားတွေက ယာခင်းတွေမျာ စိုက်ကြပျိုးကြ ခူးကြဆွတ်ကြနဲ့မို့ ရွာထဲမှာမရှိကြဘူး ။ မိန်းမတွေ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေသာရှိနေကြတယ် ။
ခံတောင်းခေါင်းရွက်ပြီး တောထွက်ကုန်ကလေးတွေရောင်းစားတဲ့ မအေးနက် တို့ သွဲ့သွဲ့ဝင်းတို့ ဖြူဖြူဝင်းတို့ ညီအမတစ်သိုက်သာ လည်လည်ဝယ်ဝယ်ရှိတယ် - သူတို့ကလည်း ပညာအရည်အချင်းကတော့ မူလတန်းအထိပါဘဲ အသက် ကလေးတွေ က အကြီးဆုံး မအေးနက် မှ ၃၄ ဘဲရှိတယ် ကျန် ၂၀ ကျော် အရွယ် အပျိုကြီးဖားဖား တောဈေးသယ်တွေပေါ့ ။ လည်လည်ဝယ်ဝယ်ရှိတယ်ဆိုတာက ဈေးကို နေ့တိုင်းသွားရောင်းကြလို့ လူရည်လည်ပြီး လူမကြောက်တတ် စကားပြော တတ်တဲ့ သဘောပါဘဲ ဒီထက်မပိုပါဘူး ။ ဘာနိုင်ငံရေးမှစိတ်မ၀င်စားကြဘဲ ခပ်ကင်းကင်း နေသူတွေပါ ။ ( ဒါကို အလေးအနက် သတိထားကြစေချင်တယ် )
အဲဒီလိုရဲတွေအင်နဲ့အားနဲ့ လာတာမျိုးကို မြင်တောင်မမြင်ဘူးကြတဲ့ တောသူ တွေဟာ မကြောက်ဘူးဆိုတာမဖြစ်နိုင်ပါဘူး ။
ဘုန်းကြီးကျောင်းကိုဖျက်မယ်လို့ - စတင်ဝင်လာတာနဲ့ မိန်းမတစ်သိုက်ဟာ ပွက်လော ရိုက်ပြီး ဘုန်းကြီးကျောင်းကို စုလာတော့တယ် ။ ရွာသူတွေက ပြောတယ် ဘုန်းကြီး ဘုရား အရှင်ဘုရားရွှေ့ချင်ရွှေ့ပါမတားဘူး ဒိကျောင်းကိုဖျက်ခွင့်မပေးဘူး လို့ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ကြောင့် လုပ်ငန်းအပျက်အဆိးမခံနိုင်ဘူး - - ဒိကောင်မကို ဆွဲချုပ်ထားစမ်း - လို့ သူ့လူတွေကို လှည့်ပြောတယ် ။ ဟိုဘက်ရွာက ရာအိမ်မျူး ဥိးအောင်မြင့်က မအေးနက်ကို ဖြောင့်ဖျပြောဆိုတယ် ။
မအေးနက်က တာဝန်ယူမှာလားလို့ မေးတဲ့အခါ - - ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက တာဝန်မယူတော့ ညည်းကဘာလုပ်မှာတုံးလို့ ပြန်ပြောတယ် - -
မအေးနက်တစ်ယောက်ဟာ နတ်ပူးသလို ဖြစ် - အသားတေါတဆတ်ဆတ်တုန်ပြီး - ၀ါးရင်းတုတ်ကိုဆွဲကိုင်ပြိး ဖျက်ရင် ရိုက်မယ် ရဲရင်ဖျက်ကြလို့ အကျိင်္တွေလည်း ဆွဲဖြဲလို့ အလွန်အမင်းထိခိုက်ခံစားနေတော့တယ် ။
ရွာထဲက မိန်းမတွေလည်း တုတ်တွေစွဲလာပြိး သတ္တိရှိတဲ့သူ ဖျက်လို့ပြောဆိုပြိး သူတို့ရဲ့ တစ်ခုတည်းသော စုပေါင်းဆောက်လှူထားတဲ့ ဘုန်းကြီးကျောင်း ကလေးကို ကာကွယ်ကြတယ် -
မအေးနက်ဟာ ကျောင်းစောင့်ဘုန်းကြီးက ကျောင်းမှာမနေဘဲလိုက်သါားလို့ စောင်းမြောင်းပြိးသီချင်းတေါဆိုတယ်ကတယ် - အားလုံးကမအေးနက်ကို ၀ိုင်းဆွဲ ကြရတယ် - ရဲအင်အား ၁၀၀ ကျော် ရှိပေမဲ့ တောသူတွေကို ကိုယ်ထိလက်ရောက် ဘာမှမပြုလုပ်တဲ့အတွက် အပြောင်းအလဲတစ်ခုကို တိုးတက်လာကြောင်းတော့ အသိ အမှတ်ပြုရပါမယ် ။
ဒီဘုန်းကြိး မနေလည်း နောက်ဘုန်းကြီးကိုပင့်ကြမယ်လို့ - မအေးနက်ကို ဆွဲသွားပြိး - ဖျောင့်ဖြကြတယ် - မအေးနက်ကို ဆွဲသွားတုံး ကျောင်းကိုဝင်ဖျက်ကြလို့ ရွာသူတွေ အားလုံးကို မအေးနက်တိုပ မသွဲ့သွဲ့ဝင်းတို့က ဥိးဆောင်အော်ဟစ်ခေါ်ငင်ပြိး ၀ါးရင်းတုတ်ကိုယ်စိနဲ့ အပြေးအလွှား ဘုန်းကြီးကျောင်းကို ပြန်လာပြိးကာကွယ်ကြ တယ် ။ နောက်ဆုံးတဲ့ပြင်းထန်တဲ့ပဋိပက္ခကိုရှောင်ဖို့ ဘုန်းကြီးရဲ့ ပစ္စည်းတွေသာ သယ်ပြီး အုပ်ချုပ်ရေးအဖွဲ့တွေပြန်လည်ထွက်ခွါသွားတော့တယ် -
အဲဒိအချိန်အထိ ဘယ်နိုင်ငံရေးသမားတွေနဲ့မှမသိခဲ့ကြသေးပါဘူး - - -

ပထမပဋိပက္ခ` - ပြိး - ဆက်တင်မည် ။
်from-Nay Wai
http://www.facebook.com/naymyowai/posts/469542303090519

No comments: