Friday, October 5, 2012

ရင်ထဲ သိမ်းမထားနိုင်လို့  ထုတ်ပြောမိပြန်ပါပြီ၊


ရင်ထဲ သိမ်းမထားနိုင်လို့  ထုတ်ပြောမိပြန်ပါပြီ၊

ပြီးခဲ့ တဲ့  ရက် အနည်းငယ်အတွင်းက ဖတ်ရသိရတာတွေ စုတည်ပေါက်ဖွား၍ သွန်ချပါတယ်၊ ဒေါက်တာနိုင်အောင်နှင့် အပေါင်းအပါများအတွက် နေပြည်တော်က ဘုန်းကြီးကျောင်း ၃ ကျောင်းကို ဖယ်ရှား၍ ထားရှိသော မြေကွက်ကို ဦးစိုးသိန်းမှ တစ်ဆင့် လက်ခံရရှိပါတယ် ဆိုတဲ့ အကြောင်းနဲ့  ထိုသူတို့ မှလည်း သမတရုံးအတွက် လိုအပ်သည့် ကွန်ပြူတာနှင့်ဆက်စပ်ပတ်သက်နေသော အဆင့်မြင့်ပစ္စည်းများ ကို အပြန်အလှန်အကျိုးပြုကြပါတယ် တဲ့  ၊ မြောက်ပိုင်းကိစ္စများ ကြေပျက်စေရေးဆိုတာတွေလဲ ပါသည်ပေါ့  ၊ဒါ အချက် ၁ ပါ ၊ တစ်ခါ ဦးသန့် မျိုးဆက် ဆိုသူများကို အင်းလျားလမ်းမှာ မြေနဲ့ အိမ် လွှဲပေးပြုပေးပါတယ် ဆိုတာကို ကြားရပြန်ပါတယ် ၊ ဒါ အချက် ၂ ပါ ၊ ဒီသတင်းတွေဟာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာကို မိမိတို့  ဘယ်လိုမှ လက်လှမ်းမမှီနိုင်ပါဖူး၊ အမှန်တွေ လို့  ဘယ်သူမှ ရဲရဲဝံ့ ဝံ့  မပြောနိုင်ပါဖူး၊ တစ်ခုပဲ ကျိန်းသေ ပြောနိုင်တာက မြန်မာပြည်မှာ ကျနော်တို့  ရွှေပြည်ကြီးမှာ ခုထက်ထိမငြင်းနိုင်တဲ့  အရာ ရှိပါတယ် ၊ဘာကိစ္စ ဘယ်လိုအကြောင်းအရာ ဖြစ်ပစေ ကောလဟာလရယ်လို့  အရင်သတင်းထွက်ပါတယ် ၊ အုတ်အော်သောင်
းနင်းဖြစ်ပါတယ် ၊ ပြီးရင် ခဏကြာသည်ရှိသော် ငြိမ်သက်သွားပါတယ် ၊ ထို့ နောက် ထိုသတင်းများထဲက အတော်များများဟာ မှန်နေ ဟုတ်နေတတ်ပါတယ် ၊ ဒါပေမယ့်  အဲဒီ့ အချိန်မှာ သွေးဆူနေ ပူနေတုန်းက ပြောခဲ့ ပီ ဖြစ်တဲ့ အတွက် ကဲ .... ငါ တို့  ပြောတယ်မဟုတ်လား နဲ့  တစ်ခန်းရပ်လိုက်ရပြန်တာပါပဲ ၊ အချက် ၃ စ ပါမယ် ၊ နိုင်ငံတော် အလံ ပြောင်းလဲခြင်းမှာ ၊ သောက်သောက်လဲ မြင်မကောင်း ရှူမကောင်းအောင် သေကျေပျက်စီးနေကြတဲ့  သဘာဝဘေးဒဏ်ကြီးအပီး မှာတင် ပြည်သူလူထုမှ တစ်ခဲနက်ထောက်ခံပါသောကြောင့် ယင်းအခြေခံဥပဒေ မှာ ဆိုတာတွေနဲ့ လည်း ပြည်သူကို လူမထင်ပဲ လုပ်ပီးသွားပြန်ပါပီ၊ ယခု မြစ်ဆုံထက် လက်ပတောင်းထက် ကချင်ထက် ချင်းထက် ရခိုင်ထက် အားလုံးသော အရေးအရာများထက် ခေါင် ဖြစ်သော OIC ရုံးခွဲ ၂ ရုံး ရန်ကုန် နဲ့  စစ်ထွေ မှာ ဖွင့်လှစ်ဖို့  ခွင့်ပြုတဲ့ ကိစ္စဟာ ကျနော်တို့ အကြားမှာ ၊ နိုင်ငံ့  အရေးစိတ်ဝင်စားသူတွေ အကြားမှာ ၊ ပြည်တွင်း ရခိုင်မှာ ထို့ နောက် UN အကြီးအကဲကိုယ်တိုင်သည်ပင်လျှင် ကျနော်တို့ နဲ့ အတူ စိတ်ပူပန်မှု ဖြစ်ကြသည်မှာတော့ လက်ခံရမည်မှာ အမှန်ပါ ၊ ကျနော့် ယုံကြည်ထားမှုအတွေးအခေါ် အရ အစ္စလမ်ဘာသာကို မတိုက်ခိုက်ပါဖူး၊ သို့ သော် လိုက်နာခံယူသက်ဝင်သူ တွေရဲ ့ တစ်ဖက်စွန်းရောက်စွာ ပြုမူပုံများကို တွေ့ ရ မြင်ရ သိရတဲ့  အခါမှာ မိမိဘာသာတရား ကို ထိုသူတို့ ကိုယ်တိုင် အများသူငါကို စက်ဆုပ်ရွံရှာဖွယ် မြင်အောင်ဖန်တီးလုပ်ဆောင်ကြပေ၏ လို့ ပဲ ရိုးရှင်းစွာ တွေးပါတယ်၊ ကျနော်တို့  ဗုဒ္ဓ ရဲ့  အဆုံးအမကို ထေရဝါဒမူဖြင့် ကိုးကွယ်သော မြန်မာနိုင်ငံမှာ ဒီအဖွဲ့ အစည်း မြေပေါ်ကို အပ်ကျမတ်ကျ ခြေမချခင်မှာ မကြာခဏပင် သမတ ဦးသိန်းစိန်နှူတ်မှ ပြောလေ့ ရှိသော ပြည်သူတို့ က ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ အစိုးရကို ပြည်သူတို့ မှ လက်သင့်မခံနိုင်သော ယခုကိစ္စ မဖြစ်ပေါ်စေအောင် မနှေးအမြန် ပျက်ပြားချေဖျက်ကြပါစို့  လို့ တိုက်တွန်းချင်ပါသည် ။ ။


LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/
Facebook: Sa Maung

No comments: