Wednesday, October 10, 2012

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄)



ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄)
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ငယ်နာမည် -ကိုရွှေ)ကို ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ဆိုင်းစုကျေးရွာ၌ (အဖ-ဦးပန်း၊ အမိ- ဒေါ်မယ်တင်) တို့မှ ၁၉၁၉၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဗမာ့ လွတ်လပ်ရေးတပ်မတော်ကို တည်ထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင
်တစ်ဦးဖြစ်ပြီး ဗမာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။
၁၀၊၁၀၊၂၀၁၂ နံနက် ၃း၀၀ နာရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော ဦးအောင်ကျော်ဇော၊ သားသမီးသုံးဦး ကျန်ရစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထိပ်တန်းမှပါဝင်ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ယနေ့ (၁၀၊ ၁၀၊ ၂၀၁၂။) နံနက် ၃း၃၀ နာရီက တရုတ်နိုင်ငံ ကူမင်းမြို့ ဆေးရုံ၊ အထူး ကြပ်မတ် ကုသဆောင်၌ ကွယ်လွန်သွားကြောင်း သိရှိရပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးလည်းဖြစ

်ပြီး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဦးဆောင်မှုနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဟာ လာမယ့် ဒီဇင်ဘာလမှာ အသက် ၉၃ နှစ်ပြည့်မှာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ (ဦးကျော်ဇောဦး)၊ ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော သားသမီး သုံးဦး သက်ရှိထင်ရှား ကျန်ရစ်ပါတယ်။
ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော အတ္ထုပ္ပတ္တိ(အပိုင်း၁-၅) ဒေါင်းလုပ်ရန်
http://www.mediafire.com/?mwz0m1zmyez
http://www.mediafire.com/?wm5qh2ykhjk
http://www.mediafire.com/?0d2xuzgmjt0
http://www.mediafire.com/?4xtgtg2dnmb
http://www.mediafire.com/view/?5gfzlt3n8fp6zc9
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ( ၁၂၈၁-၁၃၇၄)
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ရက်လည်ဆွမ်းကျွေးကို ၁၆၊ ၁၀၊၁၂ (တနင်္ဂနွေနေ့) နံနက်၊ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်၌ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီဓာတ်ပုံကတော့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ဗမာပြည်မှာ ရှိစဉ်က နေထိုင်ခဲ့တဲ့ အမှတ် ၃၀၊ မြောင်းမြလမ်း၊ စမ်းချောင်းရှိ နေအိမ်မှာ ၁၀၊၁၀၊၂၀၁၂ နံက်မှာ မြန်မာ့ဓလေ့ထုံးတမ်းနဲ့အညီ သက်ပျောက်ဆွမ်းသွပ်တရားနာဖို့ လာရောက်ကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့ ပုံတွေ ဖြစ်ပါတယ်။ print media တွေမှာလည်း ကူးယူဖော်ပြနိုင်ပေမယ့် ဓာတ်ပုံဆရာ ကိုထွန်းဝင်းငြိမ်း ရဲ့ အမည်ကိုတော့ copy right အနေနဲ့ ဖော်ပြပေးစေလိုပါတယ်။

No comments: