Saturday, October 6, 2012

ဦးတင့်ဝေ (ဗိုလ်မှူးကြီး ငြိမ်း) ၊ အထွေထွေမန်နေဂျာ (ယခင်စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းတူ) သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ.အကြောင်း။


ပရော်ဖက်ဆာဒေါက်တာကြွက်ဆီပို.လာတဲ့စာလေးတစ်စောင်ပါ-------
---------------------------------------------------------------------------
ဦးတင့်ဝေ (ဗိုလ်မှူးကြီး ငြိမ်း) ၊ အထွေထွေမန်နေဂျာ (ယခင်စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းတူ) သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ.အကြောင်း။
-၀န်ထမ်များကို ရုံးလုပ်ငန်းနှင့် မသက်ဆိုင်သော ကိုယ်ရေးကိုယ်တာအလုပ်များကို အဓမ အမိန့်ပေး ခိုင်းစေခြေင်း။
-၀န်ကြီးဌာနမှလည်း အားကစားရန်ပု
ံငွေ အပြည့်အ၀ပေးထားလျက်ရှိပါသည်။ သို့သော်လည်း ဘောလုံးသမားများအပေါ်တွင် ဆန်ကြမ်းများသာ ကျွေးခဲ့ခြင်း။
-အားကစားသမားတစ်ဦးအား ကိုယ်ထိလက်ရောက် အနိုင်ကျင့် ထိုးကြိတ်ခြင်း-
----------------------------------စသဖြင့် မိုက်ရိုင်း ယုတ်မာပုံများ ဖတ်ကြည့်ပါ။


ကြွက် သို. ပေးစာ အပိုင်း (၁)

ပွင့်လင်းမြင်သာသောဒီမိုကရေစီခေတ်ကြီးတွင် အာဏာရှင်ဆန်သော အဆင့်မြင့်အရာရှိတစ်ဦးရှိနေသေးကြောင်း ၀န်ထမ်းတစ်ဦး၏ ရင်ဖွင့်ချက်
နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ယခင် တရုတ်စစ်သံမှူးဘ၀မှ အသွင်ပြောင်းရောက်ရှိလာသည့် ဦးတင့်ဝေ (ဗိုလ်မှူးကြီး ငြိမ်း) ၊ အထွေထွေမန်နေဂျာ (ယခင်စက်မှု(၁)၀န်ကြီး ဦးအောင်သောင်းတူ) သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် မိမိ၏ လက်အောက်ဝန်ထမ်းများကို အနိုင်ကျင့်ပြုမူပြောဆိုခြင်း၊ မတူမတန်သော အသုံးအနှုန်းများ `ငါကဗိုလ်မှူးကြီးကွ´ဟူသော အာဏာရှင်ဆန်စွာ ကြီးနိုင်ငယ်ညှင်း ဖိနှိပ်ပြောဆိုလျက်ရှိပါသည်
ကျွန်တော်တို့သည် နိုင်ငံတော်မှ ပေးသော လစာများစားသည့် နိုင်ငံဝန်ထမ်းများဖြစ်ပြီး နိုင်ငံတော် တာဝန်များကိုသာ ထမ်းဆောင်နေချင်သူများဖြစ်ပါသည်။
ဗိုလ်မှူးကြီးတင့်ဝေသည် ရုံးလုပ်ငန်းနှင့် မသက်ဆိုင်သော ကိုယ်ရေးကိုယ်တာအလုပ်များကို အဓမ အမိန့်ပေး ခိုင်းစေနေပါသည်။
အောက်လက်ငယ်သား ရုံးဝန်ထမ်းများသည် မည့်သည့်အကျိုးခံစားခွင့်မျှမရှိဘဲ ကြောက်ရွံမှုဖြင့် သာ လုပ်ဆောင်ပေးနေကြရပါသည်။
ဦးတင့်ဝေသည် လျှပ်စစ်ဝန်ကြီးဌာန၏ အားကစားကော်မတီဥကဌဖြစ်ပြီး ဘောလုံးပွဲအောင်နိုင်ရေး အတွက်ဟုဆိုကာ ပြည်နယ်နှင့် တိုင်းများတွင် ရန်ပုံငွေများကောက်ခံခဲ့ပါသည်။ ၀န်ကြီးဌာနမှလည်း အားကစားရန်ပုံငွေ အပြည့်အ၀ပေးထားလျက်ရှိပါသည်။ သို့သော်လည်း ဘောလုံးသမားများအပေါ်တွင် ဆန်ကြမ်းများသာ ကျွေးခဲ့သောကြောင့် အားကစား သမားများနှင့် စကားများကာ အားကစားသမားတစ်ဦးအား ကိုယ်ထိလက်ရောက် အနိုင်ကျင့် ထိုးကြိတ်ခဲ့ပါသည်။ အထိုးကြိတ်ခံဘောလုံးသမားများမှ မကျေနပ် ခဲ့ပဲ ဘောလုံးပွဲ လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ဦးတင့်ဝေ၏ အာဏာရှင်ဆန်မှု အနိုင်ကျင့်မှုများမှာ ရုံးအတွင်းသို့ ပြန့်နှံ့လျက်ရှိပါသည်။
ထို့အပြင် ဦးတင့်ဝေသည် ရုံးတွင် သူလောက်တတ်သူမရှိ၊ သူ၏ အထက်အရာရှိများသည် သူလောက်အလုပ်မလုပ်တတ်ကြောင်း၊ ညံ့ဖျင်းကြောင်း ၊ သူ၏ အထက်အရာရှိမှာ မကြာမီ ပြုတ်တော့မည်ဖြစ်ကြောင်း၊ တရုတ်စစ်သံမှူးမှ ပြောင်းလာသည့် အချိန်တွင် နေရာလွတ်မရှိသောကြောင့် အထွေထွေမန်နေဂျာရာထူးဖြင့် ခဏတာသာ နေရမည် ဖြစ်ကြောင်း၊ မကြာခင်ရာထူးတက်မည်ဖြစ်ကြောင်း၊ ၀န်ကြီးနှင့် ပိုင်ကြောင်း၊ ၀န်ကြီးမှာ သူပြောလျှင်ပြီးကြောင်း၊ ပြည်ထဲရေးဝန်ကြီးအပါအ၀င် ၀န်ကြီးဌာနအသီးသီးမှ လူကြီးများနှင့် အပတ်စဉ် တစ်ပတ်စဉ်တည်း သူငယ်ချင်းများဖြစ်ကြောင်း၊ မည်သူ့ကိုမဆို အလုပ်ပြုတ်အောင် လုပ်နိုင်ကြောင်း၊ အင်ဂျင်နီယာလောက်တော့ သနားကြောင်း ၊ ဘာမဆို လုပ်နိုင်ကြောင်း၊ ပိုက်ဆံရှိကြောင်း၊ ထို့နောက် အခြားအရာရှိများလို ရုံးကားမစီးဘဲ ရုံးကားများထက်သာသော ကိုယ်ပိုင်ကားများကို ထည်လဲစီးပြီး ရုံးတက်ကြောင်း အမြဲမောက်မာစွာ ပြောဆိုလေ့ရှိပါသည်။ လက်အောက်ငယ်သားများအပေါ် အမြဲဆူပူကြိမ်းမောင်း လျက်ရှိပြီး ရုံးလုပ်ငန်းများကိုလည်း အကျိုးအကြောင်းရှင်းပြလျှင်လက်မခံ ´သူခိုင်းသလိုလုပ်၊ သူပြောသလိုလုပ်၊ ပြန်မပြောနဲ့´ မလုပ်မနေရ စနစ်ဖြင့် အနိုင်ကျင့်ခိုင်းစေပါသည်။ လွန်ခဲ့သော ရက်ပိုင်းက လုပ်သက်ရင့် စာပို့ဝန်ထမ်းတစ်ဦးအား အပြစ်မရှိဘဲ သူ၏ စိတ်တိုင်းမကျမှု တစ်ခုတည်းဖြင့် အလုပ်ဖြုတ်ပစ်မည်ဟုဆိုရာ အခြားအရာရှိများမှ ၀ိုင်းဝန်းတောင်းပန်ခဲ့သောကြောင့် အလုပ်မပြုတ်ဘဲ နေရာပြောင်းရွှေ့ခြင်း ခံခဲ့ရပါသည်။
ဦးတင့်ဝေသည် လက်အောက်ငယ်သားများအပေါ် မညှာတာမှု အာဏာရှင်ဆန်စွာ လုပ်ဆောင်မှုများကို အောက်ခြေ၀န်ထမ်းများမှ လွန်စွာ မုန်းတီးလျှက်ရှိပြီး သူနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကိုပင် ကြောက်ရွံ့လျက်ရှိပါသည်၊။အင်တာနက်ပေါ်တွင် သူ့အကြောင်းရေးလျှင် ရေးသူကို အလွယ်တကူစုံစမ်းသိရှိနိုင်ကြောင်း သိရှိပါက အလုပ်ဖြုတ်ပစ် မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။
အောက်လက်ငယ်သား ရုံးဝန်ထမ်းများမှာ အင်တာနက်ပင်မကြည့်ရဲလောက်အောင်ဖြစ်နေရပါသည်။

ဆက်ရန်----------

အမည်မဖော်လိုသူ
FROM-ပရော်ဖက်ဆာဒေါက်တာကြွက် · 1,503 like this.
— with ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားများ.

No comments: