Wednesday, October 17, 2012

လက်ရှိ မြန်မာ့နိုင်ငံရေးမှာ လိုအပ်နေတဲ့အရာ


by Messenger News Journal on Tuesday, October 16, 2012 at 5:17am ·

          မြန်မာပြည်၌ အပြောင်းအလဲကာလ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ရှေ့လမ်းခရီး၌ အမျိုးမျိုးသော စိန် ခေါ်မှုများရှိနေကြောင်း မကြာခဏ ကြားသိ သတိပြု မိပါသည်။ အဆိုပါစိန်ခေါ်မှုများသည် အမျိုးမျိုး ဖြစ်နိုင် ပါသည်။ ထင်သာမြင်သာရှိသော စိန်ခေါ်ချက်များ အနေဖြင့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး မှသည်  ရခိုင်အရေးအခင်း၊ ကချင်ပဋိပက္ခ၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ လူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လာဘ် ပေးလာဘ်ယူတိုက်ဖျက်ရေး စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါသည်။ ထင်သာမြင်သာမရှိသော၊ မခန့်မှန်း မမှန်းဆနိုင်သော အခြားစိန်ခေါ်ချက်များလည်း များစွာ ရှိနိုင်ပါသည်။ အဆိုပါ စိန်ခေါ်ချက်များအတွက် နိုင်ငံ တော်အစိုးရသည် ပြည်တွင်း၊ ပြည်ပအင်အားစုများနှင့် ဒီမိုကရေစီကျင့်စဉ်အောက်တွင် ငြင်းခုံဆွေးနွေး အဖြေ ရှာရင်း ရင်ဆိုင်ဖြေရှင်းရမှာဖြစ်သလို နိုင်ငံသား တစ်ဦး ချင်းအနေဖြင့်လည်း အဆိုပါ စိန်ခေါ်မှုများအား မိမိ ကျရာ၊ နိုင်ရာဘက်မှ သုံးသပ်ပါဝင်ဆောင်ရွက်ကြရန် မိမိတို့၏ လူသားရင်းမြစ်စွမ်းအားများကို အမြဲမပြတ် တိုးတက်ဖွံ့ဖြိုးနေစေရန် ကိုယ်စွမ်းÓဏ်စွမ်း ရှိသ၍ ကြိုးစားအားထုတ်နေကြရမည်ဖြစ်သည်။
          နိုင်ငံရေးဆိုသည်မှာ လုပ်ရင်းကိုင်ရင်း ပိုမိုရှုပ်ထွေး ယိုယွင်းလာသည့် သဘောရှိတတ်သဖြင့် နိုင်ငံသားအား လုံးသည် မိမိတို့အနာဂတ် ကံကြမ္မာအပေါ် သက်ရောက် လွှမ်းခြုံမှုရှိမည့် နိုင်ငံရေးပတ်ဝန်းကျင်နှင့် များစွာ မဝေး လှရန် လိုပြီး၊ မည်သူသည် မည်သည့်အင်အားစုများ  သည် ကိုယ်ကျိုးရှာသည်။ အမှန်အလုပ်လုပ်သည် ဆိုသည်ကို ဝေဖန်ပိုင်းခြားတတ်ရန် အရေးကြီးသည်။ မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက်ကို သုံးသပ်လျှင် ပြည်သူလူထုသည် စိတ်ဓာတ်မမှန်သော နိုင်ငံရေး သမားများ၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ အုပ်ချုပ် သူ အာဏာပိုင်များ၏ လှည့်ဖျားဖိစီးနှိပ်စက်သည်ကို မကြာခဏခံခဲ့ရသည်။ နိုင်ငံရေးသမားအချင်းချင်း ထိုင်ခုံ လုမှုများကြား မကြာခဏ မြေစာပင်ဖြစ်ခဲ့ရသည်။ အုပ်ချုပ်သူအာဏာပိုင်များ၏ အာဏာပြ အုပ်ချုပ်မှု အောက်တွင် ပြားပြားဝပ်ခဲ့ရသည်။ အာဏာတွေ အလီလီသိမ်းလို့ စနစ်တွေ တစ်ခုပြီးတစ်ခု ပြောင်းသော် လည်း ကြီးပွားချမ်းသာသွားသူများမှာ လူနည်း  စုသာ ဖြစ်ပြီးခံရသူများမှာ ပြည်သူများသာဖြစ်သည်။
          ဤသို့ အပြောင်းအလဲအမျိုးမျိုးကြား အချိန်ကာလ သာ ရွေ့လျားပြီး သာမန်လူထုဘဝထူးခြားစွာ တိုးတက်မှု မရှိသည်ကို မြန်မာပြည်၏ ကံကြမ္မာအဖြစ် ကံအပေါ်ပုံချ ကြသော လူအများအပြားရှိပါသည်။ တိုင်းပြည်တစ်ပြည် ရှိ ပြည်သူလူထုသည် 4င်းတို့နှင့် ထိုက်တန်သော အ စိုးရကိုသာ ရရှိသည်ဟူသော အယူအဆကို မကြာခဏ ကိုးကားကြသော သူများလည်း ရှိပါသည်။ ဤသို့ ဆိုးရွားမြဲဆိုးရွားနေသော မြန်မာနိုင်ငံ၏ ကံကြမ္မာကို လက်တွေ့ကျကျ မည်သို့ ပြောင်းလဲကြမည်နည်း၊ ထိုက် တန်သော အစိုးရတစ်ရပ်ရရှိအောင်၊ ထိုက်တန်သော ပြည်သူလူထုဖြစ်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း ဆိုသည်ကို ဝေဖန်ထောက်ပြသူအတော်နည်းပါးခဲ့ပါ သည်။ အရာရာ ကံအပေါ်ပုံချခြင်းသည် တစ်စုံတစ်ရာ အေးငြိမ်းမှုရနိုင်သော်လည်း Óဏ်နှင့် ဝီရိယနည်းပါးသော လုပ်ဆောင်မှုများသည် နိုင်ငံတော်တိုးတက်ရေးအတွက် များစွာ အနှောင့်အသွားဖြစ်ပါလိမ့်မည်။ ဂျပန်၊ ကိုရီး ယား၊ စင်ကာပူကဲ့သို့ နိုင်ငံများသည် ၄င်းတို့တွင် သယံ ဇာတနည်းပါးသည်ကို ကံအပေါ်ပုံချပြီး ပြည်ပ ထောက် ပံ့ပေးကမ်းမှုလောက်နှင့်သာ တင်းတိမ် ကျေနပ် နေခဲ့ကြပါက ယနေ့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ ဖြစ်လာကြမည် မဟုတ်ပါ။ Óဏ်နှင့် ဝီရိယ အားစိုက် ထုတ်မှုများခဲ့၍သာ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ ရေနံသယံဇာတပေါ ကြွယ်ဝသော အရှေ့ အလယ်ပိုင်း နိုင်ငံအများစုတွင်မူ Óဏ်နှင့် ဝီရိယ စိုက်ထုတ်မှု အားနည်းသဖြင့် ၄င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ သယံ ဇာတများ ကုန်ခမ်းပါက အချိန်မရွေး နောက် ကြောင်း ပြန်လှည့်နိုင်သော တိုးတက်မှုမျိုးဖြစ်သည်။
          မြန်မာပြည်တွင် နိုင်ငံရေးစိတ်ဝင်စားသူများစွာ ရှိသော်လည်း ¤င်းတို့ထဲမှ အများစုမှာ နိုင်ငံရေးဆိုသည် ကိုပင် ဂဃဏန နားလည်ကြသည်မဟုတ်ကြပါ။ စာအုပ် ကြီးငယ်များ အရေးပေါ် ဖတ်ကာ စကားလုံးကြီးကြီး များနှင့် ကောက်ထုတတ်ကြသလို ပြည်တွင်းနိုင်ငံရေး အား နိုင်ငံတကာနိုင်ငံရေးအပြောင်းအလဲများနှင့် ချိတ်ဆက်  သုံးသပ်နိုင်မှုတွင် များစွာ အားနည်းတတ်ကြပါသည်။ တကယ်တော့  မြန်မာပြည်မှာလိုနေတာ စစ်မှန်၍ တိုး တက်ပြီး အမျိုးသားရေးအမြင်ရှိသော ပညာတတ်နိုင်ငံ ရေးအလွှာတစ်ခုဖြစ်သည်။ နိုင်ငံရေးအလွှာဟု စာရေး သူသုံးရာတွင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ ကို ရည်ညွှန်းခြင်းမဟုတ်ပါ။ ပြည်သူအတွင်းမှ နိုင်ငံ ရေးစိတ်ဝင်စားသော တတိယအင်အားစုများကို ရည်ညွှန်း  ခြင်းဖြစ်သည်။ နိုင်ငံရေးသမားများမှားယွင်းပါက၊ အုပ် ချုပ်သူလူတန်းစား ဖောက်ပြန်ပါက အစိုးရအဖွဲ့အကျင့် ပျက်ခြစားပါက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မည်သည့်ဘက်မှ မလိုက်ဘဲ အမှန်အတိုင်း ပြောရဲဆိုရဲ တင်ပြရဲသော ပြည်သူဘက်မှ အမျိုးသားအကျိုးစီးပွားဘက်မှ ရဲရဲဝင့်ဝင့် ရပ်ခံဆောင်ရွက်ကြသော တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များ များများစားစား လိုပါသည်။ မြန်မာပြည်အနှံ့ပျံ့နှံ့နေဖို့ လိုပါသည်။ မြန်မာတို့သည် အစုအဖွဲ့ဖြင့် လုပ်ဆောင်နိုင် မှု အားနည်းလှသည်ဖြစ်ရာ တစ်ဦးတစ်ယောက်ကောင်း လူပုဂ္ဂိုလ်များ နေရာအနှံ့အပြားတွင် ပေါ်ထွန်းလာပြီး ပြည်သူ့အသံများအဖြစ် ချိတ်ဆက်ဆောင်ရွက်လာနိုင်ပါက စိတ်ဓာတ်မမှန်သော၊ ကိုယ်ကျိုးရှာသော နိုင်ငံရေး သမားများ၊ အုပ်ချုပ်သူလူတန်းစားများအတွက် ခါးသီး လှသော ငှက်ဆိုးထိုးသံများသဖွယ် ဖြစ်လာပါလိမ့်မည်။
          လွန်ခဲ့သော တစ်လခန့်က စာရေးသူ မိတ်ဆွေအ ချို့နှင့် တွံတေးမြို့နယ်ရှိ ဘုန်းတော်ကြီးတစ်ပါးမှ ဦးစီး ဖွင့်လှစ်ထားသော လူငယ်စောင့်ရှောက်ရေးဂေဟာတစ်ခု သို့ ရောက်ရှိလေ့လာဖြစ်ခဲ့သည်။ ဆရာတော်ကြည့်ရှု စောင့်ရှောက် ကျောင်းထားပေးထားသော ကလေးငယ်၊ လူငယ် ၁ဝဝဝ နီးပါးမျှ ရှိသည်။ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်ကအစ ကျခံပေးသည။် အထက်တန်း အောင်မြင်ပြီးစီးပါက သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပို့လွှတ်သည်။ ဘုန်းတော်ကြီးကျောင်းမှ တက္ကသိုလ်ဘွဲ့ ရခဲ့ကြသော လူငယ်မောင်မယ်တို့၏ ဓာတ်ပုံကြီးငယ်တို့ ကို အစဉ်လိုက် တွေ့ခဲ့ရသည်။ ဆရာတော်မှာ တည်ငြိမ် အေးဆေးပြီး ခေတ်အမြင်ရှိပုံရသည်။ ဆရာတော်သည် အင်္ဂလိပ်စာ မကျွမ်းကျင်၊ ၂ လုံး ၃ လုံး မပေး၊ ဗေဒင် လက္ခဏာမတွက်တတ်ဟု ဆိုသည်။ ယနေ့ မြန်မာ့လူ့အဖွဲ့ အစည်းတွင် လိုအပ်နေသော အရာမှာ ဤသို့သော ဆရာ တော်မျိုးဖြစ်သည်။ သက်ရောက်မှုကို လက်တွေ့ပြနိုင် ပြီး လူပြိန်းကြိုက် ပေါ်ပင်လမ်းကြောင်းများကို မလိုက် ဘဲ လမ်းမှန်ညွှန်ပြနိုင်သော၊ ညွှန်ပြရဲသော တွံတေးမှ ဆရာတော်ကဲ့သို့ နိုင်ငံသားများ ယခုကာလအများအပြား လိုပါသည်။
          ယခု အပြောင်းအလဲကာလသည် နိုင်ငံရေးစိတ်ဝင် စားသူ၊ နိုင်ငံရေးလုပ်လိုသူ၊ စာရေးလိုသူများအတွက် အခွင့်အလမ်းများစွာ ဖန်တီးလျက်ရှိသည်။ နိုင်ငံရေးသမား အချင်းချင်း ပဋိပက္ခများကိုလည်း ပိုမိုကြားသိနေရသည်။  မြန်မာ့နိုင်ငံရေးဟာ နိုင်ငံရေးသမားအချင်းချင်း ပဋိပက္ခ များကြောင့် အကွဲအပြဲများမှတစ်ဆင့်၊ နိုင်ငံရေးနောက် ကြောင်း ပြန်လှည့်နိုင်သလို နိုင်ငံရေးသမားများ၏ စွမ်း ဆောင်ရည်မပြည့်ဝမှုအပေါ် စိတ်ပျက်လာကြမည့် ပြည် သူများ၏ ထောက်ခံမှုဖြင့် ရုရှားမှ ဗလာဒီမာပူတင်လို အာဏာရှင်တစ်ပိုင်း နိုင်ငံရေးသမားများလည်း ထွက်ပေါ် လာနိုင်ပါသည်။ အနှောင့်အယှက် အဟန့်အတား ခပ်ပါး ပါးဖြင့် မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြောင့် လည်း သွားကောင်းသွားနိုင်ပါသည်။ မည်သို့ဆိုစေ မြန်မာ့နိုင်ငံလမ်းကြောင်းတွင် စိတ်ဓာတ်မှန်သော နိုင်ငံ ရေးသမားများအား အထောက်အပံ့ဖြစ်စေရန် ယခုကာလ ၌ ပြည်သူလူထုအတွင်းမှ တစ်သီးပုဂ္ဂလအခြေအနေမှန် မှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန်နိုင်သူ အများအပြား ပေါ်ထွက်လာဖို့ လိုပါသည်။ ထိုသို့ ထောက်ပြဝေဖန်ရန် အတွက် ပြည်သူများသည် တစ်ဦးချင်းအလိုက် မိမိအရည် အသွေးကို တိုးတက်ကောင်းမွန်အောင် လေ့လာပျိုးထောင် ရမည်ဖြစ်သည်။ လေ့လာသင်ယူမှု အမျိုးမျိုးရှိသည်။ ရေဒီယိုများမှတစ်ဆင့်လေ့လာသင်ယူနိုင်သည်။ အင်တာ နက်မှတစ်ဆင့် လေ့လာသင်ယူနိုင်သည်။ စာအုပ်စာတမ်း များမှတစ်ဆင့် လေ့လာသင်ယူနိုင်သည်။ နိုင်ငံခြားပညာ တော်သင်အဖြစ် သွားရောက်နိုင်သည်။ မိတ်ဆွေအပေါင်း အသင်းဆွေးနွေးပွဲများမှတစ်ဆင့် လေ့လာသင်ယူနိုင်သည်။ မိမိတို့ သက်ဆိုင်ရာနယ်ပယ်များတွင် တတ်ကျွမ်းသူများ၊ လူအလေးစားခံရသူများ၊ ပညာÓဏ်ကြီးမားသည်ဟု အသိအမှတ်ပြုခြင်းခံရသူများဖြစ်ရန် အရေးကြီးသည်။ သို့မှသာ မိမိဆောင်ရွက်လိုသည်များကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ ဝေဖန်ဆွေးနွေး နိုင်ကြမည်ဖြစ်သည်။ သာမန်တတ်သိမှုလောက်ဖြင့် ဆွေး နွေးဝေဖန်ပါက များစွာထိရောက်လှမည်မဟုတ်ပေ။ ကိုယ်လေ့လာလိုက်စားသည့် အကြောင်းအရာတွင် နှံ့နှံ့ စပ်စပ်သိရှိကြရန်လိုပြီး ပို၍ အရေးကြီးသည်မှာ စစ်မှန် သော အမျိုးသားရေးစိတ်အခံရှိရန် ဖြစ်သည်။ အနာဂတ် မြန်မာပြည်တွင် တိုင်းပြည်တိုးတက်လာပြီး ပြည်သူများ အသိအမြင်ရင့်ကျက်လာကြသည်နှင့်အမျှ အမူအကျင့်များ ပါ လိုက်ပါပြောင်းလဲကြရမည်ဖြစ်ရာ၊ ဒီမိုကရေစီအမည် ခံပြီး အာဏာရှင်ဆန်တတ်သော နိုင်ငံရေးသမားများ၊ ထစ်ခနဲဝိုင်းအာကြမည့် စာနယ်ဇင်းသမားများ၊ အကျင့် ပျက်ဝန်ထမ်းများအတွက် နေရာများများ ရှိလိမ့်မည် မဟုတ်ပါ။ ကွမ်းတပျစ်ပျစ်ထွေးနေသော နိုင်ငံရေး သမားမျိုးကို စိတ်ဝင်စားကြလိမ့်မည်မဟုတ်ပါ။
          မြန်မာ့နိုင်ငံရေးတွင် လူကောင်းများသည် မကြာ ခဏဆိုသလို လူဆိုများ ဖြစ်သွားတတ်ပါသည်။ တချို့ လည်း သိသိသာသာ လူဆိုးများဖြစ်သွားကြသည်။ တ ချို့လည်း ဘေးထွက်ထိုင်ကြသည်။ ဤသည်မှာ မြန်မာ့ နိုင်ငံရေးအဆက်ဆက်တွင် စိတ်ဓာတ်မမှန်သောသူများ၊ နေရာယူလိုသူများ၊ ကိုယ်ကျိုးရှာသူများ များပြားလေ့ရှိ သည်ဟု ယေဘုယျသုံးသပ်ကောက်ချက်ချ၍ ရပါသည်။ အဆိုပါ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ မများပြား သည့်တိုင် နေရာရ ရှေ့ရောက်နေတတ်ကြပါသည်။ လူ တစ်ဦးတစ်ယောက်၏ အရည်အသွေးကို စာရေးသားမှု များမှ သော်လည်းကောင်း၊ အပြောအဆိုများမှသော် လည်းကောင်း၊ ငွေကြေးချမ်းသြာ
          မြန်မာ့လူ့အဖွဲ့အစည်းတွင် လူတော်လူကောင်းများ ပေါ်ထွက်ခဲပြီး ၄င်းတို့ရှင်သန်ကြီးထွားနိုင်မည့် ဝန်းကျင် မှာလည်း အားနည်းခဲ့ပါသည်။ ဝန်ထမ်းလောကထဲရောက် ရှိသွားသော လူတော်လူကောင်းများသည် လာဘ်ပေး လာဘ်ယူဝန်းကျင်မှ ရုန်းမထွက်နိုင်ကြဘဲ စာရိတ္တများ ပျက်ပြားခဲ့ရသည်။ လာဘ်ပေးလာဘ်ယူမှုများကို မည်သို့ လျော့နည်းအောင် လုပ်မည်နည်း၊ တားဆီးတိုက်ဖျက်မည် နည်းဟု လူတော်လူကောင်းစိတ်ဖြင့် ကြံဆလုပ်ဆောင် ကြရမည့်အစား ကိုယ့်ဘဝရှင်သန်နိုင်ရေး၊ ကိုယ့်မိသား စု ရှင်သန်နိုင်ရေးအတွက် စာရိတ္တကို နင်းချေခဲ့ရသည်။ှုINGO/NGO လောကအတွင်း အထင်တကြီးနှင့် ဝင်ရောက်  လုပ်ကိုင်ကြသူများထံမှ စိတ်ပျက်ဖွယ်ရာ သတင်းစကား များ မကြာခဏ ကြားရတတ်သည်။ ယခုလည်း ပါတီ အဖွဲ့အစည်းများအတွင်း ခါးခါးသီးသီး ဝေဖန်ငြင်းခုံမှု များ ရှိနေပြန်သည်။ ဘေးထွက်ထိုင်သူများ ရှိလာသည်။ မည်သူက လူတော်လူကောင်းဖြစ်သနည်း၊ ပါတီတွင် နေရာရနေသူတွေလား၊ ပါတီမှ ဘေးထွက်ထိုင်သူများ လား အချိန်နှင့် လုပ်ဆောင်မှုများက စကားပြောလာပါ လိမ့်မည်။
          မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများသည် ကောင်းမွန်တိုးတက်သည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေး ဆီသို့ ဦးတည်သွားမည်လား၊ ပိုမိုဆိုးရွားသော ရလဒ်များ ဖြင့် သမိုင်းတစ်ပတ်ပြန်လည်မလား၊ ယခုအချိန်မှန်းဆ ရန် အလွန်ခက်ခဲပါသည်။ ဆောင်ပုဒ်များ၊ မိန့်ခွန်းများ၊ ဖွင့်ပွဲများ၊ ချီးမွမ်းထောပနာပြုမှုများက မြန်မာပြည်၏ အနာဂတ်ကို အဖြေပေးမည်မဟုတ်ဘဲ ရလဒ်များ၊ လုပ် ဆောင်မှုများကသာ သမိုင်းသစ်အတွက် အဆိုး၊ အ ကောင်း အဖြေပေးပါလိမ့်မည်။ သို့ဖြစ်ရာ ခေါင်းဆောင် မှု အမှားအယွင်းတွေ၊ နိုင်ငံရေးအားနည်းချက်တွေကြောင့် ပြည်သူတွေ နောက်တစ်ခါ မထိခိုက် မခံစားရအောင် ခေတ်စနစ်ရဲ့ အားနည်းချက်တွေကို ထိထိရောက်ရောက် ဝေဖန်ထောက်ပြနိုင်မည့် တစ်သီးပုဂ္ဂလလူတော်လူကောင်း များ အလွှာအသီးသီးမှာ အင်အားကောင်းကောင်းရှိဖို့လို ပါသည်။ တစ်နည်းဆိုရသော် ကျွန်တော်တို့ သာမန်ပြည် သူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် မည်သည့် စိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်စွမ်းရှိသော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူတော်လူကောင်း နိုင်ငံသား များဖြစ်အောင် မိမိကိုယ်ကို စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်နေကြရမည်သာ ဖြစ်သည်။
                                                                                                                                                                                                  အောင်အောင် (IR)

No comments: