Wednesday, October 10, 2012

မြိတ်မြို့ ပြည်သူ့လွတ်တော်အမတ် ယုဇန ဌေးမြင့်သတိပေးစာ

 
 

မြိတ်မြို့ တွင်ကတိတွေအထပ်ထပ်ပေးခဲ့သော ပြည်သူ့လွတ်တော်အမတ်
ယုဇန ဌေးမြင့်မှာမြိတ်-တနင်္သာရီလမ်းအပိုင်းအားဆက်လက်လုပ်ကိုင်ပေး
တော့မည်မဟုတ်တော့ပဲ နောက်ဆုတ်သွားပြီဖြစ်ကြောင်းသိရပါတယ်ပြီးခဲ့သည့် 2010 ရွေးကောက်ပွဲတွင် မြိတ်ဇာတိဖွား အနုပညာရှင်များဖြစ်တဲ့ကြံ့ဖွတ်
လွင်မိုး ၊မေသန်းနု ၊ ဇူဇူးမောင်တို့ ကိုအသုံးချကာပြည်သူများအားလိုက်လံ
လိမ်လည်ပြီးမဲများရယူသွားတဲ့ယုဇနဌေးမြင့်လို့ခေါ်တဲ့ဝဏကျော်ထင်အရူးဘွဲ့
ကိုစစ်အစိုးရက ပေးခဲ့တဲ့ ပြောရမှာကိုသိပ်ရှက်ဖို့ကောင်းတဲ့ ကျွန်တော်တို့
ဘိတ်သား မြေသိမ်းရာမှာအရူးတစ်ပိုင်းဖြစ်နေတဲ့၊ ကိုယ့်အတွက်မကျန်ရင်ခြင်
တောင်မရိုက်တဲ့ အဲဒီပြည်သူလွတ်တော်အမတ် ဦးဌေးမြင့်ဟာသူကတိပေး
ခဲ့တဲ့ မြိတ်-တနင်္သာရီ မိုင် 55 မိုင်လောက်ခရီးကိုလမ်းမဖောက်ပေးနိုင်တော့ဘူး
လို့ ပြောင်ငြင်းလိုက်ပါပြီ ၄င်းဟာ ကိုယ့်အတွက်မကျန်ရင်ဘာမှမလုပ်တဲ့
လူမျိုးတစ်ဦးဖြစ်ပြီးအခုလည်းကျွန်တော်တို့ မြိတ်အတွက်ဘာတစ်ခုမှကိုတစ်
ခုမှမလုပ်ပေးခဲ့တဲ့အပြင် မိုင် 50 ကျော်လောက်ခရီးကို 2 နှစ်လောက်လုပ်ချင်
ယောင်ဆောင်လိုက်၊နားလိုက်နှင့်အခုဆိုရင် ဒီလမ်းကိုလုံးဝမဖောက်ပေးနိုင်
တော့ပြီဖြစ်ကြောင်းအစိုးကိုတရားဝင်ပြောကြားလိုက်ပြီးပြီလို့သိရပါတယ်
နိုင်ငံတော်အစိုးရအနေဖြင့်လည်းဒီလိုတာဝန်မဲ့စွာကိုယ့်ဒေသကမဲဆန္ဒရှင်
ပြည်သူတွေကိုလိမ်လည်ခဲ့တဲ့ ဦးဌေးမြင့်ကိုဘာတွေအရေးယူပေးမှာလဲလို့
ပြည်သူတွေသိချင်နေကြပါတယ်ဒါမှမဟုတ်လွတ်တော်အမတ်လောင်းတွေ
အားလုံးဒီလိုပဲ မဲတစ်ပြားရချင်လို့ လိမ်ချင်သလိုလိမ်ခွင့်ရှိပြီးကိုယ်မဲနိုင်ပြီး
ရင်ဘာပဲလုပ်လုပ် လုပ်ချင်သလိုလုပ်လို့ရတဲ့ဥပဒေရှိသလားဆိုတာပြည်သူ
တွေသိချင်နေပါတယ် သူ့အနေဖြင့်ဘိတ်သားတစ်ယေက်ဖြစ်တဲ့အပြင်မဲပေး
သူတွေကိုလိမ်လည်ပြီးလွတ်တော်ထဲအရှက်မရှိဘာဝင်လုပ်နေပါသလဲ. လွတ်
တော်ထဲမှာကျွန်တော်တို့ ဘိတ်အတွက်ဘာတွေတင်ပြထားပြီးပြီလဲ ( ခင်ဗျား
ပိုင်တဲ့ ခင်ဗျားအကျိုးအတွက်ဖြစ်တဲ့ ဘိလပ်မြေစက်ရုံတို့ ၊ ဆီအုန်းတို့ ၊ ဟို
မြေသိမ်းဒီမြေသိမ်းတွေကိုပြောတာမဟုတ်ဘူး ) ပြည်သူတွေရဲ့ စားဝတ်နေ
ရေးတွေ၊ကျန်းမာရေးတွေ၊လူမှုရေးလုပ်ငန်းတွေမှာဘာတွေလုပ်ပေးခဲ့ပြီးပြီ
လဲ ကျွန်တော်တို့ ဘိတ်သူ/သားတွေကိုယ်စား News 0f Myeik မှမေးလိုက်ပါ
တယ်ကျန်တဲ့ အမျိုးသားလွတ်တော်တွေ၊ ပြည်သူလွတ်တော်တွေ၊တိုင်းဒေ
ကြီးကလွတ်တော်အမတ်တွေလည်းကိုယ့်မြို့ ကိုယ့်ရွာမှာဘာတွေလိုအပ်နေ
သလဲ ဆိုတာအမြဲတွေထားပါ၊အော်လီအောလက်တွေလွတ်တော်မှာရှောက်
တင်နေတယ်လို့လဲ ကြားနေရပါတယ်။ဘယ်ပါတီကအမတ်မဆိုသတိထားပါ။
အော်လီအောလက်လုပ်ဖို့ ၊ မဲပြားရှင်ပြည်သူတွေကိုမလိမ့်တပတ်လုပ်ဖို့ ကြိုး
စားရင်တော့ဘယ်ပါတီမှမဟုတ်ဘူးအကုန်ထောက်ပြသွားမယ်ဆိုတာဒီဆိုဒ်
ကနေဘိတ်သူ/သားတွေကိုယ်စားသတိပေးလိုက်ပါတယ်သင်တို့ကိုပြည်သူ
တွေက သူတို့လိုအပ်နေတဲ့အရာတွေ၊ကြုံတွေနေရတဲ့အရာတွေ၊အခက်အခဲ
တွေကိုနိုင်ငံတော်ကသိအောင်လွတ်တော်ထဲမှာသွားရောက်ပြီးတရားဝင်တင်
ပြဖို့ ခိုင်းထားတဲ့အခိုင်းအစေတွေဆိုတာမမေ့ပါနဲ့ ဘိတ်လာရင်စောက်ကြီး
စောက်ကျယ်ကားရှေ့ ခန်းမှာထိုင်ပြီးတိုင်းမှူးကြွလာသလိုဒီဇိုင်းတွေမသုံးဖို့
ပြည်သူတွေကြားထဲကိုဆင်းပြီးတစ်ကယ့်ဒီမိုကရေစီနိုင်ငံမှာလိုပြည်သူတွေ
ရဲ့ လိုအပ်ချက်တွေကိုဆင်းရဲချမ်းသားမရွေးလိုက်မေးဖို့ ပြင်ဆင်ထားကြပါ
လူကြီးမင်းတို့ ထက်အဆတစ်ထောင်မကအဆင့်တန်းမြင့်ပါတယ်ဆိုတဲ့အမေ
ရိကန်နိုင်ငံကသမ္မ ဘားရက်အိုဘားမား တောင်ဘီယာဆိုင်မှာတန်းစီပြီးအ
လှည့်ကျစနစ်နှင့်ဘီယာဝယ်နေရတယ်ဆိုတာ သတင်းလေးတွေဖတ်ထားပါ
အုံး၊ အော်လီအောလက်နှင့်ဘိတ်ကိုလာပြီးအခုပဲ တိုင်းမှူးလိုလို၊အရင်စစ်အ
စိုးရလက်ထက် အကောင်တွေလာရင်ပြည်သူတွေကို မတန်သလိုလိုလာလုပ်
ဖို့ စိတ်ထားမှာတောင်မစဉ်းစားနေနှင့်လို့ လွတ်တော်အမတ်မင်းတွေကိုကျွန
တော်တို့ ပြည်သူတွေကသတိပေးလိုက်ကြောင်း တင်ပြပေးလိုက်ပါတယ်။

No comments: