Thursday, October 18, 2012

မင်းကိုနိုင်ရဲ့ ရွှေရတု မွေးနေ့

မင်းကိုနိုင်ရဲ့ ရွှေရတု မွေးနေ့

Thursday, October 18, 2012 အိမ့်သံစဉ်

ဓာတ်ပုံ-ဂျေပိုင်(ဧရာဝတီ)~


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏နှစ် ၅၀ ပြည့်မွေးနေ့ပွဲကို ယုဇနဥယာဉ်မြို့တော်ရှိ ထိန်လင်း ကုသိုလ်ဖြစ်ဆေးကုခန်းဆိုင်းဘုတ်တင်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့
ကြောင်း သိရပါတယ်။

ယင်းအခမ်းအနားသို့ သရုပ်ဆောင်ပြေတီဦး၊ ကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား များနှင့် တခြားဖိတ်ကြားထားသည့်အလှူရှင်းများတက်ရောက်ခဲ့ကြပါတယ်။

နံနက် ၉ နာရီတွင် မွေးနေ့ရှင်မင်းကိုနိုင်နှင့်မိခင်ကြီး၊ သရုပ်ဆောင်ပြေတီဦးနှင့် ရပ်ကွက်တာဝန်ရှိ သူတို့ က ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်နှင့် မင်းကိုနိုင်မွေးနေ့ မှတ်တရ ကွန်ပြူတာ သင်တန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။



ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှ ဒေါ်သန်းမြင့်အောင့် ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်း တာဝန်ရှိသူတို့က အမှတ်တရ စကားများ အသီးသီးပြောကြားခဲ့ကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ကြပါတယ်။



ဆက်လက်၍ အခမ်းအနားတွင် မင်းကိုနိုင်အပါအ၀င်ကဗျာဆရာတို့က ကဗျာများကို အမှတ်တရရွတ် ဆိုကြပြီး၈၈မျိုးဆက်ကျောင်းသားများနှင့်B-G သွေး အကူအညီပေးရေးအဖွဲ့တို့က တေးသီချင်းများဖြင့်
ဖျော်ဖြေခဲ့ကြကာ မင်းကိုနိုင်က တက်ရောက်လာသူများအား ၄င်း၏မွေးနေ့ကိတ် ကိုဝေမျှကြွေးရင်း အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။

No comments: