အခန်း
(၂)
နိုင်ငံတော်
(The State)
ဆိုရာဝယ်
(အပိုင်း-၃)
(၃)
Critical theories of the State
(က)
Marxism
(၁၈၄၈)
ခုနှစ်မှာ
ထုတ်ဝေတဲ့ ကွန်မြူနစ်ကြေငြာစာတမ်းမှာ
Marx နဲ့
Engels တို့က
မော်ဒန်နိုင်ငံတော်ကို
အုပ်ချုပ်တဲ့အစိုးရဆိုတာ
အရင်းရှင်တွေရဲ့ ဘုံအကျိုးစီးပွားတွေကို
စီမံခန့်ခွဲပေးနေရတဲ့
ကော်မတီတရပ်သာဖြစ်တယ်လို့
ဆိုထားပါတယ်။ မတ်စ်ဝါဒီတွေက
နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ
instrumentalist
approach ကို
အသုံးပြုလေ့ရှိပါတယ်။
instrumentalist
approach ရဲ့
အခြေခံကတော့ ခေတ်သစ်အရင်းရှင်တွေဟာ
အရင်းရှင်တွေရဲ့
ကိုယ်ပိုင်အကျိုးစီးပွားကို
ရေရှည်ကိုယ်စားပြုတဲ့
ပြည်သူ့ရေးရာမူဝါဒတွေကို
ရေးဆွဲနိုင်စွမ်းရှိပြီး၊
နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့
ဥပဒေပြုရေးအင်စတီကျူရှင်းတွေက
ဒီလိုမူဝါဒတွေကို ပြဌာန်းလာအောင်၊
လက်ခံကျင့်သုံးလာအောင်
လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့
ဆိုထားပါတယ်။ ဒါကြောင့်
ခေတ်သစ်နိုင်ငံတော်ဟာ
အရင်းရှင် လူတန်းစားရဲ့
လွှမ်းမိုးချုပ်ကိုင်မှုကို
ခံထားရတဲ့အတွက် အရင်းရှင်လူတန်းစားရဲ့
အကျိုးစီးပွားကို
ဆောင်ကျဉ်းပေးနေတာဖြစ်တယ်လို့
ယူဆကြပါတယ်။
(ခ)
Neo-Marxism
Neo-Marxists တွေက
နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ
structuralist
approach ကို
အသုံးပြုလေ့ရှိပါတယ်။
Structuralists
approach အရ
နိုင်ငံတော်ဟာ စီးပွားရေးတည်ငြိမ်မှုနဲ့
အရင်းရှင်လူ့အဖွဲ့အစည်းတွေရဲ့
class struggles
တွေအကြားမှာ
ညှိနှိုင်းဖို့အတွက်
နိုင်ငံရေးအရ ပါဝင်ပတ်သက်ရမယ်လို့
ဆိုထားပါတယ်။ Ernest
Mandel ရဲ့
structuralist
thesis အရ
နိုင်ငံတော်ရဲ့ အဓိကတာဝန်ဟာ
အရင်းရှင်လူ့အဖွဲ့အစည်းရဲ့
လူမှုဖွဲ့စည်းပုံကို
ကာကွယ်ဖို့နဲ့ ပြန်လည်ပြင်ဆင်ရေး
ဖြစ်ပါတယ်။ ဒါကြောင့်
နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့
နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို
သူတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့
အရင်းရှင်စနစ်ထိန်းသိမ်း
ကာကွယ်စောင့်ရှောက်ရေး
တာဝန်ကို ကြည့်ပြီး၊
အရင်းရှင်စနစ်ရဲ့ အေးဂျင့်တွေအဖြစ်
ယူဆနိုင်ကြောင်း Neo-Marxists
တွေက
လက်ခံထားကြပါတယ်။ Jill
S. Quadagno က
နိုင်ငံတော်ဟာ အရင်းရှင်တွေရဲ့
အကျိုးစီးပွားကို ထိန်းသိမ်းဖို့
mediating body
အနေနဲ့
တည်ရှိနေခြင်းဖြစ်ကြောင်း
ဆိုထားပါတယ်။
(ဂ)
Post-Marxism
Post-Marxism ရဲ့
သီအိုရီဆိုင်ရာ ရည်မှန်းချက်က
အရင်းရှင်နိုင်ငံများရဲ့
မူဝါဒရေးရာ စွမ်းဆောင်ရည်
အားနည်းချက်များကို
မီးမောင်းထိုးပြတဲ့
အရင်းရှင်နိုင်ငံတော်ဆိုင်ရာ
သီအိုရီတရပ် ဖော်ထုတ်ဖို့
ဖြစ်ပါတယ်။ Marxist
နဲ့
neo-Marxist
သီအိုရီတွေက
နိုင်ငံတော်ဆိုတာကို
အရင်းရှင်စနစ် တည်ငြိမ်အောင်
ထိန်းသိမ်းစောင့်ရှောက်တဲ့
အေးဂျင့်အနေနဲ့သုံးသပ်မှုတွေ
လုပ်ပေမယ့် Post-Marxism
ကတော့
အရင်းရှင်လူ့အဖွဲ့အစည်းရဲ့
နှောင်းပိုင်းကာလတွေမှာ
ကြုံတွေ့ရတဲ့ crisis
tendencies ကို
အာရုံထားပါတယ်။ Post-Marxists
တွေက
နိုင်ငံတော်ကို ရှုမြင်သုံးသပ်ရာမှာ
organizational
realist approach ကို
အသုံးပြုလေ့ရှိပါတယ်။
organizational
realists တွေက
နိုင်ငံတော်ဆိုတာကို
နယ်မြေပိုင်နက်နဲ့ ပြည်သူလူထုကို
ထိန်းချုပ်ဖို့နဲ့
နိုင်ငံရေးအာဏာကျင့်သုံးဖို့
ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတရပ်အနေနဲ့
မြင်ပါတယ်။ organizational
realism ရဲ့
အခြေခံသဘောတရားက နိုင်ငံတော်ကို
စီမံခန့်ခွဲသူများဟာ
self-interested
maximizers များဖြစ်ပြီး၊
သက်ဆိုင်ရာ အင်စတီကျူရှင်းရဲ့
ပါဝါကြီးထွားရေး၊ ထင်ပေါ်ကျော်ကြားရေး၊
ချမ်းသာကြွယ်ဝရေးအတွက်
လုပ်ဆောင် သူများဖြစ်တယ်ဆိုတဲ့
အမြင်ကို အခြေခံထားပါတယ်။
organizational
realists တွေက
နိုင်ငံတော်ဆိုတာကို
ဆုံးဖြတ်ချက်ချမှတ်တဲ့
အစုအဖွဲ့တွေတင်မဟုတ်ပဲ
autonomous
organizational actor အဖြစ်
သတ်မှတ်ထားပါတယ်။
နိုင်ငံတော်၏
အခန်းကဏ္ဍ
နိုင်ငံတော်နဲ့
ပတ်သက်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊
သီအိုရီသဘောတရားတွေမှာ
ကွဲပြား ခြားနားမှုရှိသလိုပဲ
နိုင်ငံတော်ရဲ့ အခန်းကဏ္ဍ (The
role of the state) နဲ့
ပတ်သက်ပြီးတော့လဲ ကွဲပြားတဲ့အမြင်တွေ
ရှိပါတယ်။ မင်းမဲ့ဝါဒီတွေ
(anarchists)
ကလွဲရင်
နိုင်ငံရေးတွေးခေါ်လေ့လာသူ
အများစုက နိုင်ငံတော်ဆိုတာ
အတိုင်းအတာတခုအထိ လိုအပ်ကြောင်း
လက်ခံထားကြပါတယ်။ နိုင်ငံတော်ရဲ့
အခန်းကဏ္ဍတွေ အပေါ်မှာ အခြေခံပြီး
နိုင်ငံတော်ပုံသဏ္ဍာန် (state
forms) တွေကို
minimal state,
developmental state, social-democratic state, collectivized state နဲ့
totalitarian state
ဆိုပြီး
သဏ္ဍာန် (၅)
မျိုး
ခွဲခြားထားပါတယ်။
(၁)
Minimal State
Minimal State ဆိုတာ
လစ်ဘရယ်ဝါဒီတွေ မျှော်မှန်းထားတဲ့
နိုင်ငံတော်သဏ္ဍာန် ဖြစ်ပါတယ်။
Minimal State မှာ
လူတဦးချင်းစီဟာ လွတ်လပ်မှုကို
အကျယ်ပြန့်ဆုံးခံစားရနိုင်တဲ့
အခွင့်အလမ်းတွေ ရှိမှာ
ဖြစ်ပါတယ်။ ဒီအမြင်အရ
နိုင်ငံတော်ဆိုတာ
ကာကွယ်စောင့်ရှောက်ရေးအစု
တခုသာဖြစ်ပြီး၊ နိုင်ငံတော်ရဲ့
အဓိကတာဝန်ဟာ peace
and social order ကို
ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။
John Locke ရဲ့
အင်မတန်ကျော်ကြားလှတဲ့
အဆိုအမိန့်အရဆိုရင်
နိုင်ငံတော်ဆိုတာ nightwatchman
ပဲ
ဖြစ်ပါတယ်။ လိုအပ်လာတဲ့အခါ
ပြည်သူလူထုကို ၀န်ဆောင်မှုပေးရမှာ
ဖြစ်ပါတယ်။ Minimal
State ရဲ့
တာဝန်သုံးရပ်ကို နိုင်ငံရေးပညာရှင်များက
ဖော်ပြထားကြရာမှာ ပထမတာဝန်က
ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို
ထိန်းသိမ်းရန်ဖြစ်ပြီး၊
ဒုတိယတာဝန်ကတော့ နိုင်ငံသားတွေအကြားမှာ
ချုပ်ဆိုတဲ့ contract
တွေကို
လိုက်နာစေရန်ဖြစ်ပါတယ်။
တတိယတာဝန်ကတော့ ပြည်ပရန်ကို
ကာကွယ်စောင့်ရှောက်ရန်
ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ
ထင်ရှားတဲ့ Minimal
State တွေကတော့
၁၉ရာစုခေတ် စက်မှုတော်လှန်ရေး
ကနဦးပိုင်းကာလက အမေရိကန်နိုင်ငံနဲ့
ယူကေနိုင်ငံတို့ပဲဖြစ်ပါတယ်။
(၂)
Developmental State
Developmental State ဆိုတာ
စက်မှုကဏ္ဍတိုးတက်မှုနဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်
economic life ထဲမှာ
နိုင်ငံတော်က ၀င်ရောက်ပါဝင်ပတ်သက်တဲ့
နိုင်ငံသဏ္ဍာန် ဖြစ်ပါတယ်။
ဒီလို စွက်ဖက်မှုဆိုရာမှာ
ဆိုရှယ်လစ်စနစ်သဏ္ဍာန်လိုမျိုး
ဈေးကွက်ကို နိုင်ငံတော်က
ထိန်းချုပ်တာနဲ့ မတူပါဘူး။
နိုင်ငံတော်နဲ့ အရေးကြီးတဲ့
economic interests
တွေအကြားမှာ
ပူးတွဲဆောင်ရွက်တာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဥပမာကတော့
ဂျပန်နိုင်ငံ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးကာလမှာ
ဂျပန်နိုင်ငံရဲ့ Ministry
of International Trade and Industry (MITI) နဲ့
Bank of Japan တို့က
ပရိုက်ဗိတ်စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဆုံးဖြတ်ချက်များ ချမှတ်ရာမှာ
ဝင်ရောက်ကူညီပေးပြီး၊
ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို
ဦးမော့လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
အလားတူပါပဲ။
ပြင်သစ်နိုင်ငံမှာလဲ လက်ဝဲ၊
လက်ယာ အစိုးရတွေ အားလုံးက
စီးပွားရေးစီမံကိန်းတွေ
လိုအပ်ကြောင်း အသိအမှတ်ပြုထားကြပြီး၊
state bureaucracy
ကို
တိုင်းပြည်ရဲ့ အမျိုးသား
အကျိုးစီးပွားကို
ကာကွယ်စောင့်ရှောက်တဲ့
custodian အဖြစ်
သတ်မှတ်ထားပါတယ်။ သြစတြီးယားနဲ့
ဂျာမဏီနိုင်ငံတွေမှာလဲ
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်
နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ
အကြား ပူးတွဲဆောင်ရွက်တဲ့
'partnership state'
သဏ္ဍာန်ကို
အသုံးပြုခဲ့ကြပါတယ်။ အာရှကျား
နိုင်ငံတွေရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မှာလဲ
transnational
competition အတွက်
နိုင်ငံတော်က စီးပွားရေးမဟာဗျူဟာများ
ရေးဆွဲချမှတ်ပေးခဲ့တာတွေ
ရှိပါတယ်။
(၃)
social-democratic state
Developmental state မှာ
နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ
စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး
အတွက် ဖြစ်ပြီး၊ social-democratic
state မှာ
နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုဟာ
တရားမျှတမှု၊ ညီမျှမှုနဲ့
social justice
တို့အပေါ်မှာ
အခြေခံတဲ့ social
restructuring အတွက်
ဖြစ်ပါတယ်။ သြစတြီးယားနဲ့
ဆွီဒင်နိုင်ငံတို့မှာ
နိုင်ငံတော်ရဲ့ ၀င်ရောက်ပါဝင်ပတ်သက်မှုကို
developmentalism
နဲ့
social-democracy
နှစ်မျိုးစလုံးက
လမ်းညွှန်ထားပါတယ်။
social-democratic
state ဟာ
မော်ဒန်လစ်ဘရယ်ဝါဒီတွေနဲ့
ဒီမိုကရက်တစ် ဆိုရှယ်လစ်များက
ရည်မှန်းတဲ့ နိုင်ငံတော်
သဏ္ဍာန် ဖြစ်ပါတယ်။ social-democratic
state ရဲ့
အဓိကသွင်ပြင် လက္ခဏာနှစ်ရပ်ကတော့
Keynesianism နဲ့
social welfare
မူဝါဒတွေ
ဖြစ်ပါတယ်။ Keynesianism
မူဝါဒ
ရဲ့ ရည်မှန်းချက်က
စီးပွားရေးတိုးတက်မှုနဲ့
အလုပ်အကိုင်မြင့်မားမှုအတွက်
အရင်းရှင်စနစ်ကို စီမံခန့်ခွဲရန်
ဖြစ်ပါတယ်။ social
welfare မူဝါဒတွေ
ကျင့်သုံးလာရခြင်းဟာ
ပြည်သူလူထုရဲ့ social-well
beings ကို
မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။
ဒါကြောင့်လဲ social-democratic
state ကို
လူတဦးချင်းရဲ့ ဘ၀တွေကို
မြှင့်တင်ပေးနိုင်တဲ့
'enabling state'
လို့
သတ်မှတ်ကြပါတယ်။
(၄)
Collectivized state
Developmental state နဲ့
social-democratic
state တွေက
စီးပွားရေးဘ၀မှာ ၀င်ရောက်
ပါဝင်ပတ်သက်မှုတွေ
ပြုလုပ်တာဖြစ်ပေမယ့်၊
Collectivized
states ကတော့
စီးပွားရေးဘ၀ တခုလုံးကို
နိုင်ငံတော်ရဲ့ ထိန်းချုပ်မှုအောက်မှာ
သွတ်သွင်းလိုက်တာဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုနဲ့
အရှေ့ဥရောပနိုင်ငံတွေမှာ
ဒီလို နိုင်ငံတော်သဏ္ဍာန်တွေ
ရှိခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်တွေမှာ
command economy
စနစ်များ
ကျင့်သုံးလေ့ရှိပါတယ်။
(၅)
Totalitarian state
လူမှုဘ၀နဲ့
စီးပွားရေးဘ၀တွေမှာ
နိုင်ငံတော်ကအလုံးစုံ
ဝင်ရောက်ပါဝင်ပတ်သက်တဲ့
နိုင်ငံတော် သဏ္ဍာန် ဖြစ်ပါတယ်။
စီးပွားရေးရာမှာတင် မဟုတ်ပဲ
ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊
မိသားစုဘ၀ စတဲ့ အရာအားလုံးကို
နိုင်ငံတော်က ထိန်းချုပ်ထားပါတယ်။
Totalitarian state
မှာ
ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေဟာ
အမြဲတစေ စောင့်ကြည့်ခံရပြီး၊
စစ်တပ်နဲ့ ရဲတွေက လူထုကို
ခြိမ်းချောက်တဲ့ နိုင်ငံတော်ယန္တရားတွေ
ဖြစ်နေတတ်ပါတယ်။ ထင်ရှားတဲ့
ဥပမာတွေအဖြစ် ဟစ်တလာရဲ့
ဂျာမဏီ နဲ့ စတာလင်ရဲ့
ဆိုဗီယက်ပြည်ထောင်စုတို့ကို
ဥပမာပေးလေ့ရှိကြပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၁၄၊
၁၀၊ ၂၀၁၂)
No comments:
Post a Comment