Thursday, October 11, 2012

နှိုးဆော်ဖိတ်ကြားအပ်ပါသည်

(နန်းအသင်္ခယာ) : OIC ကို ကျမ မည်သည့်နည်းနှင့်မျှ လက်မခံနိုင်ပါ။ လာခြင်းမကောင်းသည့်
ဧည့်သည် ကို ကျမတို့ အိမ်ရှင်များက တတ်နိုင်သမျှ တားဆီးရမည်ဖြစ်သည်။ ဧည့်သည်သည် အလည်လာရုံသက်သက်မဟုတ်ဘဲ၊ အိမ်ဦးခန်းတက်ထိုင်၍ အိမ်ရှင် ကို ပြန်နှင်ချမည့် ဧည့်သည်ဖြစ်ခဲ့လျှင် .. အိမ်ရှင်များ၏ အနာဂတ်မှာ မတွေးဝံ့စရာ ..။

ထို့ကြောင့် .. လူ့အခွင့်အရေးဗန်းပြပြီး အိမ်ရှင်ကို ပြန်နှင်မည့် ဧည့်သည်ကို ကျမ တို့ တညီတညွတ်တည်း .. စည်းစည်းလုံးလုံး ပြတ်ပြတ်သားသား .. တားဆီး ဖို့လိုပါတယ်။

ဒါကြောင့် ..အောက်ပါ ဖိတ်စာလေးကို ဖတ်ပြီး ... အမျိုးသားရေးအတွက် ကြိုးစားပြီး ပေးဆပ်ကြအောင် လက်တွဲကြပါစို့...။

(နန်းအသင်္ခယာ)

နှိုးဆော်ဖိတ်ကြားအပ်ပါသည်
------------------------------
မြန်မာ့မြေပေါ်၌ OIC ရုံးစိုက်ခြင်းကို လုံးဝလက်မခံနိုင်ကြောင်း တစ်ပြည်လုံး အတိုင်း အတာဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် အစီအစဉ်ရှိပါသည်။ သို့ ဖြစ်ပါ၍ သံဃာ ထုနှင့် ပြည်သူ လူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် နှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွက်
အချိန် ။ ။ နေ့ လည် (၁) နာရီတိတိ
စုရပ် ။ ။ ရွှေတိဂုံဘုရား အရှေ့ ဘက်မုခ် ကြေးသွန်းဘုရားကြီး အနီး
နေ့ ရက် ။ ။ (၁၅) ရက် အောက်တိုဘာ၂ဝ၁၂

မြန်မာ့မြေပေါ်၌ OIC ရုံးစိုက်ခြင်းအား လုံးဝ လက်မခံကြောင်း၊ ကန့် ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု အစီအစဉ် ကို မြန်မာနိုင်ငံ တစ်ဝှမ်း ကျင်းပပြူလုပ်ရန်ရှိပါသည်။ မြန်မာပြည်၏ တိုင်းဒေသကြီးများဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ စစ်ကိုင်း တိုင်း ဒေသကြီး…အစရှိသော တိုင်းဒေသကြီးများနှင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် … အစရှိသော ပြည်နယ်များတွင် တစ်ပြိုင်နက်တည်း (၁၅)ရက် အောက်တိုဘာ ၂ဝ၁၂ နေ့ လည်(၁) နာရီအချိန်တွင်ယင်းပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အထင်ကရနေရာများတွင် စုရပ်အဖြစ် သတ် မှတ်ပြီး သံဃာထုအပါအ၀င် လူတန်းစားအသီးသီးနှင့် လူထုအလွှာ အသီးသီးမှ တညီ တညွှတ် တည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ပါသည်။
သို့ ဖြစ်ပါ၍ သံဃာများနှင့် ပြည်သူလူထု အလွှာအသီးသီးမှ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

1 comment:

Anonymous said...

OIC ဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖျက်ဆီးမယ့် နိယတမိစ္ဆာအဖွဲ့မို့ အာဏာရှင်ကြီးဦးနေဝင်း လက်ထက်မှာတောင် လက်မခံခဲ့တာ၊ ခုတော့ ချုပ်ချုပ်ဟောင်းကြီးပထွေးမျက်နှာနဲ့ သူတို့နဲ့အဆင့်တူ ဘောင်းဘီကျွတ်များက လက်ခံဖို့သဘောတူလိုက်တယ် ထင်ပါရဲ့။ မြန်မာပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြောင်း ဖန်တီးပေးလိုက်ကြတာပါ။ ညီညီညွတ်ညွတ် တွန်းလှန်ကာကွယ်နိုင်ကြပါစေ။