Friday, October 5, 2012

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ



ယနေ့(အောက်တိုဘာ ၅ ရက်) မွန်း
လွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့

နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ 

 ငွေထုတ်ပြီးပြန်လာသော အအေးခန်း


စက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက်ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေ

ရပြီး ၄င်းနှင့်အတူ ပါလာသည့် ငွေကျပ်သိန်းတစ်ထောင်မှာမူ လုယက်သူများနှင့် ပါမသွားခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူ လုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောသည်။

ယခုကဲ့သို့ ငွေလုခံရသူသည် တစ်ဦးတည်း ဘဏ်မှငွေသွားထုတ်ပြီး ထွက်လာချိန်တွင် ၄င်းနောက်မှ လုယက်သူများက ကားဖြင့် နောက်ယောင်ခံလိုက်လာပြီး ငွေကိုလုကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။


"အခုလို နေ့ခင်းကြောင်တောင်ကြီးမှာ အတင့်ရဲပြီး လုတယ်ဆိုတော့ ဒါ ဓါးပြတိုက်တာပဲပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့တောင် ကြောက်လာပြီဗျာ။ ဘဏ်တွေမှာ စောင့်ကြည့်ပြီး လုနေတဲ့သူတွေ ရှိနေပြီဆိုတာ သေချာနေပြီဗျာ"ဟု အအေးခန်းစက်ရုံပိုင်ရှင်တစ်ဦးက
ပြောသည်။

အထက်ပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက သွားရောက်စစ်ဆေးနေသော်လည်း ကာယကံရှင်များက အတည်ပြုပြောကြားခြင်း မရှိပေ။ ထို့အပြင် ရဲစခန်းအသီးသီးထံတွင်လည်း အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
 
 
 
7 Day News 

 

ကမ္ဘောဇဘဏ်တွင် ငွေထုတ်ယူသူများပြား

ရန်ကုန်မြို့တွင်းရှိ ဘဏ်များတွင်
 သောကြာနေ့ နေ့လည်ပိုင်းက ငွေထုတ်
ယူသူများ ပုံမှန်အခြေအနေထက် များပြား
လျက်ရှိသည်ဟု သိရှိရသည်။


ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲသို့ သွားရောက်သတင်းယူနေသည့်
 မဇ္ဈိမ သတင်းထောက်က ဘဏ်သို့ငွေလာထုတ်သူကို မေးမြန်းရာတွင် "
ခါတိုင်းနေ့ထက် ပိုများတယ်၊

 လစာထုတ်ရက်တော့ဟုတ်တယ် ဒါပေမယ့် ခါတိုင်း ကျနော်လစာလာ
ထုတ်တာ ဒါပေမယ့် ကျနော်ပုံမှန်ထုတ်နေကျထက် ပိုများတယ်။"
 ဟု ပြောဆိုသည်။

ယင်းအပြင် ကမ္ဘောဇဘဏ်သို့ ငွေသွားထုတ်ယူသူ တစ်ဦးကလည်း
 ငွေပမဏကို မပြောဘဲ ဘဏ်တွင်အပ်ထားသမျှ ထုတ်ယူပြီး
 ဖြစ်သည်ဟု ဆိုသည်။

ညနေပိုင်း ဘဏ်ပိတ်ချိန် နီးကပ်လာနေပြီ ဖြစ်သော်လည်း မဇ္ဈိမ
သတင်းထောက်များ ရောက်ရှိနေသည့် ကမ္ဘောဇ ဘဏ်တွင်
 ငွေထုတ်ယူသူ အယောက် ၃၀ ခန့်ရှိနေသေးသည်ဟု ဆိုသည်။

ယင်းအပြင် မဇ္ဈိမ၏ နောက်ထပ် သတင်းထောက်တဦးကလည်း ငွေထုတ်
ယူသူများထံမှ "အသံတွေကြားလို့ အကုန်ထုတ်နေပြီ မင်းတို့လည်း ထုတ်ချင်ရင်
ထုတ်ထားလိုက်လို့ ကြားတယ်။ ကျနော်ရောက်နေတဲ့ ရွှေဂုံတိုင် ကမ္ဘောဇဘဏ်
ခွဲမှာ ၁၂၀ လောက် ရှိတယ်။" ဟုပြောသည်။


 မဇ္ဈိမသတင်းဌာန 

  ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု မရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေဟု ကောလာဟလများ ပေါ်ထွက်


ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးအခြေအနေအပေါ် ယုံကြည်မှုမရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေသည်ဟု ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သတင်းများသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက ပြောသည်။

''ဘဏ်တွေထဲမှာ ကျွန်တော်တို့ဘဏ်က ဘဏ်ခွဲအများဆုံးနဲ့ လုပ်ငန်းလည်ပတ်မှု အကောင်းဆုံးပါ။ အမြဲတမ်းလည်း လူရှုပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်မှာလည်း ဘဏ်ပိတ်ရက် ၃ရက်ဖြစ်သွားတဲ့အပြင် နှစ်ဝက်ဘဏ်တိုးပေးတဲ့ကာလလည်းဖြစ် ၊ လစာထုတ်ရက်တွေနဲ့လည်း တိုက်ဆိုင်နေတော့ လူပိုများနေပါတယ်။

ဘဏ်တိုးအပေါ် မှီခိုနေရတဲ့သူတွေက အတိုးလာထုတ်သလို ငွေသွင်းငွေထုတ်လုပ်တဲ့သူတွေလည်း များသွားလို့ ကောလာဟလလွှင့်တဲ့သူတွေက ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်နေကြတာပါ''ဟု  ဦးရဲထွန်းဦးက ပြောသည်။

အဆိုပါ သတင်းများအား အွန်လိုင်းစာမျက်နှာများတွင် စတင်ဖြန့်ဝေခဲ့ရာမှ  ပြည်သူများအကြားတွင် ဘဏ်မှ ငွေကြေးများအား အစုလိုက်၊ အပြုံလိုက် ထုတ်ယူနေသည်ဆိုသည့် သတင်းများမှာ အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါသည်။

''ကမ္ဘောဇဘဏ်မှာ ငွေအပ်ထားတဲ့သူတွေက ငွေတွေ လာထုတ်နေကြတယ်လို သတင်းတွေ ထွက်လာပြီး အခုကြတော့ အွန်လိုင်းစာမျက်နှာကနေ ဘဏ်မှာ ငွေထုတ်ကြဖို့ လှုံ့ဆော်နေကြတာ တွေ့ရပါတယ်''ဟု ဘဏ်တွင် ငွေအပ်နှံထားသူတစ်ဦးမှ ပြောပါသည်။

ယင်းကဲ့သို့ ထွက်ပေါ်နေသည့် ကောလာဟလများမှာ ဘဏ်များ ပြိုလဲမှု ဖြစ်ပေါ်စေနိုင်သည့် မမှန်သတင်းများဖြစ်ကာ ယင်းကဲ့သို့သော သတင်းများအား စီးပွားရေး အသိုင်းအ၀ိုင်းတွင် ဘဏ်လုပ်ငန်းအပေါ် မလိုလားသူများမှ မကြာ ခဏ ဖြန့်ဝေလေ့ရှိသော သတင်းများဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၁၉ ဘဏ်ရှိပြီး ဘဏ်ခွဲပေါင်း ၄၀၅ဘဏ်ရှိကာ အဆိုပါဘဏ်များအနက် ကမ္ဘောဇဘဏ်မှာ ဘဏ်ခွဲအများဆုံးဖြစ်ကာ ဘဏ်ပေါင်း ၇၂ဘဏ်အထိမြို့ အသီးသီးတွင် ဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။


Eleven Media Group

No comments: